×

အီဂျစ်ပြည်မှ တမန်တော်ယူစုဖ်ကို ဝယ်ယူခဲ့သူသည် သူ့အမျိုးသမီးအား ""ကျွန်ုပ်တို့ကို ကောင်းကျိုးပေး မည့်သူ ဖြစ်နိုင်သဖြင့် သူ့ကိုကောင်းမွန်သော နေရာထိုင်ခင်းပေး၍ ဂုဏ်ပြုဧည့်ခံလော့။ သို့မဟုတ် 12:21 Burmese translation

Quran infoBurmeseSurah Yusuf ⮕ (12:21) ayat 21 in Burmese

12:21 Surah Yusuf ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah Yusuf ayat 21 - يُوسُف - Page - Juz 12

﴿وَقَالَ ٱلَّذِي ٱشۡتَرَىٰهُ مِن مِّصۡرَ لِٱمۡرَأَتِهِۦٓ أَكۡرِمِي مَثۡوَىٰهُ عَسَىٰٓ أَن يَنفَعَنَآ أَوۡ نَتَّخِذَهُۥ وَلَدٗاۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي ٱلۡأَرۡضِ وَلِنُعَلِّمَهُۥ مِن تَأۡوِيلِ ٱلۡأَحَادِيثِۚ وَٱللَّهُ غَالِبٌ عَلَىٰٓ أَمۡرِهِۦ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ﴾
[يُوسُف: 21]

အီဂျစ်ပြည်မှ တမန်တော်ယူစုဖ်ကို ဝယ်ယူခဲ့သူသည် သူ့အမျိုးသမီးအား ""ကျွန်ုပ်တို့ကို ကောင်းကျိုးပေး မည့်သူ ဖြစ်နိုင်သဖြင့် သူ့ကိုကောင်းမွန်သော နေရာထိုင်ခင်းပေး၍ ဂုဏ်ပြုဧည့်ခံလော့။ သို့မဟုတ် ကျွန်ုပ်တို့သည် သူ့ကို သားတစ်ဦးအဖြစ် မွေးစားကြမည်လော့။"" ဟု တိုက်တွန်း ပြောဆိုခဲ့လေ၏၊ ထိုကဲ့သို့ပင် ငါအရှင်မြတ်သည် ယူစုဖ်အတွက် မြေကမ္ဘာတွင် အခြေချနေထိုင်စရာ ထူထောင်ပေးတော်မူပြီး (အိပ်မက်အပါအဝင် အဖြစ်အပျက် များနှင့်အကြောင်းအရာများဆိုင်ရာ သတင်းအချက်အလက်များနှင့်) ပြောဆိုတင်ပြချက်များ၏အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုပညာကို သင်ပေးတော်မူရန် အခြေအနေတစ်ရပ်ကို ဖန်တီးစေတော်မူခဲ့၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ဖြစ်ပျက်စေလိုတော်မူသော) စီမံချက်အရေးကိစ္စဟူသမျှကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူသည့်တိုင် လူသားအများစုသည်ကား ယင်းကို သိနိုင်ကြသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: وقال الذي اشتراه من مصر لامرأته أكرمي مثواه عسى أن ينفعنا أو, باللغة البورمية

﴿وقال الذي اشتراه من مصر لامرأته أكرمي مثواه عسى أن ينفعنا أو﴾ [يُوسُف: 21]

Ba Sein
၂၁။ အီဂျစ်မြို့သားများထဲမှ ယူစွတ်(ဖ်)ကို ဝယ်ယူသူသည် မိမိမယားမိန်းမအား အို-ချစ်နှမ၊ သင်သည် ဤသတို့သား ကို ကျက်သရေရှိလှစွာနှင့် လက်ခံထားပါသူသည် ငါတို့အား အသုံးဝင်ကောင်းဝင်လတ့ံ။ သို့မဟုတ်ငါတို့သည် သူ့ကို သားအဖြစ် မွေးစားကောင်းမွေးစားကြလတ့ံဟု ပြော၏။ ယူစွတ်(ဖ်)အား အတိတ်နိမိတ်အဖြစ်အပျက် တို့ကို မွေးစားကြလတ့ံဟု ပြော၏။ ယူစွတ်(ဖ်)အား အတိတ်နိမိတ်အဖြစ်အပျက်တို့ကို အဓိပ္ပါယ်ကောက်ခြင်း အတတ်ကို ငါအရှင်မြတ်သည် သွန်သင်ပေးဖို့ရာ သူ့ကို ငါဤကဲ့သို့ အီဂျစ်ပြည်၌ နေရာချထားတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိရည်ရွယ်ချက်၌ အောင်မြင်တော်မူ၏။ သို့သော်လူသားတို့အနက် များစွာသော သူတို့သည် မသိကြချေ။
Ghazi Mohammad Hashim
အီဂျစ်ပြည်မှ ထိုယူစုဖ်အား ဝယ်သူက မိမိဇနီးအား အသင်သည် ထိုယူဆွဖ်ကို ဂုဏ်ရှိစွာဖြင့်ထားပါလေ။၎င်းသည် ကျွန်ုပ်တို့အား အကျိုးပေးကောင်းပေးပါလိမ့်မည်။သို့မဟုတ် ကျွန်ုပ်တို့သည် ၎င်းအား သားအဖြစ် မွေးစားထားကြမည်ဟု ပြောလေသည်။ ၎င်းပြင် ဤကဲ့သို့ပင် ငါအရှင်မြတ်သည် ယူစုဖ်အား (ထို) တိုင်းပြည်၌ နေရာပေးတော်မူခဲ့လေသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုယူဆွဖ်အား စကားများ၏အနက်သဘောကို သင်ကြားပြသတော်မူရန် အလို့ငှာဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကိစ္စ(အဝ၀)ကို နိုင်နင်းတော်မူသောအရှင်မြတ်ဖြစ်သည်။ သို့ရာတွင် လူသားတို့အနက် အများစုသည် မသိကြပေ။
Hashim Tin Myint
အီဂျစ်ပြည်မှ ၎င်း(ယူစွဖ်-အလိုင်ဟိစလာမ်)ကို ဝယ်ယူသူက* သူ၏ဇနီးကို “အသင်သည် ၎င်းအား ဂုဏ်ရှိရှိထားပါ၊ ၎င်းသည် ငါတို့ကို အကျိုး‌ပေး‌ကောင်း‌ပေးလိမ့်မည်။ သို့မဟုတ် ငါတို့သည် ၎င်းအား သားအဖြစ် ‌မွေးစားလိုက်ကြမည်“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ယူစွဖ်ကို ဤသို့ပင် တိုင်းပြည်တွင် ‌နေရာ‌ပေး‌တော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား စကားများ၏အနက်အဓိပ္ပာယ်(အိပ်မက်၏အတိတ်‌ကောက်‌သောပညာရပ်)ကို သင်ကြားပြသ‌တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ အ‌ရေးကိစ္စကို နိုင်နင်း‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ သို့ရာတွင် လူသားများထဲမှ အ‌မြောက်အမြားသည် မသိကြ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek