×

Surah Al-Qasas in Burmese

Quran Burmese ⮕ Surah Qasas

Translation of the Meanings of Surah Qasas in Burmese - البورمية

The Quran in Burmese - Surah Qasas translated into Burmese, Surah Al-Qasas in Burmese. We provide accurate translation of Surah Qasas in Burmese - البورمية, Verses 88 - Surah Number 28 - Page 385.

بسم الله الرحمن الرحيم

طسم (1)
တွာ၊ စီန်၊ မီမ်။
تِلْكَ آيَاتُ الْكِتَابِ الْمُبِينِ (2)
ဤသည် ယင်းကိုယ်တိုင် ထင်ရှားရှင်းလင်းပြီး ထင်ရှားသော ရှင်းလင်းချက်များ ဖော်ပြပါရှိသည့် ကျမ်းတော်မြတ်၏အာယသ်သက်သေလက္ခဏာတော်များပင် ဖြစ်၏။
نَتْلُو عَلَيْكَ مِن نَّبَإِ مُوسَىٰ وَفِرْعَوْنَ بِالْحَقِّ لِقَوْمٍ يُؤْمِنُونَ (3)
ငါအရှင်မြတ်သည် သက်ဝင်ယုံကြည်ကြသော လူမျိုးတို့အတွက် တမန်တော်မူဆာနှင့်ဖာရိုမင်း ဆက်တို့ ကြားဖြစ်ပျက်ခဲ့သမျှ (စံနမူနာယူဖွယ်ရာ သမိုင်းကြောင်း) သတင်းအချက်များအနက်မှ (အချို့ကို) အ သင်တမန်တော်ထံသို့ အမှန်တရားသစ္စာနှင့်တကွ ဖတ်ကြားစေတော်မူ၏။
إِنَّ فِرْعَوْنَ عَلَا فِي الْأَرْضِ وَجَعَلَ أَهْلَهَا شِيَعًا يَسْتَضْعِفُ طَائِفَةً مِّنْهُمْ يُذَبِّحُ أَبْنَاءَهُمْ وَيَسْتَحْيِي نِسَاءَهُمْ ۚ إِنَّهُ كَانَ مِنَ الْمُفْسِدِينَ (4)
ဧကန်မလွဲ၊ ဖာရိုမင်းသည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ (အထွတ်အထိပ်ဘွဲ့ခံယူလျက်) လွန်စွာ မောက်မာသော နိုင်လိုမင်းထက်ပြုမူသူဖြစ်ပြီး ယင်း (တိုင်းပြည်) ၏ပြည်သူများကို လူတန်းစား အမျိုးမျိုးအဖြစ် ခွဲခြား၍ သူတို့အနက်မှ အုပ်စုတစ်ခုကို ညှင်းပန်းနှိပ်စက်လျက် သူတို့၏သားယောကျ်ားများကို သတ်ဖြတ် သုတ်သင်ကာ သမီးမိန်းကလေးများကို (နှိမ့်ချဖိနှိပ်ရန်) ဆက်လက် အသက်ရှင်ခွင့်ပေးခဲ့၏။ ဧကန်ပင်၊ ဖာရိုမင်းသည် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများ ပျံ့နှံ့စေသူများအနက်မှပင် ဖြစ်၏။
وَنُرِيدُ أَن نَّمُنَّ عَلَى الَّذِينَ اسْتُضْعِفُوا فِي الْأَرْضِ وَنَجْعَلَهُمْ أَئِمَّةً وَنَجْعَلَهُمُ الْوَارِثِينَ (5)
သို့ရာတွင် ငါအရှင်မြတ်သည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ နှိမ့်ချဖိနှိပ်၍ ညှင်းပန်းနှိပ်စက်မှုခံခဲ့ကြ ရသူတို့အား မျက်နှာသာပေး၍ ဂုဏ်ပေးတော်မူရန် အလိုရှိတော်မူရာ သူတို့အတွက် (တရားလမ်းမှန် ညွှန် ပြနိုင်မည့်) စံပြရှေ့ဆောင်ခေါင်းများ ပေါ်ပေါက်စေတော်မူရုံသာမက သူတို့အား (ဖာရိုမင်းဆက်တို့ ကြီးစိုးရာ တိုင်းပြည်၏အုပ်ချုပ်ဆိုင်ရာ) အမွေစားအမွေခံများ ဖြစ်စေတော်မူ၏။
وَنُمَكِّنَ لَهُمْ فِي الْأَرْضِ وَنُرِيَ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا مِنْهُم مَّا كَانُوا يَحْذَرُونَ (6)
ထို့ပြင် ငါအရှင်မြတ်သည် သူတို့အတွက် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ အချုပ်အခြာအာဏာထူ ထောင်ခွင့်ပေးတော်မူပြီး ဖာရိုမင်းနှင့်ဟာမာန်တို့ကိုလည်းကောင်း၊ သူတို့နှစ်ဦး၏စစ်တပ်တို့ကိုလည်း ကောင်း၊ ကြောက်ရွံ့ကြစေရန် (ညှင်းပန်းနှိပ်စက်ခြင်းခံကြရသော) သူတို့အနက်မှ (အစ္စရေးမျိုးနွယ်ဝင်တို့၏အန္တရာယ်ပြုမည့် ခြိမ်းခြောက်မှုအတွေ့အကြုံများကို) ပြသတော်မူ၏။
وَأَوْحَيْنَا إِلَىٰ أُمِّ مُوسَىٰ أَنْ أَرْضِعِيهِ ۖ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِي الْيَمِّ وَلَا تَخَافِي وَلَا تَحْزَنِي ۖ إِنَّا رَادُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ الْمُرْسَلِينَ (7)
တစ်ဖန် ငါအရှင်မြတ်သည် တမန်တော်မူဆာ၏မိခင်အား “(မည်သည့်စိုးရိမ်ပူပင်မှုမျှ မရှိဘဲ အတိုင်းအတာတစ်ခုအထိ) သားအား နို့ချိုရည်တိုက်ကျွေးလော့။ သို့သော် အကယ်၍ အသင်မသည် သူနှင့်ပက်သက် ၍ စိုးရိမ်ပူပင်လျှင် သူ့ကို မြစ်ထဲသို့ပစ်ချလော့။ (ထိုသို့ပြုလုပ်ခြင်း၌) အသင်မသည် စိုးရိမ်ပူပင်ခြင်း မရှိလေနှင့်။ ဝမ်းနည်းကြေကွဲခြင်းလည်း မရှိလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည် သူ့အား အသင်မထံ ပြန်လည်ရောက်စေတော်မူပြီး သူ့ကို ရစူလ်တမန်တော်သတင်းဆောင်များတွင် အပါအဝင် ဖြစ်စေတော်မူမည်။"" ဟု (သူမ၏ စိတ်နှလုံးထဲသို့ အရှင့်အမိန့်တော်အား) စေ့ဆော်ပေါ်လာစေတော်မူခဲ့၏။
فَالْتَقَطَهُ آلُ فِرْعَوْنَ لِيَكُونَ لَهُمْ عَدُوًّا وَحَزَنًا ۗ إِنَّ فِرْعَوْنَ وَهَامَانَ وَجُنُودَهُمَا كَانُوا خَاطِئِينَ (8)
ထို့နောက် ဖာရိုမင်း၏မိသားစုသည် (နောင်တစ်ချိန်တွင် တမန်တော်မူဆာအဖြစ်ရောက်လာ၍) သူတို့အတွက် အတိုက်အခံတစ်ဦးနှင့်ဝမ်းနည်းပူဆွေးမည့်အကြောင်းရင်းတစ်ခု ဖြစ်လာရန်အလို့ငှာ သူ့ကို ကောက်ယူခဲ့ကြ၏။ ဧကန်ပင်၊ ဖာရိုမင်းနှင့်ဟာမာန်တို့သည်လည်းကောင်း၊ သူတို့နှစ်ဦး၏စစ်တပ်တို့သည် လည်းကောင်း (လူတို့အား အထူးသဖြင့် အစ္စရေးမျိုးနွယ်ဝင်တို့အား ညှင်းပန်းနှိပ်စက်၍) ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြ၏။
وَقَالَتِ امْرَأَتُ فِرْعَوْنَ قُرَّتُ عَيْنٍ لِّي وَلَكَ ۖ لَا تَقْتُلُوهُ عَسَىٰ أَن يَنفَعَنَا أَوْ نَتَّخِذَهُ وَلَدًا وَهُمْ لَا يَشْعُرُونَ (9)
ထို့ပြင် ဖာရိုမင်း၏အမျိုးသမီးက (ဖာရိုအား) “ကျွန်မအတွက်လည်းကောင်း၊ အသင့်အတွက်လည်း ကောင်း၊ (ဤကလေးသည် ကျွန်မတို့အား ပျော်ရွှင်မြူးထူးစေမည့် အကြောင်းရင်း ဖြစ်၍) မျက်စိအေးမြကြည်နူးစေမည်။ ကျွန်မတို့အား အကျိုးပေးကောင်းပေးလိမ့်မည်။ သို့တည်းမဟုတ် ကျွန်မတို့သည် သူ့အား သားတစ်ဦးအဖြစ် မွေးစားထားကြမည်။” ဟု ပြောဆိုခဲ့လေ၏။ စင်စစ်သော်ကား သူတို့သည် (အရှင်မြတ်က မည်သို့သော အကျိုးဆက်နှင့်ကြုံတွေ့စေတော်မူရန် စီစဉ်ထားတော်မူသည်ကို) မသိကြချေ။
وَأَصْبَحَ فُؤَادُ أُمِّ مُوسَىٰ فَارِغًا ۖ إِن كَادَتْ لَتُبْدِي بِهِ لَوْلَا أَن رَّبَطْنَا عَلَىٰ قَلْبِهَا لِتَكُونَ مِنَ الْمُؤْمِنِينَ (10)
ထို့ပြင် တမန်တော်မူဆာ့မိခင်၏စိတ်နှလုံးသည် ဟာတာတာဖြစ်လာခဲ့ရာ အကယ်၍ ငါအရှင်မြတ်သည် သူမအား ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်စေလျက် သူမ၏နှလုံးသားကို ခိုင်မြဲစေတော်မမူခဲ့လျှင် သူမသည် သူနှင့်ပတ်သက် (အရှင်မြတ်က သူ့ကို သူမထံ ပြန်လည်ရောက်စေတော်မူမည်ဟူသော မျှော်လင့်ချက်ဖြင့် သူ့အ ကြောင်းအသေးစိတ်ကို) ထုတ်ဖော်ပြောဆိုအံ့ ဆဲဆဲပင် ဖြစ်သွားလေ၏။
وَقَالَتْ لِأُخْتِهِ قُصِّيهِ ۖ فَبَصُرَتْ بِهِ عَن جُنُبٍ وَهُمْ لَا يَشْعُرُونَ (11)
ထို့ပြင် (တမန်တော်မူဆာ၏မိခင်ဖြစ်သော) သူမက သူ့အစ်မအား သူ့နောက်သို့ လိုက်သွားရန် ​ပြောဆိုခဲ့ ရာ သူမသည် သူ့ကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့သော်လည်း (ဖာရို၏မိသားစုများ ဖြစ်ကြသော) သူတို့က သတိမမူ မိကြချေ။
۞ وَحَرَّمْنَا عَلَيْهِ الْمَرَاضِعَ مِن قَبْلُ فَقَالَتْ هَلْ أَدُلُّكُمْ عَلَىٰ أَهْلِ بَيْتٍ يَكْفُلُونَهُ لَكُمْ وَهُمْ لَهُ نَاصِحُونَ (12)
စင်စစ် ငါအရှင်မြတ်သည် မူလကပင် သူ့အတွက် နို့ထိန်းသည်တို့၏နို့ရည်ကို တားမြစ်ထားတော်မူသော ကြောင့် သူသည် သူတို့ခေါ်လာသမျှ နို့ထန်းသည်များမှ နို့စို့ရန် ငြင်းခဲ့လေရာ သူ့အစ်မက “ကျွန်မသည် သူ့ကို ပြုစုစောင့်ရှောက်မည့်အပြင် သူတို့က (သူ့ကောင်းကျိုးကို စိတ်ရင်းစေတနာဖြူစင်စွာ လိုလားလျက်) သူ့အား ဂရုစိုက်ကြမည့် မိသားစုကို သင်တို့အား ညွှန်ပြရပါမည်လော။” ဟု မေးမြန်းခဲ့လေ၏။
فَرَدَدْنَاهُ إِلَىٰ أُمِّهِ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ (13)
ထို့သို့ဖြင့် သူမ၏မျက်စိ အေးမြကြည်နူးစေရန်လည်းကောင်း၊ စိုးရိမ်ပူပင်ခြင်း မရှိစေရန်လည်းကောင်း၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် အမှန်တရားသစ္စာဖြစ်ကြောင်းကို သိနားလည်စေရန်လည်းကောင်း၊ ငါအရှင်မြတ်သည် သူ့ကို သူ့မိခင်ထံ ပြန်လည်အပ်ပေးတော်မူခဲ့၏။ သို့ရာတွင် သူတို့အနက် များစွာသောသူတို့သည် (ထိုဖြစ်ရပ်အမှန်ကို) မသိကြပေ။
وَلَمَّا بَلَغَ أَشُدَّهُ وَاسْتَوَىٰ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ (14)
တစ်ဖန် (တမန်တော်) မူဆာသည် လူလားမြောက်သောအရွယ်သို့ရောက်၍ (အသိဉာဏ်) ရင့်သန်လာ သောအခါ၊ ငါအရှင်မြတ်သည် သူ့အား (ပြတ်သားစွာ စီရင်ဆုံးဖြတ်နိုင်မည့်) ဉာဏ်အမြော်အမြင်နှင့်အသိ ပညာကို ချီးမြှင့်ပေးအပ်တော်မူခဲ့၏။ စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် မုဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသော) သူတော်ကောင်းတို့အား ထိုနည်းအတိုင်းပင် ဆုလဒ်များ ပေးတော်မူ၏။
وَدَخَلَ الْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍ مِّنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَٰذَا مِن شِيعَتِهِ وَهَٰذَا مِنْ عَدُوِّهِ ۖ فَاسْتَغَاثَهُ الَّذِي مِن شِيعَتِهِ عَلَى الَّذِي مِنْ عَدُوِّهِ فَوَكَزَهُ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَٰذَا مِنْ عَمَلِ الشَّيْطَانِ ۖ إِنَّهُ عَدُوٌّ مُّضِلٌّ مُّبِينٌ (15)
ထို့ပြင် (တမန်တော်) မူဆာသည် (တစ်နေ့တွင် သူနေထိုင်ရာ နန်းတော်မှ ထွက်၍) မြို့တွင်းသို့ ထိုမြို့သူ မြို့သားတို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေချိန်တွင် ဝင်ရောက်ခဲ့ရာ မြို့တွင်း၌ ဤသည် သူ့ (မျိုးနွယ်ဖြစ်သော အစ္စ ရေး) အုပ်စုမှဖြစ်ပြီး ဤသည် သူ့ရန်သူအုပ်စုမှ ဖြစ်ကြောင်းကို သိသာနေသော ပုဂ္ဂိုလ်နှစ်ဦး စကားများရန်ဖြစ် နေကြသည်ကို တွေ့ရှိလေ၏။ ထိုစဉ် (သူတို့နှစ်ဦးအနက်) သူ့အုပ်စုမှ ဖြစ်သူက သူ့ရန်သူအုပ်စုဖြစ်သော သူနှင့် ဆန့်ကျင်၍ သူ့ထံ အပူတပြင်းအော်ဟစ်လျက် အကူအညီ တောင်းခံခဲ့၏။ သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် သူ့ရန်သူအုပ်စုမှ ဖြစ်သောသူအား (သေစေလိုသော ရည်ရွယ်ချက် မပါဘဲ) လက်သီးဖြင့် ထိုးခဲ့ရာ (သူသေဆုံးရန် ပြဌာန်းထားသော အချိန်ရောက်သောကြောင့်) သူ့အား အဆုံးစီရင်ရာရောက်သွားလေ၏။ ထိုအခါ တမန်တော် မူဆာက “ဤသည် စေတန်မကောင်းဆိုးဝါး၏အပြုအမူများအနက်မှပင် ဖြစ်၏။ ဧကန်ပင်၊ ထိုစေတန်မကောင်း ဆိုးဝါးသည် ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင် ဖြစ်၏။” ဟု ပြောဆိုခဲ့၏။
قَالَ رَبِّ إِنِّي ظَلَمْتُ نَفْسِي فَاغْفِرْ لِي فَغَفَرَ لَهُ ۚ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ (16)
(တမန်တော်) မူဆာက (အလ္လာဟ်အရှင်မြတ်ထံတော်) “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ် ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းအသုံးချ၍ မိမိကိုယ်ကို မဟုတ်မတရား မမှန်မကန် ပြုလုပ်မိပါ၏။ သို့ဖြစ်၍ ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါ။” ဟု လျှောက်ထားပန် ကြားခဲ့ရာ ထိုအရှင် မြတ်သည် သူ့အား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူခဲ့၏။ မုချဧကန် ထိုအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မ တော်တဆ ကျူးလွန်ချိုး ဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။
قَالَ رَبِّ بِمَا أَنْعَمْتَ عَلَيَّ فَلَنْ أَكُونَ ظَهِيرًا لِّلْمُجْرِمِينَ (17)
(ထို့နောက် တမန်တော်) မူဆာက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်၏အပေါ်၌ အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာ ပေး အပ်တော်မူဖြစ်၍ ကျွန်ုပ်သည်လည်း (နောင်တွင် မည်သည့်အခါမျှ) ရာဇဝတ်မှုကျူးလွန်သူတို့အား ထောက်ခံအား ပေးသူတစ်ဦး ဖြစ်လိမ့်မည်မဟုတ်ပါ။” ဟု လျှောက်ထားလေ၏။
فَأَصْبَحَ فِي الْمَدِينَةِ خَائِفًا يَتَرَقَّبُ فَإِذَا الَّذِي اسْتَنصَرَهُ بِالْأَمْسِ يَسْتَصْرِخُهُ ۚ قَالَ لَهُ مُوسَىٰ إِنَّكَ لَغَوِيٌّ مُّبِينٌ (18)
(တမန်တော်) မူဆာသည် မြို့ထဲ၌ အထိတ်တလန့်ဖြစ်၍ သတိဝီရိယဖြင့် ဂရုတစိုက်စောင့်ကြည့် လျက် ပင် နံနက်မိုးလင်းလာခဲ့ရာ ယမန်နေ့က သူ့ထံ အကူအညီတောင်းခဲ့သောသူသည် (ယနေ့လည်း ရုတ်တ ရက် ထပ်မံရောက်လာ၍) အပူတပြင်းအော်ဟစ်လျက် အကူအညီ တောင်းခံခဲ့ပြန်၏။ (တမန်တော်) မူဆာက သူအား “ဧကန်ပင်၊ အသင်သည် သိသာထင်ရှားစွာ သောင်းကျန်းလျက် ကမူးရှူးထိုး လုပ်တတ်သူ တစ်ဦးပင် ဖြစ် သည်။”ဟု ပြောကြားခဲ့လေ၏။
فَلَمَّا أَنْ أَرَادَ أَن يَبْطِشَ بِالَّذِي هُوَ عَدُوٌّ لَّهُمَا قَالَ يَا مُوسَىٰ أَتُرِيدُ أَن تَقْتُلَنِي كَمَا قَتَلْتَ نَفْسًا بِالْأَمْسِ ۖ إِن تُرِيدُ إِلَّا أَن تَكُونَ جَبَّارًا فِي الْأَرْضِ وَمَا تُرِيدُ أَن تَكُونَ مِنَ الْمُصْلِحِينَ (19)
တစ်ဖန် (တမန်တော်) မူဆာသည် (မနေ့က သူ့လက်ချက်ကြောင့် သေဆုံးသွားသူနှင့်သူ) တို့နှစ်ဦးလုံး၏ရန်သူအား လက်ရောက်မှုပြုရန် ကြံရွယ်ခဲ့လေရာ ထိုသူက “အို၊ မူဆာ၊ အသင်သည် ယမန်နေ့က နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်တစ်ဦးအား သတ်မိသကဲ့သို့ (ယခုမူ) ကျွန်ုပ်ကိုလည်း သတ်မိ လိုသလော။ အသင်သည် မြေကမ္ဘာ (၏ဤတိုင်းပြည်ဒေသ) ၌ နိုင်လိုမင်းထက်ပြုမူသူဖြစ်ရန်သာလျှင် အလိုရှိပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ ပြုပြင်ပြောင်းလဲသူများအနက်မှ ဖြစ်လိုပုံ မရချေ။” ဟု ပြောခဲ့၏။
وَجَاءَ رَجُلٌ مِّنْ أَقْصَى الْمَدِينَةِ يَسْعَىٰ قَالَ يَا مُوسَىٰ إِنَّ الْمَلَأَ يَأْتَمِرُونَ بِكَ لِيَقْتُلُوكَ فَاخْرُجْ إِنِّي لَكَ مِنَ النَّاصِحِينَ (20)
ထိုစဉ် (နန်းတော်တည်ရှိရာ) မြို့၏အစွန်အဖျားမှ လူတစ်ယောက်သည် ပြေးလျက်ရောက်လာပြီးလျှင်၊ “အို၊ မူဆာ၊ ဧကန်ပင် (ဖာရိုမင်း၏) မှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့သည် အသင်နှင့်ပတ်သက်၍ ဆွေးနွေး တိုင်ပင်လျက် အသင့်အား ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ရန် စီမံချက်ချနေကြ၏။ သို့ဖြစ်ပါ၍ အသင်သည် (ဤမြို့မှ) ထွက်ခွာသွားလော့။ ကျွန်ုပ်သည် အသင်၏ကောင်းကျိုးအတွက် စိတ်ရင်းစေတနာဖြူစင်စွာစေတနာထားသူ တစ်ဦးဖြစ်သည်။” ဟု ပြောကြားခဲ့လေ၏။
فَخَرَجَ مِنْهَا خَائِفًا يَتَرَقَّبُ ۖ قَالَ رَبِّ نَجِّنِي مِنَ الْقَوْمِ الظَّالِمِينَ (21)
သို့ဖြစ်ပေရာ (တမန်တော်) မူဆာသည် အထိတ်တလန့်ဖြစ်၍ သတိဝီရိယဖြင့် ဂရုတစိုက် စောင့်ကြည့် လျက်ပင် ထိုမြို့မှ ထွက်ခွာသွားခဲ့၏။ ထို့နောက် သူက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျိုးတို့ (၏ဘေးရန်ခပ်သိမ်း) မှ ကယ်တင်တော်မူပါ။” ဟု လျှောက်ထား ပန်ကြားခဲ့လေ၏။
وَلَمَّا تَوَجَّهَ تِلْقَاءَ مَدْيَنَ قَالَ عَسَىٰ رَبِّي أَن يَهْدِيَنِي سَوَاءَ السَّبِيلِ (22)
တစ်ဖန် (တမန်တော်) မူဆာသည် မဒ်ယန်မြို့ဘက်သို့ မျက်နှာမူရှေးရူဦတည်သောအခါ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ (အီဂျစ်စစ်တပ်ဖမ်းဆီးခြင်းမှ ရှောင်နိုင်ရန်) ကျွန်ုပ်အား လမ်းမှန်ကို ညွှန်ပြတော်မူမည်။ မျှော်လင့်တောင်းတပါ၏။” ဟု ဆုပန်ခဲ့လေ၏။
وَلَمَّا وَرَدَ مَاءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِّنَ النَّاسِ يَسْقُونَ وَوَجَدَ مِن دُونِهِمُ امْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِي حَتَّىٰ يُصْدِرَ الرِّعَاءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ (23)
ထို့နောက် (တမန်တော်) မူဆာသည် မဒ်ယန်မြို့၏ရေတွင်းသို့ရောက်လတ်သော် ထိုရေတွင်း၏အနီးတွင် လူတစ်စုသည် (သူတို့၏တိရစ္ဆာန်များကို) ရေချရေတိုက်နေကြသည်ကို တွေ့ရပြီး သူတို့မှ လွဲ၍ ရှေ့မတိုးဘဲ သူတို့မှ သီးခြားခွာနေသော အမျိုးသမီးနှစ်ဦးကိုလည်း တွေခဲ့၏။ (တမန်တော်) မူဆာက “အသင်မတို့နှစ်ဦးမှာ အဘယ်အရေးကိစ္စ ရှိသနည်း။” ဟု မေးမြန်းခဲ့ရာ သူမတို့က “(ဤ) သိုးထိန်းတို့သည် (သူတို့၏တိရစ္ဆာန်များ အတွက်) ရေချခြင်းမှ မထွက်ခွာသွားသရွေ့ (ကျွန်မတို့၏တိရစ္ဆာန်များအား) ရေချ၍) ရေတိုက်ကျွေးခြင်း မပြုနိုင်ပေ။ ထို့ပြင် ကျွန်မတို့၏ဖခင်မှာ အသက်အရွယ် အိုးမင်းကြီးရင့်သူ ဖြစ်ပေသည်။”ဟု ဖြေကြားခဲ့ကြလေ၏။
فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰ إِلَى الظِّلِّ فَقَالَ رَبِّ إِنِّي لِمَا أَنزَلْتَ إِلَيَّ مِنْ خَيْرٍ فَقِيرٌ (24)
ထိုအခါ (တမန်တော်) မူဆာသည် သူမတို့နှစ်ဦးအတွက် (ငဲ့ညှာသောအားဖြင့်) ရေချပေးပြီးနောက် အရိပ်ရှိရာသို့ လှည့်ပြန်သွားလျက် “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်ပင်၊ ကျွန်ုပ်သည် အရှင်မြတ်က ကျွန်ုပ်ထံ ချမှတ်ပေးအပ်တော်မူမည့် မည်သည့်ကောင်းမြတ်သောအရာကိုဖြစ်စေ လိုလားတောင့်တရသူ ဖြစ်ပါ၏။” ဟု လျှောက်ထားပန်ကြားခဲ့၏။
فَجَاءَتْهُ إِحْدَاهُمَا تَمْشِي عَلَى اسْتِحْيَاءٍ قَالَتْ إِنَّ أَبِي يَدْعُوكَ لِيَجْزِيَكَ أَجْرَ مَا سَقَيْتَ لَنَا ۚ فَلَمَّا جَاءَهُ وَقَصَّ عَلَيْهِ الْقَصَصَ قَالَ لَا تَخَفْ ۖ نَجَوْتَ مِنَ الْقَوْمِ الظَّالِمِينَ (25)
ထို့နောက် သူမတို့နှစ်ဦးအနက် တစ်ဦးသည် တမန်တော်မူဆာထံသို့ မရဲတရဲ ရှက်ကြောက်စွာ လျှောက် လာပြီး “ကျွန်မတို့အတွက် ရေချပေးခဲ့သောအကျိုးဆုလဒ်ကို အသင့်အား အမှန်ပင် ပေးလို၍ ကျွန်မ၏ ဖခင်သည် အသင့်အား ဖိတ်ခေါ်ပါ၏။” ဟု ပြောဆိုလေ၏။ ထို့နောက် (တမန်တော်) မူဆာသည် သူ့ထံသို့ ရောက်လာခဲ့၍ ဖြစ်ကြောင်းကုန်စင်ကို သူ့ရှေ့ဝယ် ပြန်လည်ပြောပြခဲ့သောအခါ သူက (တမန်တော်မူဆာအား) “သင်သည် စိုးရိမ်ကြောင့်ကြခြင်း မရှိလေနှင့်။ သင်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုး ဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျိုးတို့ (၏ဘေးရန်ခပ်သိမ်း) မှ လွတ် မြောက်ခဲ့လေပြီ” ဟုပြောဆိုလေ၏။
قَالَتْ إِحْدَاهُمَا يَا أَبَتِ اسْتَأْجِرْهُ ۖ إِنَّ خَيْرَ مَنِ اسْتَأْجَرْتَ الْقَوِيُّ الْأَمِينُ (26)
သူမတို့နှစ်ဦးအနက်မှ တစ်ဦးက “အို၊ ဖခမည်းတော်၊ သူ့ကို အလုပ်ခန့်အပ်ပါလော့။ ဧကန်ပင်၊ (သူ သည်) ခမည်းတော် ငှားရမ်းခဲ့သမျှ (အလုပ်ခန့်အပ်ခဲ့သူများ) တွင် အကောင်းဆုံး ကာယဗလစွမ်းရည်နှင့်ယုံ ကြည်စိတ်ချအပ်သောသူပင် ဖြစ်ပါ၏။ ဟု ပြောဆိုလေ၏။
قَالَ إِنِّي أُرِيدُ أَنْ أُنكِحَكَ إِحْدَى ابْنَتَيَّ هَاتَيْنِ عَلَىٰ أَن تَأْجُرَنِي ثَمَانِيَ حِجَجٍ ۖ فَإِنْ أَتْمَمْتَ عَشْرًا فَمِنْ عِندِكَ ۖ وَمَا أُرِيدُ أَنْ أَشُقَّ عَلَيْكَ ۚ سَتَجِدُنِي إِن شَاءَ اللَّهُ مِنَ الصَّالِحِينَ (27)
ခမည်းတော်က “ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်ထံ (လနှင့်တွက်ချက်သည့်နှစ်) ရှစ်နှစ် အမှုထမ်းရမည့် စည်းကမ်းချက်အပေါ်၌ အသင့်အား ကျွန်ုပ်၏သမီးနှစ်ဦးအနက် တစ်ဦးနှင့်ထိမ်းမြား ပေးစေရန် လိုလား ၏။ သို့ရာတွင် အကယ်၍ အသင်သည် ဆယ်နှစ်ပြည့်အောင် လုပ်ခဲ့လျှင် (အသင့်ဘက်မှကျေးဇူးပြုရာရောက်ပြီး) အသင့်သဘောသာ ဖြစ်၏။ စင်စစ်သော်ကား ကျွန်ုပ်သည် အသင့်အပေါ်၌ ခက်ခဲကျပ်တည်းစေရန် လိုလားသည် မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခဲ့ပါ လျှင် မကြာမီပင် အသင်သည် ကျွန်ုပ်အား ဖြောင့်မတ်မှန်ကန်သော ပြု မူကျင့်ကြံမှုများ ပြုပြင်ပြောင်းလဲသူများ အနက်မှ တွေ့ရလိမ့်မည်။” ဟု ပြောကြားခဲ့လေ၏။
قَالَ ذَٰلِكَ بَيْنِي وَبَيْنَكَ ۖ أَيَّمَا الْأَجَلَيْنِ قَضَيْتُ فَلَا عُدْوَانَ عَلَيَّ ۖ وَاللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ (28)
(တမန်တော်) မူဆာက ထိုစည်းကမ်းချက်သည် အသင်နှင့်ကျွန်ုပ်ကြားတွင် (ကတိအဖြစ် အတည်) ဖြစ်ခဲ့ လေပြီ။ သတ်မှတ်ပြီးဖြစ်သော ကာလအပိုင်းအခြားနှစ်ခုအနက် မည်သည်ကိုမဆို ကျွန်ုပ်သည် အပြီး သတ် ကျေပွန်စွာ ထမ်းဆောင်ခဲ့လျှင် ကျွန်ုပ်၏အပေါ်၌ မည်သို့မျှ အကြင်နာကင်းသော စိတ်ထားဖြင့် (အဓမ္မ) ပြုစေရန် အကြောင်းမရှိပြီ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ပြောဆိုကြသော အ ကြောင်းကိစ္စနှင့်စပ်လျဉ်း၍ (ယုံကြည်စိတ်ချရသော အာမခံချက်ဆိုင်ရာ) သက်သေဖြစ်တော်မူ၏။” ဟု ပြောဆိုခဲ့၏။
۞ فَلَمَّا قَضَىٰ مُوسَى الْأَجَلَ وَسَارَ بِأَهْلِهِ آنَسَ مِن جَانِبِ الطُّورِ نَارًا قَالَ لِأَهْلِهِ امْكُثُوا إِنِّي آنَسْتُ نَارًا لَّعَلِّي آتِيكُم مِّنْهَا بِخَبَرٍ أَوْ جَذْوَةٍ مِّنَ النَّارِ لَعَلَّكُمْ تَصْطَلُونَ (29)
ထို့နောက် (တမန်တော်) မူဆာသည် သတ်မှတ်ထားခဲ့သောကာကို (တာဝန်ကျေပွန်စွာဖြင့်) ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပြီး၊ သူ့မိသားစုနှင့်အတူ (သဲကန္တာရထဲ) ခရီးသွားခဲ့လေရာ သူသည် (တွူရ်) တောင်ရှိရာဘက်တွင် မီးတစ်မျိုးကို တွေ့မြင်ခဲ့လေ၏။ (ထိုအခါ) သူက သူ့မိသာစုအား “သင်တို့သည် (ဤနေရာ၌ပင်) စောင့်ဆိုင်းနေကြလော့။ ဧကန်ပင်၊ ကျွန်ုပ်သည် မီးတစ်မျိုးကို တွေ့မြင်ပြီဖြစ်၍ ယင်းမှ (ခရီးစဉ်နှင့်ဆိုင်သော) သတင်းတစ်စုံတစ်ရာကိုသော်လည်းကောင်း၊ အသင်တို့ မီးလှုံနိုင်ကြရန် မီးကျီးခဲ တစ်ခုခုကို သော်လည်းကောင်း၊ ယူဆောင်လာနိုင်မည်။” ဟု ပြေကြားလေ၏။
فَلَمَّا أَتَاهَا نُودِيَ مِن شَاطِئِ الْوَادِ الْأَيْمَنِ فِي الْبُقْعَةِ الْمُبَارَكَةِ مِنَ الشَّجَرَةِ أَن يَا مُوسَىٰ إِنِّي أَنَا اللَّهُ رَبُّ الْعَالَمِينَ (30)
ထို့နောက် (တမန်တော်) မူဆာသည် ယင်း (မီးရှိရာ) သို့ ရောက်ရှိခဲ့သော် တောင်ကြား၏ညာဘက် ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသောနေရာ၌ (တည်ရှိသော) သစ်ပင်ပေါ်မှ “အို၊ မူဆာ၊ ဧကန်မလွဲ၊ ငါအရှင် မြတ်သည် စကြဝဠာလောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသောအရှင်၊ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။” ဟု ခေါ်ဆိုမိန့်ကြားတော်မူ၏။
وَأَنْ أَلْقِ عَصَاكَ ۖ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ أَقْبِلْ وَلَا تَخَفْ ۖ إِنَّكَ مِنَ الْآمِنِينَ (31)
ထို့ပြင် (အရှင်မြတ်က တမန်တော်မူဆာအား) အသင်သည် သင့်တောင်ဝှေးကို ပစ်ချလော့။ (ဟု မိန့်တော်မူ၍ သူက ယင်းကို ပစ်ချသောအခါ) ယင်းသည် မြွေတစ်ကောင်ကဲ့သို့ပင် တွန့်လိမ်လှုပ်ရှားလျက်ရှိ သည်ကို တွေ့မြင်ခဲ့လေသော်၊ ကျောပေး၍ နောက်ပြန်လှည့်မကြည့်ဘဲ နောက်ဆုတ်ခဲ့လေ၏။ (အရှင်မြတ်က) အို၊ မူဆာ၊ အသင်သည် ရှေ့သို့တိုးလော့။ ကြောက်ရွံ့လေနှင့်။ ဧကန်ပင်၊ အသင်သည် (တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရ၍) ဘေးကင်းလုံခြုံသူ တစ်ဦး ဖြစ်၏။” (ဟု မိန့်တော်မူ၏။)
اسْلُكْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ وَاضْمُمْ إِلَيْكَ جَنَاحَكَ مِنَ الرَّهْبِ ۖ فَذَانِكَ بُرْهَانَانِ مِن رَّبِّكَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ (32)
အသင်သည် သင့်လက်ကို သင့်ရင်ကြားသို့ ထည့်သွင်း၍ ပြန်ထုတ်ယူသောအခါ ထိုလက်မှာ အပြစ်အနာ အဆာကင်းရှင်းလျက် (ထူးခြားအံ့ဩဖွယ်ရာ) လင်းဝင်းတောက်ပ လာပေမည်။ ထို့ပြင် ထိတ်လန့် စိုးရိမ်မှု ကင်းအံ့သောငှာ သင့်လက်မောင်းများအား သင့်ကိုယ်ကို ချုပ်တည်းစေလျက် ပူးကပ်ထားလော့။ သို့ဖြစ်ပေရာ ထိုနှစ်ခုသည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ဖာရိုမင်းနှင့်သူ့မှူးကြီးမတ်ရာအကြံပေးအကြီးအကဲထံသို့ (သွားရောက်စဉ် အသင်က တမန်တော်ဖြစ်ကြောင်းကို ထောက်ပြမည့်) ထင်ရှားသော သက်သေအထောက်အထားတော်နှစ်ရပ်ပင် ဖြစ်၏။ ဧကန်မလွဲ၊ သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ အာခံယုတ်မာလျက် ကောက်ကျစ်သော လူမျိုးများပင် ဖြစ်ကြ၏။
قَالَ رَبِّ إِنِّي قَتَلْتُ مِنْهُمْ نَفْسًا فَأَخَافُ أَن يَقْتُلُونِ (33)
(တမန်တော်) မူဆာက “အို ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်စင်စစ်၊ ကျွန်ုပ်သည် သူတို့အနက် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်း ဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်တစ်ဦးကို သတ်မိခဲ့ရာ သူတို့သည် ကျွန်ုပ်အား သတ်ဖြတ်ကြမည်ကို ကျွန်ုပ်က ကြောက်ရွံ့ပါ၏။” ဆုတောင်းပန်ကြားလေ၏။
وَأَخِي هَارُونُ هُوَ أَفْصَحُ مِنِّي لِسَانًا فَأَرْسِلْهُ مَعِيَ رِدْءًا يُصَدِّقُنِي ۖ إِنِّي أَخَافُ أَن يُكَذِّبُونِ (34)
စင်စစ် ကျွန်ုပ်၏နောင်တော် ဟာရူန်မှာမူကား၊ သူသည် ကျွန်ုပ်ထက် နှုတ်လျှာသွက်လက်၍ စကားပြော ကောင်းသူတစ်ဦး ဖြစ်လေရာ ကျွန်ုပ်နှင့်အတူ ကျွန်ုပ်အား ဖြောင့်မတ်စွာထောက်ခံမည့် ကူညီရိုင်းပင်းသူအဖြစ် စေလွှတ်တော်မူပါ။ ဧကန်မလွဲ၊ ကျွန်ုပ်သည် သူတို့က ကျွန်ုပ်အား မဟုတ်မတရား မမှန်မကန်စွပ်စွဲ၍ ငြင်းပယ် ကြမည်ကို စိုးရိမ်မိပါ၏။
قَالَ سَنَشُدُّ عَضُدَكَ بِأَخِيكَ وَنَجْعَلُ لَكُمَا سُلْطَانًا فَلَا يَصِلُونَ إِلَيْكُمَا ۚ بِآيَاتِنَا أَنتُمَا وَمَنِ اتَّبَعَكُمَا الْغَالِبُونَ (35)
(အရှင်မြတ်က) ယခုပင် ငါအရှင်မြတ်သည် အသင်၏နောင်တော်ဖြင့် သင်၏လက်ရုံးရည်ကိုတိုး၍ အားဖြည့်စေတော်မူပြီး သင်တို့နှစ်ဦးအား အခွင့်အာဏာတစ်မျိုး ချီးမြှင့်ပေးအပ်တော်မူမည်ဖြစ်ရာ သူတို့သည် (ထိခိုက်နစ်နာစေသော ရည်ရွယ်ချက်ဖြင့်) သင်တို့နှစ်ဦးထံသို့ မည်သို့မျှ ရောက်ရှိနိုင်ကြမည် မဟုတ်ပေ။ ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်တကွရှိသော သင်တို့နှစ်ဦးနှင့်သင်တို့နှစ်ဦး၏ နောက်သို့လိုက်ကြသော (ယုံကြည်သူ) သူတို့သည်ပင် အောင်နိုင်သူများ ဖြစ်ကြလိမ့်မည်။
فَلَمَّا جَاءَهُم مُّوسَىٰ بِآيَاتِنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا سِحْرٌ مُّفْتَرًى وَمَا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ (36)
ထို့နောက် (တမန်တော်) မူဆာသည် သူတို့ထံသို့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်း ချက်များပါဝင်သည့် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များနှင့်အတူ ရောက်ခဲ့လေရာ သူတို့က “ဤသည် လုပ်ကြံဖန်တီးထားသော မှော်ပယောဂအတတ်မျှသာ ဖြစ်ပြီး စင်စစ်၊ ကျွန်ုပ်တို့သည် လွန်လေသွား ခဲ့ပြီဖြစ်သော ကျွန်ုပ်တို့၏ဘိုးဘေးဘီဘင်တို့ (လက်ထက်) တွင် ဤသို့ မကြားခဲ့ဖူးချေ။” ဟု ဖြေဆိုကြ၏။
وَقَالَ مُوسَىٰ رَبِّي أَعْلَمُ بِمَن جَاءَ بِالْهُدَىٰ مِنْ عِندِهِ وَمَن تَكُونُ لَهُ عَاقِبَةُ الدَّارِ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ (37)
(တမန်တော်) မူဆာက “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ မည်သူသည် အရှင့်ထံတော်မှဖြစ်သော တရားလမ်းညွှန်နှင့်အတူ ရောက်ခဲ့သည်ကို လည်း ကောင်း၊ မည်သူသည် (လောကီလောကုတ္တရာနှစ်ဌာနစလုံး၌) နောက်ဆုံးအကျိုးဆက်အဖြစ် ထာဝရ ပျော်ရွှင်မှုရမည့် ဗိမာန်ဌာနအား ပိုင်ဆိုင်မည်ကိုလည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ ဧကန်အမှန်၊ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် ပေါက်မြောက် အောင် မြင်ကြမည် မဟုတ်ပေ။
وَقَالَ فِرْعَوْنُ يَا أَيُّهَا الْمَلَأُ مَا عَلِمْتُ لَكُم مِّنْ إِلَٰهٍ غَيْرِي فَأَوْقِدْ لِي يَا هَامَانُ عَلَى الطِّينِ فَاجْعَل لِّي صَرْحًا لَّعَلِّي أَطَّلِعُ إِلَىٰ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُ مِنَ الْكَاذِبِينَ (38)
ထို့ပြင် ဖာရိုမင်းက အို၊ မှူးကြီးမတ်ရာအကြံပေးအကြီးအကဲတို့၊ ကျွန်ုပ်သည် သင်တို့အတွက် ကျွန်ုပ်မှ လွဲ၍ အခြားကိုးကွယ်ရာရှိကြောင်းကို မသိပေ။ သို့ဖြစ်ပေရာ အို၊ ဟာမာန်၊ သင်သည် ကျွန်ုပ်အတွက် (ရွှံ့မြေကို မီးဖြင့်ဖုတ်၍ အုတ်ထုတ်နိုင်ရန်) မီးဖိုထိုးလော့။ ထို့ပြင် တမန်တော်မူဆာ၏ကိုးကွယ်ရာအရှင် သခင်အား ကြည့်ရှုနိုင်ရန်အလို့ငှာ အလွန်မြင့်မားသော မျှော်စင်အဆောက်အအုံတစ်ခုကို ပြုလုပ်လော့။ ဧကန်မလွဲ၊ ကျွန်ုပ်သည် သူ့အား မုသာဝါဒီများအနက်မှ ဖြစ်သည်ဟု ထင်မြင်ယူဆ၏။
وَاسْتَكْبَرَ هُوَ وَجُنُودُهُ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَظَنُّوا أَنَّهُمْ إِلَيْنَا لَا يُرْجَعُونَ (39)
စင်စစ်သော်ကား ဖာရိုမင်းနှင့်သူ့စစ်တပ်သည် မြေကမ္ဘာ (၏တိုင်းပြည်ဒေသ) ၌ အမှန်တရား သစ္စာနှင့် လူ့အခွင့်အရေးအားလုံးနှင့်ဆန့်ကျင်၍ မတရားသဖြင့် မာန်မာနထောင်လွှားခဲ့ ကြသည်သာမက၊ သူတို့ သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိစေခြင်းခံကြရမည်မဟုတ်ဟုလည်း ထင်မြင်ယူဆနေခဲ့ကြ၏။
فَأَخَذْنَاهُ وَجُنُودَهُ فَنَبَذْنَاهُمْ فِي الْيَمِّ ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الظَّالِمِينَ (40)
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ဖာရိုမင်းနှင့်သူ့စစ်တပ်ကို အရေးယူသုတ်သင်တော်မူခဲ့ရာသူတို့ ပင်လယ် ထဲသို့ ပစ်ချတော်မူခဲ့၏။ သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား၊ မမှန်မကန် ပြုမူကျင့်ကြံ သူတို့သည် သူတို့၏ဘဝနိဂုံးများမှာ မည်သို့ အဆုံးသတ်ခဲ့ကြသည်ကို (ယနေ့တိုင် ကျန်ရစ် နေသော သမိုင်းအမွေအနစ်များ၌) စူးစမ်းလေ့လာ သုတေသနပြု၍ ဆင်ခြင်သုံးသပ်ကြလော့။”
وَجَعَلْنَاهُمْ أَئِمَّةً يَدْعُونَ إِلَى النَّارِ ۖ وَيَوْمَ الْقِيَامَةِ لَا يُنصَرُونَ (41)
စင်စစ် ငါအရှင်မြတ်သည် သူတို့အား (လူတို့အား) ငရဲဘုံသို့ ဖိတ်ခေါ်ကြသော စံပြရှေ့ဆောင်ခေါင်း ဆောင်များအဖြစ် ဖြစ်စေတော်မူပြီး ရှင်ပြန်ထမည့်နေ့တွင်လည်း ထိုသူတို့သည် (အလျှင်း) ကူညီစောင်မခြင်းခံကြရမည် မဟုတ်ပေ။
وَأَتْبَعْنَاهُمْ فِي هَٰذِهِ الدُّنْيَا لَعْنَةً ۖ وَيَوْمَ الْقِيَامَةِ هُم مِّنَ الْمَقْبُوحِينَ (42)
စင်စစ် ငါအရှင်မြတ်သည် ဤလောကဘဝ၌လည်း အရှင့်ကရုဏာတော်မှ ကင်းဝေးစေသည့် ကျိန်ဆဲမှု ခံကြစေရန် (လူများစွာအား သူတို့၏နောက်မှ ထပ်ကြပ်မကွာလိုက်ကြသော) နောက်လိုက်များ ဖြစ်စေတော်မူခဲ့၏။ ထိုသို့လောကီဘဝ၌ သူတို့အတွက် အလုပ်လုပ်ကြသော အမှုထမ်းများနှင့်နောက်လိုက်များစွာ ရှိသော် လည်း) ရှင်ပြန်ထမည့်နေ့တွင်မူ သူတို့သည် အလွန်စက်ဆုပ်ရွံရှာဖွယ်ရာအကျည်းတန်သူတို့အနက်မှပင် ဖြစ်ကြလိမ့်မည်။
وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ مِن بَعْدِ مَا أَهْلَكْنَا الْقُرُونَ الْأُولَىٰ بَصَائِرَ لِلنَّاسِ وَهُدًى وَرَحْمَةً لَّعَلَّهُمْ يَتَذَكَّرُونَ (43)
ထို့ပြင် မချွတ်မလွဲ၊ ငါအရှင်မြတ်သည် ရှေးခေတ်၌ လွန်လေခဲ့ကြသော မျိုးဆက်များကို တိမ်ကော ဖျက်ဆီးစေတော်မူပြီးနောက် လူသားတို့အတွက် သူတို့ အပြန်အလှန် သတိရတသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်အလို့ငှာ ထိုးထွင်းသိမြင်ဉာဏ်နှင့်ဉာဏ်အလင်းလည်းဖြစ် တရားလမ်းညွှန်တော်နှင့်ကရုဏာတော်လည်းဖြစ်သော ကျမ်းတော်ကို တမန်တော်မူဆာထံ ချမှတ်ပေးအပ်တော်မူခဲ့၏။
وَمَا كُنتَ بِجَانِبِ الْغَرْبِيِّ إِذْ قَضَيْنَا إِلَىٰ مُوسَى الْأَمْرَ وَمَا كُنتَ مِنَ الشَّاهِدِينَ (44)
စင်စစ်သော်ကား (အို၊ ရစူလ်တမန်တော်၊တမန်တော်မူဆာနှင့်ပတ်သက်၍ အသင့်အား ပြောပြတော်မူ သမျှ ငါအရှင်မြတ်က ဝဟီအမိန့်တော်ထုတ်ပြန် ချမှတ်ပေးအပ်ခြင်းမှ သိသောအချက်များသာဖြစ်ပြီး) ငါအရှင်မြတ်သည် (တမန်တော်) မူဆာထံသို့ စီမံချက်အမိန့်တော်များကို ထုတ်ပြန်ပြဌာန်းတော်မူခဲ့စဉ် အသင်သည် (တောင်၏) အနောက်ဘက်အရပ်၌ ရှိခဲ့သည်လည်းမဟုတ်သည့်အပြင် (ထိုဖြစ်ရပ်ကိုတွေ့ မြင်ခဲ့သည့်) မျက်မြင်သက်သေတို့တွင် အပါအဝင် ဖြစ်ခဲ့သည်လည်း မဟုတ်ပေ။
وَلَٰكِنَّا أَنشَأْنَا قُرُونًا فَتَطَاوَلَ عَلَيْهِمُ الْعُمُرُ ۚ وَمَا كُنتَ ثَاوِيًا فِي أَهْلِ مَدْيَنَ تَتْلُو عَلَيْهِمْ آيَاتِنَا وَلَٰكِنَّا كُنَّا مُرْسِلِينَ (45)
သို့ရာတွင် ငါအရှင်မြတ်သည် မြောက်မြားစွာသော မျိုးဆက်တို့ကို သူတို့၏သက်တမ်းရှည်လျှား စေတော်မူလျက် ပေါ်ပေါက်စေတော်မူခဲ့၏။ ထို့ပြင် (အို၊ ရစူလ်တမန်တော်၊) မဒ်ယန်မြို့သူမြို့သားတို့ရှေ့ဝယ် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ဖတ်ပြခဲ့သည့်အချိန်တွင်လည်း အသင်သည် သူတို့နှင့် အတူ ထိုမြို့တွင်နေထိုင်သူတစ်ဦး မဖြစ်ခဲ့ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အရှင့် သတင်း ကောင်းများကို လူသားအရောက် ပို့ချပေးမည့် သတင်းဆောင်) ရစူလ်တမန်တော်များကို စေလွှတ်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။
وَمَا كُنتَ بِجَانِبِ الطُّورِ إِذْ نَادَيْنَا وَلَٰكِن رَّحْمَةً مِّن رَّبِّكَ لِتُنذِرَ قَوْمًا مَّا أَتَاهُم مِّن نَّذِيرٍ مِّن قَبْلِكَ لَعَلَّهُمْ يَتَذَكَّرُونَ (46)
ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာအား) အသံပေး၍ ဖိတ်ခေါ်တော်မူခဲ့စဉ် အသင် (တမန် တော်) သည် တွူရ်တောင်၏နံဘေး၌ ရှိခဲ့သည်လည်း မဟုတ်ပေ။ သို့ရာတွင် အသင်သည် သင့်အလျင် မည်သည့် သတိပေးနှိုးဆော်သူမျှ ရောက်မလာသေးသောလူမျိုးအား သူတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ရန်အ လို့ငှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ကရုဏာတော် (ကျမ်းတော်မြတ်ကုရ်အာန်) ဖြင့် သူတို့အား သတိပေးနှိုးဆော်ရန်အတွက်သာ (စေလွှတ်တော်မူခြင်း) ဖြစ်၏။
وَلَوْلَا أَن تُصِيبَهُم مُّصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَيَقُولُوا رَبَّنَا لَوْلَا أَرْسَلْتَ إِلَيْنَا رَسُولًا فَنَتَّبِعَ آيَاتِكَ وَنَكُونَ مِنَ الْمُؤْمِنِينَ (47)
စင်စစ်သော်ကား အကယ်၍ သူတို့အပေါ်၌ သူတို့၏လက်များဖြင့် ပြုမူကျင့်ကြံ၍ (နောင်တမ လွန်ဘဝ၌ ပြစ်ဒဏ်များကို မြည်းကြရန် ဆိုးကျိုးဆက်အဖြစ်) တင်ကြို၍ ပို့ထားခဲ့သောကြောင့် ဘေးဒုက္ခ အခက် အခဲ တစ်စုံတစ်ရာ သက်ရောက်လာသောအခါ သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်ုပ်တို့ထံ ရစူလ်တ မန်တော်တစ်ပါးပါး ကို စေလွှတ်တော်မမူခဲ့ပါသနည်း။ သို့စေလွှတ်တော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် အသင်အရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များကို (တသွေမတိမ်းနာခံ) လိုက်နာကြပြီး သက်ဝင်ယုံကြည်သူများအနက် ဖြစ်နိုင်ခဲ့ကြမည်။” ဟု ပြောဆိုကြလေ၏။
فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِندِنَا قَالُوا لَوْلَا أُوتِيَ مِثْلَ مَا أُوتِيَ مُوسَىٰ ۚ أَوَلَمْ يَكْفُرُوا بِمَا أُوتِيَ مُوسَىٰ مِن قَبْلُ ۖ قَالُوا سِحْرَانِ تَظَاهَرَا وَقَالُوا إِنَّا بِكُلٍّ كَافِرُونَ (48)
သို့ရာတွင် သူတို့ထံသို့ (တမန်တော်မြတ်မုဟမ္မဒ်မှတစ်ဆင့်) ငါအရှင်မြတ်ထံတော်မှဖြစ်သော အမှန် တရားသစ္စာ (ကျမ်းတော်) အား ရောက်ရှိစေသောအခါ သူတို့က (ထိုအမှန်တရားကို ငြင်းပယ်ရန် ဆင်ခြေအဖြစ်) “အဘယ်ကြောင့် (ဤရစူလ်တမန်တော်သည် တမန်တော်) မူဆာထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အရာများကဲ့သို့ပင် (တစ်ချိန်တည်း တစ်ပြိုင်နက်တည်း) ချမှတ်ပေးအပ်တော်မူခြင်း မခံရပါသနည်း။” ဟု စောဒကတက်မေးမြန်းကြ၏။ သူတို့သည် ယခင်က (တမန်တော်) မူဆာထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသော အရာများကို (မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြသည် မဟုတ်လော၊ သူတို့က “(တောင်ရာတ် ကျမ်းနှင့်ကုရ်အာန်ကျမ်းမြတ်) နှစ်ခုလုံးပင် အချင်းချင်း တစ်ခုကိုတစ်ခု ထောက်ခံအားပေးသော မှော်ပယောဂအတတ်ပညာနှစ်မျိုးပင် ဖြစ်သည်။ဟု ပြောဆိုခဲ့ကြ၏။ ထို့ပြင် သူတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် (အရှင်မြတ် ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်) အားလုံးနှင့်ပတ်သက်၍ မယုံကြည်ဖီဆန် ငြင်းပယ် သူများပင် ဖြစ်ကြသည်။” ဟု ပြောဆိုခဲ့ကြ၏။
قُلْ فَأْتُوا بِكِتَابٍ مِّنْ عِندِ اللَّهِ هُوَ أَهْدَىٰ مِنْهُمَا أَتَّبِعْهُ إِن كُنتُمْ صَادِقِينَ (49)
(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာ သစ္စာဝါဒီများ ဖြစ် ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ယင်း (တောင်ရာတ်နှင့်ကုရ်အာန်) နှစ်စောင်လုံးထက် ပိုမို၍ တရားလမ်းမှန် ညွှန်ပြနိုင်သော ကျမ်းတစ်စောင်ကို ယင်းနှင့်အညီ လိုက်နာနိုင်ရန် ယူဆောင်လာကြလော့။
فَإِن لَّمْ يَسْتَجِيبُوا لَكَ فَاعْلَمْ أَنَّمَا يَتَّبِعُونَ أَهْوَاءَهُمْ ۚ وَمَنْ أَضَلُّ مِمَّنِ اتَّبَعَ هَوَاهُ بِغَيْرِ هُدًى مِّنَ اللَّهِ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ (50)
သို့ရာတွင် အကယ်၍ သူတို့သည် အသင်၏ပြောကြားချက်ကို သဘောမတူ တုံ့ပြန်ဖြေကြား နိုင်စွမ်း မရှိကြလျှင် သူတို့သည် သူတို့၏စိတ်အလိုဆန္ဒရမ္မက်များကိုသာ လိုက်နာလိုက်စားသူများသာလျှင် ဖြစ်ကြ ကြောင်း သိမှတ်ထားလော့။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်ထံတော်မှ တရားလမ်းညွှန် တစ်စုံတစ်ရာမျှ မရှိဘဲလျက် သူတို့၏စိတ်အလိုဆန္ဒရမ္မက်ကိုသာ လိုက်နာလိုက်စားသောသူထက် ပိုမို၍ လမ်း လွဲမှားသောသူဟူ၍ မည်သူရှိပါအံ့နည်း။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသောလူမျိုးတို့အား တရားလမ်း မှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။
۞ وَلَقَدْ وَصَّلْنَا لَهُمُ الْقَوْلَ لَعَلَّهُمْ يَتَذَكَّرُونَ (51)
ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သူတို့အတွက် သူတို့က သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟနိုင်ကြရန်အလို့ငှာ အရှင့်မုက္ခပါတ်တော်ကို (အာယသ်သက်သေလက္ခဏာတော်တစ်ခုပြီးတစ်ခု ကဏ္ဍတစ်ခုပြီး တစ်ခုကို အဆက်မပြတ်) ပို့ချပေးအပ်တော်မူ၏။
الَّذِينَ آتَيْنَاهُمُ الْكِتَابَ مِن قَبْلِهِ هُم بِهِ يُؤْمِنُونَ (52)
ထို (ကုရ်အာန်ကျမ်းမြတ်) မတိုင်မီ ငါအရှင်မြတ်က ကျမ်းတော်ချမှတ်ပေးအပ်တော်မူခဲ့သော သူတို့မှာကား သူတို့သည် ယင်း (ကုရ်အာန်ကျမ်းမြတ်) နှင့်စပ်လျဉ်း၍ ယုံကြည်ကြသည်။
وَإِذَا يُتْلَىٰ عَلَيْهِمْ قَالُوا آمَنَّا بِهِ إِنَّهُ الْحَقُّ مِن رَّبِّنَا إِنَّا كُنَّا مِن قَبْلِهِ مُسْلِمِينَ (53)
ထို့ပြင် ယင်း (ကုရ်အာန်ကျမ်းမြတ်) ကို သူတို့ရှေ့ဝယ် ဖတ်ကြားသောအခါ သူတို့က ကျွန်တော်မျိုးတို့ သည် ယင်း နှင့်စပ်လျဉ်း၍ ယုံကြည်ကြပါပြီ။ ဧကန်ပင်၊ ယင်း (ကုရ်အာန်ကျမ်းမြတ်) သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ (ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသည့်) အမှန်တရားသစ္စာပင် ဖြစ်သည်။ ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် ယင်း (ကုရ်အာန်ကျမ်းမြတ်ကို ချမှတ်ပေးအပ်တော်မမူမီ) အလျင်ကပင် (ကျွန်ုပ်တို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံအပ်နှံ၍ အမိန့်တော်ကို နာခံလိုက်နာလျက် ငြိမ်းချမ်းရေးလိုလားသော) မွတ်စလင်များ ဖြစ်ခဲ့ကြပါသည်ဟု ပြောဆိုခဲ့ကြ၏။
أُولَٰئِكَ يُؤْتَوْنَ أَجْرَهُم مَّرَّتَيْنِ بِمَا صَبَرُوا وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ (54)
ထိုသူတို့သည် (ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏လမ်းစဉ်အတိုင်း ဘဝဆောက်တည်ရာ တွင် ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲအားလုံးအပေါ် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုရှိကြခြင်းကြောင့်လည်းကောင်း၊ မကောင်းမှုအကုသိုလ်များကို ကောင်းမှုကုသိုလ်များဖြင့် (တုံ့ပြန်) တွန်းလှန်ကြသော ကြောင့်လည်းကောင်း၊ သူတို့အား ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူခဲ့သော ဥစ္စာဓန၊ နည်းပညာ၊ အသိပညာ ဩဇာအာဏာ၊ အစရှိသော) ရိက္ခာအထောက်အပံ့များအနက်မှ (အရှင် မြတ်၏ကျေနပ်နှစ်မြို့မှုရရှိရန် အလို့ငှာ ဆင်းရဲချို့တဲ့သူတို့အား) စွန့်လှူပေးကမ်းကြသောကြောင့်လည်းကောင်း၊ သူတို့၏အကျိုးဆုလဒ်ကိုလည်း နှစ်ဆ ချီးမြှင့်ပေးအပ်တော်မူခြင်းခံကြရပေမည်။
وَإِذَا سَمِعُوا اللَّغْوَ أَعْرَضُوا عَنْهُ وَقَالُوا لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ سَلَامٌ عَلَيْكُمْ لَا نَبْتَغِي الْجَاهِلِينَ (55)
ထို့ပြင် သူတို့သည် (အသုံးမဝင် ရန်လိုမုန်းတီးသော တာဝန်မဲ့သော) အချည်းနှီးသည့် အပြောအဆို များကို ကြားကြလေသောအခါ ယင်းတို့မှ မျက်နှာလွှဲ ဆုတ်ခွာသွားကြသည့်ပြင် (ယင်းတို့၌ ပါဝင်ပတ်သက် နေသူတို့အား) “ကျွန်ုပ်တို့၏ ပြုမူကျင့်ကြံမှုများသည် ကျွန်ုပ်တို့အတွက် တာဝန်ရှိ၍ သင်တို့၏ပြုမူကျင့်ကြံမှု များမှာ သင်တို့တာဝန်ခံရန်အတွက် ဖြစ်သည်။ ငြိမ်းချမ်းသာယာမှုသည် သင်တို့အပေါ်၌ ရှိပါစေ။ ကျွန်ုပ်တို့သည် (ကျမ်းတော်၊ လမ်းညွှန်တော်နှင့်အမှန်တရားကို အလေးမထားသော) အသိပညာ ကင်းမဲ့သူတို့နှင့်ပူးပေါင်းရော နှောရန် မရှာကြံမကြိုးပမ်းကြပေ။” ဟု ပြောဆိုကြ၏။
إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَن يَشَاءُ ۚ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ (56)
ဧကန်ပင်၊ အသင် (တမန်တော်) သည် အသင်လိုလားနှစ်သက်သောသူအား တရားလမ်းမှန် ညွှန်ပြနိုင် သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အ ညီ အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် (တရား လမ်းမှန်ကို လိုလိုလားလား လက်ခံလိုစိတ်ရှိသောကြောင့်) တရားလမ်းမှန် ညွှန်ပြခြင်းခံကြမည့်သူဖြစ်ကြောင်းကို ကောင်းစွာ သိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။
وَقَالُوا إِن نَّتَّبِعِ الْهُدَىٰ مَعَكَ نُتَخَطَّفْ مِنْ أَرْضِنَا ۚ أَوَلَمْ نُمَكِّن لَّهُمْ حَرَمًا آمِنًا يُجْبَىٰ إِلَيْهِ ثَمَرَاتُ كُلِّ شَيْءٍ رِّزْقًا مِّن لَّدُنَّا وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ (57)
ထို့ပြင် သူတို့က (တမန်တော်မြတ်အား) “အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်နာကြလျှင် ကျွန်ုပ်တို့မှာ ကျွန်ုပ်တို့၏တိုင်းပြည်ဒေသမှ ဝိုင်းပယ်နှင်ထုတ်ခြင်းကို ခံကြရပေမည်။” ဟု ပြောဆိုခဲ့ကြ၏။ ငါအရှင်မြတ်သည် သူတို့အတွက် ငါအရှင်မြတ်၏အထံတော်မှ သစ်သီးဝလံ မျိုးစုံနှင့် (အခြားလို အပ်ချက်အားလုံးကို) စားနပ်ရိက္ခာအဖြစ် သူတို့ထံ (တင်သွင်းစေခြင်းဖြင့်) ရောက်စေတော်မူလျက် ဘေးကင်းလုံခြုံရာ အထွတ်အမြတ်နေရာဌာနအဖြစ် ထူထောင်ပေးတော်မူပြီ မဟုတ်လော။ သို့ရာတွင် သူတို့အနက် အများ စုသည် (သူတို့ထံသို့ ထိုသို့ရိက္ခာအထောက်အပံ့များ ရောက်လာခြင်းကို သူတို့ယုံကြည်ကိုးကွယ်သော ရုပ်ပွား ဆင်းတုများ၏ဆွဲဆောင်မှုကြောင့် ကုန်သည်များရောက်လာသည့်အတွက်ဖြစ်သည်ဟု ထင်မြင်ယူဆကြပြီး အရှင်မြတ်က ရိက္ခာအထောက်အပံ့နှင့်လုံခြုံမှုအကာအ ကွယ် ပေးတော်မူကြောင်းကို) မသိနားမလည်ကြပေ။
وَكَمْ أَهْلَكْنَا مِن قَرْيَةٍ بَطِرَتْ مَعِيشَتَهَا ۖ فَتِلْكَ مَسَاكِنُهُمْ لَمْ تُسْكَن مِّن بَعْدِهِمْ إِلَّا قَلِيلًا ۖ وَكُنَّا نَحْنُ الْوَارِثِينَ (58)
စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့နေထိုင်ရာ ထိုမြို့ရွာနေရာဒေသများတွင် အခြေချနေထိုင်၍ ယင်းဒေသရှိ (အရှင်မြတ်ပေးအပ်တော်မူသည့် လောကီအကျိုးခံစားခွင့်ဆိုင်ရာ) အသက်မွေးဝမ်း ကျောင်းများဖြင့် ပျော်ရွှင်မြူးထူးဖြစ်ခဲ့ကြသည့် မြို့ရွာပေါင်းမည်ရွေ့မည်မျှကို တိမ်ကောပျက်စီးစေတော်မူခဲ့ကြောင်းကိုလည်းကောင်း၊ ထိုသို့တိမ်ကောပျက်စီးစေတော်မူပြီးနောက်တွင် ထိုဒေသများ၌ အနည်း ငယ်မှအပ မှီတင်းနေထိုင်သူ ကင်းမဲ့ကာ ငါအရှင်မြတ်သည်သာ (ထာဝရတည်တံ့တော်မူသည့်အရှင်မြတ် ဖြစ်သည့်အလျှောက် အမွေထိန်း တော်အဖြစ်) အစဉ်အမြဲ အမွေဆက်ခံသူအားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ဖြစ်ကြောင်းကိုလည်းကောင်း၊ (ကျမ်းတော်မြတ်ကုရ်အာန်က သူတို့အား မညွှန်ပြလေသလော။)
وَمَا كَانَ رَبُّكَ مُهْلِكَ الْقُرَىٰ حَتَّىٰ يَبْعَثَ فِي أُمِّهَا رَسُولًا يَتْلُو عَلَيْهِمْ آيَاتِنَا ۚ وَمَا كُنَّا مُهْلِكِي الْقُرَىٰ إِلَّا وَأَهْلُهَا ظَالِمُونَ (59)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် သည် မြို့ရွာများကို ထိုမြို့ရွာများ၏ရာဇဌာနေမိခင်မြို့ပြတွင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ ခဏာတော်များကို သူတို့ရှေ့၌ ဖတ်ကြားအံ့သော ရစူလ်တမန် တော်တစ်ပါးပါးကို ပွင့်ပေါ်စေလွှတ်တော်မူခြင်း မရှိသမျှ ကာလပတ်လုံး တိမ်ကောဖျက်ဆီးစေတော်မူသည့်အရှင် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ် သည် မြို့ရွာများကို ယင်း၏ပြည်သူများက အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက် ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူ ကျင့်ကြံသူများဖြစ်ကြမှသာလျှင် တိမ်ကောဖျက်ဆီးစေတော်မူသည့်အရှင် ဖြစ်တော်မူ၏။
وَمَا أُوتِيتُم مِّن شَيْءٍ فَمَتَاعُ الْحَيَاةِ الدُّنْيَا وَزِينَتُهَا ۚ وَمَا عِندَ اللَّهِ خَيْرٌ وَأَبْقَىٰ ۚ أَفَلَا تَعْقِلُونَ (60)
စင်စစ် သင်တို့အား ပေးအပ်တော်မူခြင်းခံကြရသောအရာများမှာ ဤလောကီဘဝသက်တမ်း၏ စိတ်ဖြေ စရာ အကျိုးခံစားခွင့်များနှင့်လှပတင့်တယ်မှုမျှသာ ဖြစ်သော်လည်း (ကောင်းမှုကုသိုလ်များအတွက် ရရှိခံစားစေမည့် ဆုလဒ်များ) အတည်မြဲဆုံးနှင့်အကောင်းမြတ်ဆုံးသော လှပတင့်တယ်မှုများ မှာမူကား အလ္လာဟ်အရှင်မြတ် ထံတော်၌သာ ရှိ၏။ သို့ပါလျက် သင်တို့သည် (ဆင်ခြင်တုံတရားကိုသုံး၍ တွေး ခေါ်၊ ဆင်ခြင်လျက်) သိနားလည်ခြင်း မရှိကြသလော။
أَفَمَن وَعَدْنَاهُ وَعْدًا حَسَنًا فَهُوَ لَاقِيهِ كَمَن مَّتَّعْنَاهُ مَتَاعَ الْحَيَاةِ الدُّنْيَا ثُمَّ هُوَ يَوْمَ الْقِيَامَةِ مِنَ الْمُحْضَرِينَ (61)
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အကောင်းမြတ်ဆုံး ကတိတော် (အဖြစ်လွတ်ငြိမ်းခွင့်နှင့် သုခဥယျာဉ် ပေးတော်မူမည်ဖြစ်ကြောင်း) ကို ကတိထားတော်မူပြီး ယင်းကတိတော်အတိုင်း တွေ့ကြုံခံစားခွင့် ရရှိသူသည် လောကီဘဝသက်တမ်း၏စိတ်ဖြေစရာ အကျိုးခံစားခွင့်များနှင့်လှပတင့်တယ်မှုများကိုသာ (လောကီဘဝ၌ ခေတ္တ ခဏမျှ) ခံစားခွင့်ရပြီး ရှင်ပြန်ထမည့်နေ့တွင် ပြစ်မှုကျူးလွန်ကြောင်း တရားဝင်စွဲချက်ဖြင့် ရုံးတင်စစ်ဆေးခြင်း ခံကြရသူများကဲ့သို့ ဖြစ်မည်လော။
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنتُمْ تَزْعُمُونَ (62)
(နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် သူတို့သည် “(လောကီဘဝ၌ သက်ရှိသက်မဲ့များ၊ ဓန ချမ်းသာနှင့်ဩဇာအာဏာတို့အနက်မှ) ငါအရှင်မြတ်၏တွဲဖော်တွဲဖက်အဖြစ် (အယူသည်းစွာဖြင့်) ကြွေး ကြော်လျက် ယုံကြည်ကိုးကွယ်လေ့ရှိခဲ့ကြသော ထိုကိုးကွယ်ရာများသည် (ယခုအခါ) အဘယ်မှာနည်း။” ဟု မေးမြန်းတော်မူခြင်းခံကြရမည်။
قَالَ الَّذِينَ حَقَّ عَلَيْهِمُ الْقَوْلُ رَبَّنَا هَٰؤُلَاءِ الَّذِينَ أَغْوَيْنَا أَغْوَيْنَاهُمْ كَمَا غَوَيْنَا ۖ تَبَرَّأْنَا إِلَيْكَ ۖ مَا كَانُوا إِيَّانَا يَعْبُدُونَ (63)
(ထိုစဉ် လောကီဘဝ၌ အရှင်မြတ်ကိုစွန့်၍ အခြားသက်ရှိသက်မဲ့များအား ကိုးကွယ်ရာအဖြစ် ယုံကြည် ကိုးကွယ်ရာတွင် ဦးဆောင်လမ်ပြလုပ်ခဲ့ကြသော) သူတို့သည် အရှင့်မုက္ခပါတ်တော် (ဖြစ်သော တရား ဝင်စွဲချက်ဖြင့် ရုံးတင်စစ်ဆေး၍ ပြစ်ဒဏ်ပေးတော်မူမည်ဟူသော အချက်) ကို သူတို့အပေါ်၌ (အတည်ပြုသက်ရောက်၍) အမှန်တရားဖြစ်ကြောင်း အသိတရားရလာလျက် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့က (အတင်းအဓမ္မမဟုတ်ဘဲ သူတို့၏လွတ်လပ်သောဆန္ဒကို အသုံး ချစေလျက် ကျွန်ုပ်၏နောက်လိုက်များဖြစ်ကြသော) သူတို့အား လမ်းလွဲစေသကဲ့သို့ ဤ (ကိုးကွယ်ရာအဖြစ် အားကိုးတကြီး ယုံကြည်ကိုးကွယ်ခံကြသော) အရာမျာသည်ပင် ကျွန်ုပ်တို့ကိုလည်း လမ်းလွဲစေခဲ့ခြင်းသာ ဖြစ်ပါ၏။” (နောက်လိုက်များနှင့်ပတ်သက်၍လည်း ကျွန်ုပ်တို့ သည်) အသင်အရှင်မြတ်၏ရှေ့တော်မှောက်၌ (သူတို့နှင့်ကျွန်တို့ မည်သို့မျှမပက် သက်ဘဲ ကင်းရှင်းပါ၏။) ကျွန်ုပ်တို့မှာ အပြစ်မရှိပါ။ သူတို့သည် ကျွန်ုပ်တို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြသည် မဟုတ်ပါ။ (သူတို့၏စိတ်အလိုရမ္မက်နောက်ကိုသာ လိုက်ခဲ့ခြင်းဖြစ်၏။)” ဟု လျှောက်ထားမည်။
وَقِيلَ ادْعُوا شُرَكَاءَكُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَرَأَوُا الْعَذَابَ ۚ لَوْ أَنَّهُمْ كَانُوا يَهْتَدُونَ (64)
ထို့ပြင် “(သူတို့အား လောကီဘဝ၌ အရှင်မြတ်ကို စွန့်၍ ကိုးကွယ်ရာအဖြစ် ယုံကြည်ကိုးကွယ်ခံကြ သော) သင်တို့၏ထိုတွဲဖက်ကိုးကွယ်ရာများကို ခေါ်ကြလော့။” ဟု အမိန့်ပေးတော်မူခြင်းကို ခံကြရမည်ဖြစ်ရာ သူတို့သည် ယင်းတို့ကို ဟစ်ခေါ်ကြမည်ဖြစ်သော်လည်း ယင်းတို့က သူတို့အား ပြန်ထူး၍ တုံပြန်ဖြေကြားမည် မဟုတ်သည့်အပြင် ပြစ်ဒဏ်ကိုသာ (မျက်ဝါးထင်ထင်) တွေ့မြင်ကြပြီး “အကယ်၍ သူတို့ သည် (လောကီဘဝ၌) တရားလမ်းမှန်ကို လိုက်နာခဲ့မိလျှင် ကောင်းလေစွ။”ဟု ညည်းညူကြလိမ့်မည်။
وَيَوْمَ يُنَادِيهِمْ فَيَقُولُ مَاذَا أَجَبْتُمُ الْمُرْسَلِينَ (65)
(နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် ထိုအရှင်မြတ်သည် သူတို့ကို (နောက်ထပ်တစ်ကြိမ်) ဆင့်ခေါ်၍ “သင်တို့သည် ရစူလ်တမန်တော်တို့အား မည်သို့ တုံ့ပြန်ဖြေကြားခဲ့ကြသနည်း။” ဟု မေးမြန်းတော်မူမည်။
فَعَمِيَتْ عَلَيْهِمُ الْأَنبَاءُ يَوْمَئِذٍ فَهُمْ لَا يَتَسَاءَلُونَ (66)
သို့ရာတွင် (လောကီဘဝ၌ သူတို့လိမ်လည်ခွင့် ရခဲ့သော်လည်း တမလွန်တရားစီရင်တော်မူမည့်) ထို့နေ့တွင် သူတို့အပေါ်၌ သတင်းအချက်အလက်များ အမှောင်ချခြင်းခံထားရမည်ဖြစ်ရာ သူတို့သည် အချင်း ချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် စုံစမ်းမေးမြန်းခြင်းကိုပင် ပြုနိုင်ကြမည် မဟုတ်ပေ။
فَأَمَّا مَن تَابَ وَآمَنَ وَعَمِلَ صَالِحًا فَعَسَىٰ أَن يَكُونَ مِنَ الْمُفْلِحِينَ (67)
သို့ရာတွင် မည်သူမဆို (လမ်းမှားရောက်ခဲ့ကြောင်းကို နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်ပြီးနောက် အရှမြတ်ဘက်သို့) လှည့်ပြန်၍ သက်ဝင်ယုံကြည်သည့်အပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှု များဖြင့် ဘဝဆောက်တည်ခဲ့သည်ရှိသော် ထိုသူသည် ပေါက်မြောက်အောင်မြင်သူတို့ အနက်မှပင် ဖြစ်နိုင်ခြေ ရှိကြောင်း မျှော်လင့်ရာ၏။
وَرَبُّكَ يَخْلُقُ مَا يَشَاءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ الْخِيَرَةُ ۚ سُبْحَانَ اللَّهِ وَتَعَالَىٰ عَمَّا يُشْرِكُونَ (68)
စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောအရာကို ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး (အရှင့်နိယာမတော်နှင့်အညီ အမှုထမ်းဆောင်ရန်) ရွေးချယ်တော်မူ၏။ သူတို့အတွက် (အရှင်မြတ်ခန့်အပ်တော်မူသော တာဝန်ကို အရှင့်နိယာမတော်နှင့်အမိန့်တော်အတိုင်း လုပ်ဆောင်ခြင်းမှအပ သူတို့၏ လွတ်လပ်သော ဆန္ဒအတိုင်း) ရွေးချယ်လုပ်ဆောင်ခွင့် အလျှင်း မရှိချေ။ အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူပြီး လူသားတို့ထင်မြင်ယူဆသည့် ချို့တဲ့မှုအပေါင်းမှ လုံးဝ ကင်းစင်လျက်) သူတို့တွဲဖက်တုပြိုင်၍ ကိုး ကွယ်နေကြသော အရာအားလုံးထက် မြင့်မြတ်တော်မူသည့်အပြင် သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။
وَرَبُّكَ يَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ (69)
ထို့ပြင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် သူတို့၏ရင်တွင်း၌ ထိန်ချန်ဖုံးဖိထားသည်တို့ကိုလည်းကောင်း၊ ထုတ်ဖော်ဖွင့်ဟ၍ ဝန်ခံကြသည်တို့ကိုလည်း ကောင်း၊ သိနေတော်မူ၏။
وَهُوَ اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْحَمْدُ فِي الْأُولَىٰ وَالْآخِرَةِ ۖ وَلَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ (70)
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏တစ်ဆူတည်းသော ကိုးကွယ်ရာ အရှင် ဖြစ်တော်မူပြီး သက်ရှိသက်မဲ့၊ အရာခပ်သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအ ရှင်ဟူ၍ အလျှင်း မရှိသည့်အပြင် (လောကီလောကုတ္တရာဆိုင်ရာ) အရေးကိစ္စဟူသမျှ၏အဦးဆုံးနှင့်နောက်ဆုံးတွင် ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်း ဟူသမျှတို့သည် လည်း (သက်ရှိသက်မဲ့တို့ကို အလှပဆုံးပုံစံများ ဖွဲ့စည်း တည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များဖြင့် ဖြစ်ပေါ်စေတော်မူသော) အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။ ထို့ပြင် (အရေးကိစ္စအလုံးစုံ၏ စီရင်ဆုံးဖြတ်ခွင့်ဆိုင်ရာ) အမိန့်အာဏာသည်လည်း (အရာခပ်သိမ်းအတွက် နိယာမတရားနှင့်စည်းမျဉ်းတော်များချမှတ်ပေးအပ်တော်မူသော) ထိုအရှင်မြတ် (၏အမိန့်ပညတ်ချက်များနှင့် အညီ လိုက်နာကျင့်သုံးရန်) အတွက်သာ ဖြစ်ပြီး သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည် ဦးလှည့်၍ ရောက်စေမူခြင်းခံရမည်သာတည်း။
قُلْ أَرَأَيْتُمْ إِن جَعَلَ اللَّهُ عَلَيْكُمُ اللَّيْلَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِضِيَاءٍ ۖ أَفَلَا تَسْمَعُونَ (71)
(အို၊ ရစူလ်တမန်တော် သူတို့အား) “အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ညကို ရှင်ပြန်ထမည့်နေ့တိုင် အောင် သင်တို့အပေါ်၌ (နေ့မဖြစ်စေဘဲ ညအဖြစ်သာ ဆက်လက်၍) အစဉ်မြဲမြံစွာ တည်တံ့စေတော်မူလျှင် အလ္လာဟ်အရှင်မြတ်အပြင် သင်တို့ထံသို့ (နေ့) အလင်းရောင်အား ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိနိုင်ကြောင်းကို တွေးတောဆင်ခြင် သုံးသပ်မိလေသလော။ သို့ပါလျက် သင်တို့သည် (အရှင်မြတ်၏ အမိန့်တော်များနှင့်အမှန်တရားသစ္စာကို အလေးအနက်ထား၍) ကြားနာနိုင် စွမ်းမရှိကြလေသလော။” ဟု မေး မြန်းဟောပြောလော့။
قُلْ أَرَأَيْتُمْ إِن جَعَلَ اللَّهُ عَلَيْكُمُ النَّهَارَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ (72)
(အို၊ ရစူလ်တမန်တော် သူတို့အား) “အကယ်၍ အလ္လာဟ်အရှင်မြတ်သည်နေ့ကို ရှင်ပြန်ထမည့် နေ့တိုင် အောင် သင်တို့အပေါ်၌ (ညမဖြစ်စေဘဲ နေ့အဖြစ်သာ ဆက်လက်၍) အစဉ်မြဲမြံစွာ တည်တံ့စေတော်မူလျှင် အလ္လာဟ်အရှင်မြတ်အပြင် သင်တို့ထံသို့ ယင်း၌ အိပ်စက်အနားယူနိုင်အလို့ငှာ ညအား ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူ ရှိနိုင်ကြောင်းကို တွေးတောဆင်ခြင် သုံးသပ်မိလေသ လော။ သို့ပါလျက် သင်တို့သည် (အရှင်မြတ်၏အမိန့်တော်များနှင့်အမှန်တရားသစ္စာကို အလေးအနက်ထား၍) တွေ့မြင်နိုင်စွမ်း မရှိ ကြလေသလော။” ဟု မေးမြန်းဟောပြောလော့။
وَمِن رَّحْمَتِهِ جَعَلَ لَكُمُ اللَّيْلَ وَالنَّهَارَ لِتَسْكُنُوا فِيهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ (73)
စင်စစ် ထိုအရှင်မြတ်သည် အရှင့်ကရုဏာတော်မှ သင်တို့အတွက် ညနှင့်နေ့ကို (အလှည့်ကျ ပြောင်းလဲ ဖြစ်ပေါ်စေလျက် ညကို ယင်း၌) အိပ်စက်အနားယူစရာအဖြစ်လည်းကောင်း၊ (နေ့ကို) အလင်းရ၍ မြင်နိုင်စွမ်းပေး သောအရာ (အလုပ်လုပ်နိုင်သည့် အခွင့်အရေးရစရာ) အဖြစ်လည်းကောင်း၊ စီမံဖြစ်ပေါ် စေတော်မူပြီး (ထိုသို့ဖြစ် စေတော်မူခြင်းသည် မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက် သယံဇတ၊ အရင်း အမြစ်နှင့်အသက် ရှင်ရပ်တည် နိုင်သော ရက်ရောစွာ ပေးအပ်တော်မူထားသည့်) ထိုအရှင်မြတ်၏ကျေးဇူးတော်များမှ ရှာမှီးရယူနိုင်ရန်နှင့် သင်တို့ ကျေးဇူးသိတတ်ကြရန်အတွက်ပင် ဖြစ်၏။
وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنتُمْ تَزْعُمُونَ (74)
(နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် သူတို့သည် “(လောကီဘဝ၌ သက်ရှိသက်မဲ့များ၊ ဓနချမ်းသာနှင့်ဩဇာအာဏာတို့အနက်မှ) ငါအရှင်မြတ်၏တွဲဖော်တွဲဖက်အဖြစ် (အယူသည်းစွာဖြင့်) ကြွေး ကြော်လျက် ယုံကြည်ကိုးကွယ်လေ့ရှိခဲ့ကြသော ထိုကိုးကွယ်ရာများသည် (ယခုအခါ) အဘယ်မှာနည်း။” ဟု မေးမြန်းတော်မူခြင်းခံကြရမည်။
وَنَزَعْنَا مِن كُلِّ أُمَّةٍ شَهِيدًا فَقُلْنَا هَاتُوا بُرْهَانَكُمْ فَعَلِمُوا أَنَّ الْحَقَّ لِلَّهِ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ (75)
ထို့ပြင် ငါအရှင်မြတ်သည် လူ့ဘောင်အသိုင်းအဝိုင်းတိုင်းမှ (သူတို့ထံ စေလွှတ်တော်မူခဲ့သည့် ရစူလ် တမန်တော်ကို) သက်သေတစ်ဦးအဖြစ် ခေါ်ထုတ်တော် မူပြီးလျှင် (ထိုရစူလ်တမန်တော်နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ခဲ့ကြသော သူတို့အား) “သင်တို့သည် (အရှင်မြတ်မှအပ သင်တို့၏ကိုးကွယ်ရာများ မှန်ကန် ကြောင်းနှင့်စပ်လျဉ်း၍) သင်တို့၏သက်သေအထောက်အထားကို ထုတ်ပြတင်ဆက်ကြလော့။” ဟု မိန့်ကြားတော်မူမည်။ ထိုအခါ သူတို့သည် အမှန်တရားသစ္စာမှာ အလ္လာဟ်အရှင်မြတ်၌သာ ရှိကြောင်းနှင့်သူတို့ ကြံစည် ဖန်တီးထားသော ကိုးကွယ်ရာများသည် (သူတို့ကို ပစ်ပယ်၍) သူတို့ထံမှ ရှောင်ကြဉ်လွဲဖယ်သွားပြီ ဖြစ်ကြောင်းကို ကောင်းစွာ သိရှိသွားကြပေမည်။
۞ إِنَّ قَارُونَ كَانَ مِن قَوْمِ مُوسَىٰ فَبَغَىٰ عَلَيْهِمْ ۖ وَآتَيْنَاهُ مِنَ الْكُنُوزِ مَا إِنَّ مَفَاتِحَهُ لَتَنُوءُ بِالْعُصْبَةِ أُولِي الْقُوَّةِ إِذْ قَالَ لَهُ قَوْمُهُ لَا تَفْرَحْ ۖ إِنَّ اللَّهَ لَا يُحِبُّ الْفَرِحِينَ (76)
ဧကန်ပင်၊ ကာရူန်သည် တမန်တော်မူဆာ၏လူမျိုးတို့အနက်မှပင် ဖြစ်ပြီး ငါအရှင်မြတ်က သူ့အား ချီးမြှင့်ပေးအပ်တော်မူခဲ့သော ဥစ္စာဓနရွှေငွေရတနာသိုက်များမှ (ယင်းတို့ကို သိမ်းဆည်းထားသည့်အခန်းများ ၏) သော့များသည် ခွန်အားဗလနှင့်ပြည့်စုံသော လူတစ်စုကိုပင် မနိုင်မနင်းထမ်းရသည်အထိ များပြားခဲ့သော်လည်း သူသည် သူ့လူမျိုးတို့အပေါ်တွင် (သစ္စာဖောက်လျက် မာန်မာနထောင်လွှား၍) ဖိနှိပ်ချုပ် ချယ်သူဖြစ်ခဲ့သူ ဖြစ်ခဲ့၏။ ထိုအခါ သူ့လူမျိုးများသည်ပင် သူ့အား “(သင့်ဥစ္စာဓနကြောင့်) ဂုဏ်မောက် လျက် ပျော်ရွှင်မြူးထူးမဖြစ်လေနှင့်၊ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ဂုဏ်မောက်လျက် ပျော်ရွှင် မြူး ထူးဖြစ်သူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။” ဟု ပြစ်တင်ပြောခဲ့ကြ၏။
وَابْتَغِ فِيمَا آتَاكَ اللَّهُ الدَّارَ الْآخِرَةَ ۖ وَلَا تَنسَ نَصِيبَكَ مِنَ الدُّنْيَا ۖ وَأَحْسِن كَمَا أَحْسَنَ اللَّهُ إِلَيْكَ ۖ وَلَا تَبْغِ الْفَسَادَ فِي الْأَرْضِ ۖ إِنَّ اللَّهَ لَا يُحِبُّ الْمُفْسِدِينَ (77)
ထို့ပြင် (သူတို့က ဆက်လက်၍) “အသင်သည် သင့်အား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူခဲ့သော ထို (ဥစ္စာဓနရွှေငွေရတနာသိုက်များ) ၌ လောကီဘဝမှ (သင့်အတွက်ခံစားခွင့်အဖြစ် ပေးအပ်တော်မူသည့်) သင်၏ဝေစုဝေပုံကို မေ့လျော့သွားခြင်းမရှိဘဲ (ချို့တဲ့ဆင်းရဲသူတို့အား စွန့်လှူပေးကမ်းခြင်းနှင့်ကောင်းမှု ကုသိုလ်များပြုလုပ်ခြင်း စသော) တမလွန်ဘဝ၏အိမ်ဗိမာန် (ရရှိခံစားနိုင်မည့် နည်းလမ်း များကိုလည်း) ရှာဖွေရ ယူလော့။ ထို့ပြင် အသင့်အား အလ္လာဟ်အရှင်မြတ်က အကောင်းဆုံး ချီးမြှင့်ပေးအပ်တော်မူသကဲ့သို့ပင် အသင် သည်လည်း (လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံလော့။ ထို့ပြင် မြေကမ္ဘာတိုင်းပြည်ဒေသတွင် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြစ်စေရန် (နည်းလမ်း များကို) မရှာဖွေမရှာမှီးလေနှင့်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများ ဖြစ်စေသူတို့အား နှစ်သက်တော်မူသည် မဟုတ်ပေ။
قَالَ إِنَّمَا أُوتِيتُهُ عَلَىٰ عِلْمٍ عِندِي ۚ أَوَلَمْ يَعْلَمْ أَنَّ اللَّهَ قَدْ أَهْلَكَ مِن قَبْلِهِ مِنَ الْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةً وَأَكْثَرُ جَمْعًا ۚ وَلَا يُسْأَلُ عَن ذُنُوبِهِمُ الْمُجْرِمُونَ (78)
ထိုစဉ် ကာရူန်က ကျွန်ုပ်သည် ဤ (ဥစ္စာဓနရွှေငွေရတနာသိုက်များ) ကို ကျွန်ုပ်၏ကျွမ်းကျင်သော အသိပညာအတတ်ပညာကြောင့်ပင်လျှင် ချီးမြှင့်ခံရခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့လေ၏။ မုချဧကန်၊ အလ္လာဟ်အရှင် မြတ်သည် သူ့အလျင် ရှိခဲ့ကြသော မျိုးဆက်များအနက်မှ သူ့ထက် (လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာနှင့်ဩဇာအာဏာအစရှိသော) ခွန်အားဗလအားဖြင့်လည်းကောင်း (ဥစ္စာဓနရွှေငွေရ တနာအစရှိသည့်) အမြောက်အမြားစုဆောင်းထားသောပိုင်ဆိုင်မှုများအရလည်းကောင်း ပိုမို၍တောင့် တင်းခိုင်မာခဲ့သူများကိုပင် တိမ်ကောဖျက်ဆီးစေတော်မူခဲ့ကြောင်းကို (သူက) မသိသလော။ ရာဇဝတ်မှုကျူးလွန်သောသူတို့အား သူတို့၏ပြစ်မှုများနှင့်စပ်လျဉ်း၍ (ဖျက်ဆီးတိမ်ကောစေတော်မမူမီ ခုံပြောဆိုနိုင်ရန်) မေးမြန်းခြင်းကိုပင် ခံကြရလိမ့်မည် မဟုတ်ပေ။
فَخَرَجَ عَلَىٰ قَوْمِهِ فِي زِينَتِهِ ۖ قَالَ الَّذِينَ يُرِيدُونَ الْحَيَاةَ الدُّنْيَا يَا لَيْتَ لَنَا مِثْلَ مَا أُوتِيَ قَارُونُ إِنَّهُ لَذُو حَظٍّ عَظِيمٍ (79)
ထို့နောက် ကာရူန်သည် သူ့လူမျိုးတို့ရှေ့ဝယ် သူ့ခမ်းနားထည်ဝါမှုနှင့်တကွ ပြစားရန်ထွက်ခဲ့လေ၏။ (ထိုအခါ) လောကီဘဝသက်တမ်းကိုသာ အလိုရှိသူတို့က “သြော်၊ ကာရူန်က ချီးမြှင့်ခြင်းခံခဲ့ရသောအရာ (ခမ်းနားထည်ဝါမှုမျိုး) သည် ကျွန်ုပ်တို့အတွက်လည်း ရှိခဲ့လျှင် ကောင်းလေစွ။ ဧကန်မလွဲ၊ သူသည် အကြီးအကျယ် ကံကောင်းအကြောင်းလှခြင်းကို ပိုင်ဆိုင်သူ ဖြစ်ပေ၏တကား။” ဟုဆိုခဲ့ကြ၏။
وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَيْلَكُمْ ثَوَابُ اللَّهِ خَيْرٌ لِّمَنْ آمَنَ وَعَمِلَ صَالِحًا وَلَا يُلَقَّاهَا إِلَّا الصَّابِرُونَ (80)
သို့ရာတွင် (စစ်မှန်သောဉာဏ်) အသိပညာ ချီးမြှင့်ပေးအပ်တော်မူခြင်း ခံကြရသောသူတို့မူကား “သင်တို့ ဒုက္ခလှလှတွေ့ပါစေ။ သက်ဝင်ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ကောင်း မြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြသောသူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ (ချီးမြှင့်ပေးအပ်တော်မူမည့်) အကျိုးဆုလဒ်သည် အကောင်းဆုံးပင် ဖြစ်ပြီး (အရှင့်လမ်းညွှန်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ကြုံသမျှ ဒုက္ခအခက်အခဲများကို ဇွဲလုံ့လဝီရိယဖြင့်) ခန္တီသည်း ခံကြံ့ခိုင်မှုမြဲမြံသူတို့သာလျှင် ယင်းကို တွေ့ကြုံရရှိခံစားကြမည် ဖြစ်၏။” ဟု ပြောဆိုခဲ့ကြ၏။
فَخَسَفْنَا بِهِ وَبِدَارِهِ الْأَرْضَ فَمَا كَانَ لَهُ مِن فِئَةٍ يَنصُرُونَهُ مِن دُونِ اللَّهِ وَمَا كَانَ مِنَ الْمُنتَصِرِينَ (81)
ထို့နောက် ငါအရှင်မြတ်သည် ကာရူန်အား သူ့အိမ်နှင့်တကွ မြေမျိုစေတော်မူခဲ့ရာ၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူအား ကူညီစောင်မမည့် အုပ်စုဟူ၍ မည်သူမျှ မရှိခဲ့ရုံသာမ သူကိုယ်တိုင်လည်း (သူ့ကိုယ်ကို) ခုခံကာကွယ်၍ကယ်တင်နိုင်သူများအနက်မှ မဟုတ်ခဲ့ပေ။
وَأَصْبَحَ الَّذِينَ تَمَنَّوْا مَكَانَهُ بِالْأَمْسِ يَقُولُونَ وَيْكَأَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ ۖ لَوْلَا أَن مَّنَّ اللَّهُ عَلَيْنَا لَخَسَفَ بِنَا ۖ وَيْكَأَنَّهُ لَا يُفْلِحُ الْكَافِرُونَ (82)
ထို့ပြင် ယမန်နေ့က သူကဲ့သို့ဖြစ်ရန် တပ်မက်တောင့်တခဲ့ကြသောသူတို့က “သြော်၊ သူက ဒုက္ခလှလှ တွေ့ခဲ့ပြီ။ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားများအနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအတွက် စားနပ်ရိက္ခာနှင့်အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များကို ချဲ့ထွင်တိုးပွားစေတော်မူပြီး အလိုရှိတော်မူသောသူအတွက်ပင် အကန့်အသတ်ဖြင့် ပေးအပ်၍ ဖြောင့်မတ်စေတော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်၌ ကျေးဇူးပြုတော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့အားလည်း မြေမျိုစေတော်မူခဲ့မည်သာ ဖြစ်၏။ သြော်၊ သူကဒုက္ခလှလှ တွေ့ခဲ့ပြီ။ ဧကန်ပင်၊ မယုံကြည်သူ၊ အမှန်တရားကို ဖီဆန်ငြင်းပယ် သူတို့သည် ပေါက်မြောက်အောင်မြင်ကြသည် မဟုတ်ပေတကား။” ဟု ပြောဆိုလာခဲ့ကြ၏။
تِلْكَ الدَّارُ الْآخِرَةُ نَجْعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّا فِي الْأَرْضِ وَلَا فَسَادًا ۚ وَالْعَاقِبَةُ لِلْمُتَّقِينَ (83)
ထိုတမလွန်ဘဝ၏အိမ်ဗိမာန်မူကား ငါအရှင်မြတ်သည် ယင်း (ဗိမာန်) ကို မြေကမ္ဘာ၌ ဂုဏ်မောက်လျက် နိုင်လိုမင်းထက်ပြုခြင်းကိုလည်းကောင်း အဖျက်အမှောင့်နှင့်မတည်မငြိမ်မှုများဖြင့် ဖျက်လိုဖျက်ဆီး ပြု ကျင့်ခြင်းကိုလည်းကောင်း၊ ဆန္ဒမရှိကြသောသူတို့အတွက်သာ စီမံဖြစ်စေတော်မူပြီး မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသောသူ) တို့အတွက် (အ မှန်ပင် လိုလားတပ်မက်ဖွယ် ရာ နောက်ဆုံးပန်းတိုင်) အကျိုးဆုလဒ်ပင်ဖြစ်၏။
مَن جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِّنْهَا ۖ وَمَن جَاءَ بِالسَّيِّئَةِ فَلَا يُجْزَى الَّذِينَ عَمِلُوا السَّيِّئَاتِ إِلَّا مَا كَانُوا يَعْمَلُونَ (84)
(နောင်တမလွန်ဘဝ၌) မည်သူမဆို ကောင်းမှုကို ဆောင်ကြဉ်း၍ ရောက်လာခဲ့လျှင် သူ့အတွက် ယင်းထက် ပိုမိုကောင်းမြတ် (သော အကျိုးဆုလဒ် ရှိ) သော်လည်း မည်သူမဆို မကောင်းမှုကို ဆောင်ကြဉ်း၍ ရောက်လာခဲ့လျှင် မကောင်းမှုများကို ပြုမူကျင့်ကြံကြသောသူတို့သည်ကား သူတို့ကျင့်မူခဲ့ကြသော မကောင်းမှုများနှင့် အညီအမျှသာလျှင် (အစားပေးခြင်းကို) ပေးဆပ်စေခြင်းခံကြရလိမ့်မည်။
إِنَّ الَّذِي فَرَضَ عَلَيْكَ الْقُرْآنَ لَرَادُّكَ إِلَىٰ مَعَادٍ ۚ قُل رَّبِّي أَعْلَمُ مَن جَاءَ بِالْهُدَىٰ وَمَنْ هُوَ فِي ضَلَالٍ مُّبِينٍ (85)
ဧကန်မလွဲ (အို၊ ရစူလ်တမန်တော်၊) အသင့်အပေါ်၌ ကုရ်အာန်ကျမ်းတော်မြတ်ကို (လူသား တို့အရောက် ပို့ချပေးရန် တာဝန်ပေးတော်မူ၍) ပြဌာန်းအပ်နှင်းတော်မူခဲ့သော အရှင်မြတ်သည် အသင့်အား အသင့်ဇာတိနေရပ်သို့ အမှန်ပင် (အောင်ပွဲခံစေလျက်) ပြန်လည်ပို့ပေးတော်မူအံ့သောအရှင် ဖြစ်တော်မူ၏။ (အသင်သည် သူတို့ အား) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် တရားလမ်းမှန် ကို ဆောင်ကြဉ်း၍ ရောက်လာသူအားလည်းကောင်း၊ ထင်ရှားရှင်းလင်းသော လမ်းမှား၌ရှိနေသူအားလည်းကောင်း၊ ကောင်းစွာ သိနေတော်မူ၏။” ဟု ဟောပြောလော့။
وَمَا كُنتَ تَرْجُو أَن يُلْقَىٰ إِلَيْكَ الْكِتَابُ إِلَّا رَحْمَةً مِّن رَّبِّكَ ۖ فَلَا تَكُونَنَّ ظَهِيرًا لِّلْكَافِرِينَ (86)
အသင်သည် သင့်ထံသို့ (ဤကုရ်အာန်) ကျမ်းမြတ် ချမှတ်ပေးအပ်တော်မူခြင်းခံရရန် မျှော်လင့်နေခဲ့သည်ပင် မဟုတ်ဘဲ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ ကရုဏာတော်အဖြစ်သာ ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသောကြောင့် မယုံကြည်သူ အမှန်တရားကို သွေဖည် ငြင်းပယ်သူတို့အတွက် ကျောထောက်နောက်ခံပြုသူတစ်ဦး အလျှင်း မဖြစ်လေနှင့်။
وَلَا يَصُدُّنَّكَ عَنْ آيَاتِ اللَّهِ بَعْدَ إِذْ أُنزِلَتْ إِلَيْكَ ۖ وَادْعُ إِلَىٰ رَبِّكَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ (87)
ထို့ပြင် အသင့်ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များ ချမှတ်ပေးအပ်တော်မူခဲ့ပြီးနောက်၊ သူတို့ သည် အသင့်အား အရှင့်အာယသ်သက်သေလက္ခဏာတော်များမှ အာရုံပြောင်းလွှဲဖယ်စေခြင်းကို ခွင့်မပြုလေနှင့်။ ထို့ပြင် အသင်သည် (လူသားတို့ကို) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ဘက်သို့သာ ဖိတ်ခေါ်လော့။ (သက်ရှိသက်မဲ့များအနက်မှ တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ် နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြသောသူတို့တွင် အပါအဝင် မဖြစ်လေနှင့်။
وَلَا تَدْعُ مَعَ اللَّهِ إِلَٰهًا آخَرَ ۘ لَا إِلَٰهَ إِلَّا هُوَ ۚ كُلُّ شَيْءٍ هَالِكٌ إِلَّا وَجْهَهُ ۚ لَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ (88)
ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏တစ်ဆူတည်းသော ကိုးကွယ်ရာအရှင် ဖြစ်တော်မူပြီး သက်ရှိသက်မဲ့အရာခပ်သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာအရှင်ဟူ၍ အ လျှင်း မရှိသည့်သောကြောင့် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားမည်သည့်ကိုးကွယ်ရာကိုမျှပင် ဟစ်ခေါ် တသ၍ ဆုတောင်းခြင်း မပြုလေနှင့်။ ထိုအရှင်မြတ်မှတပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ ထိုအရှင်မြတ် (၏မျက်နှာတော်) ဇာတိတော်မှအပ အခြားအရာခပ်သိမ်းကုန်တို့သည် တိမ်ကောပျက်စီးဆုံးပါးမည့် အရာချည်း သာ ဖြစ်ကြ၏။ ထို့ပြင် (အရေးကိစ္စအလုံးစုံ၏စီရင်ဆုံးဖြတ်ခွင့်ဆိုင်ရာ) အမိန့်အာဏာသည်လည်း (အရာခပ်သိမ်းအတွက် နိယာမတရားနှင့်စည်းမျဉ်း တော်များချမှတ်ပေးအပ်တော်မူသော) ထိုအရှင်မြတ် (၏အမိန့်ပညတ် ချက်များနှင့်အညီ လိုက်နာကျင့်သုံးရန်) အတွက်သာဖြစ်ပြီး သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် ပြန်လည်ဦးလှည့်၍ ရောက်စေမူခြင်းခံရမည်သာတည်း။
❮ Previous Next ❯

Surahs from Quran :

1- Fatiha2- Baqarah
3- Al Imran4- Nisa
5- Maidah6- Anam
7- Araf8- Anfal
9- Tawbah10- Yunus
11- Hud12- Yusuf
13- Raad14- Ibrahim
15- Hijr16- Nahl
17- Al Isra18- Kahf
19- Maryam20- TaHa
21- Anbiya22- Hajj
23- Muminun24- An Nur
25- Furqan26- Shuara
27- Naml28- Qasas
29- Ankabut30- Rum
31- Luqman32- Sajdah
33- Ahzab34- Saba
35- Fatir36- Yasin
37- Assaaffat38- Sad
39- Zumar40- Ghafir
41- Fussilat42- shura
43- Zukhruf44- Ad Dukhaan
45- Jathiyah46- Ahqaf
47- Muhammad48- Al Fath
49- Hujurat50- Qaf
51- zariyat52- Tur
53- Najm54- Al Qamar
55- Rahman56- Waqiah
57- Hadid58- Mujadilah
59- Al Hashr60- Mumtahina
61- Saff62- Jumuah
63- Munafiqun64- Taghabun
65- Talaq66- Tahrim
67- Mulk68- Qalam
69- Al-Haqqah70- Maarij
71- Nuh72- Jinn
73- Muzammil74- Muddathir
75- Qiyamah76- Insan
77- Mursalat78- An Naba
79- Naziat80- Abasa
81- Takwir82- Infitar
83- Mutaffifin84- Inshiqaq
85- Buruj86- Tariq
87- Al Ala88- Ghashiya
89- Fajr90- Al Balad
91- Shams92- Lail
93- Duha94- Sharh
95- Tin96- Al Alaq
97- Qadr98- Bayyinah
99- Zalzalah100- Adiyat
101- Qariah102- Takathur
103- Al Asr104- Humazah
105- Al Fil106- Quraysh
107- Maun108- Kawthar
109- Kafirun110- Nasr
111- Masad112- Ikhlas
113- Falaq114- An Nas