×

(နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် သူတို့သည် “(လောကီဘဝ၌ သက်ရှိသက်မဲ့များ၊ ဓနချမ်းသာနှင့်ဩဇာအာဏာတို့အနက်မှ) ငါအရှင်မြတ်၏တွဲဖော်တွဲဖက်အဖြစ် (အယူသည်းစွာဖြင့်) ကြွေး ကြော်လျက် ယုံကြည်ကိုးကွယ်လေ့ရှိခဲ့ကြသော ထိုကိုးကွယ်ရာများသည် 28:74 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:74) ayat 74 in Burmese

28:74 Surah Al-Qasas ayat 74 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 74 - القَصَص - Page - Juz 20

﴿وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ ﴾
[القَصَص: 74]

(နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် သူတို့သည် “(လောကီဘဝ၌ သက်ရှိသက်မဲ့များ၊ ဓနချမ်းသာနှင့်ဩဇာအာဏာတို့အနက်မှ) ငါအရှင်မြတ်၏တွဲဖော်တွဲဖက်အဖြစ် (အယူသည်းစွာဖြင့်) ကြွေး ကြော်လျက် ယုံကြည်ကိုးကွယ်လေ့ရှိခဲ့ကြသော ထိုကိုးကွယ်ရာများသည် (ယခုအခါ) အဘယ်မှာနည်း။” ဟု မေးမြန်းတော်မူခြင်းခံကြရမည်။

❮ Previous Next ❯

ترجمة: ويوم يناديهم فيقول أين شركائي الذين كنتم تزعمون, باللغة البورمية

﴿ويوم يناديهم فيقول أين شركائي الذين كنتم تزعمون﴾ [القَصَص: 74]

Ba Sein
၇၄။ နေ့တော်ကြီး၌ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ခေါ်တော်မူပြီးလျှင် အမိုက်ကောင်တို့၊ နင်တို့သည် ငါနှင့်တွဲဖက်သောဘုရားဟု ရမ်းဆထင်မှတ်သောအရာတို့သည် အဘယ်မှာနည်း။
Ghazi Mohammad Hashim
စင်စစ် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ငါအရှင်မြတ်၏ တွဲဖက်များဖြစ်ကြသည်ဟု ထင်မှတ်(ကိုးကွယ်)လျက်ရှိခဲ့ကြသော တွဲဖက်များသည် အဘယ်မှာနည်းဟု ဟစ်ခေါ်မိန့်ကြားတော်မူမည်။
Hashim Tin Myint
ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့အား ဟစ်‌ခေါ်မိန့်ကြား‌တော်မူမည်- “အသင်တို့သည် ငါအရှင်မြတ်၏ တွဲဖက်များဖြစ်ကြသည်ဟု ထင်မှတ်(ကိုးကွယ်)‌နေခဲ့ကြ‌သော တွဲဖက်များသည် အဘယ်မှာနည်း။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek