Quran with Burmese translation - Surah Al-Mulk ayat 24 - المُلك - Page - Juz 29
﴿قُلۡ هُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ ﴾
[المُلك: 24]
﴿قل هو الذي ذرأكم في الأرض وإليه تحشرون﴾ [المُلك: 24]
Ba Sein ၂၄။ ထို့အပြင် ဟယ်-အချင်းတို့၊ အရှင်မြတ်သည် သင်တို့ကို ကမ္ဘာမြေပေါ်တွင် ပွားမျာစေတော်မူ၏၊ သင်တို့သည် အရှင်မြတ်အထံတော်၌ စုဝေးကြရမည်သာတည်းဟုလည်း သင်ဟောပြောလော့။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထဝီမြေ၌ ပြန့်ပွားစေတော်မူခဲ့သောအရှင် ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ် အထံတော်သို့ပင် အသင်တို့သည် စုရုံးကြရပေမည်။ |
Hashim Tin Myint (အို-တမန်တော်)အသင်ပြောလိုက်ပါ-အရှင်မြတ်ပင် အသင်တို့အား မြေပထဝီတွင် ပြန့်ပွားစေတော်မူခဲ့သည့်အရှင် ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်ထံသို့ပင် အသင်တို့ စုရုံးကြရမည်။ |