Quran with Burmese translation - Surah Al-A‘raf ayat 182 - الأعرَاف - Page - Juz 9
﴿وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ ﴾
[الأعرَاف: 182]
﴿والذين كذبوا بآياتنا سنستدرجهم من حيث لا يعلمون﴾ [الأعرَاف: 182]
Ba Sein ၁၈၂။ အကြင်သူတို့သည် ငါ၏နှုတ်ကပတ်တော်များကို ငြင်းပယ်ကြ၏။ ထိုသူတို့ကို ငါသည် သူတို့မသိသော နေရာမှ တစ်လှမ်းပြီးတစ်လှမ်း တိုးသွားစေတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား (ဂျဟန္နမ်ဘက်သို့)ထိုသူတို့မသိသောနည်းဖြင့် တဖြည်းဖြည်း ဆွဲယူတော်မူအံ့။ |
Hashim Tin Myint ထို့ပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။ ငါအရှင်မြတ်သည် ထိုသူများအား မကြာမီ(ဂျဟန္နမ်ဘက်သို့) သူတို့မသိသောနည်းဖြင့် တဖြည်းဖြည်း ဆွဲယူတော်မူမည်။ |