×

သို့ရာတွင် အကယ်၍ သူတို့သည် အသင်၏ပြောကြားချက်ကို သဘောမတူ တုံ့ပြန်ဖြေကြား နိုင်စွမ်း မရှိကြလျှင် သူတို့သည် သူတို့၏စိတ်အလိုဆန္ဒရမ္မက်များကိုသာ လိုက်နာလိုက်စားသူများသာလျှင် ဖြစ်ကြ 28:50 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:50) ayat 50 in Burmese

28:50 Surah Al-Qasas ayat 50 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 50 - القَصَص - Page - Juz 20

﴿فَإِن لَّمۡ يَسۡتَجِيبُواْ لَكَ فَٱعۡلَمۡ أَنَّمَا يَتَّبِعُونَ أَهۡوَآءَهُمۡۚ وَمَنۡ أَضَلُّ مِمَّنِ ٱتَّبَعَ هَوَىٰهُ بِغَيۡرِ هُدٗى مِّنَ ٱللَّهِۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ﴾
[القَصَص: 50]

သို့ရာတွင် အကယ်၍ သူတို့သည် အသင်၏ပြောကြားချက်ကို သဘောမတူ တုံ့ပြန်ဖြေကြား နိုင်စွမ်း မရှိကြလျှင် သူတို့သည် သူတို့၏စိတ်အလိုဆန္ဒရမ္မက်များကိုသာ လိုက်နာလိုက်စားသူများသာလျှင် ဖြစ်ကြ ကြောင်း သိမှတ်ထားလော့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်ထံတော်မှ တရားလမ်းညွှန် တစ်စုံတစ်ရာမျှ မရှိဘဲလျက် သူတို့၏စိတ်အလိုဆန္ဒရမ္မက်ကိုသာ လိုက်နာလိုက်စားသောသူထက် ပိုမို၍ လမ်း လွဲမှားသောသူဟူ၍ မည်သူရှိပါအံ့နည်း။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျိုးတို့အား တရားလမ်း မှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: فإن لم يستجيبوا لك فاعلم أنما يتبعون أهواءهم ومن أضل ممن اتبع, باللغة البورمية

﴿فإن لم يستجيبوا لك فاعلم أنما يتبعون أهواءهم ومن أضل ممن اتبع﴾ [القَصَص: 50]

Ba Sein
၅ဝ။ သူတို့သည် စကားမတုံ့ပြန်လျှင် သူတို့သည် မိမိတို့မက်မောခြင်းများနောက်သို့ တကောက်ကောက်လိုက်သူများ ဖြစ်ကြသည်ဟု သင်မှတ်သားလော့၊ အရှင်မြတ်၏ အဆုံးအမတော်မရှိပဲလျက် မိမိ၏အလိုဆန္ဒကို လိုက်သော သူထက် သာလွန်၍ တရားလမ်းကြောင်းမှ ဝေးကွာသူအဘယ်သူနည်း၊ မှတ်သားလော့၊ အလ္လာဟ့်အရှင်မြတ် သည် မကောင်းမှုပြုကျင့်နေသူတို့အား လမ်းညွှန်ပြတော်မမူချေ။
Ghazi Mohammad Hashim
သို့ရာတွင် အကယ်၍ ၎င်းတို့သည် အသင်၏ပြောကြားချက်ကို သဘောမတူခဲ့ကြပါလျှင် ၎င်းတို့သည် မိမိတို့၏စိတ်အလိုဆန္ဒများကို လိုက်စားသူများသာလျှင် ဖြစ်ကြသည်ဟူ၍သာ အသင်သည် မှတ်ယူပါလေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ တရားလမ်းညွှန်ခြင်း တစ်စုံတစ်ရာမျှ မရှိဘဲလျက် မိမိ၏စိတ်အလိုဆန္ဒကိုသာ လိုက်စားသောသူထက် ပိုမို၍လမ်းလွဲမှားသောသူဟူ၍ကား မည်သူရှိပါအံ့နည်း။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ကျူးကျော်စော်ကားသော အမျိုးသားတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။
Hashim Tin Myint
ထို့‌နောက် အကယ်၍ သူတို့သည် အသင်၏‌ပြောကြားချက်ကို သ‌ဘောမတူခဲ့ကြလျှင် သူတို့သည် သူတို့၏စိတ်အလိုဆန္ဒများကိုသာ လိုက်စားသူများဖြစ်ကြသည်ဟုပင် အသင် မှတ်ယူလိုက်ပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ တရားလမ်းညွှန်မှု တစ်စုံတစ်ရာမရှိဘဲ မိမိ၏စိတ်အလိုဆန္ဒကိုသာ လိုက်စားသူထက် ပိုမိုလမ်းလွဲသူ မည်သူရှိဦးမည်နည်း။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားကျူး‌ကျော်‌စော်ကား‌သော အမျိုးသားများအား လမ်းမှန်ညွှန်ကြားပြသ‌တော်မမူ‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek