Quran with Burmese translation - Surah Maryam ayat 53 - مَريَم - Page - Juz 16
﴿وَوَهَبۡنَا لَهُۥ مِن رَّحۡمَتِنَآ أَخَاهُ هَٰرُونَ نَبِيّٗا ﴾
[مَريَم: 53]
﴿ووهبنا له من رحمتنا أخاه هارون نبيا﴾ [مَريَم: 53]
Ba Sein ၅၃။ ထို့အပြင် ငါသည် သူ၏ အစ်ကိုဟာရွန်ကို တမန်တော်ရာထူး၌ ခန့်အပ်တော်မူခြင်းအားဖြင့် တမန်တော်မူစာအား ငါ၏ ကောင်းကြီးမင်္ဂလာတော်မှ ပေးသနားတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ငါအရှင်မြတ်သည် ယင်းမူစာအား ၎င်း၏အစ်ကိုဟာရူန်ကို နဗီတမန်တော်အဖြစ်နှင့် ချီးမြှင့်ပေးသနားတော်မူခဲ့ပေသတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအတွက် ငါအရှင်မြတ်၏ရဟ်မသ်ကရုဏာတော်မှ ၎င်း၏အစ်ကို ဟာရူန်ကို တမန်တော်အဖြစ် ပေးသနားတော်မူခဲ့သည်။ |