| هَلْ أَتَاكَ حَدِيثُ الْغَاشِيَةِ (1) (အို၊ ရစူလ်တမန်တော်) အပြတ်အသတ် ဖုံးလွှမ်းမည့်အဖြစ်အပျက်ကြီး၏သတင်းအချက်အလက် (အကြောင်းအရာ) များသည် အသင့်ထံ ရောက်ရှိခဲ့ပြီမဟုတ်လော။
 | 
| وُجُوهٌ يَوْمَئِذٍ خَاشِعَةٌ (2) ထိုနေ့တွင် အချို့သော (သူတို့၏) မျက်နှာများသည် ကြောက်ရွံ့ညှို့ငယ်လျက် မျက်လွှာချထားကြပေမည်။
 | 
| عَامِلَةٌ نَّاصِبَةٌ (3) (လောကီဘဝ၌) ခြေကုန်လက်ပန်းကျလျက် ပင်ပန်းခက်ခဲစွာ လုပ်ကိုင်ခဲ့သော်လည်း (တမလွန်၌ မည်သည့် ဝေစုမျှ မရသောကြောင့် ဖြစ်၏။)
 | 
| تَصْلَىٰ نَارًا حَامِيَةً (4) သူတို့သည် အရှိန်ပြင်းစွာ လောင်နေသော မီးထဲသို့ (လောင်ကျွမ်းစေရန်) ဝင်ရောက်ကြရပေမည်။
 | 
| تُسْقَىٰ مِنْ عَيْنٍ آنِيَةٍ (5) သူတို့သည် ပွက်ပွက်ဆူနေသော ရေပူစမ်းချောင်းတစ်ခုမှ (ရေကို) တိုက်ကျွေးခြင်း ခံကြရပေမည်။
 | 
| لَّيْسَ لَهُمْ طَعَامٌ إِلَّا مِن ضَرِيعٍ (6) သူတို့အတွက် အဆိပ်ရှိသောဆူးပင်မှအပ အခြားစားစရာဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။
 | 
| لَّا يُسْمِنُ وَلَا يُغْنِي مِن جُوعٍ (7) ယင်းဆူးပင်သည် (သူတို့အတွက်) အဟာရမဖြစ်ရုံသာမက ဆာလောင်မှုမှ (ရောင့်ရဲလွတ်ကင်းစေရန် လည်း) မည်သို့မျှ အကျိုးပြု အသုံးဝင်လိမ့်မည် မဟုတ်ပေ။
 | 
| وُجُوهٌ يَوْمَئِذٍ نَّاعِمَةٌ (8) ထိုနေ့တွင် အချို့သော (သူတို့၏) မျက်နှာများသည် ပျော်ရွှင်မြူးထူးလျက် (မျက်နှာထားမျိုး) ရှိကြလိမ့်မည်။
 | 
| لِّسَعْيِهَا رَاضِيَةٌ (9) (သူတို့သည် လောကီဘဝ၌) သူတို့ကြိုးပမ်းဆောင်ရွက်ခဲ့မှု (၏အသီးအပွင့်များကို ရယူခံစားရမည်ဖြစ်သော) ကြောင့် အလွန်ပင်အားရကျေနပ်လျက် ရှိကြပေမည်။
 | 
| فِي جَنَّةٍ عَالِيَةٍ (10) (သူတို့သည်) မြင့်မြတ်လှစွာသော သုခဥယျာဉ်၌ ရှိကြလိမ့်မည်။
 | 
| لَّا تَسْمَعُ فِيهَا لَاغِيَةً (11) သည်တို့သည် ယင်း (သုခဥယျာဉ်) ၌ အချည်းနှီးအကျိုးမဲ့ဖြစ်သော စကားအပြောအဆိုကို ကြားကြမည် မဟုတ်ပေ။
 | 
| فِيهَا عَيْنٌ جَارِيَةٌ (12) ယင်း (သုခဥယျာဉ်) ၌ တသွင်သွင် စီးဆင်းလျက်ရှိသော စိမ့်စမ်းရေ ရှိ၏။
 | 
| فِيهَا سُرُرٌ مَّرْفُوعَةٌ (13) ယင်း (သုခဥယျာဉ်) ၌ မြင့်မားသော သလွန်များ ရှိကြ၏။
 | 
| وَأَكْوَابٌ مَّوْضُوعَةٌ (14) ထို့ပြင် အသင့်ပြင်ဆင်ထားရှိသောသောက်စရာဖလားများသည်လည်း စီထားလျက် ရှိကြ၏။
 | 
| وَنَمَارِقُ مَصْفُوفَةٌ (15) ထို့ပြင် ဆိုဖာမှီအုံးများသည်လည်း အနှံ့အပြား စီစဉ်ခင်းကျင်းထားလျက် ရှိကြပေမည်။
 | 
| وَزَرَابِيُّ مَبْثُوثَةٌ (16) ထို့ပြင် ကော်ဇောများသည်လည်း စနစ်တကျ ဖြန့်ခင်းထားလျက် ရှိကြပေသည်။
 | 
| أَفَلَا يَنظُرُونَ إِلَى الْإِبِلِ كَيْفَ خُلِقَتْ (17) (အရှင်မြတ်သည်) ကုလားအုတ်များအား မည်သို့ ဖွဲ့စည်းဖြစ်တည်စေတော်မူသည်ကို အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။
 | 
| وَإِلَى السَّمَاءِ كَيْفَ رُفِعَتْ (18) ထိုနည်းတူစွာ (အရှင်မြတ်သည်) မိုးကောင်းကင်အား မည်သို့ မြင့်မားမြဲမြံစွာ ရှိစေတော်မူသည်ကို အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။
 | 
| وَإِلَى الْجِبَالِ كَيْفَ نُصِبَتْ (19) ထို့အတူ တောင်များအား မည်သို့ ခိုင်မာမြဲမြံစွာ စိုက်ထူသည်ကို (အသင်တို့ မစူးစမ်း မလေ့လာ မဆင် ခြင် မသုံးသပ်ကြလေသလော။)
 | 
| وَإِلَى الْأَرْضِ كَيْفَ سُطِحَتْ (20) ထို့ပြင် မြေကမ္ဘာအား မည်သို့ ခင်းကျင်းဖြန့်ကျဲထားစေတော်မူသည်ကို (အသင်တို့ မစူးစမ်း မလေ့လာ မဆင်ခြင် မသုံးသပ်ကြလေသလော။)
 | 
| فَذَكِّرْ إِنَّمَا أَنتَ مُذَكِّرٌ (21) သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သတိပေးနှိုးဆော်၍ အလေးအနက်တိုက်တွန်း သူတစ်ဦးဖြစ်ခြင်းနှင့်အညီ (သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ဖြင့်) သတိပေး ဆုံးမလော့။
 | 
| لَّسْتَ عَلَيْهِم بِمُصَيْطِرٍ (22) အသင်သည် သူတို့အပေါ်၌ ကြီးကြပ်ကွပ်ကဲသူအဖြစ် တာဝန်ပေးခန့်ထားတော်မူသည်မဟုတ် (၍ သူတို့အား အတင်းအဓမ္မ ယုံကြည်စေခွင့် မရှိ) ပေ။
 | 
| إِلَّا مَن تَوَلَّىٰ وَكَفَرَ (23) သို့ရာတွင် မည်သူမဆို (သတိပေးနှိုးဆော်ခြင်းမှ) မျက်နှာလွှဲကျောခိုင်း၍ (အမှန်တရားကို) မယုံကြည်သွေဖည်ငြင်းပယ်ခဲ့လျှင်။
 | 
| فَيُعَذِّبُهُ اللَّهُ الْعَذَابَ الْأَكْبَرَ (24) အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကြီးလေးလှစွာသောပြစ်ဒဏ်ကို ပေးတော်မူမည်သာ ဖြစ်၏။
 | 
| إِنَّ إِلَيْنَا إِيَابَهُمْ (25) ဧကန်မလွဲ၊ သူတို့ဘဝခရီး၏နောက်ဆုံးပြန်လည်ရာသည် ငါအရှင်မြတ်ထံတော်သို့ပင် ဖြစ်၏။
 | 
| ثُمَّ إِنَّ عَلَيْنَا حِسَابَهُم (26) ထို့နောက် သူတို့အားစစ်ဆေးမေးမြန်း၍ စာရင်းရှင်းခြင်းသည် ငါအရှင်မြတ်၏တာဝန်ပင် ဖြစ်၏။
 |