Quran with Burmese translation - Surah Al-Ma’idah ayat 98 - المَائدة - Page - Juz 7
﴿ٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ وَأَنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ﴾
[المَائدة: 98]
﴿اعلموا أن الله شديد العقاب وأن الله غفور رحيم﴾ [المَائدة: 98]
Ba Sein ၉၈။ အလ္လာဟ်အသျှင်မြတ်သည် အပြစ်ဒဏ်ပေးရ၌ ပြင်းထန်သည်ကို မှတ်သားကြလော့။ သို့သော် အလ္လာဟ်အသျှင်မြတ်သည် အပြစ်လွှတ်တော်မူသည်။ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသည် တို့ကိုလည်း မှတ်သားကြလော့။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုတစ်ဆူတည်းသောအရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတည်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည် ကောင်းစွာသိထားကြလေကုန်။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အရေးယူတော်မူသောအရှင်ဖြစ်ကြောင်းနှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်ကြောင်းကို အသင်တို့ သိထားကြပါ။ |