Quran with Burmese translation - Surah Al-Ma’idah ayat 99 - المَائدة - Page - Juz 7
﴿مَّا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُۗ وَٱللَّهُ يَعۡلَمُ مَا تُبۡدُونَ وَمَا تَكۡتُمُونَ ﴾
[المَائدة: 99]
﴿ما على الرسول إلا البلاغ والله يعلم ما تبدون وما تكتمون﴾ [المَائدة: 99]
Ba Sein ၉၉။ တမန်တော်၏တာဝန်မှာ အသျှင်မြတ်၏တရားဒေသနာကို ဟောကြားရန်သာဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ထုတ်ဖော်ပြောသည်ကိုသော်လည်းကောင်း၊ ထိန်ချန်ထားသည် ကိုသော်လည်းကောင်း အကြွင်းမဲ့သိတော်မူ၏။ |
Ghazi Mohammad Hashim ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သော အရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသော အရာများကိုလည်းကောင်း စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာင်းစွာသိရှိတော်မူပေသတည်း။ |