Quran with Burmese translation - Surah Al-Baqarah ayat 86 - البَقَرَة - Page - Juz 1
﴿أُوْلَٰٓئِكَ ٱلَّذِينَ ٱشۡتَرَوُاْ ٱلۡحَيَوٰةَ ٱلدُّنۡيَا بِٱلۡأٓخِرَةِۖ فَلَا يُخَفَّفُ عَنۡهُمُ ٱلۡعَذَابُ وَلَا هُمۡ يُنصَرُونَ ﴾
[البَقَرَة: 86]
﴿أولئك الذين اشتروا الحياة الدنيا بالآخرة فلا يخفف عنهم العذاب ولا هم﴾ [البَقَرَة: 86]
Ba Sein ၈၆။ ဤသူတို့သည် ဤလောကီစည်းစိမ်ကို နောင်တမလွန်ဘဝနှင့် လဲလှယ်ဝယ်ယူကြသူများဖြစ်ကြ၏။ သူတို့၏အပြစ်ဒဏ်ကို လျော့ပေါ့မည်မဟုတ်ပေ။ သူတို့သည် အကူအညီတစ်စုံတရာမှ ရရှိမည် မဟုတ်ပေ။ |
Ghazi Mohammad Hashim ဤသူများသည် ဤပစ္စုပ္ပန်ဘဝ(၏ စည်းစိမ်ချမ်းသာ) ကို နောင်တမလွန်ဘဝဖြင့် လဲလှယ်ဝယ်ယူကြသူများပင် ဖြစ်ကြသည်။ သို့လဲလှယ် ဝယ်ယူကြသည့်အတွက် ယင်းသူတို့ သည် အပြစ်ဒဏ်ခံစားရာ၌ သက်သာစေခြင်း ခံကြရမည်မဟုတ်၊ (မည်သူတစ်စုံတစ်ယောက်၏) ကယ်တင် စောင်မခြင်းကိုမျှလည်း ခံကြရမည်မဟုတ်။ |
Hashim Tin Myint ထိုသူမျာသည် ဤလောကီဘဝကို တမလွန်ဘဝနှင့် လဲလှယ်ဝယ်ယူသူများပင်ဖြစ်ကြသည်။ ထို့အတွက် သူတို့သည် အပြစ်ဒဏ်လျော့ပေ့ါခံကြရမည်လည်း မဟုတ်ပေ၊ ကူညီစောင်မခြင်းခံကြရမည်လည်း မဟုတ်ပေ။ |