Quran with Burmese translation - Surah Al-Waqi‘ah ayat 70 - الوَاقِعة - Page - Juz 27
﴿لَوۡ نَشَآءُ جَعَلۡنَٰهُ أُجَاجٗا فَلَوۡلَا تَشۡكُرُونَ ﴾
[الوَاقِعة: 70]
﴿لو نشاء جعلناه أجاجا فلولا تشكرون﴾ [الوَاقِعة: 70]
Ba Sein ၇ဝ။ အကယ်၍ အလိုတော်ရှိလျှင် ငါသည် ထိုရေကို မုချဧကန်ခါးစေတော်မူနိုင်၏၊ သို့ပါလျက် သင်တို့သည် ငါ ၏ ဂုဏ်ကျေးဇူးတော်ကို အဘယ်ကြောင့်မသိကြသနည်း။ |
Ghazi Mohammad Hashim အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ထိုရေကို ရေငန်ရေခါး ပြုလုပ်တော်မူခဲ့ မည်သာ။သို့ပါလျက် အသင်တို့သည် မည်သည့် အတွက်ကြောင့် ကျေးဇူးမတင်ကြပေသနည်း။ |
Hashim Tin Myint အကယ်၍ ငါအရှင်မြတ်သည်အလိုရှိတော်မူလျှင် ထိုရေကို ခါးသည့်ရေ၊ ငံသည့်ရေအဖြစ် ပြုလုပ်တော်မူခဲ့မည်ပင်ဖြစ်သည်။ ထို့နောက်လည်း အသင်တို့သည် အဘယ့်ကြောင့် ကျေးဇူးမတင်ကြသနည်း။ ###၁၁ |