Quran with Burmese translation - Surah Ar-Rum ayat 5 - الرُّوم - Page - Juz 21
﴿بِنَصۡرِ ٱللَّهِۚ يَنصُرُ مَن يَشَآءُۖ وَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ﴾
[الرُّوم: 5]
﴿بنصر الله ينصر من يشاء وهو العزيز الرحيم﴾ [الرُّوم: 5]
Ba Sein ၅။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အောင်မြင်အောင် စောင်မတော်မူသဖြင့် ရွှင်မြူးကြ၏၊ အရှင်မြတ်သည် အလိုတော်ရှိသူအား အောင်မြင်အောင် ကူညီတော်မူ၏၊ အရှင်မြတ်သည် အနန္တတန်ခိုးူတော်ရှင်၊ အနန္တ ကောင်းကြီးမင်္ဂလာတော်သခင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်၏ ကူညီမှုကြောင့် ထိုအရှင်မြတ်သည် မိမိ အလိုရှိတော်မူသော သူအား အောင်နိုင်စေတော်မူ၏။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အလွန်တရာ လွှမ်းမိုးတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်၏ ကူညီမှုကြောင့်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ကူညီတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ |