Quran with Burmese translation - Surah Al-hashr ayat 4 - الحَشر - Page - Juz 28
﴿ذَٰلِكَ بِأَنَّهُمۡ شَآقُّواْ ٱللَّهَ وَرَسُولَهُۥۖ وَمَن يُشَآقِّ ٱللَّهَ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ﴾
[الحَشر: 4]
﴿ذلك بأنهم شاقوا الله ورسوله ومن يشاق الله فإن الله شديد العقاب﴾ [الحَشر: 4]
Ba Sein ၄။ ယင်းကဲ့သို့အပြစ်ဒုက္ခရကြသည့်အကြောင်းမူကား သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော် ကို တော်လှန်ကြသောကြောင့်ဖြစ်၏၊ အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို တော်လှန်အ့ံ၊ ထိုသူအား အရှင်မြတ်သည် မုချဧကန်ပြင်းပြစွာလက်စားချေတော်မူ၏။ |
Ghazi Mohammad Hashim ယင်းသို့ ဖြစ်ရခြင်းမှာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ ဆန့်ကျင်ဖီလာ ပြုလုပ်ခဲ့ကြသောကြောင့်ပင်။ စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ဆန့်ကျင်ဖီလာပြုလုပ်ခဲ့မူ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ပြစ်ဒဏ်ခတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။ |
Hashim Tin Myint ထိုသို့ဖြစ်ရသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ကို ဆန့်ကျင်ခဲ့ကြသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်ကို ဆန့်ကျင်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ပြစ်ဒဏ်ခတ်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ |