×

ထို့ပြင် (သူတို့၏ဘိုးဘေးဘီဘင်များလုပ်သကဲ့သို့) သူတို့က တမန်တော်စုလိုင်မာန်၏အုပ်ချုပ်ရေးလက်ထက်၌ စေတန်မကောင်းဆိုးဝါးတို့က တီထွင်ဖန်တီးထားသော စိတ်ကူးယဉ်စာပေအတိုင်း လိုက်နာကျင့်သုံးခဲ့ကြသည်။ တမန်တော်စုလိုင်မာန်သည် မည်သည့်အခါမျှ (အရှင့်စည်းမျဉ်းတော်များကို) မယုံကြည် 2:102 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:102) ayat 102 in Burmese

2:102 Surah Al-Baqarah ayat 102 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 102 - البَقَرَة - Page - Juz 1

﴿وَٱتَّبَعُواْ مَا تَتۡلُواْ ٱلشَّيَٰطِينُ عَلَىٰ مُلۡكِ سُلَيۡمَٰنَۖ وَمَا كَفَرَ سُلَيۡمَٰنُ وَلَٰكِنَّ ٱلشَّيَٰطِينَ كَفَرُواْ يُعَلِّمُونَ ٱلنَّاسَ ٱلسِّحۡرَ وَمَآ أُنزِلَ عَلَى ٱلۡمَلَكَيۡنِ بِبَابِلَ هَٰرُوتَ وَمَٰرُوتَۚ وَمَا يُعَلِّمَانِ مِنۡ أَحَدٍ حَتَّىٰ يَقُولَآ إِنَّمَا نَحۡنُ فِتۡنَةٞ فَلَا تَكۡفُرۡۖ فَيَتَعَلَّمُونَ مِنۡهُمَا مَا يُفَرِّقُونَ بِهِۦ بَيۡنَ ٱلۡمَرۡءِ وَزَوۡجِهِۦۚ وَمَا هُم بِضَآرِّينَ بِهِۦ مِنۡ أَحَدٍ إِلَّا بِإِذۡنِ ٱللَّهِۚ وَيَتَعَلَّمُونَ مَا يَضُرُّهُمۡ وَلَا يَنفَعُهُمۡۚ وَلَقَدۡ عَلِمُواْ لَمَنِ ٱشۡتَرَىٰهُ مَا لَهُۥ فِي ٱلۡأٓخِرَةِ مِنۡ خَلَٰقٖۚ وَلَبِئۡسَ مَا شَرَوۡاْ بِهِۦٓ أَنفُسَهُمۡۚ لَوۡ كَانُواْ يَعۡلَمُونَ ﴾
[البَقَرَة: 102]

ထို့ပြင် (သူတို့၏ဘိုးဘေးဘီဘင်များလုပ်သကဲ့သို့) သူတို့က တမန်တော်စုလိုင်မာန်၏အုပ်ချုပ်ရေးလက်ထက်၌ စေတန်မကောင်းဆိုးဝါးတို့က တီထွင်ဖန်တီးထားသော စိတ်ကူးယဉ်စာပေအတိုင်း လိုက်နာကျင့်သုံးခဲ့ကြသည်။ တမန်တော်စုလိုင်မာန်သည် မည်သည့်အခါမျှ (အရှင့်စည်းမျဉ်းတော်များကို) မယုံကြည် (ငြင်းဆန်ဖုံးကွယ်) ခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် စေတန်မကောင်းဆိုးဝါးများကသာ မယုံမကြည်၊ ငြင်းဆန်ဖုံးကွယ်ခဲ့ကြ၏။ (တမန်တော်စုလိုင်မာန်သည် အရှင်မြတ်၏အကောင်းဆုံး အစေခံများအနက်မှဖြစ်ပြီး ပယောဂပညာသည် မယုံကြည်မှု တစ်မျိုးသာ ဖြစ်ကြောင်း သူသိခဲ့သည်။) အမှန်မှာ၊ ဘေဘီလုံမြို့၌ ဟာရူသ်နှင့်မာရူသ်မည်သော စေတမန်နှစ်ပါးအပေါ်၌ ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသောအရာ (အသိပညာ) ကို (စေတန် မကောင်းဆိုးဝါးများ ဖြစ်ကြသော) သူတို့က (သင်ယူပြီး) လူတို့အား မှော်ဝိဇ္ဇာပယောဂအတတ်ပညာကို သင်ပေးခဲ့ကြသည်။ သူတို့နှစ်ဦး (ဟာရူသ်နှင့်မာရူသ်) သည် (မည်သူတစ်ဦးတစ်ယောက်ကိုမျှ) “ကျွန်ုပ်တို့သည် စမ်းသပ်မှုအတွက်သာလျှင် ဖြစ်၏။ သို့ဖြစ်ရာ အရှင့်စည်းမျဉ်းတော်များကို မယုံကြည် (ငြင်းဆန်ဖုံးကွယ်) ခြင်း မပြုကြလေနှင့်။” ဟု (သတိပေး) ပြောခဲ့ခြင်းမရှိဘဲ သင်ပေးလေ့ မရှိခဲ့ကြပေ။ (မကောင်းဆိုးဝါးများဖြစ်သော) သူတို့သည် သူတို့ စေတမန်နှစ်ဦးထံမှ လူတစ်ဦးနှင့်သူ့ဘဝဖော်တို့အား ကွာရှင်းခွဲခွာစေသည့်ပညာကို သင်ယူခဲ့ကြသော်လည်း သူတို့သည် ယင်း (ပညာ) ဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်မရှိဘဲ ထိခိုက် နစ်နာစေရန်နှင့်အကျိုးပေးရန် စွမ်းဆောင်နိုင်သူများ မဟုတ်ကြပေ။ ထို့ပြင် အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အရာများအနက်မှ တမလွန်ဘဝ၌ အကျိုးမရှိသောအရာကို သူ့အတွက် လဲလှယ်ဝယ်ယူသူ မည် သူမဆိုသည် အလွန်ယုတ်ညံ့ရွံရှာဖွယ်ကောင်းသော လဲလှယ်ရောင်းဝယ်မှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း သူတို့ အမှန်ပင် သိထားခဲ့ကြပြီ ဖြစ်၏။ သူတို့၏ပြုမူဆောင်ရွက်ချက်များကို သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသော စိတ်ဝိဉာဉ်) များအား သူတို့၏အလိုရမ္မက်အတွက်သာ အသုံးချ၍ လဲလှယ်ဝယ်ယူခြင်းဖြစ်ကြောင်း အကယ်၍ သူတို့ သိနားလည်ခဲ့ကြလျှင် ကောင်းလေစွ။

❮ Previous Next ❯

ترجمة: واتبعوا ما تتلوا الشياطين على ملك سليمان وما كفر سليمان ولكن الشياطين, باللغة البورمية

﴿واتبعوا ما تتلوا الشياطين على ملك سليمان وما كفر سليمان ولكن الشياطين﴾ [البَقَرَة: 102]

Ba Sein
၁ဝ၂။ ထိုသူတို့သည် တမန်တော်စိုလိုင်မာန်၏ တန်ခိုးအာဏာကိုဆန့်ကျင််၍ ရှိုင်တွာန်မာရ်နတ်များ မဟုတ် မလျားဟောပြောချက်ကို ယုံကြည်လိုကနာကြ၏။ တမန်တော်စိုိလိုင်မာန်သည် မိစ္ဆာမိုက်မဟုတ်ပေ။ သို့သော် ရှိုင်တွာန်များသည် မိစ္ဆာမိုက်များဖြစ်ကြသည်။ သူတို့သည် လူသားတို့အား ဝိဇ္ဇာအတတ်နှင့် ဘာဘယ်လ်မည်သောမြို့၌ ကောင်းကင်တမန်တော် ဟာရွတ်နှင့် မာရွတ်တို့ထံကျရောက်လာသော အတတ်ပညာကို လူသားတို့အားပေးကြ၏။ သို့သော် သူတို့က အကျွန်ုပ်တို့သည် အသင်တို့အား ဖြားယောင်းသူများသာဖြစ်၏။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ကိုမယုံကြည်ပဲ မရှိလင့် ဟု မဟောကြားပဲ သူတို့သည် မိမိတို့အတတ်ပညာကို သူတစ်ပါးအား မသင်ပြပေ။ ဤကောင်းကင် တမန်တော်နှစ်ဦးထံမှ လူသားတို့သည် လင်နှင့်မယားမသင့်မတင့် ကွဲပြားစေမှုအတတ်ကို သင်ယူကြ ၏။ သူတို့သည် အလ္လာဟ်အရှင်မြတ် ခွင့်ပြုချက်မရှိပဲ ထိုအတတ်ပညာအားဖြင့် တစ်စုံတစ်ယောက် ကိုမှ ဘေးရန်မပြုနိုင်ပေ။ မနစ်နာစေနိုင်ပေ။ သူတို့သည် မိမိတို့အကျိုးမဖြစ်စေသောအတတ်ကိုသာ သင်ယူကြ၏။ ထိုအတတ်ပညာကို ဝယ်ယူူသူတို့သည် နောက်တမလွန်ဘဝတွင် ပျော်ရွှင်မှု ဝေစု ရမည်မဟုတ်ကြောင်းကို သူတို့မုချဧကန်သိကြ၏။ သူတို့သည် မိမိတို့၏ဝိညာဉ်ကို ဒုစရိုက်မှုတည်း ဟူသော အဘိုးနှင့် ရောင်းပစ်သူများအမှန်ပင်ဖြစ်၏။ သူတို့သိလျှင် ကောင်းလေစွ။
Ghazi Mohammad Hashim
ထိုမျှမက (အသိအလိမ္မာ ကင်းမဲ့ကြကုန်သောယင်း ယဟူဒီဘာသာဝင်တို့သည် အလ္လာဟ် အရှင်မြတ် ၏ဓမ္မဒေသနာတော်ကို မလိုက်နာကြဘဲလျက်) နဗီ တမန်တော် စုလိုင်မာန်(အ) စိုးမိုးအုပ်ချုပ် မင်းပြုလုပ် နေသောအခါဝယ် ရှိုင်တွာန်များရွတ်ဘတ်သရဇ္ဈာယ် ကြလေသော စုန်းပယောဂ အတတ်ကိုသာ ဆည်းပူး လိုက်စားကြကုန်၏။ [ဤတွင်မျှမကသေး၊ အချို့ သော လူ့ဗာလတို့သည် နဗီတမန်တော် စုလိုင်မာန်(အ)သည် ကာဖိရ်အယူကို လိုက်စားသည် ဟူ၍ပင်စွပ်စွဲခဲ့ကြသည်)ကိုပင် မိစ္ဆာဒိဋ္ဌိအယူကို လိုက်စားသည်ဟုစွပ်စွဲကြ သည်။] စင်စစ်တမူကား နဗီတမန်တော် စုလိုင်မာန်(အ)သည် မည်သည့်အခါမျှ ကာဖိရ်အယူကို လိုက် စားခဲ့သည်မဟုတ်ချေ၊ သို့ရာတွင် ထိုရှိုင်တွာန်တို့ သာလျှင် ကာဖိရ်အယူကိုလိုက်စားကြခဲ့၏။ ယင်း ရှိုင်တွာန်တို့သည်ပင်လျှင် စုန်းပယောဂအတတ်ကို လူတို့အား သင်ကြားပြသပေးကြလေသည်။ ထို့ပြင်တဝ (ယင်းယဟူဒီဘာသာဝင်တို့သည်) ဗာဗိလုံမြို့ရှိ အပါးတော်စေတမန် နှစ်ပါးဖြစ်သော ဟာရူတ်နှင့် မာရူတ်တို့ အပေါ်ဝယ် ကျရောက်သည့် စုန်းပယောဂ အတတ်ကိုလည်း လိုက်နာဆည်းပူးကြလေသည်။ ထိုအပါးတော်စေတမန် နှစ်ပါးတို့သည်(မိမိ တို့ထံကျရောက်သော စုန်းပယောဂ အတတ်များကို)မည်သူတစ်ဦးကိုမျှ သင်ကြားပေးလေ့မရှိ။ (သင်ကြားပို့ချပေးပါရန် တောင်းဆို လျှောက်ထားလာသူတို့ကို အိုအချင်းတို့) အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ (အသင်တို့အဘို့) အစမ်းအသပ်တစ်ရပ်အဖြစ်နှင့်သာလျှင် ဆင်းသက်ရောက်ရှိ လာကြသည်။ အသင်တို့သည်(ဤစုန်းပယောဂ အတတ်ကို ဆည်းပူးလေ့လာပြီး) ကာဖိရ်အယူကို မလိုက်စားကြကုန်လင့် (ဟု သွန်သင်ဆုံးမ၍ မြစ်တားကြလေသည်)။သို့မြစ်တားငြားသော်လည်း ယင်းသူ တို့သည်ထိုအပါးတော်စေတမန်နှစ်ပါးတို့ထံမှ ဇနီးမောင်နှံနှစ်ဦးကိုပြတ်စဲစေသောအတတ်ကို နည်းခံသင်ယူကြကုန်၏။ စင်စစ်ဆိုသော် ထိုသူတို့သည် အလ္လာဟ် အရှင်မြတ်၏အလိုတော်မရှိဘဲလျက်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုအတတ်ဖြင့်ဘေးအန္တရာယ်မပြုနိုင်ကြချေ၊ အမှန်သော်ကား ယင်းသူတို့သည် မိမိတို့အား အကျိုးကျေးဇူးမဖြစ်ထွန်းစေဘဲ အကျိုးယုတ်နစ်နာစေတတ်သော စုန်းပယောဂအတတ် ကိုသာ နည်းခံသင်ယူကြလေသည်။ စင်စစ်အားဖြင့် (ထိုကဲ့သို့)အလ္လာဟ် အရှင်မြတ်၏ ကျမ်းမြတ်ဒေသနာ တော်ကို ပစ်ပယ်၍ စုန်းပယောဂအတတ်ကို လေ့လာ ဆည်းပူးသူများအဘို့အရာ နောင်တမလွန်ဘဝတွင် ကုသိုလ်အကျိုး ဝေစုဝေပုံ မရရှိနိုင်ကြောင်းကိုလည်းယင်းယဟူဒီဘာသာဝင်တို့သည် အသိပင်ဖြစ်ကြသည်။ ထိုယဟူဒီများသည် မိမိတို့အသက်နှင့်ပင် လဲလှယ်၍ လေ့လာလိုက်စားဆည်းပူးထားသော ထို စုန်းပယောဂ အတတ်များသည် ဆိုးယုတ်သိမ်ဖျင်း လှစွာတကား၊ ထိုသူတို့သည် (မိမိတို့၏ဘဝ ဖြစ်အင်ကို) သိကြပါလျှင် ကောင်းလေစွ။
Hashim Tin Myint
ထို့ပြင် ထိုသူ(ယဟူဒီ)များသည် (တမန်‌တော်)စုလိုင်မာန်ဘုရင်အုပ်ချုပ်သည့် (‌ခေတ်ကာလ)တွင် ရှိုင်သွာန်များရွတ်ဖတ်ကြသည့် စုန်းပ‌ယောဂအတတ်ပညာ‌နောက်သို့ လိုက်စားခဲ့ကြသည်။* အမှန်စင်စစ် (တမန်‌တော်)စုလိုင်မာန်သည် မည်သည့်ကုဖ်ရ်ငြင်းပယ်မှုကိုမျှ မပြုခဲ့‌ပေ။ သို့ရာတွင် ထိုရှိုင်သွာန်များသည်ပင် လူများအား စုန်းပ‌ယောဂသင်‌ပေးပြီး ကုဖ်ရ်ငြင်းပယ်မှုကို ပြုခဲ့ကြသည်။ ထို့ပြင် (ထိုယဟူဒီများသည်) ဗာဗိလုံမြ့ိုမှ ‌ကောင်းကင်တမန်နှစ်ပါး ဟာရူသ်နှင့် မာရူသ်တို့အ‌ပေါ်တွင် ကျ‌ရောက်ခဲ့သည့် စုန်းပ‌ယောဂ‌နောက်သို့လည်း လိုက်စားခဲ့ကြသည်။ ထို‌ကောင်းကင်တမန်နှစ်ပါးက “ကျွန်ုပ်တို့သည် စမ်းသပ်မှုအတွက်(‌ရောက်လာခြင်း)ဖြစ်သည်။ ထို့‌ကြောင့် အသင်တို့သည် စုန်းပ‌ယောဂ(‌မှော်အတတ်ပညာ)‌နောက်လိုက်ပြီး ကုဖ်ရ်ငြင်းပယ်မှု မပြုကြနှင့်“ ဟု မ‌ပြောသမျှ မည်သူ့ကိုမှ ထို(စုန်းပ‌ယောဂအတတ်များကို) သင်မ‌ပေးကြ‌ပေ။ ထို့‌နောက်လည်း သူတို့သည် ထို‌ကောင်းကင်တမန်နှစ်ပါးထံမှ ဇနီးခင်ပွန်းနှစ်ဦးကို ပြတ်စဲ‌စေသည့်အတတ်ပညာကို သင်ယူကြသည်။ အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်၏အလို‌တော်မရှိဘဲ ထိုစုန်းပ‌ယောဂအတတ်နှင့် မည်သူ့ကိုမျှ ‌ဘေးအန္တရာယ်မပြုနိုင်‌ပေ။ ၎င်းပြင် သူတို့သည် သူတို့အား အကျိုးမပြုဘဲ ဆုံးရှုံးမှုဖြစ်‌စေသည့်အရာကို သင်ယူလိုက်ကြသည်။ ထို့ပြင် အမှန်မုချ ထိုအရာများကို ရယူသည့်သူများသည် တမလွန်ဘဝ အာခိရသ်တွင် မည်သည့်(‌ကောင်း‌သော)‌ဝေစုမျှမရှိသည်ကို သူတို့ သိရှိခဲ့ပြီးဖြစ်ကြသည်။ ထို့ပြင် သူတို့အသက်များနှင့် သူတို့လဲလှယ် လိုက်စားထားသည့်အရာ(‌မှော်အတတ်)သည် အမှန်ပင် အဘယ်မျှ ဆိုးယုတ်လိုက်သနည်း။ ဤသည်ကို သူတို့ သိကြလျှင် ‌ကောင်း‌လေစွ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek