×

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှအရာခပ်သိမ်းတို့သည် (အရှင်မြတ်၏စည်းမျဉ်း နိယာမတော်များနှင့်အညီ လှည့်ပတ်သွားလာလှုပ်ရှားလျက် ထိုအရှင်မြတ်က ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ 61:1 Burmese translation

Quran infoBurmeseSurah As-saff ⮕ (61:1) ayat 1 in Burmese

61:1 Surah As-saff ayat 1 in Burmese (البورمية)

Quran with Burmese translation - Surah As-saff ayat 1 - الصَّف - Page - Juz 28

﴿سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[الصَّف: 1]

မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှအရာခပ်သိမ်းတို့သည် (အရှင်မြတ်၏စည်းမျဉ်း နိယာမတော်များနှင့်အညီ လှည့်ပတ်သွားလာလှုပ်ရှားလျက် ထိုအရှင်မြတ်က ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ထင်ရှားစေ၍ ဂုဏ်တင်နေကြ၏။ ထို့ပြင် ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံး ဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: سبح لله ما في السموات وما في الأرض وهو العزيز الحكيم, باللغة البورمية

﴿سبح لله ما في السموات وما في الأرض وهو العزيز الحكيم﴾ [الصَّف: 1]

Ba Sein
၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ရှိရှိသမျှအရာခပ်သိမ်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော် ကျေးဇူးတော်ကို ချီးကျူးတသကြ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတရွှေဉာဏ်တော်ရှင် ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြကုန်၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် အလွန်တရာ ခန့်ညားတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော် မူသောအရှင်၊ ဖြစ်တော်မူ၏။
Hashim Tin Myint
မိုး‌ကောင်းကင်များတွင် ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှသည် အရှင်မြတ် သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော် နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek