Quran with Burmese translation - Surah Al-Qamar ayat 34 - القَمَر - Page - Juz 27
﴿إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ حَاصِبًا إِلَّآ ءَالَ لُوطٖۖ نَّجَّيۡنَٰهُم بِسَحَرٖ ﴾
[القَمَر: 34]
﴿إنا أرسلنا عليهم حاصبا إلا آل لوط نجيناهم بسحر﴾ [القَمَر: 34]
Ba Sein ၃၄။ မှတ်သားလော့၊ ငါသည် တမန်တော်လွဒ်၏ အိမ်သူအိမ်သားမှတပါး အခြားသူတို့အပေါ်၌ ကျောက်ခဲမိုးအတိ ရွာသွန်းစေသောလေပြင်းမုန်တိုင်းကို စေလွှတ်တော်မူ၏၊ တမန်တော်၏ အိမ်သူအိမ်သားတို့ကို နံနက်မိုးသောက် ကျရောက်လာသောအခါ ထိုဘေးဆိုးကြီးမှ ကယ်နှုတ်တော်မူ၏။ |
Ghazi Mohammad Hashim ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ ခဲမိုးကို ရွာသွန်းစေတော်မူခဲ့၏။ သို့ရာတွင် လူ(တ်) ၏နောက်လိုက်တပည့်သား မျိုးနွယ်တို့ကိုမူကား ငါအရှင်မြတ်သည် ညဉ့်၏ နောက်ဆုံးယံ၌ပင် လွတ်ကင်းစေတော်မူခဲ့၏။ |
Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အပေါ်တွင် ခဲမိုးကို ရွာသွန်းစေတော်မူခဲ့သည်။ သို့ရာတွင် (တမန်တော်)လူသွ်၏နောက်လိုက် တပည့်သား မျိုးနွယ်များကိုမူ ငါအရှင်မြတ်သည် ည၏ နောက်ဆုံးပိုင်း၌ပင် ကယ်တင်တော်မူခဲ့သည်။ |