×

မိုးကောင်းကင်များ၌ ရှိသောအရာခပ်သိမ်းတို့သည်လည်းကောင်း ကမ္ဘာဂြိုဟ်၌ ရှိသောအရာခပ်သိမ်းတို့သည်လည်းကောင်း (အရှင်မြတ်၏စည်းမျဉ်း နိယာမတော်များနှင့်အညီ လှည့်ပတ်သွားလာလှုပ်ရှားလျက် ထိုအရှင်မြတ်က ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်၊း မည်သည့်အရာကိုမျှ 59:1 Burmese translation

Quran infoBurmeseSurah Al-hashr ⮕ (59:1) ayat 1 in Burmese

59:1 Surah Al-hashr ayat 1 in Burmese (البورمية)

Quran with Burmese translation - Surah Al-hashr ayat 1 - الحَشر - Page - Juz 28

﴿سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[الحَشر: 1]

မိုးကောင်းကင်များ၌ ရှိသောအရာခပ်သိမ်းတို့သည်လည်းကောင်း ကမ္ဘာဂြိုဟ်၌ ရှိသောအရာခပ်သိမ်းတို့သည်လည်းကောင်း (အရှင်မြတ်၏စည်းမျဉ်း နိယာမတော်များနှင့်အညီ လှည့်ပတ်သွားလာလှုပ်ရှားလျက် ထိုအရှင်မြတ်က ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်၊း မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိ ဂုဏ်တော်အားလုံးကိုပိုင်ဆိုင်သောအရှင် ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ထင်ရှားစေ၍ ဂုဏ်တင်နေကြ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံး အပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: سبح لله ما في السموات وما في الأرض وهو العزيز الحكيم, باللغة البورمية

﴿سبح لله ما في السموات وما في الأرض وهو العزيز الحكيم﴾ [الحَشر: 1]

Ba Sein
၁။ မိုးကောင်းကင်နှင့် ကမ္ဘာမြေပေါ်ဝယ်ရှိရှိသမျှအရာခပ်သိမ်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်၊ ဂုဏ်တော်ကို ချီးကျူးကြ၏၊ အကြောင်းမူကား အရှင်မြတ်သည် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ် တော်ရှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ပထဝီမြေဝယ်ရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ် စင်ကြယ်သန့်ရှင်းတော်မူကြောင်း မြွက်ဆိုကြကုန်၏။စင်စစ်သော်ကား ထိုအရှင်မြတ်သည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
Hashim Tin Myint
မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှတို့သည် အလ္လာဟ်အရှင်မြတ်စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော် နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek