×

Surah As-Saff in Burmese

Quran Burmese ⮕ Surah Saff

Translation of the Meanings of Surah Saff in Burmese - البورمية

The Quran in Burmese - Surah Saff translated into Burmese, Surah As-Saff in Burmese. We provide accurate translation of Surah Saff in Burmese - البورمية, Verses 14 - Surah Number 61 - Page 551.

بسم الله الرحمن الرحيم

سَبَّحَ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۖ وَهُوَ الْعَزِيزُ الْحَكِيمُ (1)
မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်၌ ရှိသမျှအရာခပ်သိမ်းတို့သည် (အရှင်မြတ်၏စည်းမျဉ်း နိယာမတော်များနှင့်အညီ လှည့်ပတ်သွားလာလှုပ်ရှားလျက် ထိုအရှင်မြတ်က ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ထင်ရှားစေ၍ ဂုဏ်တင်နေကြ၏။ ထို့ပြင် ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံး ဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
يَا أَيُّهَا الَّذِينَ آمَنُوا لِمَ تَقُولُونَ مَا لَا تَفْعَلُونَ (2)
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် သင်တို့မပြုမူမကျင့်ဆောင်ကြသည်ကို အဘယ်ကြောင့် (ပြုမူကျင့်ဆောင်သကဲ့သို့) ပြောဆိုကြသနည်း။
كَبُرَ مَقْتًا عِندَ اللَّهِ أَن تَقُولُوا مَا لَا تَفْعَلُونَ (3)
သင်တို့မပြုမူမကျင့်ဆောင်ကြသည်ကို ပြောဆိုခြင်းသည် အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ အလွန်ပင် မသတီစရာ စက်ဆုပ်ရွံ့ဖွယ်ကောင်းလှ၏၊
إِنَّ اللَّهَ يُحِبُّ الَّذِينَ يُقَاتِلُونَ فِي سَبِيلِهِ صَفًّا كَأَنَّهُم بُنْيَانٌ مَّرْصُوصٌ (4)
ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်၏လမ်းတော်၌ (ဂုဏ်အရည်အသွေးများနှင့်အညီ) အတန်းလိုက် တန်းစီလျက် အလွန်တောင့်တင်းခိုင်ခံ့လှစွာသော အဆောက်အအုံကဲ့သို့ပင် (ညီညီညွတ်ညွတ် မဆုတ်မနစ်၊ စိတ်ဓာတ်တည်ကြည်ကြံ့ခိုင်စွာဖြင့် တော်လှန်၍) စစ်တိုက်ကြသူတို့အား နှစ်သက်တော်မူ၏။
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ لِمَ تُؤْذُونَنِي وَقَد تَّعْلَمُونَ أَنِّي رَسُولُ اللَّهِ إِلَيْكُمْ ۖ فَلَمَّا زَاغُوا أَزَاغَ اللَّهُ قُلُوبَهُمْ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ (5)
ထို့ပြင် (တမန်တော်) မူဆာက သူ့လူမျိုးတို့အား “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ဧကန်မုချပင်၊ သင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏အမှုတော်ဆောင် ရစူလ်တမန်တော်ဖြစ် ကြောင်း၊ သင်တို့ သိနေကြပါလျက် အဘယ့်ကြောင့် ကျွန်ုပ်အား (စော်ကားလျက် ထိခိုက်နစ်နာအောင်လုပ်၍) ဒုက္ခပေးနေကြသနည်း။” ဟု ပြောကြားခဲ့စဥ်ကိုလည်းကောင်း၊ (အရှင်မြတ်က တမန်တော်မူဆာအား) ထိုသို့ဖြင့် သူတို့သည် (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော တရားလမ်းမှန်မှ ကွေးကောက်) လွဲချော်၍ လမ်းမှား ရောက်ခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးသားကို လွဲချော်မှောက်မှားစေတော်မူခဲ့ကြောင်း (ကို သတိရကြလော့)။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာခံဖီဆန်သော ယုတ်မာသည့်လူမျိုးတို့အား (အမှန်တရားမှ အလှမ်းဝေးကွာစေတော်မူပြီး) တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။
وَإِذْ قَالَ عِيسَى ابْنُ مَرْيَمَ يَا بَنِي إِسْرَائِيلَ إِنِّي رَسُولُ اللَّهِ إِلَيْكُم مُّصَدِّقًا لِّمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَمُبَشِّرًا بِرَسُولٍ يَأْتِي مِن بَعْدِي اسْمُهُ أَحْمَدُ ۖ فَلَمَّا جَاءَهُم بِالْبَيِّنَاتِ قَالُوا هَٰذَا سِحْرٌ مُّبِينٌ (6)
ထို့ပြင် မရ်ယမ်၏သားတော် နဗီတမန်တော်အီဆာက (သူ့လူမျိုးတို့အား) “အို၊ အစ္စရေးမျိုးနွယ်ဝင်အ ပေါင်းတို့၊ ဧကန်မလွဲ၊ ကျွန်ုပ်သည် ကျွန်ုပ်အလျင်ချမှတ်ပေးအပ်တော်မူ၍ သင်တို့လက်ဝယ်တွင်ရှိနေသော အရာ (တောင်ရာတ်ကျမ်းတော်၌ ပါရှိသည့်အမှန်တရားများကို မှန်ကန်ကြောင်း ထပ်လောင်း) အတည်ပြုသူ အဖြစ်လည်းကောင်း၊ ကျွန်ုပ်၏နောက်တွင်အဟ်မဒ် (အလွန်ချီးမွမ်းထိုက်သော အမှုတော်ဆောင်) ဟူသော အမည်နာမဖြင့် ပွင့်စေတော်မူမည့်ရစူလ်တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်းပါးသူအဖြစ်လည်းကောင်း၊ သင်တို့ထံ (စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်၏။” ဟု ဟောပြောလျက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော သက်သေအထောက်အထားများပါရှိသည့် ရှင်းလင်း ချက်နှင့်အတူ သူတို့ထံသို့ ရောက်ရှိခဲ့စဥ် သူတို့က “ဤသည် ထင်ရှားသော မော်ပယောဂအတတ်ပင် ဖြစ်၏။” ဟု ပြောဆိုခဲ့ကြလေ၏။
وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ الْكَذِبَ وَهُوَ يُدْعَىٰ إِلَى الْإِسْلَامِ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ (7)
အမှန်စင်စစ်သော်ကား မည်သူမဆို သူသည် (လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများနှင့်ဘဝတည်ဆောက်ရေး လမ်းစဉ်ပါသည့်) အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်ခြင်းခံရပါလျက် အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချရန် လိမ်လည်ကြံစည်ဖန်တီးသူထက် ပိုမို၍ အရှင့်စည်းမျဥ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသောသူ မည်သူ ရှိမည်နည်း။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဥ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား ပြုမူကျင့်ကြံသော လူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော်မမူချေ။
يُرِيدُونَ لِيُطْفِئُوا نُورَ اللَّهِ بِأَفْوَاهِهِمْ وَاللَّهُ مُتِمُّ نُورِهِ وَلَوْ كَرِهَ الْكَافِرُونَ (8)
သူတို့သည် အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်တော်အား သူတို့၏ပါးစပ်များဖြင့် (ဖယောင်းတိုင်မီးအား မှုတ်ငြိမ်းသကဲ့သို့) ငြိမ်းသတ်ပျောက်ပျက်လိုကြ၏။ သို့ရာတွင် မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) များ (မလိုလားမနှစ်သက်ဘဲ) မုန်းတီးသော်ငြားလည်း အလ္လာဟ်အရှင်မြတ်သည်ကား အရှင့်ရောင်ခြည်တော်ကို ပကတိပြီးပြည့်စုံသည်အထိ တည်တံ့စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။
هُوَ الَّذِي أَرْسَلَ رَسُولَهُ بِالْهُدَىٰ وَدِينِ الْحَقِّ لِيُظْهِرَهُ عَلَى الدِّينِ كُلِّهِ وَلَوْ كَرِهَ الْمُشْرِكُونَ (9)
ထိုအရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူများက မလိုမုန်းထား ဖြစ်နေကြသော်ငြားလည်း ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) သည် အားလုံးအပေါ် အထင်အရှားလွှမ်းမိုးစေတော်မူရန် လမ်းညွှန်တော်နှင့်အမှန်တရားသစ္စာပေါ်အခြေခံသော ဒီန် (အစ္စလာမ်) နှင့်အတူ အရှင့်ရစူလ်တမန်တော်ကိုစေလွှတ်တော်မူသောအရှင် ဖြစ်တော်မူ၏။
يَا أَيُّهَا الَّذِينَ آمَنُوا هَلْ أَدُلُّكُمْ عَلَىٰ تِجَارَةٍ تُنجِيكُم مِّنْ عَذَابٍ أَلِيمٍ (10)
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ ငါအရှင်မြတ်သည် သင်တို့အား ပြင်းပြနာကျင်ဖွယ်ရာစူးနစ်သော ပြစ်ဒဏ်မှ ကယ်တင်လွတ်မြောက်စေတော်မူမည့် ရောင်းဝယ်ဖောက်ကားမူ (ဆိုင်ရာ အပေးအယူ) ကို ညွှန်ပြတော်မူရမည်လော။
تُؤْمِنُونَ بِاللَّهِ وَرَسُولِهِ وَتُجَاهِدُونَ فِي سَبِيلِ اللَّهِ بِأَمْوَالِكُمْ وَأَنفُسِكُمْ ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ (11)
(ထိုသို့ ကယ်တင်စေတော်မူလိုလျှင်) သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်သတင်းတော်ဆောင် ရစူလ်တမန်တော်မြတ်အား သက်ဝင်ယုံကြည်ကြလော့။ ထို့ပြင် သင်တို့သည် သင်တို့ ဥစ္စာဓနပိုင်ဆိုင်မှုများနှင့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့် အညီဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များဖြင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စွမ်းစွမ်းတမံ၊ သက်စွန့်ကြိုးပမ်း၊ ရုန်းကန်ကြလော့။ အကယ်၍ သင်တို့သိနားလည်ကြလျှင် ထိုသို့ပြုကျင့်ခြင်းသည် သင်တို့အတွက် အကောင်းဆုံးပင် ဖြစ်၏။
يَغْفِرْ لَكُمْ ذُنُوبَكُمْ وَيُدْخِلْكُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ (12)
ထိုအရှင်မြတ်သည် သင်တို့အတွက် သင်တို့၏အမှားအယွင်းများနှင့်အပြစ်များကို ခွင့်လွှတ်တော်မူသည့်အပြင် သင်တို့အား အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူရုံသာမက အမြဲထာဝရစံစားရမည့် ယင်းသုခဥယျာဉ်များ၌ သန့်ရှင်းသာယာ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော နေရာထိုင်ခင်းများလည်း ရှိစေတော်မူမည်။ ထို (သို့ ချီးမြှင့်တော်မူခြင်းခံရခြင်း) သည် ကြီးကျယ် လှစွာသော မဟာအောင်မြင်မှုပင် ဖြစ်၏။
وَأُخْرَىٰ تُحِبُّونَهَا ۖ نَصْرٌ مِّنَ اللَّهِ وَفَتْحٌ قَرِيبٌ ۗ وَبَشِّرِ الْمُؤْمِنِينَ (13)
ထို့ပြင် သင်တို့နှစ်သက်မြတ်နိုးကြသော (နောက်ထပ်ချီးမြှင့်တော်မူမည့်) အခြား (ကျေးဇူးတော်) တစ်ပါးလည်း ရှိနေ၏။ (ယင်းမှာ) အလ္လာဟ်အရှင်မြတ်ထံတော်မှ ကူညီစောင်မမှုပင် ဖြစ်ပြီး (ကြီးမားသော အောင်ပွဲခံမှုဆီသို့ ဦးတည်စေမည့်) မကြာမီ ရရှိနိုင်သော လတ်တလော အောင်နိုင်မှုပင် ဖြစ်ကြောင်း (အသင်တမန်တော် သည်) သက်ဝင်ယုံကြည်သူတို့အား သတင်းကောင်းပါးလော့။
يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا أَنصَارَ اللَّهِ كَمَا قَالَ عِيسَى ابْنُ مَرْيَمَ لِلْحَوَارِيِّينَ مَنْ أَنصَارِي إِلَى اللَّهِ ۖ قَالَ الْحَوَارِيُّونَ نَحْنُ أَنصَارُ اللَّهِ ۖ فَآمَنَت طَّائِفَةٌ مِّن بَنِي إِسْرَائِيلَ وَكَفَرَت طَّائِفَةٌ ۖ فَأَيَّدْنَا الَّذِينَ آمَنُوا عَلَىٰ عَدُوِّهِمْ فَأَصْبَحُوا ظَاهِرِينَ (14)
အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ မရ်ယမ်၏သားတော် တမန်တော်အီစာက ဟဝါရီတို့အား “အလ္လာဟ်အရှင်မြတ် (၏ ဖြောင့်မတ်မှန်ကန်မြဲမြံတည်တံ့သော လမ်းစဉ်တော်) အတွက် မည်သူက ကျွန်ုပ်အား ကူညီသူ ဖြစ်လိုသနည်း။” ဟု မေးမြန်းသော် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) အတွက် ကူညီသူများဖြစ်ကြပါ၏။” ဟု ဖြေဆိုခဲ့ကြသော သူ၏နောက်လိုက်သာဝကများ ဖြစ်ကြသည့် ဟဝါရီတို့ကဲ့သို့ပင် အလ္လာဟ်အရှင်မြတ် (၏လမ်းစဉ်တော်) အတွက် ကူညီသူများဖြစ်ကြလော့။ ထို့နောက် အစ္စရေးမျိုးနွယ်ဝင် တို့အနက် အုပ်စုတစ်စုသည် ယုံကြည်လာခဲ့ကြ၍ နောက်အုပ်စုတစ်စုမှာမူကား မယုံကြည်သွေဖည် ငြင်းပယ်ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်လာသောသူတို့အား သူတို့၏ရန်သူများနှင့်ဆန့် ကျင်၍ ကူညီစောင်မတော်မူခဲ့သောကြောင့် ယုံကြည်တို့သည် အသာစီးရကြလျက် လွှမ်းမိုးအောင်နိုင်သူများ ဖြစ်လာကြလေ၏။
❮ Previous Next ❯

Surahs from Quran :

1- Fatiha2- Baqarah
3- Al Imran4- Nisa
5- Maidah6- Anam
7- Araf8- Anfal
9- Tawbah10- Yunus
11- Hud12- Yusuf
13- Raad14- Ibrahim
15- Hijr16- Nahl
17- Al Isra18- Kahf
19- Maryam20- TaHa
21- Anbiya22- Hajj
23- Muminun24- An Nur
25- Furqan26- Shuara
27- Naml28- Qasas
29- Ankabut30- Rum
31- Luqman32- Sajdah
33- Ahzab34- Saba
35- Fatir36- Yasin
37- Assaaffat38- Sad
39- Zumar40- Ghafir
41- Fussilat42- shura
43- Zukhruf44- Ad Dukhaan
45- Jathiyah46- Ahqaf
47- Muhammad48- Al Fath
49- Hujurat50- Qaf
51- zariyat52- Tur
53- Najm54- Al Qamar
55- Rahman56- Waqiah
57- Hadid58- Mujadilah
59- Al Hashr60- Mumtahina
61- Saff62- Jumuah
63- Munafiqun64- Taghabun
65- Talaq66- Tahrim
67- Mulk68- Qalam
69- Al-Haqqah70- Maarij
71- Nuh72- Jinn
73- Muzammil74- Muddathir
75- Qiyamah76- Insan
77- Mursalat78- An Naba
79- Naziat80- Abasa
81- Takwir82- Infitar
83- Mutaffifin84- Inshiqaq
85- Buruj86- Tariq
87- Al Ala88- Ghashiya
89- Fajr90- Al Balad
91- Shams92- Lail
93- Duha94- Sharh
95- Tin96- Al Alaq
97- Qadr98- Bayyinah
99- Zalzalah100- Adiyat
101- Qariah102- Takathur
103- Al Asr104- Humazah
105- Al Fil106- Quraysh
107- Maun108- Kawthar
109- Kafirun110- Nasr
111- Masad112- Ikhlas
113- Falaq114- An Nas