×

သူတို့၏မျက်လုံးများသည် အရှက်ရ၊ အသရေဖျက်စေမှုဖုံးလွှမ်းလျက် မျက်လွှာအောက်ချ၍ ရိုကျိုးစွာဖြင့် ကြောက်ရွံ့သည့်အနေအထား၌ ရှိကြပေမည်။ ထိုနေ့သည်ပင် သူတို့အား ထိုနည်းအတိုင်း (ထပ်တလဲလဲ သတိပေးတော်မူလျက်) 70:44 Burmese translation

Quran infoBurmeseSurah Al-Ma‘arij ⮕ (70:44) ayat 44 in Burmese

70:44 Surah Al-Ma‘arij ayat 44 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma‘arij ayat 44 - المَعَارج - Page - Juz 29

﴿خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٞۚ ذَٰلِكَ ٱلۡيَوۡمُ ٱلَّذِي كَانُواْ يُوعَدُونَ ﴾
[المَعَارج: 44]

သူတို့၏မျက်လုံးများသည် အရှက်ရ၊ အသရေဖျက်စေမှုဖုံးလွှမ်းလျက် မျက်လွှာအောက်ချ၍ ရိုကျိုးစွာဖြင့် ကြောက်ရွံ့သည့်အနေအထား၌ ရှိကြပေမည်။ ထိုနေ့သည်ပင် သူတို့အား ထိုနည်းအတိုင်း (ထပ်တလဲလဲ သတိပေးတော်မူလျက်) ကတိထားတော်မူသည့်နေ့ပင် ဖြစ်ပေ၏။

❮ Previous Next ❯

ترجمة: خاشعة أبصارهم ترهقهم ذلة ذلك اليوم الذي كانوا يوعدون, باللغة البورمية

﴿خاشعة أبصارهم ترهقهم ذلة ذلك اليوم الذي كانوا يوعدون﴾ [المَعَارج: 44]

Ba Sein
၄၄။ ထိုနေ့တော်ကြီး၌ ထိုသူတို့သည် မျက်နှာအောက်စိုက်ခေါင်းငိုက်စိုက်နေကြလျက် ဂုဏ်အသရေပျက်ခြင်းတရားကထိုသူတို့ကို မိန်းမောတွေဝေစေလိမ့်မည်ဖြစ်၏၊ သူတို့အား ကတိထားတော်မူသောနေ့တော်ကြီးကား ယင်းသို့ဖြစ်၏။
Ghazi Mohammad Hashim
၎င်းတို့၏ မျက်စိများမှာ အောက်သို့စိုက်၍ နေကြပေမည်။ ဂုဏ်ရည်သိမ်ဖျင်းမှုသည် ၎င်းတို့အား ဖုံးလွှမ်းလျက်ရှိပေမည်။ ထိုသည် ၎င်းတို့ချိန်းဆိုခြင်း ခံခဲ့ရသောနေ့ပင်ဖြစ်ပေသတည်း။
Hashim Tin Myint
သူတို့၏ မျက်စိများသည် ငိုက်စိုက်ကျ‌နေကြမည်။ ‌သေးသိမ်မှုသည် သူတို့အ‌ပေါ်တွင် ဖုံးလွှမ်း‌နေလိမ့်မည်။ ထိုအရာသည် သူတို့ ချိန်းဆိုခြင်းခံခဲ့ရသည့်‌နေ့ပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek