×

ဧကန်အမှန်၊ ငါအရှင်မြတ်သည် တောင်ရာတ်ကျမ်းကို ချမှတ်ပေးအပ်တော်မူခဲ့ပြီး ထိုကျမ်းတော်ထဲတွင် လမ်းညွှန်တော်နှင့် (လူတို့၏စိတ်နှလုံးနှင့်ဘဝတည်ဆောက်ရေးလမ်းဆိုင်ရာ ဉာဏ်အလင်းရစေသည့်) ရောင်ခြည်တော် ရှိစေတော်မူ၏။ (သူတို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံအပ်နှင်းခဲ့သော) 5:44 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:44) ayat 44 in Burmese

5:44 Surah Al-Ma’idah ayat 44 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 44 - المَائدة - Page - Juz 6

﴿إِنَّآ أَنزَلۡنَا ٱلتَّوۡرَىٰةَ فِيهَا هُدٗى وَنُورٞۚ يَحۡكُمُ بِهَا ٱلنَّبِيُّونَ ٱلَّذِينَ أَسۡلَمُواْ لِلَّذِينَ هَادُواْ وَٱلرَّبَّٰنِيُّونَ وَٱلۡأَحۡبَارُ بِمَا ٱسۡتُحۡفِظُواْ مِن كِتَٰبِ ٱللَّهِ وَكَانُواْ عَلَيۡهِ شُهَدَآءَۚ فَلَا تَخۡشَوُاْ ٱلنَّاسَ وَٱخۡشَوۡنِ وَلَا تَشۡتَرُواْ بِـَٔايَٰتِي ثَمَنٗا قَلِيلٗاۚ وَمَن لَّمۡ يَحۡكُم بِمَآ أَنزَلَ ٱللَّهُ فَأُوْلَٰٓئِكَ هُمُ ٱلۡكَٰفِرُونَ ﴾
[المَائدة: 44]

ဧကန်အမှန်၊ ငါအရှင်မြတ်သည် တောင်ရာတ်ကျမ်းကို ချမှတ်ပေးအပ်တော်မူခဲ့ပြီး ထိုကျမ်းတော်ထဲတွင် လမ်းညွှန်တော်နှင့် (လူတို့၏စိတ်နှလုံးနှင့်ဘဝတည်ဆောက်ရေးလမ်းဆိုင်ရာ ဉာဏ်အလင်းရစေသည့်) ရောင်ခြည်တော် ရှိစေတော်မူ၏။ (သူတို့၏ကိုယ်စိတ်နှလုံးတို့ကို အရှင်မြတ်ထံအပ်နှင်းခဲ့သော) နဗီတမန်တော်များသည် ဂျူးများ၏ရဗ္ဗီးစ် (ခေါ် ဘာသာရေးဆိုင်ရာ) ဓမ္မကတိကများနှင့်ပညာရှင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ (သူတို့ခေတ်ကာလနှင့်အညီချမှတ်ပေးအပ်တော်မူသည့် အမိန့်ပညတ်ချက်တိုကို) ယုံကြည်စိတ်ချရသော ထိန်းသိမ်းစောင့်ရှောက်ကြသူများပမာ သူတို့အပေါ် (ထိုအမိန့်တော်ဆိုင်ရာအမှန်တရားများ၏) သက်သေများ အဖြစ် (အရှင့်အမိန့်တော်နှင့်အညီသာ) လက်တွေ့ စီရင်ဆုံးဖြတ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ သင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်။ ငါအရှင်မြတ် (နှင့်အရှင့်အမိန့်တော်များ) ကိုသာ ကြောက်ရွံ့ကြလော့။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို တန်ဖိုးမဖြစ်စလောက်ဖြင့် လဲလှယ်ရောင်းဝယ်ခြင်း မပြုကြလေနှင့်။ (နှလုံးသွင်းသင့်သည်မှာ) မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်) အတိုင်း စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ၊ ထိုသူတို့သည် မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူများပင် ဖြစ်ကြ၏။

❮ Previous Next ❯

ترجمة: إنا أنـزلنا التوراة فيها هدى ونور يحكم بها النبيون الذين أسلموا للذين, باللغة البورمية

﴿إنا أنـزلنا التوراة فيها هدى ونور يحكم بها النبيون الذين أسلموا للذين﴾ [المَائدة: 44]

Ba Sein
၄၄။ မှတ်သားကြလော့။ ငါအသျှင်မြတ်သည် တောင်ရတ်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနားတော်မူ ၏။ ထိုကျမ်းတော်၌ နည်းပြလမ်းညွှန်ချက်နှင့် အလင်းရောင်ပါရှိ၏။ ငါ့ကို ယုံကြည်ကျိုးနွံသော တမန်တော်များသည် ရဟူဒီတို့၏တရားကို ထိုကျမ်းတော်အားဖြင့် စီရင်ကြ၏။ ရဟူဒီဓမ္မဆရာများ ဘုန်းကြီးများလည်း ထိုကျမ်းတော်အားဖြင့် တရားဆုံးဖြတ်ကြ၏။ သူတို့အား တရားတော်အတိုင်း ကျင့်ကြံရန် ပညတ်တော်မူ၏။ သူတို့သည် ကျမ်းတော်ကို သက်သေခံကြ၏။ ထို့ကြောင့် လူသားတို့ကို မကြောက်လန့်ကြလင့်။ ငါအသျှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလော့။ ငါ၏နှုတ်ကပတ်တော်များ ကို လောကီအမြတ်အစွန်းအနည်းငယ်နှင့် မလဲလှယ်ကြလင့်။ အကြင်သူတို့သည် အလ္လာဟ်အသျှင် မြတ်၏ ကျမ်းတော်အတိုင်း တရားမစီရင်ကြ။ ထိုသူတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။
Ghazi Mohammad Hashim
ဧကန်အမှန် ငါအရှင်မြတ်သည် ‘တောင်ရာတ်’ကျမ်းကို ချပေးသနားတော်မူခဲ့၏။ ယင်းတောင်ရာတ်ကျမ်းမြတ်တွင် တရားဓမ္မ ညွှန်ကြားခြင်းနှင့် ရောင်ခြည်တော်သည်ရှိ၏။ (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို လိုက်နာကြကုန်သော နဗီတမန်တော်များသည် ယဟူဒီများအပေါ်၌ ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်၏။ ထိုနည်းတူစွာ ယဟူဒီဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်သုခမိန်တို့သည်လည်း) ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်သည်။ အကြောင်းသော်ကား ၎င်း (ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်) တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် (နှင့်အညီ လိုက်နာကျင့်သုံးကြရန်) ကို ထိန်းသိမ်းစောင့်ရှောက်ရန် အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည့်အပြင် ၎င်းတို့သည် ထိုကျမ်းတော်ကို လိုက်နာကျင့်သုံးကြပါမည်ဟု ဝန်ခံသူများလည်း ဖြစ်ခဲ့ခြင်းကြောင့်ပင်။ သို့ဖြစ်ပေရာ (အို- ယဟူဒီအကြီးအကဲအပေါင်းတို့) အသင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်။ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ မုက္ခပါဌ်တော်များကို အနည်းငယ်မျှသောအဖိုးအခကြေးငွေဖြင့် ရောင်းစားခြင်းမပြုကြကုန်လင့်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်) အတိုင်း တရားစစ်ဆေး စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ ထိုကဲ့သို့သောသူများသည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။
Hashim Tin Myint
စင်စစ် ငါအရှင်မြတ်သည် ‌သောင်ရာသ်ကျမ်းကို ချ‌ပေး‌တော်မူခဲ့သည်။ ထိုကျမ်းထဲတွင် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ‌ရောင်ခြည်‌တော်ပါရှိသည်။ (အရှင်မြတ်၏)အမိန့်‌တော်များကို လိုက်နာကြ‌သော* ရစူလ်တမန်‌တော်များသည် ယဟူဒီများအ‌ပေါ်တွင် ထို‌သောင်ရာသ်ကျမ်း‌တော်နှင့်အညီ စီရင်ဆုံးဖြတ်‌လေ့ရှိခဲ့ကြသည်။ ၎င်းပြင် ယဟူဒီဘုန်း‌တော်ကြီးများနှင့် ပညာရှိသုခမိန်များသည်လည်း ထိုကျမ်း‌တော်နှင့်အညီ စီရင်ဆုံးဖြတ်‌လေ့ရှိခဲ့ကြသည်။ အဘယ့်‌ကြောင့်ဆို‌သော် ၎င်း(ဘုန်း‌တော်ကြီးများနှင့် ပညာရှင်များ)တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်း‌တော်ကို ထိန်းသိမ်း‌စောင့်‌ရှောက်ရန် အမိန့်‌ပေး‌တော်မူခြင်းခံခဲ့ကြရသည့်အပြင် သူတို့သည် ထိုကျမ်းကို အရှင်မြတ်ချ‌ပေး‌ကြောင်း သက်‌သေခံသူများလည်း ဖြစ်ခဲ့သည့်အတွက်‌ကြောင့်ပင်။ သို့ဖြစ်ရာ အသင်တို့သည် လူများအား မ‌ကြောက်ကြနှင့်၊ ငါအရှင်မြတ်ကိုသာ ‌ကြောက်ကြပါ။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်၏အာယသ်‌တော်များကို တန်ဖိုးအနည်းငယ်နှင့် ‌ရောင်းမစားကြနှင့်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်‌တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမပြုခဲ့လျှင် ထိုသူများပင် ကာဖိရ်ငြင်းပယ်သူများဖြစ်ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek