Quran with Burmese translation - Surah Al-Baqarah ayat 159 - البَقَرَة - Page - Juz 2
﴿إِنَّ ٱلَّذِينَ يَكۡتُمُونَ مَآ أَنزَلۡنَا مِنَ ٱلۡبَيِّنَٰتِ وَٱلۡهُدَىٰ مِنۢ بَعۡدِ مَا بَيَّنَّٰهُ لِلنَّاسِ فِي ٱلۡكِتَٰبِ أُوْلَٰٓئِكَ يَلۡعَنُهُمُ ٱللَّهُ وَيَلۡعَنُهُمُ ٱللَّٰعِنُونَ ﴾
[البَقَرَة: 159]
﴿إن الذين يكتمون ما أنـزلنا من البينات والهدى من بعد ما بيناه﴾ [البَقَرَة: 159]
Ba Sein ၁၅၉။ ငါအရှင်မြတ်သည် ရှေးကျမ်းတော်၌ ကုရ်အာန်ကျမ်းတော်အကြောင်းကို ထင်ရှားစွာ ဖော်ပြထား တော်မူပြီးသည့်နောက် အကြင်သူတို့သည် ငါချပေးတော်မူသော သက်သေသာဓကများနှင့် လမ်းညွှန် ပြချက်ကို ထိန်ဝှက်ထား၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် ကျိန်ဆဲတော်မူခြင်းကို ခံကြရ၏။ ကျိန်ဆဲခြင်းအခွင့်အာဏာရရှိသူတို့၏ကျိန်ဆဲခြင်းကိုလည်း ခံရကြ၏။ |
Ghazi Mohammad Hashim ငါအရှင်မြတ်သည် (အတိတ်ခေတ်တွင်) ထင်ရှားသော သက်သေလက္ခဏာတော်များနှင့် တရားဓမ္မကို ထုတ်ပြန်ချမှတ်တော်မူခဲ့၏။ ထို့နောက်တဖန် လူအများသိနား လည်စိမ့်သောငှာ ထိုသက်သေ လက္ခဏာနှင့် တရားဓမ္မများကို ငါအရှင်မြတ်သည် ကျမ်းဂန်၌ ပွင့်လင်းစွာ ဖွင့်ဟမွက်ကြား ထားသော တရားဒေသနာများကိုပင် အချို့လူများသည် ထိမ် ချန်ထားကြ၏။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများ အား ကရုဏာတော်မှ ကင်းဝေးစေတော်မူသည်။ အခြား ကျိန်ဆဲသူများကလည်း ထိုသူတို့ကို ကျိန်ဆဲကြလေသည်။ |
Hashim Tin Myint အမှန်စင်စစ် အကြင်သူများသည် ငါအရှင်မြတ်ချပေးတော်မူသော ထင်ရှားသည့်အထောက်အထားများနှင့် လမ်းမှန်ညွှန်ကြားပြသချက်များကို ငါအရှင်မြတ်သည် လူများအတွက် ကျမ်းဂန်ထဲတွင် ရှင်းလင်းစွာ ဖော်ပြထားပြီးနောက်မှပင် ထိမ်ချန်လျှို့ဝှက်ထားကြသည်။ ထိုသူများအား အလ္လာဟ်အရှင်မြတ်သည် ကရုဏာတော်မှ ကင်းဝေးစေတော်မူသည်။ ထို့ပြင် ကျိန်ဆဲသူများကလည်း သူတို့အား ကျိန်ဆဲကြသည်။ |