Quran with Burmese translation - Surah al-‘Imran ayat 108 - آل عِمران - Page - Juz 4
﴿تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۗ وَمَا ٱللَّهُ يُرِيدُ ظُلۡمٗا لِّلۡعَٰلَمِينَ ﴾
[آل عِمران: 108]
﴿تلك آيات الله نتلوها عليك بالحق وما الله يريد ظلما للعالمين﴾ [آل عِمران: 108]
Ba Sein ၁ဝ၈။ ဤဂါထာတော်များသည် အလ္လာဟ်အသျှင်မြတ်၏ နှုတ်ကပတ်တော်များဖြစ်သည်။ ငါအသျှင်သည် ဤဂါထာတော်များကို သင့်အား မှန်ကန်စွာ ဖတ်ပြတော်မူ၏။ ပလ္လာဟ်သည် မိမိ၏ ကျေးကျွန်များကို မတရားနစ်နာစေတော်မူလိုသည်မဟုတ်ပေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ မုခပါဌ်တော်များတည်း။ ငါအရှင်မြတ်သည်ထိုမုခပါဌ်တော်များကို မှန်ကန်စွာဖြင့် အသင်အားကြားနာစေတော်မူ၏။ အမှန် သော်ကား အလ္လာဟ်အရှင်မြတ်သည်စကြာဝဠာ ခပ်သိမ်းတို့ကို အနည်းငယ်မျှပင် မတရားပြုရန်ကြံရွယ်တော်မူသည် မရှိချေ။ |
Hashim Tin Myint ထိုအရာများသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအာယသ်တော်များကို မှန်ကန်စွာ(ဝဟီပို့ချမှုနှင့်) အသင်၏အပေါ် ဖတ်ကြားတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံးကို မတရားပြုလုပ်ရန် ရည်ရွယ်တော်မမူပေ။ |