| سَأَلَ سَائِلٌ بِعَذَابٍ وَاقِعٍ (1) (နောင်တမလွန်ဘဝ၌ တရားစီရင်တော်မူမည်ကို မယုံကြည်ငြင်းပယ်ရုံသာမက လှောင်ပြောင်သရော် သည့်အနေဖြင့်လည်း) မေးမြန်းသူ တစ်ဦးသည် ယင်း (အသေအချာပင်) ဖြစ်ပျက်လာမည့် (တမလွန်တရားစီရင်မည့်နေ့) ၏ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ မေးမြန်းလေ၏။
 | 
| لِّلْكَافِرِينَ لَيْسَ لَهُ دَافِعٌ (2) (အသင့် ပြင်ဆင်ထားပြီးဖြစ်သော ယင်းပြစ်ဒဏ်သည်) မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အတွက်သာဖြစ်၍ ယင်းကို တားဆီးပိတ်ပင်နိုင်မည့်သူဟူ၍ မည်သူ တစ်ဦးတစ်ယောက်မျှပင် မရှိပေ။
 | 
| مِّنَ اللَّهِ ذِي الْمَعَارِجِ (3) (ယင်းသည်) လှေကားထစ်ပါ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်၊ တက်လှမ်းနိုင်သော လမ်းကြောင်းအလုံးစုံကို ပိုင်ဆိုင်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှပင် ဖြစ်၏။
 | 
| تَعْرُجُ الْمَلَائِكَةُ وَالرُّوحُ إِلَيْهِ فِي يَوْمٍ كَانَ مِقْدَارُهُ خَمْسِينَ أَلْفَ سَنَةٍ (4) မလာအီကာကောင်းကင်စေတမန်များသည်လည်းကောင်း၊ (ရူဟ်) အသက်ဇီဝိန်သည်လည်းကောင်း၊ တစ်နေ့တွင် (နေ့စဉ်) ထိုအရှင်မြတ်ထံတော်သို့ တက်ရောက်သွားကြရာ ယင်း (နာမ်ခရီးစဉ်) ၏ (အကွာအဝေး) အတိုင်းအတာသည် (လောကီတွက်ချက်မှုအားဖြင့်) နှစ်ပေါင်းငါးသောင်းနှင့်ညီမျှသည်။
 | 
| فَاصْبِرْ صَبْرًا جَمِيلًا (5) သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့၏ပမာမခန့်ပြုမှုများကို ညည်းညူမှု ကင်းမဲ့စွာနှင့်ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် စိတ်နှလုံးကြံ့ခိုင်စေမည့် လှပတင်းတိမ်သော) မွန်မြတ်သည့် ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံစေလော့။
 | 
| إِنَّهُمْ يَرَوْنَهُ بَعِيدًا (6) ဧကန်မလွဲ၊ သူတို့သည် ယင်း (ပြစ်ဒဏ်စီရင်တော်မူခြင်းခံရမည့်) နေ့ကို အလွန်ဝေးကွာသည့်အရာအဖြစ် မြင်ကြ၏။
 | 
| وَنَرَاهُ قَرِيبًا (7) ငါအရှင်မြတ်သည် ယင်း (ပြစ်ဒဏ်စီရင်တော်မူခြင်းခံရမည့်) နေ့ကို (မကြာမီ ဧကန်မုချင်ပင်၊ ဖြစ်ပျက်လာမည့်) အနီးအနား၌ ရှိနေသောအရာအဖြစ် မြင်နေတော်မူ၏။
 | 
| يَوْمَ تَكُونُ السَّمَاءُ كَالْمُهْلِ (8) ယင်း (ပြစ်ဒဏ်စီရင်တော်မူခြင်းခံရမည့်) နေ့တွင် မိုးကောင်းကင်သည် (ကြေးနီ၊ ကြေးဝါ၊ ငွေစသည့်) သတ္တုအရည်ကျိုထားသကဲ့သို့ ဖြစ်သွားပေမည်။
 | 
| وَتَكُونُ الْجِبَالُ كَالْعِهْنِ (9) ထို့ပြင် တောင်များသည် အရောင်စုံ ဆိုးထားသော သိုးမွေးများကဲ့သို့ ဖြစ်သွားပေမည်။
 | 
| وَلَا يَسْأَلُ حَمِيمٌ حَمِيمًا (10) ထို့ပြင် မိတ်ဆွေအရင်းအချာတစ်ဦးသည် (သူ၏) မိတ်ဆွေအား (မည်သည်ကိုမျှ) မေးမြန်းနိုင်မည် မဟုတ်ပေ။
 | 
| يُبَصَّرُونَهُمْ ۚ يَوَدُّ الْمُجْرِمُ لَوْ يَفْتَدِي مِنْ عَذَابِ يَوْمِئِذٍ بِبَنِيهِ (11) (စင်စစ်) သူတို့သည် အချင်းချင်း အပြန်အလှန် တစ်ဦးကိုတစ်ဦး မြင်တွေ့ကြမည်ဖြစ်သော်လည်း ထိုနေ့တွင် (လောကီဘဝ၌ မယုံကြည်သူများအဖြစ် ဘဝဆောက်တည်၍) ရာဇဝတ်မှုကျူးလွန်သူသည်ကား ပြစ်ဒဏ်များမှ (လွတ်မြောက်နိုင်ရန်) အကယ်၍ သူ့သားရတနာကိုပင် လျှော်ကြေးအဖြစ် ပေးနိုင်လျှင် (ပေးချေလျက် လွတ်မြောက်ရန်) တမ်းတလိမ့်မည်။
 | 
| وَصَاحِبَتِهِ وَأَخِيهِ (12) ထို့ပြင် သူ့ဘဝဖော်အမျိုးသမီးနှင့်သူ့ညီအစ်ကို ကိုလည်းကောင်း။
 | 
| وَفَصِيلَتِهِ الَّتِي تُؤْوِيهِ (13) သူ့အား ခိုလှုံနေထိုင်ရာနေရာပေးခဲ့သော သူ့ဆွေမျိုးရင်းချာကိုလည်းကောင်း။
 | 
| وَمَن فِي الْأَرْضِ جَمِيعًا ثُمَّ يُنجِيهِ (14) ထို့ပြင် မြေကမ္ဘာ၌ရှိသောအရာခပ်သိမ်းတို့ကိုလည်းကောင်း၊ လျော်ကြေးအဖြစ်ပေးပြီးနောက် သူ့အား ကယ်တင်လွတ်မြောက်စေရန် အာသာဆန္ဒရှိပေမည်။
 | 
| كَلَّا ۖ إِنَّهَا لَظَىٰ (15) (ထိုသို့ လွတ်မြောက်စေရန် မည်သည့်နည်းနှင့်မျှ) အလျှင်း မဖြစ်နိုင်ပေ။ ဧကန်စင်စစ်၊ ယင်း (ပြစ်ဒဏ်) သည် ဟုန်းဟုန်းတောက်လောင်လျက်ရှိသော (ငရဲ) မီးပင် ဖြစ်၏။
 | 
| نَزَّاعَةً لِّلشَّوَىٰ (16) အရေပြားကို (ယင်းမီးတောက်မီးလျှံဖြင့်) ဆုတ်ဖြဲစေ၍ အနိုင်နိုင်ခွာပစ်ရန်အတွက်ပင် ဖြစ်၏။
 | 
| تَدْعُو مَنْ أَدْبَرَ وَتَوَلَّىٰ (17) ယင်းမီးသည်ကား (လောကီဘဝ၌ ယုံကြည်သစ္စာတရားဘက်သို့ ဖိတ်ခေါ်ခြင်းခံခဲ့ရစဥ်) ကျောခိုင်း၍ (အရှင်မြတ်အား နာခံကိုးကွယ်ခြင်းမှ) မျက်နှာလွှဲ ထွက်သွားခဲ့သူကို ဆင့်ခေါ်လိမ့်မည်။
 | 
| وَجَمَعَ فَأَوْعَىٰ (18) ထို့ပြင် (ဥစ္စာဓနပိုင်ဆိုင်မှုများကို) စုဆောင်း၍ (အရှင့်လမ်းတော်နှင့်ဆင်းရဲနွမ်းပါးသူတို့အတွက် သုံးစွဲစွန့် လှူခြင်းမပြုဘဲ) လုံခြုံစွာ သိုမှီးထိန်းသိမ်းခဲ့သောသူများအား (ဆင့်ခေါ်ပေမည်)။
 | 
| ۞ إِنَّ الْإِنسَانَ خُلِقَ هَلُوعًا (19) စင်စစ်ဧကန်၊ မနုဿလူသားသည် (လောဘကြောင့်) သည်းမခံနိုင်သော ပင်ကိုစရိုက်ရှိသူအဖြစ် ဖွဲ့စည်းဖြစ်တည်စေခြင်းကို ခံခဲ့ရလေ၏။
 | 
| إِذَا مَسَّهُ الشَّرُّ جَزُوعًا (20) (လူသားသည်) သူ့အား အကုသိုလ် (ဘေးဒုက္ခအခက်အခဲ ထိရောက်) သက်ရောက်သောအခါ (ပူပင်သောကရောက်လျက်) ညည်းညူတတ်သူဖြစ်လာ၏။
 | 
| وَإِذَا مَسَّهُ الْخَيْرُ مَنُوعًا (21) သို့ရာတွင် သူ့အား (အကျိုးအမြတ်၊ ချောင်လည်မှုနှင့်) ကောင်းစားမှု သက်ရောက်သောအခါ (ယင်းကို ဆုပ်ကိုင်ထားလျက်) လွန်စွာ တွန့်တိုစေးနှဲတတ်သူ ဖြစ်လာ၏။
 | 
| إِلَّا الْمُصَلِّينَ (22) သို့ရာတွင် ဆွလာသ်ဝတ်ပြုသူတို့သည်ကား (ထိုကဲ့သို့ ညည်းညူသူနှင့်တွန့်တိုစေးနှဲသူတို့တွင်) မပါဝင် ကြချေ။
 | 
| الَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ دَائِمُونَ (23) ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဥ်းစည်းကမ်းများနှင့်အညီ) စွဲမြဲ မြဲမြံ (စွာဖြင့် ဆောက်တည်၍ ရပ်တည်လျက် ရှိ) ကြ၏။
 | 
| وَالَّذِينَ فِي أَمْوَالِهِمْ حَقٌّ مَّعْلُومٌ (24) ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏ဥစ္စာဓနပိုင်ဆိုင်မှုများ၌ အများက အသိအမှတ်ပြုထားပြီဖြစ်သော (ဆင်းရဲနွမ်းပါးသူတို့၏ဝေစု) အခွင့်အရေးသည်လည်း ရှိနေ၏။
 | 
| لِّلسَّائِلِ وَالْمَحْرُومِ (25) (အသက်ရှက်ရပ်တည်ရေးအတွက် အခြားနည်းလမ်းတစ်စုံတစ်ရာ ရှာမတွေ့၍) တောင်းရမ်းစားသောက် သူနှင့် (သိက္ခာကိုစောင့်စည်းသောအားဖြင့် တောင်းရမ်းခြင်းမပြုခြင်းကြောင့် ချောင်လည်သူ၊ ချမ်းသာသူ ဟု ယူဆပြီး သူ့အခွင့်အရေး) ခံစားခွင့်မပေးဘဲ ပစ်ပယ်ထားသူတို့အတွက်ပင် ဖြစ်၏။
 | 
| وَالَّذِينَ يُصَدِّقُونَ بِيَوْمِ الدِّينِ (26) ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် (ကောင်းမှုနှင့်မကောင်းမှုအတွက် ဆုလဒ်နှင့်ပြစ်ဒဏ်များ အစားပေးမည့်) တရားစီရင်တော်မူမည့်နေ့ကို အမှန်တရားသစ္စာအဖြစ် (အတည်ပြုလျက်) ယုံကြည်ထောက်ခံ ကြ၏။
 | 
| وَالَّذِينَ هُم مِّنْ عَذَابِ رَبِّهِم مُّشْفِقُونَ (27) ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ် (လျက် အရှင့်စည်းမျဥ်းတော်များနှင့်အညီ ဘဝဆောက်တည်) ကြ၏။
 | 
| إِنَّ عَذَابَ رَبِّهِمْ غَيْرُ مَأْمُونٍ (28) ဧကန်စင်စစ်၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၏ပြစ်ဒဏ်သည် စိုးရိမ်စိတ်မရှိဘဲ ဘေးကင်းလုံခြုံမှု ခံစားနိုင်မည့်အရာ မဟုတ်ပေ။
 | 
| وَالَّذِينَ هُمْ لِفُرُوجِهِمْ حَافِظُونَ (29) ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏အရှက်အင်္ဂါ (ကာယိန္ဒြေနှင့်ကိုယ်ကျင့်တရား) များကို တင်းကြပ်စွာ ထိန်းသိမ်းစောင့်ရှောက်ကြ၏။
 | 
| إِلَّا عَلَىٰ أَزْوَاجِهِمْ أَوْ مَا مَلَكَتْ أَيْمَانُهُمْ فَإِنَّهُمْ غَيْرُ مَلُومِينَ (30) သူတို့၏ဘဝဖော်အမျိုးသမီးများမှ သို့တည်းမဟုတ် (ကျမ်းတော်မြတ်ကုရ်အာန်ချမှတ်ပေးအပ်ခြင်း မခံရမီကပင်) သင်တို့၏လက်ဝယ်၌ ဩဇာခံများ အဖြစ်ရှိခဲ့ပြီး ပေါင်းသင်းခဲ့ဖူးခြင်းမှအပ (သူတို့၏ကာယိန္ဒြေကို ထိန်းသိမ်းစောင့်ရှောက်ကြသောကြောင့် ဧကန်မုချပင်၊ သူတို့သည် ပြစ်တင်ထိုက်သူများ မဟုတ်ကြပေ။)
