×

ထို့နောက် သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ 2:85 Burmese translation

Quran infoBurmeseSurah Al-Baqarah ⮕ (2:85) ayat 85 in Burmese

2:85 Surah Al-Baqarah ayat 85 in Burmese (البورمية)

Quran with Burmese translation - Surah Al-Baqarah ayat 85 - البَقَرَة - Page - Juz 1

﴿ثُمَّ أَنتُمۡ هَٰٓؤُلَآءِ تَقۡتُلُونَ أَنفُسَكُمۡ وَتُخۡرِجُونَ فَرِيقٗا مِّنكُم مِّن دِيَٰرِهِمۡ تَظَٰهَرُونَ عَلَيۡهِم بِٱلۡإِثۡمِ وَٱلۡعُدۡوَٰنِ وَإِن يَأۡتُوكُمۡ أُسَٰرَىٰ تُفَٰدُوهُمۡ وَهُوَ مُحَرَّمٌ عَلَيۡكُمۡ إِخۡرَاجُهُمۡۚ أَفَتُؤۡمِنُونَ بِبَعۡضِ ٱلۡكِتَٰبِ وَتَكۡفُرُونَ بِبَعۡضٖۚ فَمَا جَزَآءُ مَن يَفۡعَلُ ذَٰلِكَ مِنكُمۡ إِلَّا خِزۡيٞ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَيَوۡمَ ٱلۡقِيَٰمَةِ يُرَدُّونَ إِلَىٰٓ أَشَدِّ ٱلۡعَذَابِۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ﴾
[البَقَرَة: 85]

ထို့နောက် သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သင်တို့၏အလိုရမ္မက်အတွက် အသုံးချ၍ အချင်းချင်း သတ်ဖြတ်ကြပြီး သင်တို့အနက်မှ လူတစ်စုကိုလည်း သူတို့၏အိုးအိမ်မြို့ရွာများမှ နှင်ထုတ်ခဲ့ကြ၏။ သူတို့နှင့်ဆန့်ကျင်၍ မတရားမှုနှင့်ရန်လိုမုန်းတီးမှုတို့တွင် ပူးပေါင်းကြံစည်ခဲ့ကြ၏။ သင်တို့ထံ သုံ့ပန်း အဖြစ် (အဖမ်းခံလျက်) ရောက်လာကြလျှင်လည်း (ထိုသုံ့ပန်းများဖြစ်သော) သူတို့ထံမှ လျော်ကြေး (မည်ရွေ့ မည်မျှပေးမှ ပြန်လွှတ်မည်ဟု) တောင်းဆိုခဲ့ကြ၏။ သူတို့အား နှင်ထုတ်ခြင်းမှာ တရားတော်အရ သင်တို့အတွက် တရားမဝင်ပေ။ သင်တို့သည် (အသိတရားမဲ့သူများပမာ) ကျမ်းတော်မှ တစ်ချို့ကို ယုံကြည်၍ တစ်ချို့ကို ဖီဆန်ငြင်းပယ်ဖုံးကွယ်ကြလေသလော။ သင်တို့အနက်မှ ထိုသို့ ပြုမူကျင့်ကြံဆောင်ရွက်သူတို့၏ အကျိုးဆုလဒ်မှာ ဤလောကီသက်တမ်း၌ အရှက်သိက္ခာမဲ့ခြင်းမှအပ အခြား အဘယ်တုံ့ပြန်မှုမျိုး ဖြစ်နိုင် အံ့နည်း။ နောင်တမလွန် တရားစီရင်မည့်နေ့တွင်လည်း ပိုမို၍ ပြင်းထန်သော ပြစ်ဒဏ်ကို ခံစားကြရဦးမည်။ စင်စစ်၊ အလ္လာဟ်အရှင် မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှမှ မည်သည့်အရာကိုမျှ ဥပေက္ခာပြု မေ့လျော့ထားတော်မူသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: ثم أنتم هؤلاء تقتلون أنفسكم وتخرجون فريقا منكم من ديارهم تظاهرون عليهم, باللغة البورمية

﴿ثم أنتم هؤلاء تقتلون أنفسكم وتخرجون فريقا منكم من ديارهم تظاهرون عليهم﴾ [البَقَرَة: 85]

Ba Sein
၈၅။ သို့ပါလျက် သင်တို့ပင်လျှင် အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ကြ၏။ သင်တို့အနက် လူတစ်စုကို သင်တို့သည် သူတို့၏ အိမ်ရာနေရပ်မှ နှင်ထုတ်ကြ၏။ ထိုသူတို့အား ကျူးလွန်စော်ကားရာ၌ သင်တို့သည် အချင်းချင်း မတရားညီညာရိုင်းပင်းကြသည်။ သူတို့ထံသို့ သုံ့ပန်းအဖြစ် ယူဆောင်ခဲ့လျှင် သင်တို့သည် သူတို့ကို ရွေးယူကြမည်။ သူတို့ကို နှင်ထုတ်ခြင်းသည် မတရားမှုဖြစ်၏။ သင်တို့သည် ကျမ်းတော်မြတ်၏ တစိတ်တဒေသကို ယုံကြည်၍ ကျန်အစိတ်အပိုင်းကို မယုံကြည်ကြသလော။ ယင်းသို့ပြုကျင့်သူတို့သည် အဘယ်အကျိုးကို ခံစားရမည်နည်း။ ဤလောက၌ အရှက်တကွဲ အောက်ကျနောက်ကျဖြစ်ရ၍ ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီး၌ အလွန်ပြင်းပြနာကျင် ဘွယ်သော အပြစ်ဒဏ်ကို ခံစားရကြလတ္တံ့။ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုကျင့်သည်ကို သိတော်မမူသည်မဟုတ်ပေ။
Ghazi Mohammad Hashim
ထို(ကဲ့သို့ ထင်ရှားစွာ ပဋိညာဉ်ဝန်ခံချက် ပြုကြပြီး)နောက် အသင်တို့ပင်လျှင် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြ၍ မိမိတို့အနက်မှ လူတစ်စုကို ထိုသူတို့၏ အိုးအိမ်မြို့ရွာများမှ နှင်ထုတ်ကြ၏။ ၎င်းပြင် အသင်တို့သည် ထိုသူတို့ကို ဆန့်ကျင်၍ အကုသိုလ် ဒုစရိုက်မှုများကို ပြုလုပ်ခြင်း အားဖြင့်လည်းကောင်း၊ မတရားသဖြင့် အကျိုးကျေးဇူးပျက်စီး နစ်နာစေခြင်းအားဖြင့် လည်းကောင်း အသင်တို့သည်(ထိုသူတို့၏ရန်သူများအား) ယိုင်းပင်းကူညီကြလေသည်။(ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် အသင်တို့သည်ကတိဝန်ခံချက်နှစ်ရပ် လုံးကိုဖေါက်ဖျက်ကြ၏)။ သို့သော် တဖန် ယင်းလူစုသည် အသင်တို့ ထံသို့ သုံ့ပန်းအဖြစ်ဖြင့် (ပြန်လည်) ရောက်ရှိကြသောအခါ အသင်တို့ သည် ယင်းသူတို့အား (လျော်ကြေးပေး၍) ရွေးယူကြပြန်သည်၊ စင်စစ်ဆိုသော် ထိုသူတို့အားထိုကဲ့သို့ (အိုးအိမ်မြို့ရွာ များမှ) နှင်ထုတ်ခြင်းသည် သင်တို့အဖို့ မြစ်တားထားသော ပညတ်ချက် (တစ်ရပ်)ပင် ဖြစ်ပေသည်။ အသင်တို့သည် (တောင်ရာတ်) ကျမ်းတော်မြတ်၏တစိတ်တဒေသကိုသာ ယုံကြည်လက်ခံကြ၍ ချို့အမိန့်တော်များကို ငြင်းပယ်ကြလေသလော။ ထိုသို့ ဖြစ်ခဲ့ပါလျှင် အသင်တို့အနက်မှ ယင်းကဲ့သို့သော အပြုအမူကို ပြုကျင့်ကြကုန်သောသူများ၏ထိုက်သင့်သောအကျိုးကား ဤလောက၌ အသက်ထင်ရှားရှိ နေစဉ် အရှက်ကွဲခြင်း၊ ဂုဏ်အသရေယုတ်ညံ့ခြင်းမှအပ (အခြား) အဘယ်အရာဖြစ်နိုင်ဦး မည်နည်း။ ဤမျှမကသေး တဖန်နောင်တရားစီရင် ဆုံးဖြတ်မည့်နေ့တွင် ပိုမို၍ ပြင်းထန်လှစွာသော အပြစ်ဒဏ်ကို ခံစားကြရဦးမည်၊ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုကျင့်ကြကုန်သော ကိစ္စ (အရပ်ရပ်တို့)ကို မေ့လျော့ လျစ်လျူရှုတော်မှုမည့်အရှင် မဟုတ်ပေ။
Hashim Tin Myint
ထို့‌နောက်လည်း အသင်တို့ပင် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး သတ်ဖြတ်ကြသည်။ ၎င်း‌နောက် အသင်တို့ထဲမှ လူတစ်စုအား သူတို့၏အိုးအိမ်မြ့ိုရွာများမှ နှင်ထုတ်ကြသည်။ ထို့ပြင် အသင်တို့သည် အပြစ်ဒုစရိုက်နှင့် မတရားကျူး‌ကျော်မှုကိစ္စများတွင် သူတို့နှင့်ဆန့်ကျင်ပြီး (သူတို့၏ရန်သူများကို) ရိုင်းပင်းကူညီကြသည်။ ထို့ပြင် တစ်ခါ လူများသည် အသင်တို့ထံသို့ သုံ့ပန်းအဖြစ်နှင့်‌ရောက်လာ(ပြန်)‌သောအခါ အသင်တို့သည် သူတို့ကို ‌ရွေးယူကြပြန်သည်။ သူတို့ကို နှင်ထုတ်ခြင်းသည် အသင်တို့အ‌ပေါ်၌ တားမြစ်ထား‌သောအရာတစ်ခုဖြစ်ပါလျက်၊ အသင်တို့သည် ကျမ်း‌တော်၏တစ်စိတ်တစ်‌ဒေသကိုသာ လက်ခံယုံကြည်ကြ၍ တစ်စိတ်တစ်‌ဒေသကိုမူ ငြင်းပယ်ကြသ‌လော။* ထို့‌နောက် အသင်တို့ထဲမှ ထိုကဲ့သို့ပြုလုပ်သူ၏ အကျိုးရလာဒ်သည် ဤ‌လောကီဘဝတွင် သိက္ခာကျအရှက်ရခြင်းမှလွဲ၍ မည်သည့်အရာရှိဦးမည်နည်း။ ထို့ပြင် ကိယာမသ်တရားစီရင်မည့်‌နေ့တွင် ထိုသူများသည် အပြင်းထန်ဆုံးအပြစ်ဒဏ်ဘက်သို့ ပို့ခြင်းခံကြရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်ကြ‌သောအရာများကို ‌မေ့‌လျော့‌တော်မူမည့်အရှင် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek