Quran with Burmese translation - Surah Al-Mu’minun ayat 21 - المؤمنُون - Page - Juz 18
﴿وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةٗۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهَا وَلَكُمۡ فِيهَا مَنَٰفِعُ كَثِيرَةٞ وَمِنۡهَا تَأۡكُلُونَ ﴾
[المؤمنُون: 21]
﴿وإن لكم في الأنعام لعبرة نسقيكم مما في بطونها ولكم فيها منافع﴾ [المؤمنُون: 21]
Ba Sein ၂၁။ ၎င်းအပြင်မှတ်သားကြလော့၊ အခြေလေးချောင်းတိရိစ္ဆာန်များတွင် သင်တို့အတွက် သင်ခန်းစာတစ်ခုပါရှိ၏၊ ငါသည် သင်တို့သောက်ဖို့ရာ ၎င်းတို့၏ စမ်းအတွင်းမှ နို့ရည်ကို ပေးသနားတော်မူ၏၊ သင်တို့သည် ၎င်းတို့ကို အမျိုးမျိုးအဖုံဖုံအသုံးပြုကြ၏၊ ၎င်းတို့၏အသားကို သင်တို့စားသုံးကြ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းတိရစ္ဆာန်(များဖြစ်သော ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ် တို့)တွင် ဆင်ခြင်သုံးသပ်ရန် အချက်သည် အမှန်ပင်ရှိပေသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၎င်းတို့၏ဝမ်းတွင်း၌ရှိသော (နို့ရည်)ကို တိုက်ကျွေး တော်မူပေသည်။ ထို့ပြင် အသင်တို့အဖို့ ၎င်းတို့တွင် များစွာသော အကျိုးကျေးဇူးများသည်လည်း ရှိလေသည်။ ထို့ပြင်တစ်ဝ အသင်တို့သည် ၎င်းတို့ အနက်မှ စားသုံးကြလေသည်။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် အသင်တို့အတွက် ခြေလေးချောင်းတိရစာ္ဆန် (ကုလားအုတ်၊ နွား၊ သိုး၊ ဆိတ်)များတွင် စဉ်းစားဆင်ခြင်ရန်အချက် အမှန်ပင်ရှိသည်။ ငါအရှင်မြတ်သည် အသင်တို့အား ၎င်း(ခြေလေးချောင်းတိရစာ္ဆန်)တို့ရဲ့ဗိုက်ထဲမှအရာ(နို့)ကို တိုက်ကျွေးတော်မူသည်။ ထို့ပြင် အသင်တို့အတွက် သူတို့တွင် အကျိုးကျေးဇူး အမြောက်အမြားလည်းရှိသည်။ ထို့ပြင် အသင်တို့သည် သူတို့ထဲမှ စားသုံးကြသည်။ |