Quran with Burmese translation - Surah Al-Ma’idah ayat 46 - المَائدة - Page - Juz 6
﴿وَقَفَّيۡنَا عَلَىٰٓ ءَاثَٰرِهِم بِعِيسَى ٱبۡنِ مَرۡيَمَ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلتَّوۡرَىٰةِۖ وَءَاتَيۡنَٰهُ ٱلۡإِنجِيلَ فِيهِ هُدٗى وَنُورٞ وَمُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلتَّوۡرَىٰةِ وَهُدٗى وَمَوۡعِظَةٗ لِّلۡمُتَّقِينَ ﴾
[المَائدة: 46]
﴿وقفينا على آثارهم بعيسى ابن مريم مصدقا لما بين يديه من التوراة﴾ [المَائدة: 46]
Ba Sein ၄၆။ ငါအသျှင်မြတ်သည် မရယမ်၏သား တမန်တော်အီဆာကို သူတို့နောက်တွင် ပွင့်စေတော်မူ၏။ အီဆာသည် မိမိမပွင့်မီ ချပေးသနားတော်မူသောကျမ်းတော်ကို ထောက်ခံအတည်ပြု၏။ ငါသည် သူအား နည်းပြလမ်းညွှန်နှင့် အလင်းရောင်ပါသော အင်ဂျီလ်ကျမ်းတော်ကို ထုတ်ပြန်ချပေးသနား တော်မူ၏။ ထိုကျမ်းတော်သည် အရင်ချပေးသနားတော်မူသော တောင်ရတ်ကျမ်းတော်ပါ ဗျာဒိတ်တော်များကို ထောက်ခံအနည်ပြု၏။ အင်ဂျီလ်ကျမ်းတော်သည် ဒုစရိုက်အမှုအခင်းကို ရှောင်ကြဉ်သူတို့အဘို့အရာ လမ်းပြနှင့် အဆုံးအမတော်ဖြစ်၏။ |
Ghazi Mohammad Hashim ၎င်းပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) များ၏နောက်၌ ထိုနဗီတမန်တော်များ၏လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန်အလို့ငှာ မရ်ယမ်၏သားတော် အီစာအား ၎င်း၏အလျင်ရှိခဲ့သော တောင်ရာတ်ကျမ်းကို (အခိုင်အမာပြုသူ) ထောက်ခံသူအဖြစ်ဖြင့် စေလွှတ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်သည် ထို (တမန်တော်အီစာ) အား အီန်ဂျီလ်ကျမ်းကို ချီးမြှင့်တော်မူခဲ့၏။ ထိုကျမ်းတွင် တရားဓမ္မလည်းရှိ၏။ အလင်းရောင်လည်းရှိ၏။ ထိုကျမ်းသည် မိမိအလျင်ရှိသော တောင်ရာတ်ကျမ်းကို ထောက်ခံ (အခိုင်အမာပြု) လျက်ရှိသည့်ပြင် ‘မွတ္တကီ’ သူတော်စင်များအဖို့ တရားဓမ္မ အဆုံးအမလည်း ဖြစ်၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်တော်များ)၏နောက်တွင် ထိုတမန်တော်များ၏လမ်းစဉ်ကို ဖဝါးခြေထပ်လိုက်နာကျင့်သုံးရန်အတွက် မရ်ယမ်၏သားတော် (တမန်တော်)အီစာကို ၎င်း၏မတိုင်မီရှိခဲ့သော သောင်ရာသ်ကျမ်းအား ထောက်ခံသူအဖြစ် စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို အင်ဂျီလ်ကျမ်းတော် ချီးမြှင့်တော်မူခဲ့သည်။ ထိုအင်ဂျီလ်ကျမ်းထဲတွင် လမ်းမှန်ညွှန်ကြားပြသချက်အပြင် အလင်းရောင်လည်းပါရှိသည်။ ထိုကျမ်းသည် ၎င်း၏မတိုင်မီရှိသော သောင်ရာသ်ကျမ်းကို ထောက်ခံနေသည့်အပြင် မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ဆုံးမဩဝါဒလည်းဖြစ်သည်။ |