Quran with Burmese translation - Surah Al-Falaq ayat 1 - الفَلَق - Page - Juz 30
﴿قُلۡ أَعُوذُ بِرَبِّ ٱلۡفَلَقِ ﴾ 
[الفَلَق: 1]
﴿قل أعوذ برب الفلق﴾ [الفَلَق: 1]
| Ba Sein အို-တမန်တော်၊ ဟောပြောလော့၊ ဖန်ဆင်းတော်မူသော အရာခပ်သိမ်းကုန်တို့၏ ဒုစရိုက်မှသော် လည်းကောင်း၊ အမှောင်ထုဖုံးလွှမ်းသော ဒုစရိုက်မှသော်လည်းကောင်း၊ စုံး၊ပယောဂ၊ မန္တန်မန္တရား အတတ်ပညာ များကို သုံးစွဲခြင်း ၊ ဒုစရိုက်မှသော်လည်းကောင်း၊ မနာလိုဝန်တိုခြင်းရှိသူ၏ ဒုစရိုက်မှ သော်လည်းကောင်း ကင်းလွတ်သန့်ရှင်းစေခြင်းငှာ မိုးသောက် အာရုဏ်အလင်းရောင်၏ အရှင်သခင်၌ အကျွနု်ပ်သည် ခိုလှုံပါ၏။ | 
| Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (ဤသို့)လျှောက်ထား ပန်ကြားပါလေ၊ ကျွန်တော်မျိုးသည် နံနက်မိုးသောက်ချိန်ကို ဖန်ဆင်းတော်မူသော အရှင် မြတ်အားဖြင့် အကာအကွယ်ယူပါ၏။ | 
| Hashim Tin Myint (အို-တမန်တော်)အသင်ပြောဆိုပါ၊ ကျွန်ုပ်သည် နံနက်မိုးသောက်ချိန်ကို ဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်တွင် ခိုလှုံပါသည်။ ###၁ |