Quran with Burmese translation - Surah Al-Isra’ ayat 71 - الإسرَاء - Page - Juz 15
﴿يَوۡمَ نَدۡعُواْ كُلَّ أُنَاسِۭ بِإِمَٰمِهِمۡۖ فَمَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَأُوْلَٰٓئِكَ يَقۡرَءُونَ كِتَٰبَهُمۡ وَلَا يُظۡلَمُونَ فَتِيلٗا ﴾
[الإسرَاء: 71]
﴿يوم ندعوا كل أناس بإمامهم فمن أوتي كتابه بيمينه فأولئك يقرءون كتابهم﴾ [الإسرَاء: 71]
Ba Sein ၇၁။ ငါသည် လူအပေါင်းတို့ကို မိမိတို့စာရင်းအသီးသီးနှင့်တကွ ဆင့်ခေါ်တော်မူသောနေ့တော်ကြီး၌ အကြင်သူတို့သည် မိမိ၏ စာရင်းစာအုပ်ကို လက်ျာလက်ထဲသို့ ထည့်ပေးခြင်းခံရ၏။ ထိုသူတို့သည် မိမိတို့၏ စာအုပ်ကို ဖတ်ရှု ကြလတ့ံ။ သူတို့ကို အဏုမြူခန့်မျှမတရားပြုတော်မူမည်မဟုတ်ချေ။ |
Ghazi Mohammad Hashim အကြင်နေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးတို့ကို ၎င်းတို့၏ရှေ့ဆောင်တို့နှင့်တကွ (မှတ်တမ်းများနှင့်တကွ) ခေါ်ယူတော်မူအံ့။ ထိုအခါ မိမိတို့၏မှတ်တမ်းများကိုမိမိတို့ လက်ယာလက်သို့ ပေးခြင်းခံကြရသော သူတို့မှာမူကားမိမိတို့၏မှတ်တမ်းများကို(ဝမ်းမြောက်ဝမ်းသာ) ဖတ်ကြကုန်အံ့။၎င်းပြင် ထိုသူတို့သည် စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကိုခံကြရမည် မဟုတ်ပေ။ |
Hashim Tin Myint ထိုနေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးအား သူတို့၏ရှေ့ဆောင်များနှင့်တကွ ခေါ်ယူတော်မူမည်။ ထိုအခါ သူတို့၏မှတ်တမ်းများကို သူတို့၏လက်ယာလက်၌ ပေးခြင်းခံရသောသူတို့ကမူ* သူတို့၏မှတ်တမ်းကို (ဝမ်းမြောက်စွာ)ဖတ်ကြမည်။ ထို့ပြင် သူတို့သည် ဆံခြည်မျှင်ခန့်ပင် မတရားပြုခြင်းကို ခံကြရမည်မဟုတ်ပေ။ |