Quran with Burmese translation - Surah Al-Baqarah ayat 177 - البَقَرَة - Page - Juz 2
﴿۞ لَّيۡسَ ٱلۡبِرَّ أَن تُوَلُّواْ وُجُوهَكُمۡ قِبَلَ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ وَلَٰكِنَّ ٱلۡبِرَّ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَٱلۡمَلَٰٓئِكَةِ وَٱلۡكِتَٰبِ وَٱلنَّبِيِّـۧنَ وَءَاتَى ٱلۡمَالَ عَلَىٰ حُبِّهِۦ ذَوِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينَ وَٱبۡنَ ٱلسَّبِيلِ وَٱلسَّآئِلِينَ وَفِي ٱلرِّقَابِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَٱلۡمُوفُونَ بِعَهۡدِهِمۡ إِذَا عَٰهَدُواْۖ وَٱلصَّٰبِرِينَ فِي ٱلۡبَأۡسَآءِ وَٱلضَّرَّآءِ وَحِينَ ٱلۡبَأۡسِۗ أُوْلَٰٓئِكَ ٱلَّذِينَ صَدَقُواْۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُتَّقُونَ ﴾
[البَقَرَة: 177]
﴿ليس البر أن تولوا وجوهكم قبل المشرق والمغرب ولكن البر من آمن﴾ [البَقَرَة: 177]
| Ba Sein ၁၇၇။ သင်တို့၏အေ့ရှဘက်နှင့် အနောက်ဘက်သို့ မျက်နှာမူခြင်းသည် အကျင့်မြတ်မဟုတ်ပေ။ သို့သော် တရားစောင့်စည်းရိုသေသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ တရားစီရင်တော်မူသော နေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်တော်များကိုလည်းကောင်း၊ ကျမ်းတော်မြတ်ကိုလည်းကောင်း လူသားတမန်တော်များကိုလည်းကောင်း ယုံကြည်သူဖြစ်၏။ အလ္လာဟ်အရှင်မြတ်ကို ချစ်မြတ်နိုးသော စိတ်စေတနာနှင့် မိမိ၏ ဥစ္စာပစ္စည်းမှ မိမိဆွေမျိုးများ၊ မိဘမဲ့သူများ၊ သူဆင်းရဲများ၊ ခရီးသည်များ၊ သူတောင်းစားများနှင့် ကျန်လွှတ်ရန်ပေးကြ၏။ ဆွလာသ်ဝတ်ပြုကြ။ ဇကားသ်အလှူပေး၏။ ထိုသူတို့ သည် မိမိတို့ဂတိသစ္စာထားသောအခါ စောင့်ထိန်းကြ၏။ အတိဒုက္ခရောက်သောအခါသော် လည်းကောင်း၊ ဆင်းရဲညှိုးနွမ်းသောအခါသော်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုက်ရောက်သော အခါသော်လည်းကောင်း၊ မတုန်မလှုပ်သည်းခံကြသူတို့ဖြစ်ကြ၏။ ဤသူများသည် ရိုးသား မှန်ကန် သူများ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုကျိုးသူများဖြစ်ကြ၏။ |
| Ghazi Mohammad Hashim အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား လည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများအား လည်းကောင်း၊ အထီးကျန်သူဆင်းရဲများအား လည်းကောင်း၊ ခရီးသည်များအား လည်းကောင်း၊ ဖုန်းတောင်းယာစကာများအား လည်းကောင်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ လည်းကောင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌ လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌ လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာ စောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန်များ ဖြစ်ကြကုန်၏။ |