Quran with Burmese translation - Surah Al-Anbiya’ ayat 2 - الأنبيَاء - Page - Juz 17
﴿مَا يَأۡتِيهِم مِّن ذِكۡرٖ مِّن رَّبِّهِم مُّحۡدَثٍ إِلَّا ٱسۡتَمَعُوهُ وَهُمۡ يَلۡعَبُونَ ﴾
[الأنبيَاء: 2]
﴿ما يأتيهم من ذكر من ربهم محدث إلا استمعوه وهم يلعبون﴾ [الأنبيَاء: 2]
Ba Sein ၂။ သူတို့၏အရှင်သခင်ထံတော်မှ သတိပေးကျမ်းတော်သစ်ကျရောက်လာလျှင် ထိုသူတို့သည် ထိုကျမ်းတော်ကို ကစားလျက် ကြားနာကြ၏။ |
Ghazi Mohammad Hashim ၎င်းတို့ထံ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ မည်သည့်သစ်လွင်သော သတိပေးနှိုးဆော်ချက်မဆို ရောက်လတ်သော်၎င်းတို့သည် ယင်းသတိပေး နှိုးဆော်ချက်ကိုပြက်ချော်ပြောင်လှောင်၍သာနားထောင်ကြကုန်၏။ |
Hashim Tin Myint သူတို့ထံသို့ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ မည်သည့်သတိပေးနှိုးဆော်ချက် အသစ်ရောက်လာသည်ဖြစ်စေ သူတို့သည် ထိုသတိပေးနှိုးဆော်ချက်ကို ပြောင်လှောင်လျက် နားထောင်ကြသည်။ |