Quran with Burmese translation - Surah Saba’ ayat 16 - سَبإ - Page - Juz 22
﴿فَأَعۡرَضُواْ فَأَرۡسَلۡنَا عَلَيۡهِمۡ سَيۡلَ ٱلۡعَرِمِ وَبَدَّلۡنَٰهُم بِجَنَّتَيۡهِمۡ جَنَّتَيۡنِ ذَوَاتَيۡ أُكُلٍ خَمۡطٖ وَأَثۡلٖ وَشَيۡءٖ مِّن سِدۡرٖ قَلِيلٖ ﴾
[سَبإ: 16]
﴿فأعرضوا فأرسلنا عليهم سيل العرم وبدلناهم بجنتيهم جنتين ذواتي أكل خمط وأثل﴾ [سَبإ: 16]
Ba Sein ၁၆။ သို့သော်သူတို့သည် အလ္လာဟ်အရှင်မြတ်ကို မထီမဲ့မြင်ကျောပေးသူများဖြစ်ကြ၏၊ ထို့ကြောင့်ငါသည် သူတို့အား အီရမ်ရေလွှမ်းမိုးခြင်းကို လွှမ်းမိုးစေတော်မူ၏၊ သူတို့၏ ဥယျာဉ်လယ်ယာများကို ဖျက်ဆီးတော်မူ၏၊ ထို့နောက် ၎င်းတို့အား အလွန်အကျိုးကျေးဇူးခံရသောဥယျာဉ်နှစ်ခုအစား အသုံးမဝင်ကောင်းကျိုးမဖြစ်သောဥယျာဉ်နှစ်ခုကို လဲလှယ်ချထားတော်မူ၏၊ ဤဥယျာဉ်သစ်ထွက်အသီးများကား စပ်ခါးသောအရသာရှိ၏၊ ထို့အပြင်ထင်းရူးပင် များ၊ သေးငယ်သောဆီးချဉ်ပင်များအနည်းငယ်ပေါက်ရောက်ကြ၏။ |
Ghazi Mohammad Hashim သို့ရာတွင် ၎င်းတို့သည် (အမိန့်တော်ကို လိုက်နာခြင်းမရှိကြဘဲ) မျက်နှာလွှဲခဲ့ကြပေရာ ငါအရှင်မြတ်သည်၎င်းတို့အပေါ်၌ အရင်မ် ရေကာတာမှ ပြင်းစွာ စီးဆင်းသောရေကို လွှတ်ပေးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ဥယျာဉ်နှစ်ခု၏အစား အခြားဥယျာဉ်နှစ်ခုကိုလဲလှယ်၍ ပေးတော်မူခဲ့၏။ ထိုဥယျာဉ်နှစ်ခုမှာ ဖန်သော၊ခါးသော၊ အရသာမကောင်းသော၊ သစ်သီးဝလံများ၊ ထင်းရှုးပင်များနှင့် အနည်းငယ်မျှသောဆီးပင်များရှိသော ဥယျာဉ်နှစ်ခုပင် ဖြစ်ခဲ့ကြ၏။ |
Hashim Tin Myint ထို့နောက် သူတို့သည် (အမိန့်တော်ကို) မျက်နှာလွှဲခဲ့သည့်အတွက် ငါအရှင်မြတ်သည် သူတို့အပေါ်တွင် အရင်မ် ရေကာတာမှ အပြင်းအထန် စီးဆင်းသည့်ရေကို လွှတ်ပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏ ဥယျာဉ်နှစ်ခု၏အစား (အခြား)ဥယျာဉ်နှစ်ခုကို လဲလှယ်ပေးတော်မူခဲ့သည်။ ထိုနှစ်ခုတွင် ဖန်သော၊ ခါးသော၊ အရသာမကောင်းသော သစ်သီးဝလံများ၊ အသားမာသော မန်ကျည်းပငများနှင့် ဆီးပင်အနည်းငယ်သာရှိသော ဥယျာဉ်နှစ်ခုဖြစ်ခဲ့သည်။ |