﴿وَلِسُلَيۡمَٰنَ ٱلرِّيحَ عَاصِفَةٗ تَجۡرِي بِأَمۡرِهِۦٓ إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَاۚ وَكُنَّا بِكُلِّ شَيۡءٍ عَٰلِمِينَ ﴾
[الأنبيَاء: 81]
ထို့ပြင် (ငါအရှင်မြတ်သည်) စုလိုင်မာန်အတွက် ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေရန် ဩဇာခံဖြစ်စေတော်မူရာ ယင်းသည် သူ့အမိန့်ညွှန်ကြားချက်နှင့်ညီ (သူ့အား သူ့နန်းတော်ရှိရာနေရာမှ) ငါအရှင် မြတ်က ကျက်သရေမင်္ဂလာ၊ သုခချမ်းသာနှင့်ပြည့်စုံစေတော်မူသော မြေကမ္ဘာ၏နယ်မြေဒေသသို့ တိုက်ခတ်၍ သယ်ဆောင်သွားစေ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ (၏ပကတိ သဘောသဘာဝနှင့်ယင်းတို့၏ရှုထောင့် သွင်ပြင်လက္ခဏာအလုံးစုံ) ကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
ترجمة: ولسليمان الريح عاصفة تجري بأمره إلى الأرض التي باركنا فيها وكنا بكل, باللغة البورمية
﴿ولسليمان الريح عاصفة تجري بأمره إلى الأرض التي باركنا فيها وكنا بكل﴾ [الأنبيَاء: 81]