×

ထိုနည်းတူစွာ ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် “ထိုအရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ 30:21 Burmese translation

Quran infoBurmeseSurah Ar-Rum ⮕ (30:21) ayat 21 in Burmese

30:21 Surah Ar-Rum ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah Ar-Rum ayat 21 - الرُّوم - Page - Juz 21

﴿وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا لِّتَسۡكُنُوٓاْ إِلَيۡهَا وَجَعَلَ بَيۡنَكُم مَّوَدَّةٗ وَرَحۡمَةًۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ ﴾
[الرُّوم: 21]

ထိုနည်းတူစွာ ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်များတွင် “ထိုအရှင်မြတ်သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံး စွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်များ၊ စရိုက်တူများအနက်မှ ယင်း (နဖ်စ်များ) အ ပေါ်၌ ငြိမ်သက်အေးချမ်း မှုရရှိနိုင်ရန် သင်တို့အတွက် ဘဝဖော်များကို ဖွဲ့စည်းဖြစ်တည်စေတော်ပြီး သင်တို့အချင်းချင်းကြားတွင် ချစ်ခြင်း မေတ္တာနှင့်အကြင်နာတရားကို စီမံဖြစ်ပေါ်စေတော်မူကြောင်း” လည်း ပါဝင်၏။ ဧကန်မလွဲ၊ ထို (သို့စီမံဖြစ်ပေါ် စေတော်မူခြင်း) ၌ အလေးအနက် စဉ်းစားဆင်ခြင်ဆန်းစစ်ကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: ومن آياته أن خلق لكم من أنفسكم أزواجا لتسكنوا إليها وجعل بينكم, باللغة البورمية

﴿ومن آياته أن خلق لكم من أنفسكم أزواجا لتسكنوا إليها وجعل بينكم﴾ [الرُّوم: 21]

Ba Sein
၂၁။ တဖန်အလ္လာဟ်အရှင်မြတ်၏ တန်ခိုးအ့ံဖွယ်တော်များအနက် တစ်ပါးမှာ သင်တို့သည် မိမိတို့၏ဇနီးနှင့် အမော အပန်းပြေဖို့ရာ သင်တို့အမျိုးအနွယ်ဘက်မှ ဇနီးမိန်းမများကို ဖန်ဆင်းပေးတော်မူ၏၊ ထို့အပြင်အရှင်မြတ်သည် သင်တို့ဇနီးမောင်နှံတို့အား တစ်ဦးနှင့်တစ်ဦးချစ်ခင်မြတ်နိုးသနားကြင်နာတတ်သောစိတ်သဘောကို စီရင်ပေး သနားတော်မူ၏၊ မှတ်သားကြလော့၊ ဤအကြောင်းအရာ၌ တွေးတောဆင်ခြင်တတ်သူတို့အဖို့အရာ နိမိတ် လက္ခဏာတော်များအမှန်ပါရှိ၏။
Ghazi Mohammad Hashim
ထိုနည်းတူစွာ (ဤသည်လည်း) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် အပါအဝင်ဖြစ်ပေသည်။ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ အမျိုးအစားအနက်မှပင် ကြင်ရာကြင်ဖက်များကို ၎င်းတို့ထံတွင် အသင်တို့ အနားယူစိတ်ချမ်းသာမှု ရရှိကြအံ့သောငှာ ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့စပ်ကြား၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အကြင်နာတရားကိုလည်းကောင်း၊ စီမံပြုလုပ်၍ ပေးသနားတော်မူခဲ့၏။ ဧကန်မလွဲ ဤသည်၌ ဆင်ခြင်သုံးသပ် စဉ်းစားကြကုန်သော သူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိပေသတည်း။
Hashim Tin Myint
ထို့ပြင် အရှင်မြတ်၏သက်‌သေလက္ခဏာများထဲတွင် (ဤသည်လည်း ပါဝင်သည်)- အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အမျိုးအစားထဲမှပင် ဇနီးကြင်ရာများအား သူတို့ထံတွင် အသင်တို့ စိတ်ချမ်းသာမှုနှင့် အနားယူကြရန်အတွက် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ကြားတွင် ချစ်ခင်မှုနှင့် ကြင်နာမှုကို ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများ ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek