Quran with Burmese translation - Surah Al-Fath ayat 27 - الفَتح - Page - Juz 26
﴿لَّقَدۡ صَدَقَ ٱللَّهُ رَسُولَهُ ٱلرُّءۡيَا بِٱلۡحَقِّۖ لَتَدۡخُلُنَّ ٱلۡمَسۡجِدَ ٱلۡحَرَامَ إِن شَآءَ ٱللَّهُ ءَامِنِينَ مُحَلِّقِينَ رُءُوسَكُمۡ وَمُقَصِّرِينَ لَا تَخَافُونَۖ فَعَلِمَ مَا لَمۡ تَعۡلَمُواْ فَجَعَلَ مِن دُونِ ذَٰلِكَ فَتۡحٗا قَرِيبًا ﴾
[الفَتح: 27]
﴿لقد صدق الله رسوله الرؤيا بالحق لتدخلن المسجد الحرام إن شاء الله﴾ [الفَتح: 27]
Ba Sein ၂၇။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်မြင်ရသောပုဗ္ဗနိမိတ်ကို ပြည့်စုံစေတော်မူပြီး အရှင်မြတ်သည် အလိုတော်ရှိပါလျှင် သင်တို့သည် စိုးရိမ်ကြောင့်ကျခြင်းကင်းမဲ့စွာနှင့် မိမိတို့ဆံကို ရိတ်သိမ်း၍သော်လည်းကောင်း၊ ဖြတ်၍သော်လည်းကောင်း၊ ချမ်းချမ်းသာသာကအ်ဘာဗလီကျောင်းတော်ကြီးကို မုချဧကန်ဝင်ကြရလိမ့်မည်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့မသိမမြင်သောအရာကို သိမြင်တော်မူ၏၊ သင်တို့အား လုံးဝအောင်မြင်ခြင်းနှင့် အလွန်နီးကပ်သောရှေ့ပြေးအောင်ဆုမင်္ဂလာကို ပေးသနားတော်မူပြီ။ |
Ghazi Mohammad Hashim ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်တမန်တော်၏ အိပ်မက်ကို အဖြစ်မှန်နှင့်အညီ မှန်ကန်စေတော်မူခဲ့၏။ (ယင်းအိပ်မက်မှာ) ‘မလွဲဧကန် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့လျှင် အသင်တို့သည် မိမိတို့၏ဦးခေါင်းများကို ရိတ်ကြလျက်၊ ဆံပင်များကို ညှပ်ကြလျက်(မည်သည့် တစ်စုံတစ်ရာကိုမျှပင်) စိုးရိမ်ကြောက်ရွံ့ခြင်း မရှိကြဘဲ ဘေးရန်ကင်းငြိမ်းစွာ ‘မတ်စ်ဂျစ်ဒ်ဟရာမ်’ရိုသေအပ်သောဗလီ ဝတ်ကျောင်းတော်သို့ ဝင်ရောက်ကြမည်(ဟုဖြစ်ခဲ့၏)။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အသင်တို့ မသိခဲ့ကြသောအရာကို သိရှိတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ယင်းမက္ကာမြို့တော်၏အလျင် နီးကပ်စွာသော အောင်မြင်မှုတစ်ရပ်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ တမန်တော်၏ အိပ်မက်အတိုင်း မှန်ကန်အောင် ပြုလုပ်ပေးတော်မူခဲ့သည်။ ###၁၆ (ထိုအိပ်မက်ကမူ) “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူခဲ့လျှင် အသင်တို့သည် အသင်တို့၏ ဦးခေါင်းများကို ရိတ်ကြလျက်၊ ဆံပင်များကို ညှပ်ကြလျက် စိုးရိမ်စရာမရှိကြတော့ဘဲ ဘေးကင်းစွာနှင့် မတ်စ်ဂျစ်ဒိဟရာမ် မြင့်မြတ်သည့်ဗလီဝတ်ကျောင်းတော်သို့ ဝင်ရောက်ရမည်ဖြစ်သည်”။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ မသိခဲ့ကြသည့်အရာကို သိရှိတော်မူခဲ့သည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ထိုမက္ကဟ်မြို့တော်(မဝင်မီ)အလျင် နီးကပ်သည့်အောင်မြင်မှုတစ်ခုကို ပေးသနားတော်မူခဲ့သည်။ ###၁၆ |