﴿لَاهِيَةٗ قُلُوبُهُمۡۗ وَأَسَرُّواْ ٱلنَّجۡوَى ٱلَّذِينَ ظَلَمُواْ هَلۡ هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡۖ أَفَتَأۡتُونَ ٱلسِّحۡرَ وَأَنتُمۡ تُبۡصِرُونَ ﴾
[الأنبيَاء: 3]
သူတို့၏နှလုံးသားများသည် (အမှန်တရားကို အလေးအနက် အာရုံမစိုက်နိုင်ဘဲ အပျော်သဘောဖြင့်သာ နားစိုက်၍) အာရုံထွေပြားနေတတ်၏။ ထို့ပြင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မ ဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် သူတို့အချင်းချင်းကြားတွင် သီးသန့် သိုသိုသိပ်သိပ် ဆွေးနွေးတိုင်ပင်ခဲ့သည်ကို လျှို့ဝှက်ဖုံးကွယ်ထားကြလျက် “ဤ (တမန်တော်) သည် သင်တို့ကဲ့သို့ လူသားတစ်ဦးမျှသာ ဖြစ်၏။ သို့ပါလျက် သင်တို့သည် သိမြင်နားလည်ကြလျက် မှော်ပညာ (၏ညှို့ဖမ်းစားမှုခံရန် ယင်းအပါး) ကို ချဉ်းကပ်ကြမည်လော့။” ဟု တိတ်တဆိတ်ဆွေးနွေးကြ၏။
ترجمة: لاهية قلوبهم وأسروا النجوى الذين ظلموا هل هذا إلا بشر مثلكم أفتأتون, باللغة البورمية
﴿لاهية قلوبهم وأسروا النجوى الذين ظلموا هل هذا إلا بشر مثلكم أفتأتون﴾ [الأنبيَاء: 3]