Quran with Burmese translation - Surah Al-Ma’idah ayat 45 - المَائدة - Page - Juz 6
﴿وَكَتَبۡنَا عَلَيۡهِمۡ فِيهَآ أَنَّ ٱلنَّفۡسَ بِٱلنَّفۡسِ وَٱلۡعَيۡنَ بِٱلۡعَيۡنِ وَٱلۡأَنفَ بِٱلۡأَنفِ وَٱلۡأُذُنَ بِٱلۡأُذُنِ وَٱلسِّنَّ بِٱلسِّنِّ وَٱلۡجُرُوحَ قِصَاصٞۚ فَمَن تَصَدَّقَ بِهِۦ فَهُوَ كَفَّارَةٞ لَّهُۥۚ وَمَن لَّمۡ يَحۡكُم بِمَآ أَنزَلَ ٱللَّهُ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ﴾
[المَائدة: 45]
﴿وكتبنا عليهم فيها أن النفس بالنفس والعين بالعين والأنف بالأنف والأذن بالأذن﴾ [المَائدة: 45]
Ba Sein ၄၅။ ငါအသျှင်မြတ်သည် သူတို့အတွက် ထိုကျမ်းတော်၌ အသက်အစား အသက်ကို၊ မျက်စိအစား မျက်စိကို၊ နှာခေါင်းအစား နှာခေါင်းကို ၊ နားအစား နားကို၊ သွားအစား သွားကို၊ အနာဒဏ်ရာများ အတွက် လက်စားချေရန် ပြဌာန်းပညတ်တော်မူ၏။ သို့သော် အကြင်သူသည် လက်စားချေမှုကို အလှူဒါနအဖြစ်ဖြင့်လွှတ်သော် ထိုသို့ ခွင့်လွှတ်ခြင်းသည် သူ၏အပြစ်ကို ဖြေခြင်းဖြစ်၏။ အကြင်သူ တို့သည် အလ္လာဟ်အသျှင်မြတ် ချပေးသနားတော်မူသောကျမ်းတော်အတိုင်း မစီရင် မဆုံးဖြတ်ကြ။ ထိုသူတို့သည် မတရားပြုသူများဖြစ်ကြ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ငါအရှင်မြတ်သည် ထို တောင်ရာတ်ကျမ်းမြတ်တွင် ယင်းယဟူဒီတို့အပေါ်၌ အသက်ဇီဝိန်၏အစား အသက်ဇီဝိန်ဟူ၍လည်းကောင်း၊ မျက်စိ၏အစား မျက်စိဟူ၍လည်းကောင်း၊ နှာခေါင်း၏အစား နှာခေါင်းဟူ၍လည်းကောင်း နားရွက်အစား နားရွက်ဟူ၍လည်းကောင်း၊ သွား၏အစား သွားဟူ၍လည်းကောင်း၊ (အချို့) ဒဏ်ရာဒဏ်ချက်များ၌လည်း (ထပ်တူထပ်မျှ) လက်စားချေခြင်းပင် ရှိသည်ဟူ၍လည်းကောင်း၊ အမိန့်တော် ချမှတ်ပြဋ္ဌာန်းတော်မူခဲ့လေသည်။ တစ်ဖန် အကြင်သူသည် ယင်းလက်စားချေခြင်းကို ခွင့်လွှတ်ခဲ့လျှင် ထို (ကဲ့သို့) ခွင့်လွှတ်ခြင်းသည်လည်းကောင်း၊ (ခွင့်လွှတ်သူ) ၏အဖို့ အပြစ်များမှလွတ်ကင်းရန် အကြောင်းပင်ဖြစ်ချေသည်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်တော်မူသည့် (အမိန့် တော်) အတိုင်း တရားစစ်ဆေးဆုံးဖြတ်ခြင်းကို မပြုခဲ့ပါလျှင် ထိုကဲ့သို့သောသူများပင် ကျူးလွန်သောသူများ ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် ထို(သောင်ရာသ်ကျမ်း)၌ ထိုသူ(ယဟူဒီ)များအပေါ် အသက်ဝိညာဉ်အစား အသက်ဝိညာဉ်၊ မျက်စိအစား မျက်စိ၊ နှာခေါင်းအစား နှာခေါင်း၊ နားရွက်အစား နားရွက်၊ သွားအစား သွားနှင့် ဒဏ်ရာဒဏ်ချက်ခံစားရသကဲ့သို့ ကိစွာစွ် လက်စားချေခွင့်ရှိသည်ဟု အမိန့်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထို့နောက် အကြင်သူသည် ထိုလက်စားချေခြင်းကိုခွင့်လွှတ်ခဲ့လျှင် ထိုကဲ့သို့ ခွင့်လွှတ်ခြင်းသည် (ခွင့်လွှတ်သော)သူအတွက် အပြစ်များမှလွတ်ကင်းရန် အကြောင်းခံပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ချမှတ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမပြုခဲ့လျှင် ထိုသူများပင် ဇွာလင်မ် မတရားကျူးလွန်သူများဖြစ်ကြသည်။ |