Quran with Burmese translation - Surah Saba’ ayat 48 - سَبإ - Page - Juz 22
﴿قُلۡ إِنَّ رَبِّي يَقۡذِفُ بِٱلۡحَقِّ عَلَّٰمُ ٱلۡغُيُوبِ ﴾
[سَبإ: 48]
﴿قل إن ربي يقذف بالحق علام الغيوب﴾ [سَبإ: 48]
Ba Sein ၄၈။ တမန်တော်၊ သင်ဟောကြားလော့၊ မှတ်သားကြလော့၊ ငါ၏ ကျေးဇူးတော်သခင်သည် တရားမှန်တရာစစ်ကို ထုတ်ပြန်ပို့ချပေးသနားတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် လျှို့ဝှက်နက်နဲသောအရာအပေါင်းတို့ကို အကြွင်းမဲ့ သိတော်မူ၏။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် (အမှားကို)အမှန် တရားဖြင့် နှိမ်နင်းတော်မူ၏။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ- “အမှန်စင်စစ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် (အမှားကို) အမှန်တရားနှင့် နှိမ်နှင်းတော်မူသည်။ အကွယ်၌ရှိသမျှကို အလွန်သိရှိတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူသည်။“ |