Quran with Burmese translation - Surah Al-Qasas ayat 69 - القَصَص - Page - Juz 20
﴿وَرَبُّكَ يَعۡلَمُ مَا تُكِنُّ صُدُورُهُمۡ وَمَا يُعۡلِنُونَ ﴾
[القَصَص: 69]
﴿وربك يعلم ما تكن صدورهم وما يعلنون﴾ [القَصَص: 69]
Ba Sein ၆၉။ ထို့အပြင်သင်၏အသက်သခင်ကျေးဇူးရှင်သည် ထိုမိစ္ဆာယုတ်တို့၏ မိမိတို့စိတ်နှလုံးတွင် ဖုံးကွယ်ထားသော အရာ၊ သူတို့ထုတ်ဖော်ပြောသောအရာအလုံးစုံကို အကြွင်းမဲ့သိတော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထိုသူတို့၏ စိတ်နှလုံးများ၌ ကိန်းအောင်းလျက်ရှိသည် တို့ကိုလည်းကောင်း၊ ထိုသူတို့ ထင်ရှားစေကြသည်တို့ကိုလည်းကောင်း၊ (အလုံးစုံ)သိရှိတော်မူ၏။ |
Hashim Tin Myint ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများတွင် ကိန်းအောင်းနေသည်များနှင့် သူတို့ထုတ်ဖော်ပြောကြားသည်များကို သိရှိတော်မူသည်။ |