Quran with Burmese translation - Surah Al-Baqarah ayat 276 - البَقَرَة - Page - Juz 3
﴿يَمۡحَقُ ٱللَّهُ ٱلرِّبَوٰاْ وَيُرۡبِي ٱلصَّدَقَٰتِۗ وَٱللَّهُ لَا يُحِبُّ كُلَّ كَفَّارٍ أَثِيمٍ ﴾
[البَقَرَة: 276]
﴿يمحق الله الربا ويربي الصدقات والله لا يحب كل كفار أثيم﴾ [البَقَرَة: 276]
Ba Sein ၂၇၆။ အလ္လာဟ်အရှင်မြတ်သည် အတိုးငွေကို အကျိုးမရှိ ပျက်စီးစေတော်မူ၏။ အလှူဒါနများကို အကျိုး များစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် တရားမရ၊ အပြစ်ရှိသူတို့ကို မြတ်နိုးတော်မမူပေ။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် အတိုးအညွန့်ကို ဆုတ်ယုတ်ပျက်စီးစေတော်မူ၍ (ပေးကမ်းစွန့်ကြဲသုံးစွဲကြကုန်သော)အလှူဝတ္တုများကိုမူ (ဆထက် ထမ်းပိုး)တိုးပွား စေတော်မူ၏။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သော ပြစ်မှုဒုစရိုက်များ ကျူး လွန်သော မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှစ်သက်တော်မူသည် မဟုတ်ချေ။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် အတိုးကို ဆုတ်ယုတ်လျော့နည်း ပျက်စီးစေတော်မူပြီး အလှူဒါနကို တိုးပွားစေတော်မူသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကျေးဇူးကန်း ငြင်းပယ်သည့် ပြစ်မှု ကျူးလွန်သူတိုင်းကို နှစ်သက်တော်မမူပေ။ |