 | 
| فَمَنِ ابْتَغَىٰ وَرَاءَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْعَادُونَ (31) သို့ဖြစ်ပေရာ မည်သူမဆို ထိုစည်းမျဥ်းဘောင်၏ပြင်ပတွင် (ဖျော်ဖြေမှုကို) ရှာဖွေကြလျှင် ထိုသူတို့သည် အရှင်မြတ်က ပြဌာန်းတော်မူသော စည်းဘောင်ကို ဖောက်ဖျက်ကျူးလွန်သူများ ဖြစ်ကြ၏။
 | 
| وَالَّذِينَ هُمْ لِأَمَانَاتِهِمْ وَعَهْدِهِمْ رَاعُونَ (32) ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့ထံ (အရှင်မြတ်မှဖြစ်စေ၊ လူ့ဘောင်အဖွဲ့အစည်းမှ ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှဖြစ်စေ) ယုံကြည်အပ်နှံခြင်းခံရသည်တို့ကိုလည်းကောင်း၊ (အရှင်မြတ်နှင့်ဖြစ်စေ၊ လူ့ဘောင်အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်ဖြစ်စေ၊ သစ္စာဆိုခဲ့သည့်) သူတို့၏ကတိ သစ္စာဝန်ခံချက်များကိုလည်းကောင်း၊ စောင့်စည်းထိန်းသိမ်းသူများပင် ဖြစ်ကြ၏။
 | 
| وَالَّذِينَ هُم بِشَهَادَاتِهِمْ قَائِمُونَ (33) ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏သက်သေခံချက်များကို (ရှောင်ပြေးခြင်းမရှိဘဲ) တိကျ မှန်ကန်မျှတစွာ သက်သေထွက်ဆိုခြင်းနှင့်စပ်လျဉ်း၍ အခိုင်အမာရပ်တည်သူများ ဖြစ်ကြ၏။
 | 
| وَالَّذِينَ هُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ (34) ထို့ပြင် ထို (ဆွလာသ်ဝတ်ပြု) သူတို့သည် သူတို့၏ဆွလာသ်ဝတ်ပြုမှုကို (ပြဌာန်းတော်မူသည့် စည်းမျဉ်းစည်းကမ်းအားလုံးနှင်အညီ မြဲမြံစွာ ဆောက်တည်လျက်) စောင့်ထိန်းကြ၏။
 | 
| أُولَٰئِكَ فِي جَنَّاتٍ مُّكْرَمُونَ (35) ထိုသူတို့သည်ကား သုခဥယျာဉ်းများ၌ ဂုဏ်အသရေရှိစွာ စံစားကြရမည့်သူများ ဖြစ်ကြ၏။
 | 
| فَمَالِ الَّذِينَ كَفَرُوا قِبَلَكَ مُهْطِعِينَ (36) သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့သည် မည်သည့်အကြောင်းကြောင့် အသင့်ဘက်သို့ (လှောင်ပြောင်လိုစိတ်ဖြင့် စူးစူးစိုက်စိုက်ငေးကြည့်လျက်) ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေကြသနည်း။
 | 
| عَنِ الْيَمِينِ وَعَنِ الشِّمَالِ عِزِينَ (37) လက်ယာဘက်မှလည်းကောင်း၊ လက်ဝဲဘက်မှလည်းကောင်း၊ အုပ်စုလိုက်၊ အုပ်စုလိုက် (အသင်တ မန်တော်ထံ ရောက်လာကြလျက်)။
 | 
| أَيَطْمَعُ كُلُّ امْرِئٍ مِّنْهُمْ أَن يُدْخَلَ جَنَّةَ نَعِيمٍ (38) သူတို့အနက်မှ လူပုဂ္ဂိုလ်တိုင်းသည် သာယာကြည်နူးဖွယ်ရာနှင့်ပျော်မွေ့ဖွယ်ရာကောင်းသည့် သုခဥယျာဉ်သို့ ဝင်ရောက်ခွင့်ရရန် မျှော်လင့်တောင့်တလေသလော။
 | 
| كَلَّا ۖ إِنَّا خَلَقْنَاهُم مِّمَّا يَعْلَمُونَ (39) (မည်သည့်နည်းနှင့်မျှ ထိုသို့) အလျှင်း တောင့်တမည် မဟုတ်၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူတို့အား သူတို့ သိထားပြီဖြစ်သော (အလွန်ရိုးရှင်းသည့်) အရာမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။
 | 
| فَلَا أُقْسِمُ بِرَبِّ الْمَشَارِقِ وَالْمَغَارِبِ إِنَّا لَقَادِرُونَ (40) သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် နေထွက်ရာအရပ်များနှင့်နေဝင်ရာအရပ်များ ဖြစ်ပေါ်ဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးတည်တံ့စေတော်မူသောအရှင်သခင်အား သက်သေထူတော်မူ၏။ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် (အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းနိယာမတော်များဖြင့် လွှမ်းခြုံထားတော်မူလျက်) တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
 | 
| عَلَىٰ أَن نُّبَدِّلَ خَيْرًا مِّنْهُمْ وَمَا نَحْنُ بِمَسْبُوقِينَ (41) သူတို့၏နေရာတွင် သူတို့ထက်သာလွန်မြင့်မြတ်သောသူ (အရှင်မြတ်အား ယုံကြည်၍ နာခံကိုးကွယ်သူ) တို့ဖြင့် အစားတိုးတော်မူရန် ဖြစ်ပြီး ငါအရှင်မြတ် (သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီဖြစ်စေတော်မူခြင်း) အား (မည်သူ့ကိုမျှ) ဟန့်တားနှောင့်ယှက်ခွင့်ပေးတော်မူမည့်အရှင်မြတ် (အရှင်မြတ်နှင့်ယှဉ်ပြိုင်ခွင့် ပေးတော်မူမည့်အရှင်) မဟုတ်ပေ။
 | 
| فَذَرْهُمْ يَخُوضُوا وَيَلْعَبُوا حَتَّىٰ يُلَاقُوا يَوْمَهُمُ الَّذِي يُوعَدُونَ (42) သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား ကတိထားတော်မူသော သူတို့၏နေ့ရက်နှင့်ရင်ဆိုင်ကြုံတွေ့ရသည်အထိ အချည်းနှီးသော မိစ္ဆာစကားများပြောဆိုနေခြင်းနှင့်ကစားခုန်စားလျက် ပျော်မြူးနေခြင်း၌ ထိုးဆင်းကြရန် လွှတ်ထား (ပစ်ထား) လော့။
 | 
| يَوْمَ يَخْرُجُونَ مِنَ الْأَجْدَاثِ سِرَاعًا كَأَنَّهُمْ إِلَىٰ نُصُبٍ يُوفِضُونَ (43) ထို (ရှင်ပြန်ထမည့်) နေ့တွင် သူတို့သည် ပန်းတိုင်တစ်ခုသို့ အပြေးအလွှား အလျင်စလို သွားကြသကဲ့သို့ သင်္ချိုင်းများမှထွက်၍ လျင်မြန်စွာ သုတ်ခြေတင် ပြေးထွက်လာကြပေမည်။
 | 
| خَاشِعَةً أَبْصَارُهُمْ تَرْهَقُهُمْ ذِلَّةٌ ۚ ذَٰلِكَ الْيَوْمُ الَّذِي كَانُوا يُوعَدُونَ (44) သူတို့၏မျက်လုံးများသည် အရှက်ရ၊ အသရေဖျက်စေမှုဖုံးလွှမ်းလျက် မျက်လွှာအောက်ချ၍ ရိုကျိုးစွာဖြင့် ကြောက်ရွံ့သည့်အနေအထား၌ ရှိကြပေမည်။ ထိုနေ့သည်ပင် သူတို့အား ထိုနည်းအတိုင်း (ထပ်တလဲလဲ သတိပေးတော်မူလျက်) ကတိထားတော်မူသည့်နေ့ပင် ဖြစ်ပေ၏။
 |