×

သို့သော် နောင်တဖြင့် လမ်းမှန်ဘက်သို့ ပြန်လှည့်ကြသူများ၊ (သူတို့၏မူဝါဒလမ်းစဉ်များနှင့်အတွေးအခေါ် အယူအဆများကို ဖြောင့်မှန်စေလျက်ကောင်းမှုများကို လုပ်ဆောင်ခြင်းဖြင့်) ပြုပြင်ပြောင်းလဲလာသူများနှင့် (အရှင်မြတ်နှင့်တမန်တော်မြတ်၏ရှင်းလင်းချက်များကို) ပွင့်လင်းဖြူစင်စွာ ထုတ်ဖော်တင်ပြကြသူများသည် 2:160 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:160) ayat 160 in Burmese

2:160 Surah Al-Baqarah ayat 160 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 160 - البَقَرَة - Page - Juz 2

﴿إِلَّا ٱلَّذِينَ تَابُواْ وَأَصۡلَحُواْ وَبَيَّنُواْ فَأُوْلَٰٓئِكَ أَتُوبُ عَلَيۡهِمۡ وَأَنَا ٱلتَّوَّابُ ٱلرَّحِيمُ ﴾
[البَقَرَة: 160]

သို့သော် နောင်တဖြင့် လမ်းမှန်ဘက်သို့ ပြန်လှည့်ကြသူများ၊ (သူတို့၏မူဝါဒလမ်းစဉ်များနှင့်အတွေးအခေါ် အယူအဆများကို ဖြောင့်မှန်စေလျက်ကောင်းမှုများကို လုပ်ဆောင်ခြင်းဖြင့်) ပြုပြင်ပြောင်းလဲလာသူများနှင့် (အရှင်မြတ်နှင့်တမန်တော်မြတ်၏ရှင်းလင်းချက်များကို) ပွင့်လင်းဖြူစင်စွာ ထုတ်ဖော်တင်ပြကြသူများသည် (ကျိန်ဆဲမှုတွင်) မပါဝင်ကြချေ။ အကြောင်းမှာ ထိုသို့ (နောင်တဖြင့် လမ်းမှန်ဘက်သို့ လှည့်သည့်အတွက်) ငါအရှင်မြတ်ကလည်း (သူတို့ဘက်သို့ အရှင့်ခွင့်လွှတ်တော်မူမှုနှင့်ကရုဏာသက်တော်မူမှုဖြင့်) လှည့်တော်မူမည်။ မုချဧကန်၊ ငါအရှင်မြတ်သည် နောင်တကြီးစွာဖြင့် အရှင့်ဘက်သို့လှည့်ခြင်း (ဖြင့်အသနားခံတောင်းပန်ခြင်း) ကို (ရက်ရောစွာ) လက်ခံခွင့်လွှတ်တော်မူသောအရှင်၊ အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إلا الذين تابوا وأصلحوا وبينوا فأولئك أتوب عليهم وأنا التواب الرحيم, باللغة البورمية

﴿إلا الذين تابوا وأصلحوا وبينوا فأولئك أتوب عليهم وأنا التواب الرحيم﴾ [البَقَرَة: 160]

Ba Sein
၁၆ဝ။ သို့သော် မိမိတို့အပြစ်များကို သတိသံဝေဂရ၍ မိမိကိုယ်ကို မိမိပြုပြင်၍ တရားတော်ကို ထင်ရှားသူတို့ မူကား ယင်းကျိန်ဆဲခြင်းမှ လွတ်ကင်းရကြ၏။ ဤလူများအပေါ်၌ ငါအရှင်မြတ်သည် အပြစ်လွှတ် တော်မူ၏။ ငါသည် အပြစ်လွှတ်တော်မူသော ကျောင်းချီးမင်္ဂလာပေးတော်မူသော အရှင်ဖြစ်တော် မူ၏။
Ghazi Mohammad Hashim
သို့ရာတွင် အကြင်သူတို့သည် (မိမိတို့၏ ချွတ် ယွင်းမှုများကို) ဝန်ချတောင်းပန်ကြအံ့၊ ၎င်းပြင် မိမိတို့၏ အကျင့်စာရိတ္တများကို ပြုပြင်ပြောင်းလွဲပြီး ကုသိုလ်တရား ပွားများကြကုန်အံ့၊ ၎င်းပြင် (ကျမ်းလာအမိန့် ပညတ်များကိုလည်း မှန်ကန်စွာ) ထုတ်ဖော်ထင်ရှား စေကြကုန်အံ့။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် ထိုသူတို့ဘက်သို့ (မိမိ ကရုဏာတော်ဖြင့်) ပြန်လှည့်တော်မူအံ့။ စင်စစ် တမူကား ငါအရှင် မြတ်သည် (ဝန်ချတောင်းပန် သူများဘက်သို့) အကြိမ်ကြိမ်အဖန်ဖန် ပြန်လှည့်တော်မူထသောအရှင်၊ မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူထသော အရှင်မြတ်ဖြစ်တော်မူ၏။
Hashim Tin Myint
သို့ရာတွင် အကြင်သူများသည် ဝန်ချ‌တောင်းပန်ကြမည်၊ ထို့‌နောက် ပြုပြင်ပြီး‌နေကြမည်၊ ၎င်းပြင် (အမိန့်‌တော်များကို) ရှင်းလင်းထုတ်‌ဖော်‌ပြောကြမည်ဆိုလျှင် ငါအရှင်မြတ်သည် ထိုသို့‌သောသူများ၏ ‌သောင်ဗဟ်အမှားဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူသည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံ‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek