×

سورة الأعراف باللغة البورمية

ترجمات القرآنباللغة البورمية ⬅ سورة الأعراف

ترجمة معاني سورة الأعراف باللغة البورمية - Burmese

القرآن باللغة البورمية - سورة الأعراف مترجمة إلى اللغة البورمية، Surah Araf in Burmese. نوفر ترجمة دقيقة سورة الأعراف باللغة البورمية - Burmese, الآيات 206 - رقم السورة 7 - الصفحة 151.

بسم الله الرحمن الرحيم

المص (1)
အလစ်ဖ်၊ လာမ်၊ မီမ်၊ ဆွာဒ်။
كِتَابٌ أُنزِلَ إِلَيْكَ فَلَا يَكُن فِي صَدْرِكَ حَرَجٌ مِّنْهُ لِتُنذِرَ بِهِ وَذِكْرَىٰ لِلْمُؤْمِنِينَ (2)
(ဤသည်) အသင် (တမန်တော်) ထံ ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံရသော ကျမ်းတစ်စောင်ဖြစ်သောကြောင့် သင့်စိတ်ရင်တွင်းဝယ် ကျဉ်းကျပ်မွန်းကြပ်စေမည်မဟုတ်ဘဲ ယင်းဖြင့် (လူသားအား အရှင့်လမ်းစဉ်တော်မှ မလွဲချော်အောင်) သတိပေးနှိုးဆော်ရန်ဖြစ်ပြီး စစ်မှန်သော ယုံကြည်သူတို့အတွက်မူ ဆုံးမဩဝါဒတော်နှင့်သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ အကြံဉာဏ်ပင် ဖြစ်၏။
اتَّبِعُوا مَا أُنزِلَ إِلَيْكُم مِّن رَّبِّكُمْ وَلَا تَتَّبِعُوا مِن دُونِهِ أَوْلِيَاءَ ۗ قَلِيلًا مَّا تَذَكَّرُونَ (3)
သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ သင်တို့ထံ ချမှတ်ပေးအပ်တော်မူခြင်းခံရသမျှကို (တစ်သဝေမတိမ်း) လိုက်နာကျင့်သုံးကြလော့။ ထိုအရှင်မြတ်မှလွဲ၍ (အခြား မည်သူ့ကိုမျှ) လူယုံတော်နှင့်စောင့်ရှောက်အုပ်ထိန်းသူအဖြစ် မလိုက်နာကြလေနှင့်။ အနည်းစုသည်သာ (အရှင့်လမ်းညွှန်ချက်များကို) သတိရ တသလျက် အလေးအနက်ဆင်ခြင်ကြ၏။
وَكَم مِّن قَرْيَةٍ أَهْلَكْنَاهَا فَجَاءَهَا بَأْسُنَا بَيَاتًا أَوْ هُمْ قَائِلُونَ (4)
ငါအရှင်မြတ်သည် (သူတို့က အရှင့်သတိပေးချက်များအား အလေးအနက်မထားခြင်းကြောင့်) မြို့ရွာဒေသပေါင်း မည်မျှကို ပြိုပျက်ဖျက်ဆီးစေတော်မူခဲ့သနည်း။ ငါအရှင်မြတ်၏ဒဏ်ခတ်မှုဆိုင်ရာ ကပ်ဘေးသည် (ထိုမြို့ရွာဒေသတွင် နေထိုင်ခဲ့ကြသူတို့အပေါ်) ညအချိန် သို့မဟုတ် နေ့လည် မှိန်းစက်အနားယူချိန်တို့၌ ဆိုက်ရောက်လာခဲ့၏။
فَمَا كَانَ دَعْوَاهُمْ إِذْ جَاءَهُم بَأْسُنَا إِلَّا أَن قَالُوا إِنَّا كُنَّا ظَالِمِينَ (5)
သို့ဖြစ်ပေရာ ငါအရှင်မြတ်၏ဒဏ်ခတ်မှုဆိုင်ရာ ကပ်ဘေးသည် သူတို့ထံ ဆိုက်ရောက်ခဲ့စဉ် သူတို့က “ကျွန်ုပ် တို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန် မတော်မတရားပြုသူများ အမှန်ပင် ဖြစ်ကြ၏။” ဟု ပြောဆိုခြင်းမှအပ သူတို့မှာ အခြားလျှောက်ထား ကြွေးကြော်စရာ မရှိချေ။
فَلَنَسْأَلَنَّ الَّذِينَ أُرْسِلَ إِلَيْهِمْ وَلَنَسْأَلَنَّ الْمُرْسَلِينَ (6)
ထို့နောက် ငါအရှင်မြတ်သည် (အရှင့်သတင်းကောင်းနှင့်တမန်တော်များ) စေလွှတ်တော်မူခြင်းခံခဲ့ရသော သူတို့ကို အမှန်ပင် စစ်ဆေးမေးမြန်းတော်မူပြီး (အရှင့်သတင်းကောင်းနှင့်အတူ) စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော်များကိုလည်း မုချ (အရှင့်သတင်းကောင်းဆောင်ကြဉ်းစဉ် သူတို့၏လူမျိုးများက မည်သို့ တုံ့ပြန်ခဲ့ခြင်း နှင့်စပ်လျဉ်း၍) စစ်ဆေးမေးမြန်းတော်မူလိမ့်မည်။
فَلَنَقُصَّنَّ عَلَيْهِم بِعِلْمٍ ۖ وَمَا كُنَّا غَائِبِينَ (7)
ထိုသို့ဖြင့် ငါအရှင်မြတ် သူတို့အား ဉာဏ်တော်အနန္တအားဖြင့် (အလုံးစုံတို့ကို အကြွင်းမဲ့ သိနေတော်မူ ကြောင်း သူတို့၏လောကီဘဝနှင့်စပ်လျဉ်း၍ အရေးယူမည်ဖြစ်ကြောင်းကို နားလည်သဘောပေါက်စေရန်) မုချပင် ကျိုးကြောင်းဆက်စပ် ဖော်ပြတော်မူမည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် (မည်သည့်အခြေအနေ မည်သည့် အချိန်၌မျှ) လစ်ဟင်းကင်းမဲ့တော်မူသည် မဟုတ်ချေ။ (သို့ဖြစ်ရာ သူတို့ပြုမူဆောင်ရွက်သမျှကို အရှင်မြတ်က တိကျပြည့်စုံစွာ မှတ်တမ်းတင်စေတော်မူ၏။)
وَالْوَزْنُ يَوْمَئِذٍ الْحَقُّ ۚ فَمَن ثَقُلَتْ مَوَازِينُهُ فَأُولَٰئِكَ هُمُ الْمُفْلِحُونَ (8)
ထို့ပြင် ထို (တမလွန်တရားစီရင်မည့်) နေ့တွင် (လူသားတို့၏ပြုမူကျင့်ဆောင်မှုအလုံးစုံကို ပြီးပြည့်စုံစွာနှင့် တိကျမှန်ကန်စွာ) တိုင်းတာစစ်ဆေးမည်မှာ အမှန်တရားဖြစ်သောကြောင့် မည်သူမဆို သူ့စစ်ဆေးမှု၌ အလေးစီးလျှင် ထိုသူတို့သည် ပေါက်မြောက်အောင်မြင်သူများပင် ဖြစ်ကြလိမ့်မည်။
وَمَنْ خَفَّتْ مَوَازِينُهُ فَأُولَٰئِكَ الَّذِينَ خَسِرُوا أَنفُسَهُم بِمَا كَانُوا بِآيَاتِنَا يَظْلِمُونَ (9)
မည်သူမဆို သူ့ချိန်တွယ်စစ်ဆေးမှု၌ (ကောင်းမှုဆိုင်ရာ) အလေးချိန် ပေါ့ပါးအံ့ ထိုသူတို့သည် ငါအရှင်မြတ်၏ အာယာသ်သက်သေလက္ခဏာတော်များနှင့်စပ်လျဉ်း၍ ချိုးဖောက်ကျူးလွန်လျက် မမှန်မကန် ပြုမူကျင့်ကြံခြင်း ကြောင့် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တို့ကို (သူတို့၏အလိုဆန္ဒနှင့်အညီအသုံးချပြီး) ဆုံးရှုံးနစ်နာသူများ ဖြစ်ကြလိမ့်မည်။
وَلَقَدْ مَكَّنَّاكُمْ فِي الْأَرْضِ وَجَعَلْنَا لَكُمْ فِيهَا مَعَايِشَ ۗ قَلِيلًا مَّا تَشْكُرُونَ (10)
ငါအရှင်မြတ်သည် သင်တို့အား ကမ္ဘာဂြိုဟ်၌ (အခြေချနေထိုင်နိုင်ရန်) ထူထောင်စေတော်မူပြီး ယင်း၌ (အသက်ရှင်ရပ်တည်ရေးဆိုင်ရာ လိုအပ်ချက်များရရှိရန်အလို့ငှာ) သင်တို့အတွက် (စွမ်းရည်စွမ်းပကားများပေးအပ်တော်မူလျက်) အသက်မွေးမှုကိုလည်း စီမံဖြစ်ပေါ်စေတော်မူ၏။ (သို့ရာတွင် သင်တို့အနက်မှ) အနည်းစုသည်သာ ကျေးဇူးသိတတ်ကြ၏။
وَلَقَدْ خَلَقْنَاكُمْ ثُمَّ صَوَّرْنَاكُمْ ثُمَّ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ لَمْ يَكُن مِّنَ السَّاجِدِينَ (11)
မုချဧကန်၊ ငါအရှင်မြတ်သည် သင်တို့အား (သန္ဓေသားအဆင့်) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် သင်တို့၏ရုပ်ဆင်းသဏ္ဍာန်ကို ပုံစံသွင်းပုံဖော်ဖြစ်စေတော်မူ၏။ ထို့နောက် (လူသားစင်စစ်ဖြစ်လာသည့်အခါ) ငါအရှင်မြတ်သည် မလာအီကာစေတမန်တို့အား (လူသားတို့၏ဖခင်ကြီးဖြစ်သော) အာဒမ်ကို ဦးချလော့။” ဟု မိန့်တော်မူခဲ့ရာ အီဗ်လီးစ်စေတန်မိစ္ဆာကောင်မှအပ စေတမန်အားလုံးက ဦးချခဲ့ကြသည်။ (စေတန်မိစ္ဆာကောင် သည်) ဦးချသူတို့တွင် အပါအဝင် မဖြစ်ခဲ့ချေ။
قَالَ مَا مَنَعَكَ أَلَّا تَسْجُدَ إِذْ أَمَرْتُكَ ۖ قَالَ أَنَا خَيْرٌ مِّنْهُ خَلَقْتَنِي مِن نَّارٍ وَخَلَقْتَهُ مِن طِينٍ (12)
ငါအရှင်မြတ်က (စေတန်မိစ္ဆာကောင်အား) “ငါအရှင်မြတ်က သင့်ကို (အာဒမ်အား ဦးချရန်) အမိန့်ပေးတော်မူစဉ် အဘယ်အရာက ဦးမချရန် သင့်ကို ဟန့်တားပိတ်ပင်တားမြစ်ခဲ့သနည်း။” ဟု မေးတော်မူခဲ့ရာ (စေတန် မိစ္ဆာကောင်) က “ကျွန်ုပ်သည် သူ့ထက် ပိုမို၍ မြင့်မြတ်၏၊ အရှင်မြတ်သည် ကျွန်ုပ်အား မီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး (လူသားတို့၏ဖခင်ကြီးဖြစ်သော) အာဒမ်ကိုမူ မြေစေးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။” ဟု ဖြေဆို လျှောက်ထားခဲ့လေသည်။
قَالَ فَاهْبِطْ مِنْهَا فَمَا يَكُونُ لَكَ أَن تَتَكَبَّرَ فِيهَا فَاخْرُجْ إِنَّكَ مِنَ الصَّاغِرِينَ (13)
အရှင်မြတ်က “သို့ဖြစ်ရာ အသင်သည် ယင်း (သုခဘုံ) မှ ဆင်းသွားလော့။ ဤနေရာသည် သင့်အတွက် ယင်း၌ မာနတက်ရန် မဟုတ်သောကြောင့် ထွက်သွားလော့။ ဧကန်ပင်၊ အသင်သည် အရှက်ရ သေးသိမ်သူတို့တွင် အပါအဝင် ဖြစ်လေ၏။” (ဟု မိန့်တော်မူခဲ့၏။)
قَالَ أَنظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ (14)
(စေတန်မိစ္ဆာကောင်က) “အရှင်မြတ်သည် ကျွန်ုပ်အား (သေခြင်းနှင့်ဒဏ်ခတ်အရေးယူခြင်းမရှိစေဘဲ) ရှင်ပြန်ထမည့်နေ့အထိ ရွှေ့ဆိုင်းစောင့်စားခွင့် ပေးသနားတော်မူပါ။” ဟု လျှောက်တင်ခဲ့၏။
قَالَ إِنَّكَ مِنَ الْمُنظَرِينَ (15)
အရှင်မြတ်က “မုချဧကန်၊ အသင်သည် (ကမ္ဘာဂြိုဟ်ပေါ် လူသားကျန်ရစ်သရွေ့) ရွှေ့ဆိုင်းစောင့်စားခြင်း ခံရသူတို့အနက်မှ ဖြစ်၏။” ဟု မိန့်တော်မူခဲ့၏။
قَالَ فَبِمَا أَغْوَيْتَنِي لَأَقْعُدَنَّ لَهُمْ صِرَاطَكَ الْمُسْتَقِيمَ (16)
(စေတန်မိစ္ဆာကောင်ဖြစ်သော) သူက “အရှင်မြတ်သည် ကျွန်ုပ်အား လမ်းမှားရောက်စေတော်မူသောကြောင့် ကျွန်ုပ်သည် သူတို့အတွက် ဖြောင့်မတ်မှန်ကန် မြဲမြံသော အရှင့်လမ်းစဉ်တော်ကို (တားဆီးပိတ်ပင်ရန်) မုချပင် (ရပ်တည်၍) ထိုင်နေလိမ့်မည်။” (ဟု ပြောခဲ့၏။)
ثُمَّ لَآتِيَنَّهُم مِّن بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَانِهِمْ وَعَن شَمَائِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَاكِرِينَ (17)
ထို့နောက် ကျွန်ုပ်သည် သူတို့ထံ သူတို့၏ရှေ့နှင့်နောက်တို့မှလည်းကောင်း၊ သူတို့၏လက်ျာနှင့်လက်ဝဲတို့မှလည်းကောင်း၊ (အဖက်ဖက်မှ) မုချပင် ဝင်ရောက်လာလိမ့်မည်။ ထိုအခါ အသင် (အရှင်မြတ်) သည် သူတို့ အနက်မှ အများစုကို ကျေးဇူးသိတတ်သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပေ။
قَالَ اخْرُجْ مِنْهَا مَذْءُومًا مَّدْحُورًا ۖ لَّمَن تَبِعَكَ مِنْهُمْ لَأَمْلَأَنَّ جَهَنَّمَ مِنكُمْ أَجْمَعِينَ (18)
(ထိုအခါ) အရှင်မြတ်က (စေတန်မိစ္ဆာကောင်အား) “သိက္ခာမဲ့ဂုဏ်သရေသိမ်ဖျင်းစွာနှင်ထုတ်ခြင်းခံရသူအဖြစ် ယင်း (သုခဘုံ) မှ ထွက်သွားလော့။ (လူသားများဖြစ်ကြသော) သူတို့အနက်မှ မည်သူမဆို အသင် (မိစ္ဆာကောင်) အား လိုက်နာလျှင် ငါအရှင်မြတ်သည် သင်တို့အားလုံးဖြင့် ငရဲဘုံကို မုချ ဖြည့်စေတော်မူလိမ့်မည်။”
وَيَا آدَمُ اسْكُنْ أَنتَ وَزَوْجُكَ الْجَنَّةَ فَكُلَا مِنْ حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ (19)
(ထို့နောက် အရှင်မြတ်သည် အာဒမ်အား) “အို၊ အာဒမ်၊ သင်နှင့်သင့်ဘဝဖော်တို့သည် သုခဥယျာဉ်ထဲတွင် အခြေချနေထိုင်၍ သင်တို့အလိုရှိသော နေရာတိုင်း၌ ဆန္ဒအလျှောက် စားသုံးကြလော့။ သို့သော် ဤအပင်၏အနားသို့ပင် မချဉ်းကပ်ကြလေနှင့်။ သို့မဟုတ်လျှင် အရှင့်စည်းမျဉ်းတော်များအား ချိုးဖောက်ကျူးလွန်၍ မမှန်မကန်ပြုမူကျင့်ကြံသူတို့တွင် အပါအဝင် ဖြစ်လိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။
فَوَسْوَسَ لَهُمَا الشَّيْطَانُ لِيُبْدِيَ لَهُمَا مَا وُورِيَ عَنْهُمَا مِن سَوْآتِهِمَا وَقَالَ مَا نَهَاكُمَا رَبُّكُمَا عَنْ هَٰذِهِ الشَّجَرَةِ إِلَّا أَن تَكُونَا مَلَكَيْنِ أَوْ تَكُونَا مِنَ الْخَالِدِينَ (20)
စေတန်မကောင်းဆိုးဝါးသည် သူတို့နှစ်ဦးစလုံးအား သူတို့၏ဖုံးအုပ်ထားသော အရှက်များကို ပေါ်လွင်စေရန် (ရာဂစိတ်နိုးကြွစေရန်) မကောင်းသောအကြံဉာဏ်ဖြင့် တီးတိုးပြောဆိုလှုံ့ဆော်ခဲ့၏။ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က သင်တို့နှစ်ဦးစလုံးအား ဤအပြစ်မှ တားမြစ်ခြင်းမှာ သင်တို့နှစ်ဦးစလုံးသည် မလာအီကာစေတမန်များ မဖြစ်စေရန် သို့မဟုတ် အစဉ်ထာဝရ အသက်ရှင်သည့် မသေမျိုး မဖြစ်စေရန်အတွက်သာ ဖြစ်သည်။"" ဟု လှုံ့ဆော်ပြောဆိုခဲ့သည်။
وَقَاسَمَهُمَا إِنِّي لَكُمَا لَمِنَ النَّاصِحِينَ (21)
ထို့ပြင် ဧကန်ပင်၊ ကျွန်ုပ်သည် သင်တို့နှစ်ဦးစလုံးအတွက် ရိုးသားစွာ အကြံဉာဏ်ကောင်းပေးသူများမှ အနက်ပင် ဖြစ်ကြောင်း သစ္စာပြုကျိန်ဆိုပြောပါရစေ။
فَدَلَّاهُمَا بِغُرُورٍ ۚ فَلَمَّا ذَاقَا الشَّجَرَةَ بَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ الْجَنَّةِ ۖ وَنَادَاهُمَا رَبُّهُمَا أَلَمْ أَنْهَكُمَا عَن تِلْكُمَا الشَّجَرَةِ وَأَقُل لَّكُمَا إِنَّ الشَّيْطَانَ لَكُمَا عَدُوٌّ مُّبِينٌ (22)
ထိုသို့ဖြင့် စေတန်မိစ္ဆာကောင်သည် သူတို့နှစ်ဦးစလုံးအား ပရိယာယ်ဖြင့် လှည့်စား၍ ဖြားယောင်း ဆွဲဆောင်လေသည်။ ထိုသို့ဖြင့် သူတို့နှစ်ဦးသည် ထိုအပင်ကို မြည်းစမ်းကြသောအခါ သူတို့၌ သူတို့၏အရှက် (အင်္ဂါ) များ ပေါ်သွားလေ၏။ ထို့နောက် သူတို့သည် သုခဘုံဥယျာဉ်မှ သစ်ရွက်များဖြင့် သူတို့၏ခန္ဓာကိုယ်များပေါ် စတင် ဖုံးအုပ်ကြလေ၏။ ထိုအခါ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်က သူတို့နှစ်ဦးစလုံးအား အရေးတကြီးခေါ်တော်မူ၍ “ငါအရှင်မြတ်သည် သင်တို့အား ဤအပင်မှ ပိတ်ပင်ခဲ့သည် မဟုတ်လော။ စေတန်မကောင်းဆိုးဝါးသည် သင်တို့နှစ်ဦးစလုံးအတွက် ထင်ရှားသော ရန်သူဖြစ်သည်။” ဟု ပြောခဲ့သည်မဟုတ်လော့။” ဟု မေးမြန်းတော်မူ၏။
قَالَا رَبَّنَا ظَلَمْنَا أَنفُسَنَا وَإِن لَّمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ (23)
သူတို့နှစ်ဦးစလုံးက “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်ပျိုးထောင်တော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်အတိုင်း အသုံးမချဘဲ မမှန်မကန် သုံးစွဲမိကြပါ၏။ ထို့ပြင်အကယ်၍ အရှင်မြတ်သည်သာ ကျွန်ုပ်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး တော်မမူပါလျှင်၊ ကျွန်ုပ်တို့အပေါ် ကရုဏာထားတော်မမူပါလျှင် ကျွန်တော်မျိုးတို့သည် ဆုံးရှုံးနစ်နာသူများထဲတွင် အပါအဝင် ဖြစ်ကြပါလိမ့်မည်။” ဟု လျှောက်တင်ကြ၏။
قَالَ اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ (24)
အရှင်မြတ်က “(သင်တို့အားလုံးသည် သုခဘံဥယျာဉ်မှ) ဆင်းသွားကြလော့။ (သင်တို့အချင်းချင်း) အချို့သည် အချို့၏ရန်သူဖြစ်ပြီး သင်တို့အတွက် ကမ္ဘာဂြိုဟ်ပေါ်၌ (အရှင်မြတ်သတ်မှတ်တော်မူသော) အချိန် ကာလအထိ အခြေချနေထိုင်ရာ ဌာနစခန်း၊ အသက်မွေးမှုနှင့်အကျိုးခံစားခွင့်များရှိ၏။” ဟု မိန့်တော်မူ၏။
قَالَ فِيهَا تَحْيَوْنَ وَفِيهَا تَمُوتُونَ وَمِنْهَا تُخْرَجُونَ (25)
ထို (ကမ္ဘာဂြိုဟ်) ၌ သင်တို့နေထိုင်ကြရမည်။ ယင်း၌ပင် သေကြပြီးနောက် ယင်းမှ (တစ်ဖန်) ထွက်လာစေတော်မူခြင်းခံရလိမ့်မည်ဟု မိန့်တော်မူ၏။
يَا بَنِي آدَمَ قَدْ أَنزَلْنَا عَلَيْكُمْ لِبَاسًا يُوَارِي سَوْآتِكُمْ وَرِيشًا ۖ وَلِبَاسُ التَّقْوَىٰ ذَٰلِكَ خَيْرٌ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ لَعَلَّهُمْ يَذَّكَّرُونَ (26)
အို၊ အာဒမ်၏သားသမီးအပေါင်းတို့၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် သင်တို့အား အရှက်လုံစေပြီး လှပတင့် တယ်စေသည့် အဝတ်တန်ဆာကို ချမှတ်ပေးအပ်တော်မူ၏။ သို့သော် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း (မည်သော သက္ကဝါအဝတ်တန်ဆာ) သည် အမြင့်မြတ်ဆုံးပင်ဖြစ်၏။ ဤသည်ကား သူတို့ သတိရ တသ၍ ဖွင့်ဟနိုင်ကြရန်အလို့ငှာ (ထုတ်ပြန်ချမှတ်ပေးအပ်သော) အလ္လာဟ်အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များအနက်မှ ဖြစ်၏။
يَا بَنِي آدَمَ لَا يَفْتِنَنَّكُمُ الشَّيْطَانُ كَمَا أَخْرَجَ أَبَوَيْكُم مِّنَ الْجَنَّةِ يَنزِعُ عَنْهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوْآتِهِمَا ۗ إِنَّهُ يَرَاكُمْ هُوَ وَقَبِيلُهُ مِنْ حَيْثُ لَا تَرَوْنَهُمْ ۗ إِنَّا جَعَلْنَا الشَّيَاطِينَ أَوْلِيَاءَ لِلَّذِينَ لَا يُؤْمِنُونَ (27)
အို၊ အာဒမ်၏သားသမီးအပေါင်းတို့၊ စေတန်မကောင်းဆိုးဝါးသည် သင်တို့၏မိဘ (ဘိုး၊ ဘေး၊ ဘီ၊ ဘင်) တို့အား သူတို့၏အဝတ်တန်ဆာများကို ချွတ်စေလျက် သူတို့၏အရှက်များကို ပေါ်လွင်စေကာ သုခဘုံဥယျာဉ်မှ နှင်ထုတ်စေသကဲ့သို့ သင်တို့ကိုလည်း (လမ်းမှားရောက်အောင်) ဖြားယောင်းသွေးဆောင်ခြင်းအား ခွင့်မပြုကြလေနှင့်။ စင်စစ် စေတန်မကောင်းဆိုးဝါးနှင့် သူ့မိတ်ဆွေအပေါင်းအပါတို့သည် သင်တို့က သူတို့ကို မမြင်နိုင်သော နည်းလမ်းနှင့်နေရာများမှ သင်တို့အား မြင်နေကြ၏။ ဧကန်ပင်၊ ငါအရှင်မြတ်သည် စေတန်မကောင်းဆိုးဝါးတို့ကို မယုံကြည်သူတို့အတွက် လူယုံနှင့်ကာကွယ်စောင့်ရှောက်သူများအဖြစ် ဖြစ်စေတော်မူ၏။
وَإِذَا فَعَلُوا فَاحِشَةً قَالُوا وَجَدْنَا عَلَيْهَا آبَاءَنَا وَاللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ اللَّهَ لَا يَأْمُرُ بِالْفَحْشَاءِ ۖ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ (28)
သူတို့သည် (ကအ်ဗဟ်ကျောင်းတော်၌ ကိုယ်တုံးလုံးလှည့်ပတ်ခြင်းပမာ) စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မဖွယ်မရာကိစ္စတစ်စုံတစ်ရာကို ပြုလုပ်ကြသည့်အခါ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ကို ထိုသို့ပင် (ပြုလုပ်ကြောင်း) တွေ့ခဲ့ကြပြီး အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ယင်းနှင့်ပတ်သက်၍ (ထိုသို့ ပြုလုပ်ရန်) အမိန့်ပေးတော်မူခဲ့၏။” ဟု ပြောဆိုခဲ့ကြသည်။ “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ထိုစက်ဆုပ် ရွံရှာဖွယ်ကောင်းသည့် မဖွယ်မရာကိစ္စနှင့်စပ်လျဉ်း၍ (ထိုသို့ပြုလုပ်ရန်) အလျင်း မိန့်တော်မမူချေ။” ဟု ဟော ကြားလော့။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သင်တို့ မသိနားမလည်သောအရာကို (ကြံစည်ဖန်တီး၍) ပြောဆိုမည်လော။” (ဟု မေးမြန်းလော့။)
قُلْ أَمَرَ رَبِّي بِالْقِسْطِ ۖ وَأَقِيمُوا وُجُوهَكُمْ عِندَ كُلِّ مَسْجِدٍ وَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ (29)
ဟောလော့။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (ကျွန်ုပ်အား) တရားတော်နှင့်အညီ တရားမျှတစွာ ပြုမူကျင့်ကြံရန်၊ ဝတ်ပြုရာနေရာတိုင်း၌ သင်တို့၏မျက်နှာ များကို (အရှင့်ဘက်ရှေးရှုဦးတည်၍) မြဲမြံစွာ ဝတ်ပြုဆောက်တည်ရန်နှင့်အရှင့်ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် အရှင်မြတ်ကို ဟစ်ခေါ်ရန် အမိန့်ပေးညွှန်ကြားတော်မူ၏။ သင်တို့အား မူလအစ၌ စတင်ဖြစ်တည်စေတော်မူသကဲ့သို့ (ထိုအရှင်မြတ်ထံတော်သို့ပင်) သင်တို့ ပြန်ကြရလိမ့်မည်။
فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِن دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ (30)
(ထိုအရှင်မြတ်သည်) အုပ်စုတစ်စုအား (လမ်းမှန်အတိုင်း) လမ်းညွှန်တော်မူပြီး အုပ်စုတစ်စုအပေါ်တွင်မူကား လမ်းမှားသာ ထိုက်တန်စေတော်မူ၏။ (အကြောင်းမှာ) သူတို့သည် အလ္လာဟ်အရှင်မြတ်ထက် စေတန်မကောင်းဆိုးဝါးတို့ကို ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူများအဖြစ် အယူထားကြပြီး သူတို့သည် တရားလမ်းမှန်ရရှိကြသူများဖြစ်သည်ဟု ထင်မှတ်နေကြသောကြောင့် ဖြစ်သည်။
۞ يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِندَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ (31)
အို၊ အာဒမ်သားသမီးအပေါင်းတို့၊ ဝတ်ပြုရာနေရာတိုင်း၌ (ဆွလာသ်ဝတ်ပြုစဉ်) သန့်ရှင်းစင်ကြယ်စွာနှင့်တင့်တယ်စွာ ဝတ်စားတန်ဆာဆင်ကြလော့။ (အရှင်မြတ်ခွင့်ပြုထားသော စားသောက်ဖွယ်ရာများကို) စားသုံးကြလော့။ သို့သော် (အလွန်အကျွံစားသောက်၍လည်းကောင်း၊ မလိုလားအပ်သောနည်းများတွင် အသုံးချခြင်းဖြင့်လည်းကောင်း၊) မဖြုန်းတီးကြလေနှင့်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ဖြုန်းတီးသူတို့အား နှစ်သက်တော်မမူချေ။
قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ (32)
ဟောလော့၊ “အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ (လူသား) တို့အတွက် ထုတ်လုပ်စေတော်မူသော လက်ဝတ်တန်ဆာများ၊ ရိက္ခာနှင့်လိုအပ်ချက်တို့အနက်မှ သန့်ရှင်းစင်ကြယ်သော အစားအသောက်များကို မည်သူက တားမြစ်လေသနည်း။ ယင်းသည် ယုံကြည်သူတို့အတွက်ဤလောကီဘဝသက်တမ်း၌ (အများနည်းတူ) လည်းကောင်း၊ ရှင်ပြန်ထမည့်နေ့တွင် သီးသန့်အဖြစ်လည်းကောင်း၊ ရရှိမည့်ခံစားခွင့်များ ဖြစ်၏။ ဤကဲ့သို့ပင် ငါအရှင်မြတ်သည် အသိပညာရှာဖွေဆည်းပူးကြသော လူမျိုးတို့အတွက် အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ်ရှင်းပြတော်မူ၏။”
قُلْ إِنَّمَا حَرَّمَ رَبِّيَ الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ وَالْإِثْمَ وَالْبَغْيَ بِغَيْرِ الْحَقِّ وَأَن تُشْرِكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا وَأَن تَقُولُوا عَلَى اللَّهِ مَا لَا تَعْلَمُونَ (33)
ဟောကြားလော့။ “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မဖွယ်မရာများအနက်မှ လူသိရှင်ကြား ထင်ထင်ရှားရှား ပြုမူကျင့်ဆောင်မှုများကိုလည်းကောင်း၊ တိတ်တဆိတ်လျှို့ဝှက်စွာ လုပ်ဆောင်သည်များကိုလည်းကောင်း၊ မကောင်းမှုဒုစရိုက်များကိုလည်းကောင်း၊ မတရားသဖြင့် အနိုင်ကျင့်ညှင်းဆဲခြင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်တုပြိုင်တွဲဖက် ၍ (အခြားသောအရာများအား ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ခြင်းကိုလည်းကောင်း၊ အရှင်မြတ်ထံတော်မှ ခွင့်ပြုချက်ဆိုင်ရာ သက်သေသာဓကချမှတ်ပေးအပ်ခြင်းမခံရသော အကြောင်းကိစ္စများအား သင်တို့ သိနားလည် ခြင်းမရှိဘဲ အရှင်မြတ်အပေါ် (ကြံစည်ဖန်တီး၍) ပုံချပြောဆိုခြင်းကိုလည်းကောင်း၊ အမှန်ပင် တားမြစ်ထားတော်မူ၏။”
وَلِكُلِّ أُمَّةٍ أَجَلٌ ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ (34)
လူ့ဘောင်အသိုင်းအဝိုင်းအတွက် (သူတို့၏လွတ်လပ်စွာရွေးပိုင်ခွင့်နှင့်အညီ အရှင်မြတ်က) သတ်မှတ်ထားတော်မူသော အချိန်ကာလတစ်ခု ရှိ၏။ သူတို့၏ သတ်မှတ်ချိန် စေ့သည့်ကာလရောက် လာသည့်အခါ (သူတို့သည်) အချိန်တစ်နာရီမျှပင် နောက်ဆုတ်နိုင်ကြမည်မဟုတ်ပေ။ (အချိန်အနည်းငယ်မျှ) ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ချေ။
يَا بَنِي آدَمَ إِمَّا يَأْتِيَنَّكُمْ رُسُلٌ مِّنكُمْ يَقُصُّونَ عَلَيْكُمْ آيَاتِي ۙ فَمَنِ اتَّقَىٰ وَأَصْلَحَ فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ (35)
အို၊ အာဒမ်၏သားသမီးအပေါင်းတို့၊ (လောကီဘဝသက်တမ်းသည် အရှင်မြတ်သတ်မှတ်ထားသည့် အတိုင်းသာဖြစ်၍) အသင်တို့အနက်မှ (ငါအရှင်မြတ်ရွေးချယ်ခန့်အပ်တော်မူသည့်) ရစူလ်တမန်တော်များ သင်တို့ထံ ငါအရှင်၏အာယာသ်သက်သေလက္ခဏာတော်များကို ရှင်းလင်းတင်ပြရန် ရောက်လာကြသည့်အခါတိုင်း မည်သူမဆို အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာပြီး (သူ၏နေထိုင်ကျင့်သုံးမှုစနစ်ကို အရှင့်လမ်းညွှန်တော်နှင့်အညီ) ပြုပြင်ပြောင်းလဲလျှင် သူတို့အပေါ်၌ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိမည်မဟုတ်သည့်အပြင် ပူဆွေးသောကရောက်ကြရမည်လည်း မဟုတ်ချေ။
وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا أُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ (36)
ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (မဟုတ်မမှန် ကြံစည်စွပ်စွဲလျက်) ငြင်းဆန်၍ မာန်မာနတက်ကြသူတို့သည် ငရဲမီး၏အဖော်များသာဖြစ်ကြပြီး (ထိုသူတို့သည် ထိုငရဲဘုံ၌ပင်) ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည့်သူများ ဖြစ်ကြသည်။
فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِآيَاتِهِ ۚ أُولَٰئِكَ يَنَالُهُمْ نَصِيبُهُم مِّنَ الْكِتَابِ ۖ حَتَّىٰ إِذَا جَاءَتْهُمْ رُسُلُنَا يَتَوَفَّوْنَهُمْ قَالُوا أَيْنَ مَا كُنتُمْ تَدْعُونَ مِن دُونِ اللَّهِ ۖ قَالُوا ضَلُّوا عَنَّا وَشَهِدُوا عَلَىٰ أَنفُسِهِمْ أَنَّهُمْ كَانُوا كَافِرِينَ (37)
မည်သူမဆို မုသားများကို ကြံဖန်လီဆယ်၍ (ထိုမုသားများအား အရှင်မြတ်ချမှတ်တော်မူသကဲ့သို့) အလ္လာဟ်အရှင်မြတ်အပေါ် ပုံချခြင်းဖြင့် လိမ်လည်ကြလျှင် သို့မဟုတ် အရှင့်အာယာသ်သက်သေလက္ခဏာ တော်များကို ငြင်းဆန်လျှင် ထိုသူတို့ထက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မမှန်မကန်လုပ်သူ မည်သူရှိအံ့နည်း။ ထိုသူတို့သည် ငါအရှင်မြတ်၏စေတမန်များက သူတို့၏အသက်ဇီဝိန်ကို နှုတ်သိမ်းရန် ရောက်လာသည်အထိ (သက်တမ်းတစ်လျှောက်လုံး၌) ကျမ်းတော်မှ (အရှင့်သတ်မှတ်ပြဋ္ဌာန်းချက်နှင့်အညီ သူတို့၏ဘဝ လိုအပ်ချက်နှင့်ရိက္ခာဆိုင်ရာ) ဝေစုဝေပုံများ သူ့ထံရောက်ရှိ၍ ခံစားခဲ့ကြရသည်။ (သူတို့အား) “အလ္လာဟ်အရှင်မြတ်မှ ရှောင်ဖယ်စွန့်ခွာ၍ သင်တို့ဆည်းကပ်ပူဇော်၍ ဟစ်ခေါ်တသခဲ့ကြသော ထိုကိုးကွယ်ရာများ (ယခုအခါ) အဘယ်မှာနည်း။” ဟု မေးသော် “ယင်းတို့သည် ကျွန်ုပ်တို့ထံမှ သွေဖည်၍ ပျောက်ကွယ်သွားကြလေပြီ။” ဟု ဖြေကြားလိမ့်မည်။ ထို့ပြင် သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ် စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကို (အရှင့်စည်း မျဉ်းတော်တိုင်းမဟုတ်ဘဲ သူတို့၏စိတ်အလိုဆန္ဒအတိုင်း အသုံးချခဲ့ခြင်းကြောင့်) ဧကန်စင်စစ်၊ မယုံကြည်သူများ ဖြစ်လာခဲ့ကြောင်းကို သက်သေခံကြမည်။
قَالَ ادْخُلُوا فِي أُمَمٍ قَدْ خَلَتْ مِن قَبْلِكُم مِّنَ الْجِنِّ وَالْإِنسِ فِي النَّارِ ۖ كُلَّمَا دَخَلَتْ أُمَّةٌ لَّعَنَتْ أُخْتَهَا ۖ حَتَّىٰ إِذَا ادَّارَكُوا فِيهَا جَمِيعًا قَالَتْ أُخْرَاهُمْ لِأُولَاهُمْ رَبَّنَا هَٰؤُلَاءِ أَضَلُّونَا فَآتِهِمْ عَذَابًا ضِعْفًا مِّنَ النَّارِ ۖ قَالَ لِكُلٍّ ضِعْفٌ وَلَٰكِن لَّا تَعْلَمُونَ (38)
(အရှင်မြတ်က) “သင်တို့မတိုင်မီ လွန်လေပြီးသော ဂျင်န်နှင့် လူသားအသိုင်းအဝိုင်းတို့ အနက်မှ (ငရဲမီးနှင့် ထိုက်တန်သူတို့အား) ငရဲမီးထဲသို့ဝင်ကြလော့။” ဟု မိန့်တော်မူရာအသိုင်းအဝိုင်းတစ်ခုသည် (ငရဲမီးထဲသို့) ဝင်ရောက်သည့်အခါတိုင်းမှာ (ယင်းတို့မတိုင်မီလွန်လေပြီးသော) ရှေ့မျိုးဆက်အသိုင်းအဝိုင်းအား ကျိန်ဆဲလေ၏။ သူတို့အားလုံး တစ်စုကိုတစ်စု ကျော်တက်လျက် ထို (ငရဲမီး) ထဲသို့ ရောက်သည်အထိ သူတို့နောက်မျိုးဆက်က ရှေးမျိုးဆက်နှင့်စပ်လျဉ်း၍ “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ဤ (ရှေးမျိုးဆက်ဖြစ်သော) သူတို့သည် ကျွန်ုပ်တို့အား လမ်းမှားရောက်စေသောကြောင့် သူတိုကို ငရဲမီး၏ပြစ်ဒဏ် နှစ်ဆပေးတော်မူပါ။”ဟု လျှောက်တင်ကြ၏။ “(ထိုစဉ်အရှင်မြတ်က) အုပ်စုတိုင်းအတွက် (ပြစ်ဒဏ်) နှစ်ဆစီ (ရှိမည်) ဖြစ်သော်လည်း သင်တို့၌ သိနားလည်မှု မရှိကြချေ။” ဟု မိန့်တော်မူ၏။
وَقَالَتْ أُولَاهُمْ لِأُخْرَاهُمْ فَمَا كَانَ لَكُمْ عَلَيْنَا مِن فَضْلٍ فَذُوقُوا الْعَذَابَ بِمَا كُنتُمْ تَكْسِبُونَ (39)
(သူတို့အနက်) ရှေးမျိုးဆက်က နောက်မျိုးဆက်အား “အသင်တို့သည် ကျွန်ုပ်တို့ထက် ပိုမို၍ သိက္ခာမရှိသော ကြောင့် သင်တို့ရှာဖွေဆည်းပူးကျင့်ဆောင်ခဲ့သမျှနှင့်အညီ ပြစ်ဒဏ်များကို မြည်းစမ်းကြလော့။” ပြောဆိုကြ၏။
إِنَّ الَّذِينَ كَذَّبُوا بِآيَاتِنَا وَاسْتَكْبَرُوا عَنْهَا لَا تُفَتَّحُ لَهُمْ أَبْوَابُ السَّمَاءِ وَلَا يَدْخُلُونَ الْجَنَّةَ حَتَّىٰ يَلِجَ الْجَمَلُ فِي سَمِّ الْخِيَاطِ ۚ وَكَذَٰلِكَ نَجْزِي الْمُجْرِمِينَ (40)
ဧကန်စင်စစ်၊ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (မဟုတ်မမှန် ကြံဖန်စွပ်စွဲ၍) ငြင်းဆန်ပြီး ယင်းတို့မှ (ရှောင်လွှဲလျက်) မာနတက်နေကြသူတို့သည် ကုလားအုတ်က အပ်ပေါက်၌ ဝင်ဆံ့သည့်တိုင် သူတို့အတွက် မိုးကောင်းကင်၌ တံခါးပေါက်များ ဖွင့်ထားခြင်းခံရမည်မဟုတ်ပေ။ သုခဘုံထဲသို့လည်း ဝင်ခွင့်ရလိမ့်မည်မဟုတ်ချေ။ ထိုသို့ပင် ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သော ရာဇဝတ်သားများကို (သူတို့၏ ပြစ်မှုနှင့်အညီ ဆိုးကျိုးဆက်အဖြစ်) ပြစ်ဒဏ်ပေးတော်မူ၏။
لَهُم مِّن جَهَنَّمَ مِهَادٌ وَمِن فَوْقِهِمْ غَوَاشٍ ۚ وَكَذَٰلِكَ نَجْزِي الظَّالِمِينَ (41)
သူတို့အတွက် အခင်းမှာ ငရဲဘုံဖြစ်ပြီး သူတို့အပေါ်၌လည်း (ငရဲမီး) အဖုံးအအုပ်များ ရှိ၏။ ထိုသို့ပင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်လုပ်သူတို့အတွက် (အကျိုးဆက်) ပေးဆပ်စေတော်မူ၏။
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ (42)
ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သည့် ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အတွက် ငါအရှင်မြတ်သည် မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကိုမျှ ယင်း၌ရှိသော စွမ်းရည်နှင့်အညီမှအပ (တာဝန်ဝန်ထုပ်ကို) ထမ်းဆောင်စေတော်မမူပေ။ ထိုသူတို့သည် သုခဘုံဥယျာဉ်၏အဖော်များဖြစ်ကြပြီး ထို (သုခဘုံ) ၌ပင် ကာလအကန့်အသတ်မဲ့ နေထိုင်စံမြန်းကြမည်။
وَنَزَعْنَا مَا فِي صُدُورِهِم مِّنْ غِلٍّ تَجْرِي مِن تَحْتِهِمُ الْأَنْهَارُ ۖ وَقَالُوا الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِيَ لَوْلَا أَنْ هَدَانَا اللَّهُ ۖ لَقَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ ۖ وَنُودُوا أَن تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنتُمْ تَعْمَلُونَ (43)
ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံး၌ရှိသော အာဃာတအငြိုအတေးနှင့်မနာလိုမှုများကို ဖယ်ရှားထုတ်ပစ်တော်မူမည်။ သူတို့၏အောက်ခြေ၌ စိမ့်စမ်းရေများ တသွင်သွင် စီးဆင်းလျက်ရှိ၏။ သူတို့က “ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် ကျွန်ုပ်တို့အား ဤသို့ (လောကီဘဝ၌ အရှင်မြတ်က မျက်နှာသာပေးတော်မူသည့် လမ်းစဉ်အတိုင်း ဘဝတည်ဆောက်နိုင်ရန်) လမ်းညွှန်တော်မူသောအလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့အား လမ်းညွှန်တော်မမူခဲ့လျှင် တရားလမ်းညွှန်မှန်ကို အလျှင်း ရရှိကြမည်မဟုတ်ပေ။ မုချဧကန် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာနှင့်အတူ ရစူလ်တမန်တော်များ ရောက်ရှိလာခဲ့၏။ “ဤသုခဘုံဥယျာဉ် သည် သင်တို့ (က လောကီဘဝ၌) ပြုမူကျင့်ကြံကြသည်နှင့်အညီ (အကျိုးဆုလဒ်အဖြစ်) အမွေဆက်ခံခွင့်ခံရမည့် အရာအဖြစ်ကြောင်း” (ကြွေးကြော်သူတစ်ဦးက) သူတို့အား ဟစ်ခေါ်ပြောလိမ့်မည်။
وَنَادَىٰ أَصْحَابُ الْجَنَّةِ أَصْحَابَ النَّارِ أَن قَدْ وَجَدْنَا مَا وَعَدَنَا رَبُّنَا حَقًّا فَهَلْ وَجَدتُّم مَّا وَعَدَ رَبُّكُمْ حَقًّا ۖ قَالُوا نَعَمْ ۚ فَأَذَّنَ مُؤَذِّنٌ بَيْنَهُمْ أَن لَّعْنَةُ اللَّهِ عَلَى الظَّالِمِينَ (44)
သုခဘုံဥယျာဉ်၏အဖော်များက ငရဲမီး၏အဖော်များအား “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့ကို ကတိပေးမိန့်တော်မူခဲ့သည်မှာ မှန်ကန်ကြောင်း ကျွန်ုပ်တို့က မုချပင် တွေ့ခဲ့ရပြီ။ သင်တို့ကို သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်က ကတိပေးမိန့်တော်မူခဲ့သည်မှာ မှန်ကန်ကြောင်း သင်တို့ တွေ့ကြသလော။” ဟု ဟစ်ခေါ်မေး မြန်းကြသော် (သူတို့က) ဟုတ်ပါ၏။ (မှန်ကန်ကြောင်းတွေ့ခဲ့ပါပြီ) ဟု ဖြေဆိုကြမည်။ ထို့နောက် ကြွေးကြော်သူတစ်ဦးက “အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ (မဟုတ်မတရား) မမှန်မကန်ပြုမူကျင့်ကြံခဲ့ကြသူတို့သည် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးကြစေ။” ဟူ၍ ဟစ်အော်ကြွေးကြော်လိမ့်မည်။
الَّذِينَ يَصُدُّونَ عَن سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُم بِالْآخِرَةِ كَافِرُونَ (45)
အလ္လာဟ်အရှင်မြတ်၏လမ်းစဉ်တော်မှ (လူတို့အား) တားဆီးပိတ်ပင်ပြီး ထို (လမ်းစဉ်တော်) ၌ ကွေ့ကောက်မှုကို (မရိုးသားစွာဖြင့်) ရှာဖွေကြသူတို့သည် နောင်တမလွန်ဘဝနှင့်စပ်လျဉ်း၍ မယုံကြည်ငြင်းပယ်ကြသူများပင် ဖြစ်ကြ၏။
وَبَيْنَهُمَا حِجَابٌ ۚ وَعَلَى الْأَعْرَافِ رِجَالٌ يَعْرِفُونَ كُلًّا بِسِيمَاهُمْ ۚ وَنَادَوْا أَصْحَابَ الْجَنَّةِ أَن سَلَامٌ عَلَيْكُمْ ۚ لَمْ يَدْخُلُوهَا وَهُمْ يَطْمَعُونَ (46)
ထို့ပြင် ယင်းတို့ (သုခဘုံနှင့်ငရဲဘုံ) စပ်ကြားတွင် အကာအရံတစ်ခုရှိ၏။ မြင့်သောနေရာတစ်ခုပေါ်တွင် လူတိုင်း၏မျက်နှာထားကို (သူတို့၏အမှတ်အသားများဖြင့်) မှတ်မိနေသော လူများရှိကြ၏။ သူတို့သည် သုခဘုံ၏အဖော် (သုခဘုံသား) တို့အား “ငြိမ်းချမ်းသာယာမှုသည် သင်တို့အပေါ်ကျရောက်ပါစေ။” ဟု ဟစ်အော်ပြော ဆိုကြမည်။ သူတို့သည် ထို (သုခဘုံ)ကို မဝင်ရသေးသော်လည်း (ဝင်ခွင့်ရလိမ့်မည်ဟု) မျှော်လင့်တောင့်တလျက် ရှိကြမည်။
۞ وَإِذَا صُرِفَتْ أَبْصَارُهُمْ تِلْقَاءَ أَصْحَابِ النَّارِ قَالُوا رَبَّنَا لَا تَجْعَلْنَا مَعَ الْقَوْمِ الظَّالِمِينَ (47)
တစ်ဖန် သူတို့၏မျက်စိများကို ငရဲမီး၏အဖော်များ (ငရဲသားများ) ဘက်သို့ လှည့်ကြသည့်အခါ သူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံသူတို့နှင့်အတူ (သူတို့ထဲတွင် အပါအဝင်) ဖြစ်စေတော်မမူပါနှင့်။” ဟု လျှောက်တင်ကြလိမ့်မည်။
وَنَادَىٰ أَصْحَابُ الْأَعْرَافِ رِجَالًا يَعْرِفُونَهُم بِسِيمَاهُمْ قَالُوا مَا أَغْنَىٰ عَنكُمْ جَمْعُكُمْ وَمَا كُنتُمْ تَسْتَكْبِرُونَ (48)
မြင့်မြတ်သောနေရာ၏အဖော် (နေရာမြင့်၌ရှိသူ) တို့က မျက်နှာထား (အမှတ်အသားများဖြင့်) သူတို့မှတ်မိနေကြသော (လောကီဘဝမှ မယုံကြည်သူတို့၏ခေါင်းဆောင်များဖြစ်ခဲ့ကြသော) လူအချို့အား ဟစ်ခေါ်၍ “သင်တို့ (လောကီဘဝ၌) စုဆောင်းခဲ့ကြသော (ဥစ္စာဓန၊ အင်အားအဖွဲ့အစည်းစသော) အရာများနှင့်သင်တို့ မာန်မာနထောင်လွှားခဲ့ကြသည့် ပကာသနများသည် သင်တို့အတွက် အသုံးဝင်လိမ့်မည် မဟုတ်ပေ။” ဟု ပြောဆိုကြလိမ့်မည်။
أَهَٰؤُلَاءِ الَّذِينَ أَقْسَمْتُمْ لَا يَنَالُهُمُ اللَّهُ بِرَحْمَةٍ ۚ ادْخُلُوا الْجَنَّةَ لَا خَوْفٌ عَلَيْكُمْ وَلَا أَنتُمْ تَحْزَنُونَ (49)
(မြင့်မြတ်သောနေရာ၌ရှိသူတို့သည် သုခဘုံ၏အဖော်များကိုညွှန်ပြလျက်) ဤသူတို့သည် (လောကီဘဝ၌ မယုံကြည်သူတို့၏ခေါင်းဆောင်များဖြစ်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ် အရှင့်ကရုဏာတော်သက်စေမည် မဟုတ်။” ဟု ကျိန်ဆိုပြောခဲ့ကြသည့်သူများ မဟုတ်လော။ (ထို့နောက် သုခဘုံသားတို့အား) သင်တို့သုခဘုံထဲသို့ ဝင်ကြလော့။ သင်တို့အပေါ် မည်သည့် စိုးရိမ်ကြောင့်ကြမှုများရှိမည် မဟုတ်သည့်အပြင် သင်တို့သည် ပူဆွေးသောကရောက်ကြရမည်လည်း မဟုတ်ပေ။ (ဟု ပြောလိမ့်မည်။)
وَنَادَىٰ أَصْحَابُ النَّارِ أَصْحَابَ الْجَنَّةِ أَنْ أَفِيضُوا عَلَيْنَا مِنَ الْمَاءِ أَوْ مِمَّا رَزَقَكُمُ اللَّهُ ۚ قَالُوا إِنَّ اللَّهَ حَرَّمَهُمَا عَلَى الْكَافِرِينَ (50)
ငရဲသားတို့သည် သုခဘုံသားတို့အား “အလ္လာဟ်အရှင်မြတ်က သင်တို့ကို ပေးအပ်တော်မူသည့်ရေ သို့မဟုတ် ရိက္ခာအထောက်အပံ့တို့အနက်မှ ကျွန်ုပ်တို့အပေါ်လည်း သွန်းလောင်းပေးသနားကြပါ။” ဟု ဟစ်ခေါ် တောင်းဆို ကြ၏။ (ထိုအခါ သုခဘုံသားတို့က) “အလ္လဟ်အရှင်မြတ်သည် ယင်းတို့နှစ်ခုစလုံးကို မယုံကြည် (သူနှင့်အမှန် တရားကို ဖီဆန်ငြင်းပယ်) သူတို့အပေါ် (တရားမဝင်အဖြစ်) တားမြစ်တော်မူခဲ့ပြီ။”ဟု ဖြေဆိုကြ၏။
الَّذِينَ اتَّخَذُوا دِينَهُمْ لَهْوًا وَلَعِبًا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا ۚ فَالْيَوْمَ نَنسَاهُمْ كَمَا نَسُوا لِقَاءَ يَوْمِهِمْ هَٰذَا وَمَا كَانُوا بِآيَاتِنَا يَجْحَدُونَ (51)
(ထိုမယုံကြည်) သူတို့သည် သူတို့၏ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများ ပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) ကို ဖျော်ဖြေမှုနှင့်ကစားစရာအဖြစ် မှတ်ယူပြီး လောကီဘဝသက်တမ်းအား သူတို့ကို လှည့်စားဖြားယောင်းစေခဲ့ကြ၏။ သို့ဖြစ်ပေရာ သူတို့ (လောကီဘဝ၌) ယနေ့မူကား ငါအရှင်မြတ်သည်လည်း သူတို့အား ဤနေ့နှင့်ကြုံတွေ့ရမည်ကို ဥပေက္ခာပြုမေ့ထား၍ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (ခေါင်းမာလျက် ငြင်းပယ်စွန့်ပစ်သကဲ့သို့) မေ့ပစ်ထားတော်မူ၏။
وَلَقَدْ جِئْنَاهُم بِكِتَابٍ فَصَّلْنَاهُ عَلَىٰ عِلْمٍ هُدًى وَرَحْمَةً لِّقَوْمٍ يُؤْمِنُونَ (52)
ဧကန်ပင်၊ ငါအရှင်မြတ်သည် ဉာဏ်ပညာပေါ်အခြေခံ၍ (ငါအရှင်ကိုယ်တိုင်) အသေးစိတ်ရှင်းပြထားသော သက်ဝင်ယုံကြည်သော လူမျိုးအတွက် လမ်းညွှန်တော်နှင့်ကရုဏာတော်ဖြစ်သော ကျမ်းတစ်စောင်ကို သူတို့ထံ ရောက်စေတော်မူခဲ့၏။
هَلْ يَنظُرُونَ إِلَّا تَأْوِيلَهُ ۚ يَوْمَ يَأْتِي تَأْوِيلُهُ يَقُولُ الَّذِينَ نَسُوهُ مِن قَبْلُ قَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ فَهَل لَّنَا مِن شُفَعَاءَ فَيَشْفَعُوا لَنَا أَوْ نُرَدُّ فَنَعْمَلَ غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ قَدْ خَسِرُوا أَنفُسَهُمْ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ (53)
သူတို့သည် ထို (ကျမ်းတော်) ၏ နိဂုံးချုပ်အဓိပ္ပါယ်ဖွင့်ဆိုချက် (နှင့်သူတို့လုပ်ရပ်၏နောက်ဆုံး အကျိုးဆက်) ကိုသာ စောင့်မျှော်နေကြသလော။ ထို (ကျမ်းတော်) ၏ ဖွင့်ဆိုချက်ပါအတိုင်း နောက်ဆုံးအကျိုးဆက် ဆိုက်ရောက်လာမည့်နေ့တွင် ယခင်က ယင်း (နေ့) အား မေ့လျော့နေခဲ့ကြသူတို့က “ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ရစူလ်တမန်တော်များသည် (ကျွန်ုပ်တို့ထံ) အမှန်တရား သစ္စာနှင့်အတူ မုချပင် ရောက်လာခဲ့ကြ၏။ (သို့သော် ကျွန်ုပ်တို့က ဂရုမစိုက်ခဲ့ပါ။) သို့ဖြစ်ပေရာ ကျွန်ုပ်တို့အတွက် ကြားဝင်တောင်းပန်ပေးနိုင်မည့် ကြားဝင်တောင်းပန်စေ့စပ်ပေးသူများအနက်မှ (ကျွန်ုပ်တို့ကို ကယ်တင်နိုင် မည့်သူ) တစ်စုံတစ်ဦး ရှိပါမည်လော။ သို့တည်းမဟုတ် ယခင်က ပြုမူကျင့်ကြံခဲ့ကြသည်တို့နှင့်ဆန့်ကျင်၍ (ကောင်းမှုကိုသာလျှင်) ပြုမူကျင့်ကြံခွင့်ရရန် (လောကီသို့) ပြန်လွှတ်ခြင်းခံကြရမည်လော။” ဟု လျှောက်တင်ကြလိမ့်မည်။ ဧကန်ပင်၊ ထိုသူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ် စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန်အသုံးချနိုင်သောစိတ် ဝိဉာဉ်)ကို သူတို့၏ စိတ်အလိုဆန္ဒအတိုင်း အသုံးချပြီး ဆုံးရှုံးနစ်နာအောင်ပြုခဲ့ပြီ။ ထို့ပြင် ထိုသူတို့ (ယခင်က) ကြံဖန်လီဆယ်ခဲ့ကြသည့် (မှားယွင်းသောကိုးကွယ်ရာများနှင့်အားကိုးအားထားပြုခဲ့ကြသော) အရာများလည်း သူတို့ထံမှ ဖွယ်ခွါသွားကြ လေပြီ။
إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ (54)
မုချဧကန်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များကို ကာလခြောက်ခုအတွင်း (အပြီးသတ်) ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ (ယင်းတို့ကို ဖြစ်တည်စေတော်မူပြီးနောက်) တစ်ဖန် ထိုအရှင်မြတ်သည် အရ်ရှ်ပလ္လင်တော် (စကြဝဠာအပေါင်းတို့အား အရှင့်နိယာမတရားများဖြင့် ထိန်းချုပ်ထားသည့် ဩဇာအာဏာ) အား အချို့အစားမျှတပြီး နေသားတကျ ဖြစ်အောင် အခိုင်အမာထူထောင်စေတော်မူ၏။ ထိုအရှင်မြတ်သည် နေ့ကိုညဖြင့် တစ်ခု၏ (နောက်ကို အခြားတစ်ခု စဉ်ဆက်မပြတ် အလျှင်အမြန်လိုက်စေလျက်) ဖုံးအုပ်လွှမ်းမိုး စေတော်မူ၏။ ထို့ပြင် နေ၊ လနှင့်နက္ခတ်ကြယ်တာရာများအား အရှင့်အမိန့်တော်ညွှန်ကြားချက်ဖြင့် (အရှင့်နိယာ မတရားနှင့်အညီ လှည့်ပတ်လှုပ်ရှားကြသည့်) အရှင့်ဩဇာခံများဖြစ်စေတော်မူ၏။ ဖွဲ့စည်းဖြစ်တည်စေခြင်းနှင့် (ထိုသို့ဖြစ်တည်စေရန်) အမိန့်ပေးညွှန်ကြားခွင့်များသည် ထိုအရှင်မြတ် (၏ အချုပ်အခြာ၌သာရှိ၍ အရှင်မြတ်) နှင့်သာ ထိုက်တန်တော်မူကြောင်းကို နှလုံးသွင်း မှတ်ယူကြလော့။ အလ္လာဟ်အရှင်မြတ်သည်ပင် စကြဝဠာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ဖြစ်၍ ဂုဏ်ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံတော်မူ၏။
ادْعُوا رَبَّكُمْ تَضَرُّعًا وَخُفْيَةً ۚ إِنَّهُ لَا يُحِبُّ الْمُعْتَدِينَ (55)
(အို၊ လူသားတို့) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ ကျိုးနွံစွာနှင့်သိုသိုသိပ်သိပ် ဆုတောင်းပန်ကြားလော့။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် စည်းကမ်းကျူး လွန်ဖောက်ဖျက်သူတို့အား နှစ်မြို့တော်မမူချေ။
وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا وَادْعُوهُ خَوْفًا وَطَمَعًا ۚ إِنَّ رَحْمَتَ اللَّهِ قَرِيبٌ مِّنَ الْمُحْسِنِينَ (56)
(အရှင်မြတ်စည်းဘောင် ပြဋ္ဌာန်းသတ်မှတ်တော်မူသည့်အတိုင်း လိုက်နာကျင့်သုံးကြလော့) တည်ငြိမ်အေးချမ်းပြီးနောက်တွင်မှ ကမ္ဘာဂြိုဟ်ပေါ်၌ မတည်မငြိမ်ဖြစ်အောင် အဖျက်အနှောင့် (သွေးထွက်သံယိုမှု) များ မပြုကြလေနှင့်။ ထိုအရှင်မြတ်အား (ပြစ်ဒဏ်ပေးမည်ကို) စိုးရွံ့ထိတ်လန့်၍ (အရှင့်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကရုဏာတော်အတွက်) မျှော်လင့်ချက်ထားလျက် ဆုပန်ကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည် အရေးကိစ္စဟူသမျှကို အရှင့်လမ်းညွှန်တော်နှင့်အညီအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူတို့နှင့်အလွန်ပင် နီးကပ်လျက်ရှိ၏။
وَهُوَ الَّذِي يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۖ حَتَّىٰ إِذَا أَقَلَّتْ سَحَابًا ثِقَالًا سُقْنَاهُ لِبَلَدٍ مَّيِّتٍ فَأَنزَلْنَا بِهِ الْمَاءَ فَأَخْرَجْنَا بِهِ مِن كُلِّ الثَّمَرَاتِ ۚ كَذَٰلِكَ نُخْرِجُ الْمَوْتَىٰ لَعَلَّكُمْ تَذَكَّرُونَ (57)
ထိုအရှင်မြတ်သည်ပင် အရှင့်ရှေ့ပြေးကရုဏာတော်အဖြစ် (မိုးရွာမည့်) သတင်းကောင်းကို ဆောင်သောလေ များကို စေလွှတ်တော်မူ၏။ ထိုလေများကို သိပ်သည်းလေးလံသော တိမ်သားများဖြစ်လာသည်အထိ သယ်ဆောင်၍ မြေသေမြေရိုင်းများရှိသည့် မြို့ရွာများအထိ မောင်းနှင်တွန်းပို့စေလျက် ယင်းတို့မှ မိုးရေကို သွန်းချစေတော်မူ၏။ သို့ဖြစ်ရာ၊ ထိုမိုးရေအားဖြင့် သစ်သီးဝလံမျိုးစုံကို ပေါက်ရောက်ထွက်ပေါ်စေတော်မူ၏။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် သင်တို့ သတိရ တသ၍ ဖွင့်ဟနိုင်ကြရန်အလို့ငှာ (မြေသေမြေရိုင်းနှင့်သေနေသော သစ်ပင်ပေါက်ပင်များကို ရှင်စေတော်မူသကဲ့သို့) သူသေတို့အားလည်း (ရှင်ပြန်ထမြောက်မည့်နေ့တွင်) ပြန်လည်ထွက်စေတော်မူလိမ့်မည်။
وَالْبَلَدُ الطَّيِّبُ يَخْرُجُ نَبَاتُهُ بِإِذْنِ رَبِّهِ ۖ وَالَّذِي خَبُثَ لَا يَخْرُجُ إِلَّا نَكِدًا ۚ كَذَٰلِكَ نُصَرِّفُ الْآيَاتِ لِقَوْمٍ يَشْكُرُونَ (58)
(မြေဩဇာကောင်းသော) မြေကောင်းမြေသန့်မှ ထိုမြေအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်၏ခွင့်ပြုချက်ဖြင့် (ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံမျိုးစုံထွက်သည့်) အပင်များကို ပေါက်ရောက်စေတော်မူ၏။ (မြေဩဇာညံ့ဖျင်းသော) မြေရိုင်းများမှာမူကား အလွန်ခဲယဉ်းခက်ခဲစွာမှအပ (အပင်များ) ပေါက်ရောက်စေတော် မမူချေ။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သော လူမျိုးတို့အတွက် အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို (ကိုယ်စိတ်နှလုံးတို့ဖြင့် အရှင့်အမိန့်တော်အတိုင်း ပြုမူကျင့်ကြံ နိုင်ရန် နည်းမျိုးစုံသုံး၍ အသေးစိတ်) ရှင်းပြတော်မူ၏။
لَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ عَظِيمٍ (59)
ဧကန်ပင်၊ ငါအရှင်မြတ်သည် တမန်တော်နူးဟ်ကို သူ့လူမျိုးများထံ (အရှင့်သတင်းစကားတော်အား ပို့ချပေးအပ်ရန်) စေလွှတ်တော်မူခဲ့၏။ (တမန်တော်နူးဟ်က) “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်နာခံကိုးကွယ်ကြလော့။ သင်တို့အတွက် ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ ကျွန်ုပ်သည် သင်တို့အပေါ်၌ အလွန်ကြီးကျယ်သောနေ့ (တမလွန်တရားစီရင်မည့်နေ့) ၏ ပြစ်ဒဏ် (ပေးခံရမည်) ကို အမှန်ပင် စိုးရိမ်ကြောင့်ကြနေ၏။” ဟု ဟောကြားခဲ့၏။
قَالَ الْمَلَأُ مِن قَوْمِهِ إِنَّا لَنَرَاكَ فِي ضَلَالٍ مُّبِينٍ (60)
တမန်တော်နူးဟ်၏လူမျိုးအနက်မှ အကြံပေးအကြီးအကဲတို့က “ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် အသင် (နူးဟ်) အားထင်ရှားသော လွဲချော်မှားယွင်းမှု၌ တွေ့မြင်ရ၏။” ဟု ပြောဆိုခဲ့ကြ၏။
قَالَ يَا قَوْمِ لَيْسَ بِي ضَلَالَةٌ وَلَٰكِنِّي رَسُولٌ مِّن رَّبِّ الْعَالَمِينَ (61)
(ထိုအခါ တမန်တော်နူးဟ်က) “အို၊ ကျွန်ုပ်၏လူအမျိုးသားတို့၊ ကျွန်ုပ်၌ လွဲချော်မှားယွင်းမှုဟူ၍ အလျှင်း မရှိပေ။ အမှန်စင်စစ်၊ ကျွန်ုပ်သည် စကြဝဠာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်မြတ်ထံတော်မှ (သတင်းကောင်းအား သင်တို့ထံ ပို့ဆောင်သွန်သင်ရန် စေလွှတ်တော်မူခြင်းခံရသော) အရှင့် ရစူလ်တမန်တော်ပင် ဖြစ်၏။” ဟု ဖြေဆိုဟောကြားလေ၏။
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنصَحُ لَكُمْ وَأَعْلَمُ مِنَ اللَّهِ مَا لَا تَعْلَمُونَ (62)
ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ချမှတ်မှာကြားတော်မူသည့် သတင်းစကားတော်များကို သင်တို့ထံ ပို့ဆောင်ပြီး သင်တို့က မသိနားမလည်သည်တို့ကို အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျွန်ုပ် (က အကုန်စင်) သိပြီးဖြစ်၍ သင်တို့အတွက် အကြံဉာဏ်ကောင်းပေးနေ၏။
أَوَعَجِبْتُمْ أَن جَاءَكُمْ ذِكْرٌ مِّن رَّبِّكُمْ عَلَىٰ رَجُلٍ مِّنكُمْ لِيُنذِرَكُمْ وَلِتَتَّقُوا وَلَعَلَّكُمْ تُرْحَمُونَ (63)
(သင်တို့အနက်မှဖြစ်သော ပုဂ္ဂိုလ်တစ်ဦးကို) သင်တို့အား သတိပေးနှိုးဆော်ရန်၊ အရှင့်စည်းမျဉ်းတော်များ အား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးစေရန်နှင့်အရှင့်ကရုဏာတော်သက်ရောက်စေရန်အလို့ငှာ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် (က ရွေးချယ်တော်မူပြီး) မှ သင်တို့ထံ အရှင့်ဆုံးမဩဝါဒတော်အား (သွန်သင်ပို့ချပေးအပ်ရန်) ရောက်စေတော်မူသည်ကို သင်တို့က အံ့အား သင့်ကြလေသလော။
فَكَذَّبُوهُ فَأَنجَيْنَاهُ وَالَّذِينَ مَعَهُ فِي الْفُلْكِ وَأَغْرَقْنَا الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ إِنَّهُمْ كَانُوا قَوْمًا عَمِينَ (64)
(တမန်တော်နူးဟ်၏သတိပေးချက်ကို အလေးထားမည့်အစား) သူ့အား မဟုတ်မမှန်ကြံဖန်စွပ်စွဲ၍ ငြင်း ပယ်သောကြောင့် ငါအရှင်မြတ်သည် တမန်တော်နူးဟ်အားလည်းကောင်း၊ သူနှင့်အတူ သင်္ဘောပေါ်၌ ရှိသူတို့ကိုလည်းကောင်း၊ ကယ်တင်တော်မူပြီး အရှင့်အာယာသ်သက်သေလက္ခဏာတော်များကို ငြင်းပယ်ခဲ့ကြသူတို့အား နစ်မြုပ်စေတော်မူခဲ့၏။ အမှန်စင်စစ်၊ သူတို့သည် (အသိတရားကင်းမဲ့လျက်) အမှန်တရားကို မမြင်နိုင်သော) မျက်ကန်းလူမျိုးပင် ဖြစ်ကြ၏။
۞ وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۚ أَفَلَا تَتَّقُونَ (65)
(အရှင်မြတ်သည်) အာဒ်လူမျိုးတို့ထံသို့ သူတို့၏ညီနောင်ဖြစ်သော တမန်တော်ဟူဒ်ကို စေလွှတ်တော်မူခဲ့ရာ (တမန်တော်ဟူးဒ်က သူတို့အား) “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်နာခံကိုး ကွယ်ကြလော့။ သင်တို့အတွက် ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာဟူ၍ အလျှင်း မရှိပေ။ သင်တို့သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြခြင်း မရှိသေးသလော။” ဟု ဟောကြားလေ၏။
قَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ إِنَّا لَنَرَاكَ فِي سَفَاهَةٍ وَإِنَّا لَنَظُنُّكَ مِنَ الْكَاذِبِينَ (66)
တမန်တော်ဟူးဒ်၏လူမျိုးတို့အနက်မှ မယုံကြည်သော (အမှန်တရားကို ဖီဆန်ငြင်းပယ်သည့်) အကြံပေးအကြီးအကဲတို့က “ဧကန်စင်စစ်၊ ကျွန်ုပ်တို့သည် အသင့်အား အသိဉာဏ်နည်းပါးသော (တုံ့အသူတို့၏) လုပ်ရပ်၌ တွေ့ရပြီး အသင့်ကို လိမ်လည်သူတို့ထဲတွင် အပါအဝင်စေဖြစ်လိမ့်မည်ဟု အမှန်ပင် ကျွန်ုပ်တို့က ထင်မိခဲ့ကြ၏။” ဟု ပြောဆိုခဲ့ကြသည်။
قَالَ يَا قَوْمِ لَيْسَ بِي سَفَاهَةٌ وَلَٰكِنِّي رَسُولٌ مِّن رَّبِّ الْعَالَمِينَ (67)
(ထိုအခါ တမန်တော်ဟူးဒ်က) “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်၌ အသိဉာဏ်နည်းပါးသော (တုံးအသူတို့၏) လုပ်ရပ်ဟူ၍ အလျှင်း မရှိပေ။ အမှန်စင်စစ်၊ ကျွန်ုပ်သည် စကြဝဠာခပ်သိမ်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (အရှင့်သတင်းကောင်းအား သွန်သင်ပို့ချပေးအပ်ရန် စေလွှတ်တော်မူခြင်းခံရသော) ရစူလ်တမန်တော်သာ ဖြစ်၏။”
أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنَا لَكُمْ نَاصِحٌ أَمِينٌ (68)
ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ချမှတ်ပေးအပ်တော်မူသည့်) အမိန့်မှာကြားချက်များကို သင်တို့ထံ ပို့ဆောင်နေခြင်းသာ ဖြစ်ပြီး ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော (သင်တို့၏ကောင်းကျိုးကိုသာလိုလားသည့်) အတိုင်ပင်ခံပုဂ္ဂိုလ်ပင် ဖြစ်၏။
أَوَعَجِبْتُمْ أَن جَاءَكُمْ ذِكْرٌ مِّن رَّبِّكُمْ عَلَىٰ رَجُلٍ مِّنكُمْ لِيُنذِرَكُمْ ۚ وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِن بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِي الْخَلْقِ بَسْطَةً ۖ فَاذْكُرُوا آلَاءَ اللَّهِ لَعَلَّكُمْ تُفْلِحُونَ (69)
(သင်တို့အနက်မှဖြစ်သော ပုဂ္ဂိုလ်တစ်ဦးကို) သင်တို့အား သတိပေးနှိုးဆော်ရန်အလို့ငှာ သင်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (က ရွေးချယ်တော်မူပြီး) မှ သင်တို့ထံ အရှင့်ဆုံးမဩဝါဒတော်အား (ပို့ချပေးအပ်ရန်) ရောက်စေတော်မူသည်ကို အသင်တို့ အံ့အားသင့်ကြလေသလော။ တမန်တော်နူးဟ်၏လူမျိုးများ (မရှိသည့်) နောက်ပိုင်းတွင် သင်တို့အား ဆက်ခံသူ (ကိုယ်စားလှယ်တော်) များအဖြစ် ဖြစ်ပေါ်စေတော်မူခဲ့သည်ကိုလည်းကောင်း၊ ခန္ဓာကိုယ်၏ဖွဲ့စည်းဖြစ်တည်မှု၌ အင်အားတောင့်တင်း၍ သန်မာထွားကျိုင်းစေတော်မူခဲ့သည်ကိုလည်းကောင်း၊ သတိရကြလော့၊ သင်တို့ပေါက်မြောက်အောင်မြင်နိုင်ရန် အလို့ငှာ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို သတိရ တသ၍ ဖွင့်ဟကြလော့။”ဟု ဟောကြားခဲ့၏။
قَالُوا أَجِئْتَنَا لِنَعْبُدَ اللَّهَ وَحْدَهُ وَنَذَرَ مَا كَانَ يَعْبُدُ آبَاؤُنَا ۖ فَأْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الصَّادِقِينَ (70)
(ထိုစဉ် တမန်တော်ဟူးဒ်၏ လူမျိုးတို့က) “အသင်သည် ကျွန်ုပ်တို့ထံ ကျွန်ုပ်တို့၏ အဖ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ ကိုးကွယ်ခဲ့ကြသည်တို့ကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာလျှင် ကိုးကွယ်စေရန် (အရှင့်အမိန့်တော်ဖြင့်) ရောက်ရှိလာခြင်း ဖြစ်သလော။ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆို ကြသူတို့အနက်မှ ဖြစ်လျှင် ကျွန်ုပ်တို့အား (ကတိပေး) ခြိမ်းခြောက်နေသောအရာ (ပြစ်ဒဏ်) ကို (ပြောသည့်အ တိုင်း) ဖြစ်ပေါ် သက်ရောက်စေလော့။” ဟု တောင်းဆိုပြောဆိုခဲ့ကြ၏။
قَالَ قَدْ وَقَعَ عَلَيْكُم مِّن رَّبِّكُمْ رِجْسٌ وَغَضَبٌ ۖ أَتُجَادِلُونَنِي فِي أَسْمَاءٍ سَمَّيْتُمُوهَا أَنتُمْ وَآبَاؤُكُم مَّا نَزَّلَ اللَّهُ بِهَا مِن سُلْطَانٍ ۚ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ (71)
(ထိုစဉ် တမန်တော်ဟူးဒ်က သူ့လူမျိုးတို့အား) “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ရွံရှာဖွယ်ရာ ပြစ်ဒဏ်နှင့်အမျက်တော်သည် သင်တို့အပေါ်၌ အမှန်ပင် ကျ ရောက်အံ့ဆဲဆဲ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်က အရှင့်အခွင့်အာဏာတော်မှ (သက်သေအထောက်အထားများ) ချပေးအပ်တော်မူခြင်း မရှိသည်ကို သင်တို့နှင့်သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့က (စိတ်ကြိုက်ပူဇော်ပသ ကိုးကွယ်ဆည်းကပ်နိုင်ရန်) အမည်အမျိုးမျိုးဖြင့် မှည့်ခေါ်ခဲ့ကြသည်နှင့်စပ်လျဉ်း၍ ကျွန်ုပ်အား စောဒကတက် ငြင်းခုံကြမည်လော။ သို့ဖြစ်ရာ၊ အသင်တို့သည် (အရှင့်ပြစ်ဒဏ်ကျရောက်သည်အထိ) စောင့်ဆိုင်းကြည့်ကြလော့။ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ဆိုင်းကြည့်ကြသူတို့အနက်မှ ဖြစ်၏။” ဟု ဖြေကြားခဲ့၏။
فَأَنجَيْنَاهُ وَالَّذِينَ مَعَهُ بِرَحْمَةٍ مِّنَّا وَقَطَعْنَا دَابِرَ الَّذِينَ كَذَّبُوا بِآيَاتِنَا ۖ وَمَا كَانُوا مُؤْمِنِينَ (72)
ထို့နောက် ငါအရှင်မြတ်သည် တမန်တော်ဟူးဒ်နှင့်အပေါင်းအပါတို့အား အရှင့်ကရုဏာတော်အားဖြင့် ကယ်ဆယ်တော်မူပြီး အရှင့်အာယာသ်သက်သေလက္ခဏာတော်များအား မဟုတ်မမှန် ကြံစည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသူတို့ကို (အစအနပါမကျန်အောင်) အမြစ်ဖြတ် ရှင်းလင်းတော်မူခဲ့ပြီ။ ထို့ပြင် သူတို့သည် သက်ဝင်ယုံကြည် သူများ မဖြစ်ခဲ့ကြပေ။
وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُم بَيِّنَةٌ مِّن رَّبِّكُمْ ۖ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً ۖ فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ ۖ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ أَلِيمٌ (73)
တစ်ဖန် တမန်တော်ဆမူးဒ်၏လူမျိုးတို့ထံသို့ သူတို့၏ညီနောင်ဖြစ်သော တမန်တော်ဆွာလေဟ်အား စေလွှတ်တော်မူခဲ့ရာ (သူက) အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်နာခံကိုးကွယ်ကြလော့။ (သင်တို့အတွက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ အမှန်စင်စစ်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ထံတော်မှ သင်တို့ထံ (အမှန်တရားအား မြင်သာထင်ရှားစေသော ရှင်းလင်းချက်ဆိုင်ရာ) သက်သေသာဓက ရောက်လာခဲ့ပြီ။ ဤသည် သင်တို့အတွက် နိမိတ်သက်သေလက္ခဏာအဖြစ် (ပေးအပ်တော်မူခြင်းခံရသည့်) အလ္လာဟ်အရှင်မြတ်၏ကုအားအုတ်မပင် ဖြစ်၏။ သို့ဖြစ်ရာ၊ အသင်တို့သည် ထိုကုလားအုပ်မအား အလ္လာဟ်အရှင်မြတ်၏ မြေကမ္ဘာ၌ (ကျင်လည်) ကျက်စား နိုင်ရန် (လွတ်လပ်စွာ သွားလာခွင့်ပေး၍) လွှတ်ထားကြလော့။ ထိုကုလားအုတ်မအား (မကောင်းသော စေတနာနှင့်) ထိခိုက်နစ်နာစေသည့် ရည်ရွယ်ချက်ဖြင့် မချဉ်းကပ် မထိတွေ့ကြလေနှင့်။ သို့မဟုတ်လျှင် (စူးနစ်သည့်) ပြင်းပြနာ ကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် သင်တို့အား ဖမ်းဆီးသုတ်သင်လိမ့်မည်။
وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِن بَعْدِ عَادٍ وَبَوَّأَكُمْ فِي الْأَرْضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورًا وَتَنْحِتُونَ الْجِبَالَ بُيُوتًا ۖ فَاذْكُرُوا آلَاءَ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ (74)
တမန်တော်အာဒ် (၏လူမျိုးများမရှိသည့်) နောက်ပိုင်းတွင် သင်တို့အား ဆက်ခံသူ (ကိုယ်စားလှယ်တော်) များအဖြစ် ပေါ်ထွက်စေတော်မူပြီး မြေကမ္ဘာ၌ (အတည်တကျ) အခြေချနေထိုင်ခွင့်ပေးတော်မူခဲ့သည်ကို သတိရကြလော့။ သင်တို့သည် မြေပြန့်လွင်ပြင်ဒေသများ၌ ခမ်းနားသော ရဲတိုက်နန်းတော်များကို ထူထောင်ပြီး တောင်များကို ဖေါက်ထွင်းလျက် အိမ်များဆောက်ခဲ့ကြ၏။ (ထိုသို့ လုပ်နိုင်စွမ်းပေးသနားတော်မူခဲ့သည့်) အလ္လာဟ်အရှင် မြတ်၏ ကျေးဇူးတော်များကို သတိရကြလော့။ ကမ္ဘာဂြိုဟ်ပေါ်၌ မတည်မငြိမ်မှုနှင့်အဖျက်အနှောင့်များဖြစ်စေလျက် (မိုက်မဲသောင်းကျန်းသူများအဖြစ် ပြုမူကျင့်ကြံ) မဆိုးသွမ်းကြလေနှင့်။
قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِن قَوْمِهِ لِلَّذِينَ اسْتُضْعِفُوا لِمَنْ آمَنَ مِنْهُمْ أَتَعْلَمُونَ أَنَّ صَالِحًا مُّرْسَلٌ مِّن رَّبِّهِ ۚ قَالُوا إِنَّا بِمَا أُرْسِلَ بِهِ مُؤْمِنُونَ (75)
သူ့လူမျိုးတို့အနက်မှ မောက်မာပြီး အခြားသူတို့အား ဖိနှိပ်ချုပ်ချယ်သော အကြီးအကဲတို့က ယုံကြည်သူတို့ အနက်မှ အားနည်းသည်ဟု ထင်ရသူတို့အား (အထင်သေးစွာဖြင့်) တမန်တော်ဆွာလေဟ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ထံတော်မှ သတင်းကောင်းနှင့်အတူ စေလွှတ်တော်မူခြင်းခံရကြောင်းကို သင်တို့က အမှန်ပင် သိနားလည်ပြီး ယုံကြည်ကြပါသလော။” ဟု မေးမြန်းခဲ့ကြရာ သူတို့က “ကျွန်ုပ်တို့သည် သူ့အား (အရှင့်အမိန့်တော်နှင့်အတူ) စေလွှတ်တော်မူခြင်းခံရသည့်အတိုင်းပင် (သူနှင့်သူပို့ချပေးအပ်ရာတို့ကို) ယုံကြည်ကြပါ၏။” ဟု ဖြေဆိုခဲ့ကြသည်။
قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا بِالَّذِي آمَنتُم بِهِ كَافِرُونَ (76)
ထိုမောက်မာသူများက “ကျွန်ုပ်တို့သည် အသင်တို့ယုံကြည်သည့်အရာကို မုချပင်၊ မယုံကြည်ငြင်းပယ်သူများ၊ ဖြစ်ကြ၏။” ဟု ပြောခဲ့ကြ၏။
فَعَقَرُوا النَّاقَةَ وَعَتَوْا عَنْ أَمْرِ رَبِّهِمْ وَقَالُوا يَا صَالِحُ ائْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الْمُرْسَلِينَ (77)
ထို့နောက် သူတို့သည် (တမန်တော်ဆွာလောဟ် ပို့ချပေးအပ်သည့် သတင်းကောင်းဆိုင်ရာ အမှန်တရား သစ္စာနှင့်ပတ်သက်သော သက်သေအထောက်အထားများကို သည်းခံစောင့်ကြည့်ခြင်း မပြုဘဲ) ကုလားအုတ်မကို (ရက်စက်စွာ) သတ်ဖြတ်ပြီး သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုလည်း မထီမဲ့မြင်ပြုလျက် အာခံဖီဆန်ခဲ့ကြ၏။ “အို၊ ဆွာလေဟ်၊ အကယ်၍ အသင်သည် ရစူလ်တမန်တော်များအနက်မှ ဖြစ်ခဲ့လျှင် ကျွန်ုပ်တို့အား (အာခံဖီဆန်မှုအတွက် ပြစ်ဒဏ်ပေးမည်ဟု) ခြိမ်းခြောက်သည့်အတိုင်း (ပြစ်ဒဏ်ကို) ကျွန်ုပ်တို့ထံ ယူဆောင်ခံစားစေလော့။” ဟု ပြောခဲ့ကြ၏။
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ (78)
သို့ဖြစ်ပေရာ (ရုတ်တရက်) ငလျှင်ကပ်ဘေးကြီးရောက်စေတော်မူသောကြောင့် သူတို့၏နေအိမ်မြို့ရွာများ တွင် လှုပ်ရှားမှုမဲ့မှောက်နေသည့် သက်မဲ့များ ဖြစ်ကြလေ၏။
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَةَ رَبِّي وَنَصَحْتُ لَكُمْ وَلَٰكِن لَّا تُحِبُّونَ النَّاصِحِينَ (79)
တမန်တော်ဆွာလေဟ်သည် “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ သတင်းစကားတော်အမိန့်မှာကြားချက်ကို မုချပင် သင်တို့ထံ ပို့ဆောင်ဖြန့်ချီခဲ့ပြီး သင်တို့၏အကျိုးအတွက် အကြံဉာဏ်ကောင်းပေးခဲ့ပြီ။ သို့သော် သင်တို့က အကြံဉာဏ်ကောင်းပေးသူများကို မနှစ်သက်ကြပေ။” ဟု ပြောလျက် သူတို့ထံမှ မျက်နှာလွှဲ၍ လှည့်ပြန်ခဲ့ပြီ။
وَلُوطًا إِذْ قَالَ لِقَوْمِهِ أَتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُم بِهَا مِنْ أَحَدٍ مِّنَ الْعَالَمِينَ (80)
(ထိုသို့ပင်) တမန်တော်လူးသ်ကလည်း သူ၏လူမျိုးတို့အား “အသင်တို့သည် လောကခပ်သိမ်းတွင် သင်တို့ မတိုင်မီ မည်သူတစ်ဦးတစ်ယောက်မျှ မပြုမူ၊ မကျင့်ဆောင်ခဲ့သော စက်ဆုပ်ရွံရှာဖွယ် မကောင်းမှုကို ပြုလုပ်ကြမည်လော။” ဟု ဟောကြားခဲ့စဉ်။
إِنَّكُمْ لَتَأْتُونَ الرِّجَالَ شَهْوَةً مِّن دُونِ النِّسَاءِ ۚ بَلْ أَنتُمْ قَوْمٌ مُّسْرِفُونَ (81)
မုချဧကန်၊ သင်တို့သည် အမျိုးသမီးများကို စွန့်၍ (သူတို့၏နေရာတွင်) အမျိုးသားများကို (အစားထိုးလျက်) တဏှာရာဂတပ်မက်စွာဖြင့်) ချဉ်းကပ်ကြ၏။ အမှန်မှာ သင်တို့သည် အရှင့်စည်းမျဉ်းကို ချိုးဖောက်ကျူးလွန်သော (လူ့အခွင့်အရေးကို အလွဲသုံးစားပြုသော) လူမျိုးဖြစ်ကြ၏။ ဟု ဟောကြားခဲ့စဉ်။
وَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَن قَالُوا أَخْرِجُوهُم مِّن قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ (82)
သူ့လူမျိုးတို့က “(တမန်တော်လူသ်နှင့်အပေါင်းအပါများဖြစ်ကြသော) သူတို့ကို သူတို့၏မြို့ရွာအိုးအိမ်များမှ နှင်ထုတ်ကြလော။” ဟု ပြောဆိုခြင်းမှအပ အခြားမည်သည့် အဖြေကိုမျှ ဖြေကြားနိုင်ခြင်းမရှိခဲ့ကြပေ။ မုချဧကန် (တမန်တော်လူးသ်နှင့်အပေါင်းအပါများဖြစ်ကြသော) သူတို့သည် သန့်ရှင်းစင်ကြယ်သော လူသားများပင် ဖြစ်ကြ၏။
فَأَنجَيْنَاهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ (83)
(သို့ဖြစ်ရာ) ငါအရှင်မြတ်သည် အမိန့်တော်ကို အာခံ၍ နောက်တွင် ကျန်ရစ်ခဲ့သူများထဲတွင် အပါအဝင်ဖြစ်သော တမန်တော်လူးသ်၏အမျိုးသမီးမှအပ သူနှင့်သူ့အိမ်သူအိမ်သား (နောက်လိုက်) တို့အား ကယ်ဆယ်တော်မူခဲ့၏။
وَأَمْطَرْنَا عَلَيْهِم مَّطَرًا ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُجْرِمِينَ (84)
ငါအရှင်မြတ်သည် သူတို့အပေါ်၌ ပြည်ဖျက်မိုး (ခဲမိုး) ကို ရွာသွန်းစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ၊ ပြစ်မှုဒုစရိုက်ကျူးလွန်သော သူတို့၏နိဂုံး (အကျိုးဆက်) မှာ မည်သို့ဖြစ်ခဲ့သည်ကို အသင်တို့ စူးစမ်းလေ့လာကြည့်ကြလော့။
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُم بَيِّنَةٌ مِّن رَّبِّكُمْ ۖ فَأَوْفُوا الْكَيْلَ وَالْمِيزَانَ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُم مُّؤْمِنِينَ (85)
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့သားများထံသို့ သူတို့၏ညီနောင်ဖြစ်သော တမန်တော်ရှုအိုဗ် (ကို စေလွှတ်တော်မူခဲ့ရာသူ) က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်နာခံကိုး ကွယ်ကြလော့။ ထိုအရှင်မြတ်မှလွဲ၍ အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ တော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ သိသာထင်ရှားသော သက်သေသာဓကများ ပါရှိသည့် ရှင်းလင်းချက်များ သင်တို့ထံ ရောက်ရှိလာခဲ့ပြီ။ သို့ဖြစ်ပေရာ၊ သင်တို့သည် အလေးချိန်အားဖြင့် ချိန်တွယ်ပေးရသည့် ကုန်ဖလှယ်မှုများတွင် (အလေးချိန်ကို အပြည့်အဝနှင့်တရားမျှတစွာ) ချိန်တွယ်ပေးကြလော့။ လူတို့အား သူတို့၏ပစ္စည်း (ရပိုင်ခွင့်) များကို (ရသင့်ရထိုက်သော ခံစားခွင့်မပေးဘဲ ပိတ်ပင်တားမြစ်ခြင်း) လျှော့ပေးခြင်းတို့ မပြုကြလေနှင့်။ တည်ငြိမ်အေးချမ်းပြီးနောက်တွင်မှကမ္ဘာဂြိုဟ်ပေါ်၌ မတည်မငြိမ်ဖြစ်အောင် အဖျက်အနှောင့် (နှင့်သွေးထွက်သံယိုမှု) များ မပြုကြလေနှင့်။ ဤသည်ကား အကယ်၍ သင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် သင်တို့အတွက် အကောင်းမြတ်ဆုံး (နှင့်အလုပ်ထိုက်ဆုံး) ပင် ဖြစ်၏။”
وَلَا تَقْعُدُوا بِكُلِّ صِرَاطٍ تُوعِدُونَ وَتَصُدُّونَ عَن سَبِيلِ اللَّهِ مَنْ آمَنَ بِهِ وَتَبْغُونَهَا عِوَجًا ۚ وَاذْكُرُوا إِذْ كُنتُمْ قَلِيلًا فَكَثَّرَكُمْ ۖ وَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ (86)
ထို့ပြင် သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သူတို့အား အရှင့်လမ်းစဉ်တော်မှ (ခြိမ်ခြောက်၍) ထိန်းချုပ်ခြင်းဖြင့်လည်းကောင်း၊ ဟန့်တားနှောင့်ယှက်ခြင်းဖြင့်လည်းကောင်း၊ နည်းစနစ်မျိုးစုံဖြင့် (ပိတ်ဆို့တိုက်ခိုက်ရန်) ထိုင်စောင့်မနေကြလေနှင့်။ ထို့နောက် အရှင့်လမ်းစဉ်တော်၌ ကွေ့ကောက်မှု (မဖြောင့်ဖြူးမှု) ကို (အကြံထုတ်) မရှာဖွေကြလေနှင့်။ သင်တို့သည် အနည်းစုဖြစ်ခဲ့သောကြောင့် ငါအရှင်မြတ်က (သင်တို့၏အရေအတွက် ကို တိုးပွားစေတော်မူ၍) အများစု ဖြစ်စေတော်မူခဲ့သည်ကို သတိရ တသ၍ ဖွင့်ဟကြလော့။ (မတည်မငြိမ် ဖြစ်အောင် အဖျက်အမှောင့် ပြုလုပ်၍) ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ခဲ့ကြသူတို့၏နိဂုံး (နောက်ဆုံးအကျိုးဆက်) မှာ မည်သို့ဖြစ်ခဲ့သည်ကို စူးစမ်းလေ့လာကြည့်ကြလော့။
وَإِن كَانَ طَائِفَةٌ مِّنكُمْ آمَنُوا بِالَّذِي أُرْسِلْتُ بِهِ وَطَائِفَةٌ لَّمْ يُؤْمِنُوا فَاصْبِرُوا حَتَّىٰ يَحْكُمَ اللَّهُ بَيْنَنَا ۚ وَهُوَ خَيْرُ الْحَاكِمِينَ (87)
သင်တို့အနက်မှ အုပ်စုတစ်စုသည် ကျွန်ုပ်ကို စေလွှတ်တော်မူ၍ ကျွန်ုပ်နှင့်အတူ (လူသားတို့အားပို့ချပေး အပ်စေတော်မူသော) အရှင့်သတင်းကောင်း အမိန့်မှာကြားချက်များအပေါ် ယုံကြည်ခဲ့ကြ၏။ အခြားအုပ်စု တစ်စုမှာမူ ယုံကြည်ခြင်းမရှိပေ။ သို့ဖြစ်ရာ ကျွန်ုပ်တို့စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်က စီရင်ဆုံးဖြတ်တော်မူ သည်အထိ (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) သည်းခံစောင့်ဆိုင်းကြလော့။ အမှန်စင်စစ်၊ ထိုအရှင်မြတ်သည် အကောင်းမြတ်ဆုံး စီရင်ဆုံးဖြတ်တော်မူသော အရှင်ဖြစ်တော်မူ၏။
۞ قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِن قَوْمِهِ لَنُخْرِجَنَّكَ يَا شُعَيْبُ وَالَّذِينَ آمَنُوا مَعَكَ مِن قَرْيَتِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۚ قَالَ أَوَلَوْ كُنَّا كَارِهِينَ (88)
တမန်တော်ရှုအိုက်ဗ်၏လူမျိုးတို့အနက်မှ မောက်မာ (ပြီး အခြားသူတို့အား ဖိနှိပ်ချုပ်ချယ်) သောအကြံပေး အကြီးအကဲတို့က “အို၊ ရှုအိုက်ဗ်၊ ကျွန်ုပ်တို့သည် အသင်၊ အသင်နှင့်အတူရှိသော ယုံကြည်သူတို့ကို ကျွန်ုပ်တို့၏မြို့ရွာအရပ်ဒေသမှ မုချပင် နှင်ထုတ်ပစ်ကြမည်။ သို့တည်းမဟုတ်၊ ကျွန်ုပ်တို့၏ (ယုံကြည်ချက်နှင့်ဘဝတည်ဆောက်မှုဆိုင်ရာ) လမ်းစဉ်အတွင်းသို့ ပြန်လှည့်ကြရမလိမ့်မည်။” ဟု ပြောဆိုခဲ့ကြ၏။ (ထိုအခါ တမန်တော်ရှုအိုက်ဗ်က) “အကယ်၍ ကျွန်ုပ်တို့က (ယင်းကို) စက်ဆုပ်ရွံရှာသူများဖြစ်သည့်တိုင် (အတင်းအကျပ် ပြန်လှည့်စေမည်လော။)” ဟု ဖြေကြားခဲ့၏။
قَدِ افْتَرَيْنَا عَلَى اللَّهِ كَذِبًا إِنْ عُدْنَا فِي مِلَّتِكُم بَعْدَ إِذْ نَجَّانَا اللَّهُ مِنْهَا ۚ وَمَا يَكُونُ لَنَا أَن نَّعُودَ فِيهَا إِلَّا أَن يَشَاءَ اللَّهُ رَبُّنَا ۚ وَسِعَ رَبُّنَا كُلَّ شَيْءٍ عِلْمًا ۚ عَلَى اللَّهِ تَوَكَّلْنَا ۚ رَبَّنَا افْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِالْحَقِّ وَأَنتَ خَيْرُ الْفَاتِحِينَ (89)
အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား သင်တို့၏လမ်းစဉ်မှ ကယ်ဆယ်တော်မူပြီးနောက် ထိုလမ်းစဉ်သို့ ပြန်လှည့်လျှင် အလ္လာဟ်အရှင်မြတ်အပေါ် မဟုတ်မမှန် ကြံဖန်လီဆယ်၍ လှည့်စားရာ ရောက်လိမ့်မည်။ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည်မှအပ ကျွန်ုပ်တို့သည် ထိုလမ်းစဉ်သို့ ပြန်လှည့်ရန် အလျှင်း မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အရာခပ်သိမ်းအား အရှင့်ဉာဏ်တော်အနန္တဖြင့် လွှမ်းခြုံထားတော်မူ၏။ ကျွန်ုပ်တို့သည် (အရေးကိစ္စဟူသမျှအတွက်) အလ္လာဟ်အရှင်မြတ်ပေါ်တွင်သာ ယုံကြည်စိတ်ချစွာဖြင့် ပုံအပ်ကြပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏လူမျိုးများကြားတွင် အမှန်တရားသစ္စာအားဖြင့် ထွက်ပေါက်ပေးတော်မူ (၍ တရားတော်နှင့်အညီ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းပေး သနားတော်) ပါ။ အသင်အရှင်မြတ်သည်သာလျှင်(အခွင့်အရေးဟူသမျှအတွက်) အကောင်းမြတ်ဆုံး (အခွင့်အလမ်းများနှင့်) ထွက်ပေါက်များဖြစ်စေတော်မူသည့် အရှင်ဖြစ်တော်မူ၏။
وَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ لَئِنِ اتَّبَعْتُمْ شُعَيْبًا إِنَّكُمْ إِذًا لَّخَاسِرُونَ (90)
သူ့လူမျိုးတို့အနက်မှ (အမှန်တရားကို) မယုံကြည်ငြင်းဆန်သော အကြံပေးအကြီးအကဲတို့က (တမန်တော် ရှုအိုက်ဗ်၏နောက်လိုက်တို့အား) “အကယ်၍ သင်တို့သည် တမန်တော်ရှုအိုက်ဗ်အား (တစ်သဝေမတိမ်း) လိုက်နာသူများဖြစ်ကြလျှင် ဧကန်ပင်၊ သင်တို့သည် ဆုံးရှုံးနစ်နာသူများထဲတွင် အပါအဝင် ဖြစ်ကြလိမ့်မည်။” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြ၏။
فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ (91)
သို့ဖြစ်ရာ မြေငလျှင်ကြီးသည် သူတို့အား အရေးယူသုတ်သင်သောကြောင့် သူတို့သည် သူတို့၏နေအိမ် မြို့ရွာဒေသများတွင် လှုပ်ရှားမှုမဲ့စွာ မှောက်လျက်ရှိသည့် သက်မဲ့များ ဖြစ်ကြ၏။
الَّذِينَ كَذَّبُوا شُعَيْبًا كَأَن لَّمْ يَغْنَوْا فِيهَا ۚ الَّذِينَ كَذَّبُوا شُعَيْبًا كَانُوا هُمُ الْخَاسِرِينَ (92)
တမန်တော်ရှုအိုက်ဗ်အား (မဟုတ်မတရားကြံဖန်စွပ်စွဲ၍) ငြင်းဆန်ကြသူတို့သည် ထို (နေရာဒေသများ) ၌ ယခင်ကပင် မနေထိုင်ခဲ့ကြသကဲ့သို့ ပျက်စီးပျောက်ကွယ်သွားခဲ့ကြ၏။
فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَاتِ رَبِّي وَنَصَحْتُ لَكُمْ ۖ فَكَيْفَ آسَىٰ عَلَىٰ قَوْمٍ كَافِرِينَ (93)
ထို့နောက် တမန်တော်ရှုအိုက်ဗ်က “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ အရှင့်သတင်းကောင်း အမိန့်မှာကြားချက်များကို အသင်တို့ထံ အရောက် (သွန်သင်ပို့ချ) ပို့ဆောင်ခဲ့ပြီ ဖြစ်၏။ သင်တို့ (အကျိုး) အတွက် အကြံဉာဏ်ကောင်းများကိုလည်း ပေးခဲ့ပြီးပြီ ဖြစ်၏။ သို့ဖြစ်ပေရာ၊ ကျွန်ုပ်သည် အမှန်တရားကို မယုံကြည်ငြင်းဆန်သော လူမျိုးတို့အတွက် မည်သို့ ဝမ်းနည်းပူဆွေးရမည်နည်း။” ဟု ပြောဆိုလျက် သူတို့ထံမှ မျက်နှာလွှဲ၍ ထွက်ခွာသွားခဲ့၏။
وَمَا أَرْسَلْنَا فِي قَرْيَةٍ مِّن نَّبِيٍّ إِلَّا أَخَذْنَا أَهْلَهَا بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَضَّرَّعُونَ (94)
ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာဒေသ၌ပင်ဖြစ်စေ နဗီတမန်တော်တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ခြင်းမရှိဘဲ (အရှင့်အမိန့်ညွှန်ကြားချက်ဖြင့် သတိပေးလမ်းညွှန်ခြင်းမရှိဘဲ) ထိုမြို့ရွာဒေသ၌ နေထိုင်သူတို့အား (အမှန်တရားဘက်လှည့်၍ လွှတ်ငြိမ်းချမ်းသာခွင့်အတွက် အရှင့်ထံ) ကျိုးနွံကြစေရန်အလို့ငှာ ဆင်းရဲကျပ်တည်းမှုနှင့်ဘေးဒုက္ခဝေဒနာများဖြင့် အရေးယူတော် မမူချေ။
ثُمَّ بَدَّلْنَا مَكَانَ السَّيِّئَةِ الْحَسَنَةَ حَتَّىٰ عَفَوا وَّقَالُوا قَدْ مَسَّ آبَاءَنَا الضَّرَّاءُ وَالسَّرَّاءُ فَأَخَذْنَاهُم بَغْتَةً وَهُمْ لَا يَشْعُرُونَ (95)
ထို့နောက် ငါအရှင်မြတ်သည် အခြေအနေဆိုး၏နေရာတွင် အခြေအနေကောင်းများကို သူတို့ (က ချောင် လည်ပြီး) တိုးတက်ကြီးပွားလာသည်အထိ ပြောင်းလဲစေတော်မူ၏။ (ဖွံ့ဖြိုးသာယာမှုကို ခံစားသည့်အခါ) သူတို့က “ဆင်းရဲကျပ်တည်းမှုနှင့်ဘေးဒုက္ခဝေဒနာများသည် ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်များကိုသာ သက် ရောက်ထိမှန်ခဲ့၏။” ဟု ပြောခဲ့ကြ၏။ (သူတို့က မည်သည့်အခါမျှ ဘေးဒုက္ခအကျပ်အ တည်းများကို ကြုံတွေ့ ရမည်မဟုတ်ဟု မှန်ယူနေကြ၏။) သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့ သတိမထားမိစဉ် ရုတ်တရက် အရေးယူတော်မူခဲ့၏။
وَلَوْ أَنَّ أَهْلَ الْقُرَىٰ آمَنُوا وَاتَّقَوْا لَفَتَحْنَا عَلَيْهِم بَرَكَاتٍ مِّنَ السَّمَاءِ وَالْأَرْضِ وَلَٰكِن كَذَّبُوا فَأَخَذْنَاهُم بِمَا كَانُوا يَكْسِبُونَ (96)
အကယ်၍ ထိုမြို့ရွာဒေသများ၌ မှီတင်းနေထိုင်ကြသူတို့သည် သက်ဝင်ယုံကြည်ပြီး အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခဲ့ကြလျှင် ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်များမှ ကျက်သရေမင်္ဂလာအဖြာဖြာ သူတို့အပေါ် (ကျရောက်ခံစားစေရန် အခွင့်အလမ်းနှင့်တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ ထွက်ပေါက်များကို) မုချပင် ဖွင့်ပေးတော်မူလိမ့်မည်။ သို့ရာတွင် သူတို့ သည် (အမှန်တရားကို မဟုတ်မမှန် ကြံဖန်စွပ်စွဲ၍) ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့ပြုမူကျင့်ကြံ၍ ရှာဖွေဆည်းပူးခဲ့သည့် အရာများနှင့်အညီ ငါအရှင်မြတ်က သူတို့အား အရေးယူတော်မူခဲ့၏။
أَفَأَمِنَ أَهْلُ الْقُرَىٰ أَن يَأْتِيَهُم بَأْسُنَا بَيَاتًا وَهُمْ نَائِمُونَ (97)
မြို့ရွာဒေသများ၌ နေထိုင်ကြသူတို့က ငါအရှင်မြတ်၏ဒဏ်ခတ်အရေးယူမှုသည် သူတို့အိပ်မောကျနေစဉ် သူတို့ထံ ရောက်ရှိနိုင်ကြောင်းကို (စိုးရိမ်မှုကင်းလျက်) လုံခြုံစွာဖြင့် စိတ်အေးအေးရှိနေကြသလော။
أَوَأَمِنَ أَهْلُ الْقُرَىٰ أَن يَأْتِيَهُم بَأْسُنَا ضُحًى وَهُمْ يَلْعَبُونَ (98)
သို့တည်းမဟုတ် မြို့ရွာဒေသများ၌ နေထိုင်ကြသူတို့က ငါအရှင်မြတ်၏ဒဏ်ခတ်အရေးယူမှုသည် နံနက်ချိန်တွင် သူတို့ (လောကီအရေးကိုဦးစားပေး၍) အပန်းဖြေကစားနေကြစဉ် သူတို့ထံရောက်ရှိနိုင်ကြောင်းကို (စိုးရိမ်မှုကင်းလျက်) လုံခြုံစိတ်ချစွာဖြင့် စိတ်အေးအေးရှိနေကြသလော။
أَفَأَمِنُوا مَكْرَ اللَّهِ ۚ فَلَا يَأْمَنُ مَكْرَ اللَّهِ إِلَّا الْقَوْمُ الْخَاسِرُونَ (99)
အလ္လာဟ်အရှင်မြတ်၏စီမံချက် (အတိုင်းဖြစ်လာခြင်းကို ဂရုမစိုက်ဘဲ သူတို့၏စီမံချက်) ၌ လုံခြုံစိတ်ချစွာဖြင့် စိတ်အေးလက်အေးရှိနေကြသလော။ သို့ဖြစ်လျှင် (သူတို့သိထားသင့်သည်မှာ) ဆုံးရှုံးနစ်နာခံရမည့်လူမျိုးမှအပ အလ္လာဟ်အရှင်မြတ်၏စီမံချက်၌ (ဒဏ်ခတ်အရေးယူမှုလည်းရှိကြောင်းကို စိုးရိမ်မှုကင်းလျက် ပေါ့ပေါ့ဆဆနှင့်) လုံခြုံအေးချမ်းမှုကိုခံစားရသူ အလျှင်း မရှိပေ။
أَوَلَمْ يَهْدِ لِلَّذِينَ يَرِثُونَ الْأَرْضَ مِن بَعْدِ أَهْلِهَا أَن لَّوْ نَشَاءُ أَصَبْنَاهُم بِذُنُوبِهِمْ ۚ وَنَطْبَعُ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَسْمَعُونَ (100)
ကမ္ဘာဂြိုဟ်ပေါ်၌ နေထိုင်ခဲ့ကြသော ယခင်မျိုးဆက်နောက်တွင် အမွေဆက်ခံသူတို့ကို အကယ်၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့ကျူးလွန်ခဲ့သောပြစ်မှုဒုစရိုက်များအတွက် ငါအရှင်မြတ်က (ဒုက္ခ၊ ကပ်ဘေး) ဆိုက်ရောက်စေတော်မူနိုင်ကြောင်း သူတို့ (၌ လမ်းညွှန်တော်အရ) မထင်မရှား မရှင်းလင်းသေးသလော။ အမှန်မှာ ငါအရှင်မြတ်သည် သူတို့၏နှလုံးသားများအပေါ် တံဆိပ်ခတ်နှိပ်ထားတော်မူသဖြင့် (အရှင့်အမိန့်ပညတ်ချက်များကို) နားဆင်ကြမည်မဟုတ်ချေ။
تِلْكَ الْقُرَىٰ نَقُصُّ عَلَيْكَ مِنْ أَنبَائِهَا ۚ وَلَقَدْ جَاءَتْهُمْ رُسُلُهُم بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا مِن قَبْلُ ۚ كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ قُلُوبِ الْكَافِرِينَ (101)
ဤသည် ငါအရှင်မြတ်က အသင် (တမန်တော်) အား (ရှေးဟောင်း) မြို့ရွာဒေသများနှင့်စပ်လျဉ်း၍ ထုတ်ပြန်ပို့ချတော်မူသည့် (စံနမူနာယူဖွယ်ရာ) ထိုမြို့ရွာဒေသများ၏သတင်းအချက်အလက်နှင့်အကြောင်း အရာများအနက်မှပင်ဖြစ်၏။ (ထိုမြို့ရွာဒေသများတွင်နေထိုင်ခဲ့ကြ) သူတို့အတွက် စေလွှတ်တော်မူခဲ့သော ရစူလ်တမန်တော်များသည် သူတို့ထံသို့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်ဆိုင်ရာ သက်သေလက္ခဏာတော်များနှင့်အတူ ရောက်ရှိလာခဲ့ကြပြီ။ သို့သော်သူတို့သည် ယခင်က အမှန်တရားကို မဟုတ်မတရား ကြံဖန်စွပ်စွဲ၍ ငြင်းဆန်ကြသကဲ့သို့ပင် (ယင်းတို့ကို) ယုံကြည်ရန် (ဆန္ဒ) မရှိခဲ့ကြပေ။ ဤနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် အမှန်တရားကို မယုံကြည်ငြင်းဆန်ကြသူတို့၏နှလုံးသားများပေါ်၌ (အရှင့်အမိန့် ပညတ်ချက်များကို နားလည်နိုင်စွမ်းမရှိစေရန်) တံဆိပ်ခတ်နှိပ်တော်မူလေ၏။
وَمَا وَجَدْنَا لِأَكْثَرِهِم مِّنْ عَهْدٍ ۖ وَإِن وَجَدْنَا أَكْثَرَهُمْ لَفَاسِقِينَ (102)
ငါအရှင်မြတ်သည် သူတို့ထဲမှ အများစု၌ ကတိသစ္စာတည်ကြည်မှုကို တွေ့ရှိတော် မမူချေ။ အမှန်မှာ ငါအရှင်မြတ်သည် သူတို့ထဲမှ အများစုအား အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်သူများအဖြစ်သာ တွေ့ရတော်မူ၏။
ثُمَّ بَعَثْنَا مِن بَعْدِهِم مُّوسَىٰ بِآيَاتِنَا إِلَىٰ فِرْعَوْنَ وَمَلَئِهِ فَظَلَمُوا بِهَا ۖ فَانظُرْ كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ (103)
တစ်ဖန် (ယခင်စေလွှတ်တော်မူခဲ့သော ထိုတမန်တော်များ) ၏နောက်တွင် တမန်တော်မူဆာအား ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များနှင့်အတူ ဖာရိုမင်းဆက်နှင့်သူ၏အကြံပေးအကြီးအကဲများ ထံသို့ (ပွင့်ပေါ်) စေလွှတ်တော်မူခဲ့ရာ သူတို့သည် ယင်း (အရှင့်သက်သေလက္ခဏာများ) နှင့်စပ်လျဉ်း၍ (စည်းမျဉ်းချိုးဖောက်လျက် မတော်မတရား ပြုမူဆက်ဆံခြင်းဖြင့်) မထီမဲ့မြင်ပြုခဲ့ကြ၏။ သို့ဖြစ်ပေရာ မတည်မငြိမ်မှုနှင့်အဖျက်အနှောင့်ပြုလုပ်ခဲ့ကြသူ (အဖျက်သမား)များ၏နိဂုံးအကျိုးဆက်မှာ မည်သို့ဖြစ်ခဲ့သည်ကို အသင်တို့ စူးစမ်းလေ့လာကြည့်ကြလော့။
وَقَالَ مُوسَىٰ يَا فِرْعَوْنُ إِنِّي رَسُولٌ مِّن رَّبِّ الْعَالَمِينَ (104)
တမန်တော်မူဆာက “အို၊ ဖာရို၊ ဧကန်ပင်၊ ကျွန်ုပ်သည် လောကခပ်သိမ်းအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အရှင်မြတ်၏ထံတော်မှ (အသင်တို့ထံသို့ စေလွှတ်တော်မူခြင်းခံရသော) ရစူလ်တမန်တော် တစ်ပါးဖြစ်၏။”
حَقِيقٌ عَلَىٰ أَن لَّا أَقُولَ عَلَى اللَّهِ إِلَّا الْحَقَّ ۚ قَدْ جِئْتُكُم بِبَيِّنَةٍ مِّن رَّبِّكُمْ فَأَرْسِلْ مَعِيَ بَنِي إِسْرَائِيلَ (105)
အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ အမှန်တရားသစ္စာပေါ်တွင် အခြေခံ၍ ပြောဆိုရန် တာဝန်ရှိသည့်အလျှောက် အမှန်တရားမှအပ (အခြားမည်သည့်အရာကိုမျှ) ဟောကြားသည် အလျှင်း မဟုတ်ပေ။ ကျွန်ုပ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ ထင်ရှားသော ရှင်းလင်းချက်များပါဝင်သည့် သက်သေအထောက်အထားတော်နှင့်အတူ သင်တို့ထံ ရောက်ရှိလာခဲ့ပြီ။ သို့ဖြစ်၍ အစ္စရေးမျိုးနွယ်ဝင်တို့အား ကျွန်ုပ်နှင့်အတူ (ထည့်ပေး၍ လွတ်လပ်စွာ) သွားခွင့်ပေးလော့။
قَالَ إِن كُنتَ جِئْتَ بِآيَةٍ فَأْتِ بِهَا إِن كُنتَ مِنَ الصَّادِقِينَ (106)
“(ထိုအခါ ဖာရိုက) အကယ်၍ အသင် (တမန်တော်) သည် အရှင့်အာယာသ်သက်သေလက္ခဏာတော်နှင့်အတူ ရောက်လာခဲ့လျှင်၊ ဖြောင့်မတ် မှန်ကန်စွာ ပြောဆိုသူများအနက်မှဖြစ်ခဲ့လျှင် ယင်း (သက်သေ လက္ခဏာတော်) ကို ယူဆောင်လာ၍ တင်ပြလော့။” ဟု ပြောခဲ့၏။
فَأَلْقَىٰ عَصَاهُ فَإِذَا هِيَ ثُعْبَانٌ مُّبِينٌ (107)
ထို့နောက် (တမန်တော်မူဆာသည်) သူ၏တောင်ဝှေးကို ပစ်ချသည့်အခါ ယင်းသည် ထင်ရှားသော မြွေနဂါးကြီးတစ်ကောင် ဖြစ်လာ၏။
وَنَزَعَ يَدَهُ فَإِذَا هِيَ بَيْضَاءُ لِلنَّاظِرِينَ (108)
ထို့ပြင် တမန်တော်မူဆာ၏ (ညာ) လက်အား (ယင်းကိုတည့်ထားသည့် ချိုင်းကြားမှ အပြင်သို့) ဆွဲထုတ်လိုက်သောအခါ ထိုလက်သည် စောင့်ကြည့်နေကြသူတို့အတွက် တောက်ပဖြူစင်လျက် ဖြစ်နေ (သည် ကို တွေ့မြင်ခဲ့ရ) ၏။
قَالَ الْمَلَأُ مِن قَوْمِ فِرْعَوْنَ إِنَّ هَٰذَا لَسَاحِرٌ عَلِيمٌ (109)
ဖာရို၏လူမျိုးတို့အနက်မှ အကြံပေးအကြီးအကဲတို့က “(ထိုကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်ပြီးနောက် ဖာရိုပြောသကဲ့သို့ပင်) ဧကန်ပင်၊ ဤသည် အလွန်ကျွမ်းကျင်သော မှော်ပညာရှင်ပင်ဖြစ်၏။” ဟု ပြောခဲ့ကြ၏။
يُرِيدُ أَن يُخْرِجَكُم مِّنْ أَرْضِكُمْ ۖ فَمَاذَا تَأْمُرُونَ (110)
သူသည် သင်တို့အား သင်တို့တိုင်းပြည်နယ်မြေမှ နှင်ထုတ်ရန် ကြံရွယ်လိုလား၏။ သို့ဖြစ်၍ သင်တို့သည် (တမန်တော်မူဆာ၏ထိုအကြံအစည်နှင့်စပ်လျဉ်း၍) မည်သို့ အကြံပေးတိုက်တွန်းလိုကြသနည်း။ (ဟုလည်း မေးမြန်းခဲ့ကြ၏။)
قَالُوا أَرْجِهْ وَأَخَاهُ وَأَرْسِلْ فِي الْمَدَائِنِ حَاشِرِينَ (111)
(ထိုအခါ ဖာရို၏နောက်လိုက်အချို့က) “သူနှင့်သူ့အစ်ကိုတို့အား (အရေးယူခြင်းမှ ယာယီဆိုင်းငံ့၍) ထိန်းသိမ်းထားပြီး (တစ်ချိန်တည်းမှာ) မြို့ရွာများသို့ ရှေ့ပြေးစည်းရုံးရေးမှူးများစေလွှတ်လော့။” ဟု အကြံပေး ပြောဆိုခဲ့ကြသည်။
يَأْتُوكَ بِكُلِّ سَاحِرٍ عَلِيمٍ (112)
(ထိုစည်းရုံးရေးမှူးတို့အား) ကျွမ်းကျင်သော မှော်ပညာရှင်ဟူသမျှနှင့်အတူ အသင် (ဖာရို) ထံ ယူဆောင်တင်ပြစေလော့။
وَجَاءَ السَّحَرَةُ فِرْعَوْنَ قَالُوا إِنَّ لَنَا لَأَجْرًا إِن كُنَّا نَحْنُ الْغَالِبِينَ (113)
(ထိုသို့ဖြင့်) မှော်ပညာရှင်တို့သည် ဖာရိုထံသို့ ရောက်ရှိလာခဲ့ကြသည်။ (သူတို့က) “အကယ်၍ ကျွန်ုပ်တို့သည် အောင်နိုင်သူများဖြစ်ကြလျှင် ကျွန်ုပ်တို့အတွက် အကျိုးဆုလဒ်များ မုချရှိရလိမ့်မည်။” ဟု ပြောခဲ့ကြ၏။
قَالَ نَعَمْ وَإِنَّكُمْ لَمِنَ الْمُقَرَّبِينَ (114)
(ဖာရိုက) “ကောင်းပြီ၊ (ဆုလဒ်သာမက) သင်တို့သည် (ကျွန်ုပ်အပါးတော်မြဲမည့်) အနီးစပ်ဆုံး (ရာထူးဖြင့်) မြှောက်စားခံရသော) ပုဂ္ဂိုလ်များအနက်မှပင် မုချ ဖြစ်စေမည်။” ဟု ပြောခဲ့၏။
قَالُوا يَا مُوسَىٰ إِمَّا أَن تُلْقِيَ وَإِمَّا أَن نَّكُونَ نَحْنُ الْمُلْقِينَ (115)
(မှော်ပညာရှင်ဖြစ်) သူတို့က “အို၊ မူဆာ၊ အသင်က (ဦးစွာ အသင့်တောင်ဝှေးကို) ပစ်ချမည်လော။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏ဒုတ်ကြိုးများကို မှော်အစွမ်းပြရန်) ပစ်ချကြမည့်သူများ ဖြစ်ရ မည်လော။” ဟု မေးမြန်းလျှောက်တင်ခဲ့၏။
قَالَ أَلْقُوا ۖ فَلَمَّا أَلْقَوْا سَحَرُوا أَعْيُنَ النَّاسِ وَاسْتَرْهَبُوهُمْ وَجَاءُوا بِسِحْرٍ عَظِيمٍ (116)
တမန်တော်မူဆာက “သင်တို့ပစ်ချကြလော့။” ဟု ဖြေဆိုခဲ့၏။ (သူတို့၏လက်တွင် ကိုင်ဆောင်ထားသည့်အရာများကို) သူတို့ပစ်ချခဲ့ကြသည့်အခါ လူတို့၏မျက်စိများကို (အညှို့ဖြင့်) လှည့်စား၍ ကြောက်လှန့်စေခဲ့၏။ သူတို့သည် ကြီးကျယ်ကျွမ်းကျင်သည့် မှော်ပညာကို ယူဆောင်ပြသခဲ့ကြ၏။
۞ وَأَوْحَيْنَا إِلَىٰ مُوسَىٰ أَنْ أَلْقِ عَصَاكَ ۖ فَإِذَا هِيَ تَلْقَفُ مَا يَأْفِكُونَ (117)
ထို့နောက် ငါအရှင်မြတ်က တမန်တော်မူဆာထံသို့ “သင်၏တောင်ဝှေးကို ပစ်ချလော့။” ဟု ဝဟီအမိန့် ညွှန်ကြားချက် ထုတ်ပြန်စေတော်မူသောအခါ ယင်း (တောင်ဝှေး) သည် (ထိုမှော်ဆရာများ) သူတို့၏မှော်အစွမ်းဖြင့် လူတို့အားလှည့်စားရန်) ကြံစည်ဖန်တီးခဲ့သမျှကို ဝါးမျိုခဲ့လေ၏။
فَوَقَعَ الْحَقُّ وَبَطَلَ مَا كَانُوا يَعْمَلُونَ (118)
ထိုသို့ဖြင့် အမှန်တရားသစ္စာသည် ထင်ရှားစွာတည်တံ့ခိုင်မြဲပြီး (မှော်ဆရာများဖြစ်သော) သူတို့၏ ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် (အချည်းနှီးသော) လိမ်လည်လှည့်စားသော အရာဖြစ်ကြောင်း သိသာထင်ရှားလာခဲ့၏။
فَغُلِبُوا هُنَالِكَ وَانقَلَبُوا صَاغِرِينَ (119)
ထို့နောက် (ဖာရိုနှင့်အပေါင်းအပါဖြစ်သော) သူတို့သည် ထိုနေရာ၌ပင် အရေးနိမ့်ကြပြီး အရှက်ရ သိမ်ငယ်စွာဖြင့် လှည့်ပြန်ခဲ့ကြရသည်။
وَأُلْقِيَ السَّحَرَةُ سَاجِدِينَ (120)
(ထိုစဉ်) ထိုမှော်ဆရာများသည် (သူတို့ကိုယ်ကို ပစ်ချမှောက်လဲလျက် အရှင်မြတ်အား) ဦးချသူများ ဖြစ်ကြလေ၏။
قَالُوا آمَنَّا بِرَبِّ الْعَالَمِينَ (121)
(ထိုမှော်ဆရာတို့က) “ကျွန်ုပ်တို့သည် လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အရှင်မြတ်အား ယုံကြည်ကြပါပြီ။” ဟု ပြောဆိုကြလေ၏။
رَبِّ مُوسَىٰ وَهَارُونَ (122)
(ထိုအရှင်မြတ်သည်) တမန်တော်မူဆာနှင့်ဟာရွန်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူ၏။
قَالَ فِرْعَوْنُ آمَنتُم بِهِ قَبْلَ أَنْ آذَنَ لَكُمْ ۖ إِنَّ هَٰذَا لَمَكْرٌ مَّكَرْتُمُوهُ فِي الْمَدِينَةِ لِتُخْرِجُوا مِنْهَا أَهْلَهَا ۖ فَسَوْفَ تَعْلَمُونَ (123)
ဖာရိုက “သင်တို့ကို ကျွန်ုပ်က ခွင့်မပြုမီ သင်တို့သည် ထိုအရှင်မြတ်အား သက်ဝင်ယုံကြည်နေပြီလား။ ဧကန်ပင်၊ ဤသည် (မြို့တွင်း၌ နေထိုင်ကြသူတို့အား ထိုမြို့မှ နှင်ထုတ်ခံရစေရန်အလို့ငှာ) သို့ဖြစ်ပေရာ၊ (သင်တို့၏အကျိုးဆက်မည်သို့ဖြစ်မည်ကို) သင်တို့ မကြာမီ သိကြလိမ့်မည်။” ဟု ကြိမ်းဝါးပြောဆိုခဲ့၏။
لَأُقَطِّعَنَّ أَيْدِيَكُمْ وَأَرْجُلَكُم مِّنْ خِلَافٍ ثُمَّ لَأُصَلِّبَنَّكُمْ أَجْمَعِينَ (124)
(ဖာရိုက) ကျွန်ုပ်သည် သင်တို့၏လက်များနှင့်ခြေများကို (ဘယ်ညာ) ဘက်လွှဲ၍ အမှန်ပင်ဖြတ်တောက်ပြီးနောက် သင်တို့အားလုံးကို ကားစင်ပေါ်သို့ မုချ တင်လိမ့်မည်။
قَالُوا إِنَّا إِلَىٰ رَبِّنَا مُنقَلِبُونَ (125)
“(ဖာရို၏ခြိမ်းခြောက်မှုကြာပြီးနောက် မှော်ဆရာများက) ဧကန်ပင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်သို့ (မဖြစ်မနေ) ပြန်သွားကြ ရမည့်သူများသာ ဖြစ်ကြ၏။” ဟု ပြန်ပြောခဲ့ကြသည်။
وَمَا تَنقِمُ مِنَّا إِلَّا أَنْ آمَنَّا بِآيَاتِ رَبِّنَا لَمَّا جَاءَتْنَا ۚ رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَتَوَفَّنَا مُسْلِمِينَ (126)
ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ အာယသ်သက်သေလက္ခဏာတော်များ ကျွန်ုပ်တို့ထံ ရောက်ရှိလာသောအခါ ကျွန်ုပ်တို့ သက်ဝင်ယုံကြည် ကြသည့် အကြောင်းရင်းမှအပ ကျွန်ုပ်တို့အား လက်စားချေအရေးယူနိုင်သည့် အခြားအကြောင်းရင်း မရှိချေ။ အို၊ ကျွန်ုပ် တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့အပေါ်၌ သည်းခံကြံ့ခိုင်မှုစွမ်းရည်ကို သွန်းလောင်းပေးသနားတော်မူပါ။ (ကိုယ်စိတ်နှလုံးတို့ကို အရှင့်ထံနာခံအပ်နှံ၍ ငြိမ်းချမ်း ရေးလိုလားသော) မွတ်စလင်များအဖြစ် ကွယ်လွန်စေတော်မူပါဟု ဆုပန်လျှောက်ထားခဲ့ကြ၏။
وَقَالَ الْمَلَأُ مِن قَوْمِ فِرْعَوْنَ أَتَذَرُ مُوسَىٰ وَقَوْمَهُ لِيُفْسِدُوا فِي الْأَرْضِ وَيَذَرَكَ وَآلِهَتَكَ ۚ قَالَ سَنُقَتِّلُ أَبْنَاءَهُمْ وَنَسْتَحْيِي نِسَاءَهُمْ وَإِنَّا فَوْقَهُمْ قَاهِرُونَ (127)
ဖာရို၏လူမျိုးတို့အနက်မှ အကြံပေးအကြီးအကဲတို့က (ဖာရိုအား) “အသင်သည် တမန်တော်မူဆာနှင့် သူ့လူမျိုး (နောက်လိုက်) တို့အား မြေကမ္ဘာပေါ်တွင် မတည်မငြိမ်မှုနှင့်အဖျက်အနှောင့်ပြုလုပ်နိုင်ရန် လွှတ်ထားပြီး သင်နှင့်သင့်ကိုးကွယ်ရာများကို ကျောခိုင်းပစ်ပယ်ခွင့်ပြုထားမည်လော။” ဟု မေးခဲ့ရာ သူက “ကျွန်ုပ်တို့သည် သူတို့၏သားယောက်ျားများကို သတ်၍ သူတို့၏အမျိုးသမီးများကို အသက်ဆက်ခွင့် ပေးလိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့သည် အသေအချာပင် သူတို့အပေါ်၌ နိုင်နင်းလွှမ်းမိုးသူများဖြစ်ကြ၏။” ဟု ကြိမ်းဝါးပြောဆိုခဲ့လေ၏။
قَالَ مُوسَىٰ لِقَوْمِهِ اسْتَعِينُوا بِاللَّهِ وَاصْبِرُوا ۖ إِنَّ الْأَرْضَ لِلَّهِ يُورِثُهَا مَن يَشَاءُ مِنْ عِبَادِهِ ۖ وَالْعَاقِبَةُ لِلْمُتَّقِينَ (128)
တမန်တော်မူဆာက သူ့လူမျိုးတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ အကူအညီကို အသနားခံဆုပန်၍ ရှာမှီးကြလော့။ (အရှင့်လမ်းစဉ်ပေါ်၌) သည်းခံကြံခိုင်မှုဖြင့် ရပ်တည်ကြလော့။ မုချဧကန်၊ ဤကမ္ဘာဂြိုဟ်သည် အရှင်မြတ်ဖွဲ့စည်းဖြစ်တည်တော်မူသည့် အရှင့်ပိုင်ဖြစ်၍ အရှင့်အစေခံလူသားတို့အနက်မှ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ယင်း (မြေကမ္ဘာ၏အုပ်ချုပ်စိုးပိုင်မှု) ကို အမွေဆက်ခံခွင့် ရစေတော်မူ၏။ နောက်ဆုံး၌ (အကောင်းဆုံး အကျိုးဆက်မှာ) အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသူတို့အတွက်သာ ဖြစ်၏။” ဟု ဟောကြားခဲ့၏။
قَالُوا أُوذِينَا مِن قَبْلِ أَن تَأْتِيَنَا وَمِن بَعْدِ مَا جِئْتَنَا ۚ قَالَ عَسَىٰ رَبُّكُمْ أَن يُهْلِكَ عَدُوَّكُمْ وَيَسْتَخْلِفَكُمْ فِي الْأَرْضِ فَيَنظُرَ كَيْفَ تَعْمَلُونَ (129)
(ဖာရိုမင်းဆက်၏ညှင်းပန်းနှိပ်စက်မှုကို ခံနေကြရသော) သူတို့က “ကျွန်ုပ်တို့သည် အသင် (တမန်တော်) ကျွန်ုပ်တို့ထံ ရောက်လာပြီးနောက်သာမက မရောက်လာမီကတည်းကပင် နှိပ်စက်ခံနေရခြင်း ဖြစ်ပါ၏။” ပြောဆို တင်ပြခဲ့ကြ၏။ (ထိုစဉ်မူဆာက သူတို့အား) “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သင်တို့၏ရန်သူများကို မကြာမီ တိမ်ကောပျက်စီးစေတော်မူပြီး သင်တို့ကို မြေကမ္ဘာ၌ (အုပ်ချုပ်ရေးအမွေ) ဆက်ခံသူများ ဖြစ်စေတော်မူလိမ့်မည်။” ဟု ဟောကြားခဲ့၏။
وَلَقَدْ أَخَذْنَا آلَ فِرْعَوْنَ بِالسِّنِينَ وَنَقْصٍ مِّنَ الثَّمَرَاتِ لَعَلَّهُمْ يَذَّكَّرُونَ (130)
ထို့ပြင် ငါအရှင်မြတ်သည် ဖာရိုမင်းဆက်၊ မင်းမျိုးမင်းနွယ်အပေါင်းအပါတို့အား သူတို့က အလေးအနက် တွေးတော၍ သတိရကြရန်အလို့ငှာ နှစ်ပေါင်းများစွာ ငတ်မွတ်ခေါင်းပါးခြင်းနှင့် (ကောက်ပဲသီးနှံ) သစ်သီးဝလံများ ရှားပါးစေခြင်းတို့ဖြင့် အရေးယူတော်မူခဲ့၏။
فَإِذَا جَاءَتْهُمُ الْحَسَنَةُ قَالُوا لَنَا هَٰذِهِ ۖ وَإِن تُصِبْهُمْ سَيِّئَةٌ يَطَّيَّرُوا بِمُوسَىٰ وَمَن مَّعَهُ ۗ أَلَا إِنَّمَا طَائِرُهُمْ عِندَ اللَّهِ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ (131)
သို့ရာတွင် သူတို့ထံ ကောင်းမွန်သော အခြေအနေ (အေးချမ်းသာယာမှု) ကို ဆိုက်ရောက်ခံစားစေတော်မူသည့်အခါ သူတို့က “ဤသည် (ကျွန်ုပ်တို့၏ ကြိုးပမ်းမှုကြောင့်) ကျွန်ုပ်တို့ရထိုက်ရသင့်သော အရာဖြစ်၏။” ဟု ပြောဆိုကြပြီး အကယ်၍ ဘေးဒုက္ခအကုသိုလ် (မကောင်းသော အခြေအနေတစ်စုံတစ်ခု) ကို သူတို့ထံ ဆိုက်ရောက်ခဲ့သော် (ယင်းသည်) တမန်တော်မူဆာ၊ သူနှင့်အတူရှိသော (နောက်လိုက်) ပုဂ္ဂိုလ်များ၏မကောင်းသော နိမိတ်ကြောင့် (လာဘ်တိတ်ခြင်း) ဖြစ်သည်” ဟု မှတ်ယူခဲ့ကြ၏။ နှလုံးသွင်းကြလော့။ သင်တို့ကောက်ယူ ထင်မြင်ယူဆနေကြသော မကောင်းသော နိမိတ်နှင့်ကောင်းသောနိမိတ် (လာဘ်ပိတ်ခြင်း၊ မပိတ်ခြင်း) တို့သည် အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ ရှိသော်လည်း သင်တို့အများစုသည် (ထိုကိစ္စကို) မသိနားမလည် ကြချေ။
وَقَالُوا مَهْمَا تَأْتِنَا بِهِ مِنْ آيَةٍ لِّتَسْحَرَنَا بِهَا فَمَا نَحْنُ لَكَ بِمُؤْمِنِينَ (132)
ထို့ပြင် အာယာသ်သက်သေလက္ခဏာတော်များအနက်မှ ကျွန်ုပ်တို့ထံသို့ ယူဆောင်လာခဲ့သမျှသည် ယင်းဖြင့် ကျွန်ုပ်တို့အား ပြုစား (လှည့်စား) ရန်အတွက်သာဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သင့်အား ယုံကြည်ကြသူများဖြစ်မည် မဟုတ်ချေ။
فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُّفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُّجْرِمِينَ (133)
သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် (သူတို့အမြင်မှန်ရစေတော်မူရန်အလို့ငှာ) သူတို့အပေါ်၌ ထင်ရှားပြတ်သားသော အာယာသ်သက်သေလက္ခဏာတော်အဖြစ် လေပြင်းမုန်တိုင်း၊ (ရေကြီးခြင်း)၊ (ရောဂါဖြစ်စေသော) ကျိုင်းကောင်များ၊ သန်းပိုးမွှားများ၊ ဖားများ (သောက်သုံးရေကို ပြောင်းလဲစေသော) သွေးများ (တစ်ခုပြီးတစ်ခု) စေလွှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့သည် မာန်မာနထောင်လွှားလျက်ပင် ရှိခဲ့ကြပြီး ပြစ်မှုဒုစရိုက်ကျူးလွန်သော လူမျိုးအဖြစ်သာ ဆက်လက်ရပ်တည်ခဲ့ကြ၏။
وَلَمَّا وَقَعَ عَلَيْهِمُ الرِّجْزُ قَالُوا يَا مُوسَى ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ ۖ لَئِن كَشَفْتَ عَنَّا الرِّجْزَ لَنُؤْمِنَنَّ لَكَ وَلَنُرْسِلَنَّ مَعَكَ بَنِي إِسْرَائِيلَ (134)
သူတို့အပေါ်တွင် ပြစ်ဒဏ်အဖြစ် ဘေးဒုက္ခတစ်စုံတစ်ခု ဆိုက်ရော်ကလာသည့်အခါတိုင်း သူတို့က “အို၊ မူဆာ၊ အရှင်မြတ်က အသင်နှင့်ကတိတော်ထားရှိသည့်တိုင်း ကျွန်ုပ်တို့ (၏ လွတ်ငြိမ်းချမ်းသာခွင့်) အတွက် အသင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံ ဆုတောင်းပါလော့။ အကယ်၍ အသင် (တမန်တော်) သည် ပြစ်ဒဏ်ဘေးဒုက္ခကို ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးလျှင် အသင့်အား သေချာပေါက် ယုံကြည်စေလိမ့်မည်ဖြစ်ပြီး အစ္စရေးမျိုးနွယ်တို့ကိုလည်း သင်နှင့်အတူ အမှန်ပင် သွားခွင့်ပေးလိမ့်မည်။” ဟု လျှောက်တင်ခဲ့ကြ၏။
فَلَمَّا كَشَفْنَا عَنْهُمُ الرِّجْزَ إِلَىٰ أَجَلٍ هُم بَالِغُوهُ إِذَا هُمْ يَنكُثُونَ (135)
သို့သော် ငါအရှင်မြတ်သည် သူတို့တာဝန်ကျေပွန်ရမည့် (သတ်မှတ်ထားသော) အချိန်ကာလတစ်ခုအထိ သူတို့ထံမှ ပြစ်ဒဏ်ဘေးဒုက္ခများကို ဖယ်ရှားပေးတော်မူသည့်အခါ သူတို့သည် (အချိန်မစေ့ရောက်မီ ရုတ်တရက်) ကတိပျက်ကြကုန်၏။
فَانتَقَمْنَا مِنْهُمْ فَأَغْرَقْنَاهُمْ فِي الْيَمِّ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ (136)
သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် ငါအရှင်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းဆန်ပြီး ယင်းတို့ကို အလေးမထားဘဲ လျစ်လျူရှုကြသူများဖြစ်သောကြောင့် သူတို့အနက်မှအချို့ကို ဒဏ်ခတ်တန်ပြန်စေတော်မူသည့် အနေဖြင့် ပင်လယ်ထဲ၌ နစ်မြုပ်စေတော်မူခဲ့၏။
وَأَوْرَثْنَا الْقَوْمَ الَّذِينَ كَانُوا يُسْتَضْعَفُونَ مَشَارِقَ الْأَرْضِ وَمَغَارِبَهَا الَّتِي بَارَكْنَا فِيهَا ۖ وَتَمَّتْ كَلِمَتُ رَبِّكَ الْحُسْنَىٰ عَلَىٰ بَنِي إِسْرَائِيلَ بِمَا صَبَرُوا ۖ وَدَمَّرْنَا مَا كَانَ يَصْنَعُ فِرْعَوْنُ وَقَوْمُهُ وَمَا كَانُوا يَعْرِشُونَ (137)
ထို့နောက် ငါအရှင်မြတ်သည် (ရာစုနှစ်ပေါင်းများစွာ) ဖိနှိပ်ညှင်းပန်းမှုခံရပြီး အားအင်ချည့်နဲ့သော လူမျိုးတို့အား (သူတို့နေထိုင်ရာဒေသဖြစ်သော) မြေကမ္ဘာ၏အရှေ့ပိုင်းဒေသနှင့်အနောက်ပိုင်းဒေသတို့တွင် (လူ သားတို့အတွက် အကျိုးရှိစေရန်အလို့ငှာ) ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံစေတော်မူလျက် (စိုးမိုးအုပ်ချုပ်ရေးကို) အမွေဆက်ခံသူများဖြစ်စေတော်မူခဲ့၏။ ထို့နောက် သူတို့သည်းခံကြံ့ခိုင်ခဲ့သည်ကို အကြောင်းပြု၍ အစ္စရေးမျိုးနွယ်ဝင်တို့အပေါ် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အကောင်းဆုံးနှင့်အမွန်မြတ်ဆုံးသော ဗျာဒိတ်တော်ကိုလည်း အတည်ပြု ဖြည့်ဆည်းစေတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ဖာရိုနှင့်သူ့လူမျိုးတို့ထူထောင်ခဲ့သမျှနှင့်ဆောက်တည်ခဲ့ကြသော (နန်းတော်၊ အနုပညာလက်ရာနှင့်ရဲတိုက်စသည့်) အရာတို့ကို ချေဖျက်စေတော်မူခဲ့၏။
وَجَاوَزْنَا بِبَنِي إِسْرَائِيلَ الْبَحْرَ فَأَتَوْا عَلَىٰ قَوْمٍ يَعْكُفُونَ عَلَىٰ أَصْنَامٍ لَّهُمْ ۚ قَالُوا يَا مُوسَى اجْعَل لَّنَا إِلَٰهًا كَمَا لَهُمْ آلِهَةٌ ۚ قَالَ إِنَّكُمْ قَوْمٌ تَجْهَلُونَ (138)
တစ်ဖန် ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့အား ပင်လယ်ကို ဖြတ်ကျော်စေတော်မူပြီး ရုပ်ပွားဆင်းတုများကို (သူတို့၏သီးခြားကိုးကွယ်ရာအဖြစ် မှတ်ယူလျက်) စွဲလန်းစွာ ကြည်ညိုလေးစားကြသော လူမျိုးထံသို့ ရောက်စေတော်မူခဲ့၏။ (ထိုသူတို့က တမန်တော်မူဆာအား) အို၊ မူဆာ သူတို့အတွက် ကိုးကွယ်စရာ (ရုပ်တုဆင်းပွား) ရှိသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း (မြင်နိုင်သည့်) ကိုးကွယ်ရာတစ်ဆူကို ပြုလုပ်ပေးပါ။” ဟု တောင်းဆိုလေ၏။ (တမန်တော်မူဆာက) ဧကန်ပင်၊ အသင်တို့သည် ပညာမဲ့ မသိနားမလည်သော လူမျိုးပင် ဖြစ်၏။” ဟု ဖြေဆိုခဲ့လေ၏။
إِنَّ هَٰؤُلَاءِ مُتَبَّرٌ مَّا هُمْ فِيهِ وَبَاطِلٌ مَّا كَانُوا يَعْمَلُونَ (139)
မုချဧကန်၊ သူတို့ ကိုးကွယ်ပြုကျင့်ခဲ့သမျှတို့သည် အချည်းနှီးသော (အခြေအမြစ်မရှိသော) မှားယွင်းသော လုပ်ရပ်များဖြစ်၍ ထိုလုပ်ရပ်များ၌ပင် (သူတို့ပါဝင်ပတ်သက်နေလျက်) မဖျက်ဆီးခံရသူများဖြစ်ကြလေ၏။
قَالَ أَغَيْرَ اللَّهِ أَبْغِيكُمْ إِلَٰهًا وَهُوَ فَضَّلَكُمْ عَلَى الْعَالَمِينَ (140)
(တမန်တော်မူဆာက) “ထိုအရှင်မြတ်သည် သင်တို့အား (စစ်မှန်သော ဘာသာယုံကြည်မှုနှင့်အမှန်တရားသစ္စာကို ပို့ချပေးအပ်စေတော်မူလျက်) လောကခပ်သိမ်းတို့ထက် ဂုဏ်သိက္ခာပေး မြင့်တင်ပါလျက် အလ္လာဟ်အရှင်မြတ်မှအပ အခြားသော ကိုးကွယ်ရာတစ်ပါးကို သင်တို့အတွက် ရှာဖွေပေးရမည်လော့။” ဟု မေးမြန်းခဲ့၏။
وَإِذْ أَنجَيْنَاكُم مِّنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ ۖ يُقَتِّلُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُم بَلَاءٌ مِّن رَّبِّكُمْ عَظِيمٌ (141)
(အို၊ အစ္စရေးမျိုးနွယ်ဝင်တို့ သတိရကြလော့။) ဖာရိုမင်းဆက်နှင့်အပေါင်းအပါတို့က သင်တို့အား (ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျွန်အဖြစ် ခိုင်းစေလျက်) အလွန်ဆိုး ဝါးသော ဘေးဒုက္ခပြစ်ဒဏ်များကို ခံစားစေခြင်း၊ သင်တို့၏သားယောက်ျားများကို (ရက်စက်စွာ) သတ်ဖြတ်ခြင်းနှင့်အမျိုးသမီးများကို (ကျွန်မအဖြစ် အသုံးချနိုင်ရန်) အသက်ဆက်ခွင့်ပေးခြင်းတို့ဖြင့် ဖိနှိပ်ညှင်းပန်းခဲ့စဉ် ငါအရှင်မြတ်သည် သင်တို့အား သူတို့ထံမှ ကယ်ဆယ်တော်မူခဲ့၏။ အမှန်မှာ ထိုဖြစ်စဉ်၌ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ သင်တို့အတွက် ကြီးကျယ်သော စမ်းသပ်မှုကြီး ရှိနေ၏။
۞ وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ (142)
ထို့ပြင် (တရားအားထုတ်၍ အရေးကိစ္စဟူသမျှအတွက် တောင်ရတ်ကျမ်းပို့ချပေးအပ်ခံရရန်အလို့ငှာ) ငါအရှင်မြတ်သည် တမန်တော်မူဆာအား ညပေါင်းသုံးဆယ် (တရားထိုင်အားထုတ်ရန်) တာဝန်ပေးချိန် ဆိုတော်မူပြီး ယင်းကို နောက်ထပ်ဆယ်ညဖြင့် ထပ်ဖြည့်စေလျက် သူ့အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သတ်မှတ်တော်မူသည့် သတ်မှတ်ကာလသည် ညပေါင်းလေးဆယ် ပြည့်သွားခဲ့လေ၏။ တမန်တော်မူဆာက သူ့အစ်ကို ဟာရွန်အား “သင်သည် ကျွန်ုပ်၏လူမျိုး၌ ကျွန်ုပ်၏ကိုယ်စား (တာဝန်ယူ) ဆောင်ရွက်လော့။ ကောင်းမြတ်သည့် ပြုမူကျင့်ကြံမှုများဖြင့် သင့်မြတ်အောင် (ပြုပြင်ပြောင်းလဲရေး) လုပ်လော့။ မတည်မငြိမ်မှုနှင့်အဖျက်အနှောင့်ပြုသူတို့၏လမ်းစဉ်အား မလိုက်နာမိစေနှင့်။” ဟု မှာကြားခဲ့၏။
وَلَمَّا جَاءَ مُوسَىٰ لِمِيقَاتِنَا وَكَلَّمَهُ رَبُّهُ قَالَ رَبِّ أَرِنِي أَنظُرْ إِلَيْكَ ۚ قَالَ لَن تَرَانِي وَلَٰكِنِ انظُرْ إِلَى الْجَبَلِ فَإِنِ اسْتَقَرَّ مَكَانَهُ فَسَوْفَ تَرَانِي ۚ فَلَمَّا تَجَلَّىٰ رَبُّهُ لِلْجَبَلِ جَعَلَهُ دَكًّا وَخَرَّ مُوسَىٰ صَعِقًا ۚ فَلَمَّا أَفَاقَ قَالَ سُبْحَانَكَ تُبْتُ إِلَيْكَ وَأَنَا أَوَّلُ الْمُؤْمِنِينَ (143)
တမန်တော်မူဆာသည် ငါအရှင်မြတ်က သတ်မှတ်ချိန်းဆိုတော်မူသည့်နေရာသို့ရောက်၍ သူ့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်က သူ့အား ဗျာဒိတ်မိန့်တော်မူသည့်အခါ သူက “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ အရှင်မြတ်ကို ဖူးမျှော်နိုင်ရန် အရှင့်ဇာတိတော်ကို ကျွန်ုပ်အား ပြသတော်မူပါ။” ဟု လျှောက်တင်ခဲ့၏။ (ထိုစဉ် အရှင်မြတ်က) အသင်သည် ငါအရှင်မြတ်ကို (ဤလောကီဘဝ၌) မည်သည့်နည်းနှင့်မျှ ဖူးမျှော်နိုင်မည် အလျှင်း မဟုတ်ပေ။ သို့ရာတွင် တောင်ဘက်သို့ ကြည့်ရှုလော့။ အကယ်၍ ယင်း (တောင်) သည် ထိုနေရာ၌ပင် တည်မြဲနေလျှင် သင်သည် ငါအရှင်မြတ်ကို ရှုမြင်နိုင်လိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် တောင်ပေါ်၌ အရှင့်ဘုန်းတော်ကို ထင်ရှားစေတော်မူသည့်အခါ (အရှင့် ဘုန်းတန်ခိုးတော်ကြောင့်) ယင်းတောင်အား အစိတ်စိတ်ကြေမွအောင် ဖြစ်စေတော်မူပြီး တမန်တော်မူဆာလည်း သတိလစ်မိန်းမောလျက် လဲကျသွားခဲ့၏။ တမန်တော်မူဆာက သတိပြန်ရလာသည့်အခါ သူက “အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်တော်မူးပြီး သန့်ရျင်းစင်ကြယ်တော်မူကြောင်း၊ အနှိုင်းမဲ့ဖြစ်ကြောင်း၊ ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူကြောင်းနှင့်လောကီမျက်စိဖြင့် မြင်နိုင်မည် အလျှင်း မဟုတ်ကြောင်းကို ကျွန်ုပ်ဂုဏ်တင်ပါ၏။” (အရှင်မြတ်နှင့်စပ်လျဉ်း၍ မသိနားမလည်မှုကို တောင်းဆိုမိသည့်အတွက် နောင်တကြီး စွာရလျက်) အရှင့်ဘက်လှည့်၍ တောင်းပန်ပါ၏။ ထို့ပြင် ကျွန်ုပ်သည် ဦးဦးဖျားဖျား သက်ဝင်ယုံကြည်သူတို့အနက်မှ အပါအဝင်ဖြစ်ပါ၏။” ဟု လျှောက်တင်ပန်ကြားခဲ့၏။
قَالَ يَا مُوسَىٰ إِنِّي اصْطَفَيْتُكَ عَلَى النَّاسِ بِرِسَالَاتِي وَبِكَلَامِي فَخُذْ مَا آتَيْتُكَ وَكُن مِّنَ الشَّاكِرِينَ (144)
(ထိုစဉ် အရှင်မြတ်က) အို၊ မူဆာ၊ မုချဧကန်၊ ငါအရှင်မြတ်သည် လူသားတို့အပေါ်၌ ငါအရှင်မြတ်၏အမိန့်ပညတ်ချက်နှင့်ဗျာဒိတ်တော်များနှင့်အတူ (ရစူလ်တမန်တော်အဖြစ်) ရွေးချယ်တော်မူခဲ့ပြီ။ သို့ဖြစ်၍ အသင့်အား ချီးမြှင့်ပို့ချပေးအပ်သမျှကို မြဲမြံစွာ ယုံကြည်လိုက်နာလော့။ ထို့ပြင် ကျေးဇူးသိတတ်သူတို့အနက်မှ (တစ်ဦးအပါအဝင်) ဖြစ်လော့။” ဟု မိန့်တော်မူ၏။
وَكَتَبْنَا لَهُ فِي الْأَلْوَاحِ مِن كُلِّ شَيْءٍ مَّوْعِظَةً وَتَفْصِيلًا لِّكُلِّ شَيْءٍ فَخُذْهَا بِقُوَّةٍ وَأْمُرْ قَوْمَكَ يَأْخُذُوا بِأَحْسَنِهَا ۚ سَأُرِيكُمْ دَارَ الْفَاسِقِينَ (145)
ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာက ငါအရှင်မြတ် ချိန်းဆိုသတ်မှတ်ချက်နှင့်အညီ ကျေပွန်စွာ ဆောင်ရွက်သောကြောင့် သူ့လူမျိုးတို့ ရင်ဆိုင်ရသော ပြဿနာများကို ဖြေရှင်းနိုင်ရန် သူ့အားဂုဏ်သိက္ခာပေးတော်မူရန် ဘဝတည်ဆောက်ရေးတွင်) လိုအပ်သမျှ အဆုံးအမ သွန်သင်ချက်နှင့်လမ်းညွှန်ချက်များကိုလည်းကောင်း၊ အရာခပ်သိမ်းတို့အတွက် ရှင်းလင်းချက်များကိုလည်းကောင်း၊ကျောက်ပြား၌ ရေးမှတ်စေတော်မူခဲ့၏။ သို့ဖြစ်၍ ယင်းကို စွဲမြဲစွာ မှတ်ယူစွဲကိုင်ထားလော့။ သင့်လူမျိုးတို့အား အကောင်းဆုံး ကျင့်ဆောင်မှုများဖြင့် ယုံကြည်ကျင့်ဆောင်ကြရန် အမိန့်ပေးညွှန်ကြားလော့။ မကြာမီ ငါအရှင်မြတ်သည် အရှင့်အမိန့်တော်များကို ချိုးဖောက်ကျူးလွန်သော အာခံသူတို့၏ပန်းတိုင် ဗိမာန်ကို သင်တို့အား ပြသတော်မူလိမ့်မည်။
سَأَصْرِفُ عَنْ آيَاتِيَ الَّذِينَ يَتَكَبَّرُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ وَإِن يَرَوْا كُلَّ آيَةٍ لَّا يُؤْمِنُوا بِهَا وَإِن يَرَوْا سَبِيلَ الرُّشْدِ لَا يَتَّخِذُوهُ سَبِيلًا وَإِن يَرَوْا سَبِيلَ الْغَيِّ يَتَّخِذُوهُ سَبِيلًا ۚ ذَٰلِكَ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ (146)
မြေကမ္ဘာ၌ အမှန်တရားသစ္စာနှင့်ဆန့်ကျင်၍ မာန်မာနထောင်လွှားနေသူတို့အား ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များ (ကို နားလည်ခြင်း) မှ လှည့်ထား (ထုတ်ပယ်) တော်မူလိမ့်မည်။ သို့ဖြစ် ပေရာ၊ အကယ်၍ သူတို့သည် အာယာသ်သက်သေလက္ခဏာတော်အားလုံးကို တွေ့မြင်ကြသည့်တိုင် ယင်းတို့ကို ယုံကြည်ကြမည် မဟုတ်ချေ။ အကယ်၍ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အား ကြုံတွေ့သည့်တိုင် ယင်းကို (ဘဝ တည်ဆောက်ရေး) လမ်းစဉ်အဖြစ် မှတ်ယူကြလိမ့်မည် မဟုတ်ပေ။ သို့သော် အကယ်၍ ကောက်ကျစ် မှားယွင်းပြီး ဖီဆန်စေသော လမ်းစဉ်ကို တွေ့မြင်ကြုံတွေ့ပါက ယင်းကိုသာ လမ်းစဉ်အဖြစ် မှတ်ယူကြလိမ့်မည်။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား လိမ်လည် စွပ်စွဲ၍ ငြင်းဆန်ကြပြီး ယင်းတို့ကို အစဉ် အလေးမထား လျစ်လျူရှုနေကြသူများဖြစ်သောကြောင့် ဖြစ်၏။
وَالَّذِينَ كَذَّبُوا بِآيَاتِنَا وَلِقَاءِ الْآخِرَةِ حَبِطَتْ أَعْمَالُهُمْ ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ (147)
ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ တမလွန်ဘဝ (၌ တရားစီရင်မည့်နေ့) နှင့်ရင်ဆိုင်ကြုံတွေ့ရမည်ကိုလည်းကောင်း၊ မဟုတ်မတရားလိမ်လည်စွပ်စွဲ၍ ငြင်းဆန်ကြသူတို့သည် သူတို့၏ပြုမူကျင့်ကြံမှုများကို အကျိုးမဲ့ အချည်းနှီး ဖြစ်စေခြင်းသာ ဖြစ်၏။ သူတို့ ပြုမူလုပ်ဆောင်ခဲ့ခြင်းအညီ (အကျိုးဆက်ခံစားစေခြင်း) မှအပ (အခြားအကျိုးဆက်ကို) အစားပေးခြင်း ခံကြရမည်လော။
وَاتَّخَذَ قَوْمُ مُوسَىٰ مِن بَعْدِهِ مِنْ حُلِيِّهِمْ عِجْلًا جَسَدًا لَّهُ خُوَارٌ ۚ أَلَمْ يَرَوْا أَنَّهُ لَا يُكَلِّمُهُمْ وَلَا يَهْدِيهِمْ سَبِيلًا ۘ اتَّخَذُوهُ وَكَانُوا ظَالِمِينَ (148)
တမန်တော်မူဆာ၏လူမျိုးတို့သည် သူ (အရှင်မြတ်ချိန်းဆိုထားသည့်နေရာသို့ ထွက်ခွာ) သွားပြီးနောက် သူတို့၏လက်ဝတ်တန်ဆာများဖြင့် နွားငယ်သဏ္ဍာန် ရုပ်တုပြုလုပ်၍ ယင်းအတွက် အသံတစ်မျိုးကို ဖန်တီးခဲ့၏။ ယင်း (နွားငယ်ရုပ်တု) သည် သူတို့အား စကားပြောနိုင်သည် မဟုတ်ပေ။ မည်သည့် လမ်းစဉ်တစ်စုံတစ်ခုကိုလည်း ညွန်ပြနိုင်သည်မဟုတ်ကြောင်းကို သူတို့မတွေးတော မတွေ့မြင်ကြသလော။ ယင်းကို အယူထားကိုးကွယ်ကြပြီး သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရားပြုလုပ်သူများ ဖြစ်ခဲ့ကြသည်။
وَلَمَّا سُقِطَ فِي أَيْدِيهِمْ وَرَأَوْا أَنَّهُمْ قَدْ ضَلُّوا قَالُوا لَئِن لَّمْ يَرْحَمْنَا رَبُّنَا وَيَغْفِرْ لَنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ (149)
ထို့ပြင် သူတို့သည် လမ်းမှားရောက်ခဲ့ကြောင်းကို အမှန်ပင် သိမြင်လာပြီး သူတို့၏လက်များဖြင့် (သူတို့၏ပျက်စီးမှုကို) ဖန်တီးခဲ့ခြင်းအတွက် နောင်တသံဝေဂရလျက် ဝမ်းနည်းပက်လက်ဖြစ်ကြသည့်အခါ “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ် ကရုဏာသက်စေလျက် သနားကြင်နာတော်မမူခဲ့လျှင်၊ ကျွန်ုပ်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မမူလျှင် ဧကန်မလွဲ၊ ကျွန်ုပ်တို့သည် ဆုံးရှုံးနစ်နာသူတို့တွင် အပါအဝင် ဖြစ်ကြလိမ့်မည်။” ဟု ညည်း ညူလျှောက်တင်ခဲ့ကြ၏။
وَلَمَّا رَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا قَالَ بِئْسَمَا خَلَفْتُمُونِي مِن بَعْدِي ۖ أَعَجِلْتُمْ أَمْرَ رَبِّكُمْ ۖ وَأَلْقَى الْأَلْوَاحَ وَأَخَذَ بِرَأْسِ أَخِيهِ يَجُرُّهُ إِلَيْهِ ۚ قَالَ ابْنَ أُمَّ إِنَّ الْقَوْمَ اسْتَضْعَفُونِي وَكَادُوا يَقْتُلُونَنِي فَلَا تُشْمِتْ بِيَ الْأَعْدَاءَ وَلَا تَجْعَلْنِي مَعَ الْقَوْمِ الظَّالِمِينَ (150)
တမန်တော်မူဆာသည် (တောင်ရတ်ကျမ်းပေးအပ်းတော်မူခြင်း လက်ခံရယူအပြီးတွင်) သူ့ လူမျိုးထံသို့ ပြန်လာသောအခါ (သူ့လူမျိုးတို့က နွားငယ်ကို အယူထား ကိုးကွယ်ကြောင်း သိရ၍ အလွန်ဝမ်းနည်းပူဆွေးပြီး ဒေါသထွက်လျက် “ကျွန်ုပ်မရှိသည့်အချိန် ကျွန်ုပ်၏နောက်ကွယ်တွင် သင်တို့ပြုမူကျင့်ကြံစီရင်သောအရာသည် အလွန်ပင် ဆိုးယုတ်ရွံရှာဖွယ်ကောင်း၏။ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏အမိန့်ပညတ်ချက်ကို စိတ်မရှည်ဘဲ (သင်တို့၏ပျက်စီးမှုအတွက် သင်တို့ကိုယ်တိုင်) အလောတကြီး ပြုခဲ့ကြပြီလော။”ဟု ပြောခဲ့၏။ ထို့နောက် တမန်တော်မူဆာသည် ကျောက်စာ (ပါ အရှင့်အမိန့်ပညတ်ချက်များကို ရှင်းပြမည့်အစား ထိုကျောက်စာ ပို့ချပေးအပ်တော်မူသည့် တစ်ပါးတည်းသော အရှင်မြတ်အား ယုံကြည်ကိုးကွယ်စေခြင်းကို ဦးစားပေးသည့်အနေဖြင့် ယင်း) ကို ချထားပြီး သူ့အစ်ကို၏ဦးခေါင်းကို ဆုပ်ကိုင်၍ သူ့ဘက်သို့ ဆွဲယူခဲ့လေ၏။ (ထိုစဉ် သူ့အစ်ကိုက) “အို၊ ကျွန်ုပ်အမေ၏သား၊ ဧကန်စင်စစ်၊ ဤလူမျိုးတို့သည် ကျွန်ုပ်အား အားအင်ချိနဲ့သူဟု သတ်မှတ်ပြီး ကျွန်ုပ်ကို သတ်ဖြတ်လုနီးပါးဆဲဆဲ ဖြစ်ခဲ့ကြ၏။ သို့ဖြစ်ပေရာ၊ ကျွန်ုပ်တို့အပေါ်၌ ရန်သူများက ဝမ်းသာအားရ (ဝင့်ကြွားနိုင်) အောင် မပြုပါနှင့်။ ကျွန်ုပ်အား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက် မတော်မတရားပြုလုပ်ကြသော လူမျိုးနှင့်အတူ (သူတို့စာရင်းတွင် ပါဝင်သူအဖြစ်) ထည့်တွက်ခြင်း မပြုလုပ်ပါနှင့်။” ဟု ရှင်းလင်းချက်ပေးလျက် လျှောက်ထားလေ၏။
قَالَ رَبِّ اغْفِرْ لِي وَلِأَخِي وَأَدْخِلْنَا فِي رَحْمَتِكَ ۖ وَأَنتَ أَرْحَمُ الرَّاحِمِينَ (151)
(ထို့နောက် တမန်တော်မူဆာက) အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ကျွန်ုပ်နှင့်ကျွန်ုပ်၏အစ်ကိုတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူပါ၊ ကျွန်ုပ်တို့အား (အသင့်ကရုဏာတော်ဖြင့် လွှမ်းခြုံတော်မူလျက်) အရှင့်ကရုဏာတော်၏အရိပ်အာဝါသအတွင်း၌ ဝင်ခွင့်ပေးသနားတော်မူပါ။ အမှန်ပင်၊ အသင်အရှင်မြတ်သည် (အရာခပ်သိမ်းအပေါ် အစဉ်ကရုဏာထားတော်မူသောအနန္တကရုဏာရှင်) အားလုံးအပေါ် မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။” ဟု ဆုပန်လျှောက်တင်၏။
إِنَّ الَّذِينَ اتَّخَذُوا الْعِجْلَ سَيَنَالُهُمْ غَضَبٌ مِّن رَّبِّهِمْ وَذِلَّةٌ فِي الْحَيَاةِ الدُّنْيَا ۚ وَكَذَٰلِكَ نَجْزِي الْمُفْتَرِينَ (152)
ဧကန်ပင်၊ နွယ်ငယ်ဆင်းတုကို အယူထား ကိုးကွယ်ကြသူတို့ကို သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ ပြစ်တင်ရှုတ်ချမှုနှင့်ပြစ်ဒဏ်သည်လည်းကောင်း၊ (သူတို့၏) လောကီဘဝသက်တမ်း၌ ဂုဏ်သရေနိမ့်ကျမှုကိုလည်းကောင်း၊ မကြာမီ သက်ရောက်လွှမ်းမိုးစေတော်မူလိမ့်မည်။ အမှန်မှာ၊ ငါအရှင်မြတ်သည် (အမှန်တရားကို လိမ်လည်စွပ်စွဲ၍ လမ်းမှားအား) ကြံစည်ဖန်တီးကြသူ (မုသာဝါဒီ) တို့အား ဤနည်းအတိုင်းပင် (အရေးယူတော်မူလျက် မကောင်းမှု၏အကျိုးဆက်ကို) ပေးဆပ်စေတော်မူ၏။
وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِن بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ (153)
သို့ရာတွင် မကောင်းမှုဒုစရိုက်များ ကျင့်ကြံကြသူတို့သည် နောင်တကြီးစွာရ၍ အရှင့်လမ်းစဉ်ဘက်သို့ ပြန်လှည့်လျက် ဝန်ချတောင်းပန်ပြီးနောက် ဖြူစင်စွာ သက်ဝင်ယုံကြည်ကြလျှင် မုချဧကန်၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် (လူ့စွမ်းရည်တိမ်ကောမသွားရလေအောင် စည်းမျဉ်းတော်များအား ချမှတ်ပေးအပ်တော်မူသော်လည်း ယင်းတို့ကို မတော်တဆ ချိုးဖောက်မိပြီးနောက် အရှင့်ဘက်သို့ ပြန်လှည့်သူတို့အား) အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။
وَلَمَّا سَكَتَ عَن مُّوسَى الْغَضَبُ أَخَذَ الْأَلْوَاحَ ۖ وَفِي نُسْخَتِهَا هُدًى وَرَحْمَةٌ لِّلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ (154)
ထို့နောက် တမန်တော်မူဆာ၏ဒေါသပြေငြိမ်းသွားသည့်အခါ (အရှင်မြတ်ပေးအပ်တော်မူသော အမိန့် ပညတ်ချက်များပါရှိသည့်) ကျောက်ပြားကို ပြန်လည်ကောက်ယူခဲ့၏။ ထို (ကျောက်ပြား) ၌ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးကြသူတို့အတွက် လမ်းညွှန်တော်နှင့်ကရုဏာတော်များ ကမ္ဗည်းထိုးထားတော်မူ၏။
وَاخْتَارَ مُوسَىٰ قَوْمَهُ سَبْعِينَ رَجُلًا لِّمِيقَاتِنَا ۖ فَلَمَّا أَخَذَتْهُمُ الرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُم مِّن قَبْلُ وَإِيَّايَ ۖ أَتُهْلِكُنَا بِمَا فَعَلَ السُّفَهَاءُ مِنَّا ۖ إِنْ هِيَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَن تَشَاءُ وَتَهْدِي مَن تَشَاءُ ۖ أَنتَ وَلِيُّنَا فَاغْفِرْ لَنَا وَارْحَمْنَا ۖ وَأَنتَ خَيْرُ الْغَافِرِينَ (155)
ထို့ပြင် တမန်တော်မူဆာသည် သူ့လူမျိုးများထဲမှ အမျိုးသားအောက်ခုနှစ်ဆယ်ကို (နွားငယ်အား အယူထား ကိုးကွယ်မိခြင်းအတွက် ဝန်ချတောင်းပန်ပြီး အရှင်မြတ်နှင့်ကတိသစ္စာသစ် ကျိန်ဆိုနိုင်အောင် တောင် ပေါ်သို့ သွားရောက်ရန် ညွှန်ကြားခဲ့စဉ်) ငါအရှင်မြတ် ချိန်းဆိုထားသော နေရာအတွက် ရွေးချယ်ခဲ့လေသည်။ သူတို့အား ငလျှင်ကြီး ဆောင့်ရိုက်သည့်အခါ တမန်တော်မူဆာက “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်၊ အကယ်၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော် မူခဲ့လျှင် သူတို့နှင့်ကျွန်ုပ်ကိုပါ ဤချိန်းဆိုချက် မတိုင်မီပင် ပျက်စီး တိမ်ကောစေတော်မူနိုင်၏။ ကျွန်ုပ်တို့ထဲမှ အသိတရား ကင်းမဲ့သော တုံးအသူ အချို့က ပြုမူကျင့်ကြံခဲ့သည်ကို အကြောင်းပြု၍ ကျွန်ုပ်တို့ကို ပျက်စီးစေတော်မူပါမည်လော။ ဤသည်ကား အရှင်မြတ်၏စမ်းသပ်မှုမှလွဲ၍ အခြား မဟုတ်ပေ။ အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသူအား ယင်းအားဖြင့် လမ်းလွဲစေ၍ ပျက်စီးစေတော်မူပြီး အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား လမ်းမှန် ညွှန်ပြတော်မူ၏။ အသင် (အရှင်မြတ်) သည်သာလျှင် (ကျွန်ုပ်တို့၏အရေးကိစ္စဟူသမျှအတွက် ယုံကြည်စိတ်ချစွာ အားထားနိုင်သည့်) ကျွန်ုပ်တို့၏ ကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူပါ၏။ သို့ဖြစ်ပါ၍၊ ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။ ကျွန်ုပ်တို့အပေါ် သနားညှာတာ၍ ကရုဏာသက်တော်မူပါ။ အမှန်ပင် အသင် (အရှင်မြတ်) သည် အကောင်းမြတ်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။”
۞ وَاكْتُبْ لَنَا فِي هَٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ إِنَّا هُدْنَا إِلَيْكَ ۚ قَالَ عَذَابِي أُصِيبُ بِهِ مَنْ أَشَاءُ ۖ وَرَحْمَتِي وَسِعَتْ كُلَّ شَيْءٍ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ الزَّكَاةَ وَالَّذِينَ هُم بِآيَاتِنَا يُؤْمِنُونَ (156)
ထို့ပြင်၊ ကျွန်ုပ်တို့အတွက် ဤလောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်း ကျိုးချမ်းသာ (သာယာဝပြောမှု) ကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူပါ။ အမှန်ပင် ကျွန်ုပ်တို့သည် (အရှင့်လမ်းစဉ်တော်အတိုင်း နာခံလိုက်နာလျက်) အသင် (အရှင်မြတ်) ထံသို့သာ ဦးတည်လှည့်ခဲ့ကြပါပြီ။ (ဟု ဆုပန်လျှောက်ထားစဉ် အရှင်မြတ်က) ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ယင်းအားဖြင့် ငါအရှင်အရေးယူ ဒဏ်ခတ်ခြင်းပင် ဖြစ်၏။ (အရှင်မြတ်၏ကရုဏာတော်သက်စေတော်မူသည့်သူမှအပ မည်သူကမျှ ယင်းမှ မလွတ်မြောက်နိုင်ပေ။) သို့သော် ငါအရှင်မြတ်၏ကရုဏာတော်သည်ကား အရာခပ်သိမ်းတို့၌ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံလျှက်ရှိ၏။ သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးပြီး၊ ဇကားသ် (ခေါ် ချို့တဲ့ဆင်းရဲသူတို့အတွက် လူမှုဖူလုံကြေး) ပေးဆောင်သူတို့နှင့် ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို (စိတ်ရင်းစေတနာဖြူစင်စွာ) ယုံကြည်ကြသူတို့အတွက် မုချ စီမံပြဋ္ဌာန်းတော်မူမည်။” ဟု မိန့်တော်မူ၏။
الَّذِينَ يَتَّبِعُونَ الرَّسُولَ النَّبِيَّ الْأُمِّيَّ الَّذِي يَجِدُونَهُ مَكْتُوبًا عِندَهُمْ فِي التَّوْرَاةِ وَالْإِنجِيلِ يَأْمُرُهُم بِالْمَعْرُوفِ وَيَنْهَاهُمْ عَنِ الْمُنكَرِ وَيُحِلُّ لَهُمُ الطَّيِّبَاتِ وَيُحَرِّمُ عَلَيْهِمُ الْخَبَائِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَالْأَغْلَالَ الَّتِي كَانَتْ عَلَيْهِمْ ۚ فَالَّذِينَ آمَنُوا بِهِ وَعَزَّرُوهُ وَنَصَرُوهُ وَاتَّبَعُوا النُّورَ الَّذِي أُنزِلَ مَعَهُ ۙ أُولَٰئِكَ هُمُ الْمُفْلِحُونَ (157)
မည်သူတစ်ဦးတစ်ယောက်ထံကမှ အရေးအဖတ်နှင့် စာပေပညာကို မသင်ယူခဲ့သော နဗီတမန်တော် လည်းဖြစ်၊ အရှင့်ဗျာဒိတ်တော်အား လူသားအရောက်ပို့ချပေးအပ်သူလည်းဖြစ်သော ရစူလ်တမန်တော် (မုဟမ္မဒ်) ကို နာခံလိုက်နာကြသူတို့သည် သူတို့၏လက်ဝယ်၌ရှိသော တောင်ရတ်ကျမ်းနှင့်အီန်ဂျီလ်ကျမ်းတို့တွင် သူ့အကြောင်း မှတ်တမ်းတင်ရေးသားထားခဲ့ကြောင်းကို တွေ့ရှိကြ၏။ ထိုရစူလ်တမန်တော်သည် သူတို့အား တရားတော်နှင့်အညီ ကောင်းမှုဒုစရိုက်များ ပြုလုပ်ကြရန် တိုက်တွန်းညွှန်ကြားပြီး မကောင်းမှုဒုစရိုက်ဟူသမျှကို ရှောင်ကြဉ်ကြရန် တားမြစ်၏။ ကျန်းမာရေးနှင့်ညီညွတ်ပြီး တရားတော်ဟု သန့်ရှင်းစင်ကြယ်သည်ဟု သတ်မှတ် သည့်အရာများကို သူတို့အတွက် တရားဝင် ခွင့်ပြုထားပြီ ဖြစ်၏။ ဆိုးသွမ်းပြီး အကျင့်စာရိတ္တပျက်ပြားစေသော မသန့်ရှင်းမစင်ကြယ်သည့်အရာများကိုမူ တရားမဝင်အဖြစ် ကန့်သတ်တားမြစ်၏။ ထို့ပြင် သူသည် သူတို့အပေါ် ၌ ယခင်ကတည်းက ရှိနေသော (သူတို့၏စည်းမျဉ်းဥပဒေဆိုင်ရာ) ဝန်ထုပ်ဝန်ပိုးများနှင့် (ဖိနှိပ်ချုပ်ချယ်မှုဆိုင်ရာ) လက်ထိတ်လည်ထိတ်များကို သူတို့ထံမှ (ဖယ်ရှားပေး၍) သက်သာရာရစေ၏။ သူ့အား ဖြူစင်စွာ ယုံကြည်သူ၊ သူ့ကိုလေးစားမြတ်နိုး၍ ဂုဏ်ပြုသူ၊ သူ့ကိုကူညီရိုင်းပင်းသူ၊ သူနှင့်အတူ ချမှတ်ပေးအပ်ခြင်းခံရသော အလင်း တော် (ကျမ်းမြတ်ကုရ်အာန်) ကို တစ်သဝေမတိမ်းလိုက်နာကျင့်သုံးကြသူတို့သည် ပေါက်မြောက်အောင်မြင်သူများပင် ဖြစ်ကြ၏။
قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ لَا إِلَٰهَ إِلَّا هُوَ يُحْيِي وَيُمِيتُ ۖ فَآمِنُوا بِاللَّهِ وَرَسُولِهِ النَّبِيِّ الْأُمِّيِّ الَّذِي يُؤْمِنُ بِاللَّهِ وَكَلِمَاتِهِ وَاتَّبِعُوهُ لَعَلَّكُمْ تَهْتَدُونَ (158)
(အို၊ ရစူလ်တမန်တော်လူသားအားလုံးကို) ဟောလော့။ အို၊ လူသားအပေါင်းတို့၊ မုချဧကန်၊ ကျွန်ုပ်သည် သင်တို့အားလုံးထံသို့ (အရှင့်အမိန့်ပညတ်ချက်များပို့ချပေးအပ်ရန် စေလွှတ်တော်မူခြင်းခံရသော) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့အား (ဖွဲ့စည်းဖြစ်တည်စေတော်မူသောကြောင့် ယင်းတို့အားလုံးကို) စိုးမိုးအုပ်ချုပ်သော အရှင်သခင်ဖြစ်တော်မူ၏။ (သက်မဲ့မှ) သက်ရှိဖြစ်စေတော်မူသော၊ (သက်ရှိတို့ကိုလည်း သေကြေပျက်စီး၍) သက်မဲ့ဖြစ်စေတော်မူသော ထိုအရှင် မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်ဟူ၍ အလျှင်း မရှိချေ။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ဗျာဒိတ်တို့အပေါ် အပြည့်အဝယုံကြည်သော၊ (အရှင်မြတ်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ထံကမှ အရေးအဖတ်နှင့်) စာပေအတတ်ပညာကို မသင်ယူခဲ့ဖူးသော၊ ထိုအရှင်မြတ်ရစူလ်တမန်တော်နှင့်အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ကြပြီး သင်တို့တရားလမ်းမှန် ညွှန်ပြခြင်းခံရရန်အလို့ငှာ ထိုတမန်တော်အား တစ်သဝေမတိမ်း လိုက်နာကြလော့။
وَمِن قَوْمِ مُوسَىٰ أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ (159)
တမန်တော်မူဆာ၏လူမျိုးတို့အနက်မှ လူ့အသိုင်းအဝိုင်းတစ်ခုသည် အမှန်တရားသစ္စာနှင့်ပတ်သက်၍ (အရှင့်ခွင့်ပြုချက်နှင့်အညီ) လမ်းညွှန်ကြပြီး ယင်း (အမှန်တရားသစ္စာဖြစ်သော ကျမ်းတော်) ဖြင့် တရားမျှတမှုကို အကောင်အထည်ဖော်ဆောင်ရွက်ကြသည်။
وَقَطَّعْنَاهُمُ اثْنَتَيْ عَشْرَةَ أَسْبَاطًا أُمَمًا ۚ وَأَوْحَيْنَا إِلَىٰ مُوسَىٰ إِذِ اسْتَسْقَاهُ قَوْمُهُ أَنِ اضْرِب بِّعَصَاكَ الْحَجَرَ ۖ فَانبَجَسَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَّشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ الْغَمَامَ وَأَنزَلْنَا عَلَيْهِمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ (160)
ထို့ပြင် ငါအရှင်မြတ်သည် (အစ္စရေးမျိုးနွယ်ဝင်များဖြစ်ကြသော) သူတို့ကို လူမျိုးစုအသိုင်းအဝိုင်း ဆယ့် နှစ်စုအဖြစ် ကွဲစေမူခဲ့၏။ ထို့ပြင် တမန်တော်မူဆာအား သူ့လူမျိုးတို့က (သဲကန္တာရထဲ၌ သောက်သုံးရေ ပြတ်တောက်နေစဉ်) ရေရရှိရန်အတွက် တောင်းဆိုခဲ့စဉ် ငါအရှင်မြတ်သည် မူဆာထံသို့ “သင်၏ တောင်ဝှေးဖြင့် ကျောက်တုံးကိုရိုက်လော့။” ဟု ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချတော်မူခဲ့၏။ (တမန်တော်မူဆာက ကျောက်တုံးကို ရိုက်သည်နှင့်တပြိုင်နက်တည်း) စိမ့်စမ်းရေ ဆယ့်နှစ်သွယ် ပန်းထွက်လာခဲ့၏။ လူမျိုးစုတိုင်းသည် သူတို့၏သောက်သုံးရာနေရာများကို သိခဲ့ကြပြီ။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်၌ တိမ်သားဖြင့် အရိပ်ပေးတော် မူပြီး မန္န (ခေါ် အနံ့အရသာကောင်းသည့်စားဖွယ်) နှင့် စလ်ဝါ (ခေါ် ငုံးငှက်) တို့ကိုလည်း သူတို့ထံ ပို့ဆောင်ပေး တော်မူလျက် “သင်တို့အား ငါအရှင်မြတ်ပေးအပ်တော်မူသည့် ရိက္ခာနှင့်လိုအပ်ချက်များအနက်မှ သန့်ရှင်းစင် ကြယ်သော စားသုံးဖွယ်များကို စားသုံးကြလော့။” (ဟု မိန့်တော်မူခဲ့၏။) ထို့ပြင် သူတို့သည် (ငါအရှင်မြတ်၏ စည်းမျဉ်းတော်များကို ချိုးဖောက်လျက် မဟုတ်မတရားပြုကျင့်ခြင်းဖြင့်) ငါအရှင်မြတ်အား နစ်နာစေနိုင်သည် မဟုတ်ပေ။ သို့ရာတွင် သူတို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) သူတို့၏စိတ်အလိုရမ္မက်အတိုင်း သုံးခြင်း ဖြင့် သူတို့ကိုယ်သူတို့ နစ်နာစေခြင်းသာဖြစ်၏။
وَإِذْ قِيلَ لَهُمُ اسْكُنُوا هَٰذِهِ الْقَرْيَةَ وَكُلُوا مِنْهَا حَيْثُ شِئْتُمْ وَقُولُوا حِطَّةٌ وَادْخُلُوا الْبَابَ سُجَّدًا نَّغْفِرْ لَكُمْ خَطِيئَاتِكُمْ ۚ سَنَزِيدُ الْمُحْسِنِينَ (161)
ထို့ပြင် သူတို့အား “ဤမြို့ဒေသ၌ အခြေချနေထိုင်ပြီး ယင်းတွင် သင်တို့၏ဆန္ဒအလျောက် နေရာတိုင်း၌ စားသုံးကြလော့။ ထို့ပြင် အရှင့်ထံ ခွင့်လွှတ်မှုအတွက် ဝန်ချတောင်းပန်ပြီး သစ္စာခံယူပါ၏” ဟစ်တတွန်ဟု ပြောကြလော့။ (ကွဲပြားသော လမ်းကြောင်းများမှ မြို့နေလူတို့အား လုယက်ယူငင် ချေမှုန်းသုတ်သင်လိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ) တရားဝင် မြို့တံခါးပေါက်မှ (အရှင်မြတ်ကို နာခံမှုအဖြင့်) ကျိုးနွံစွာ ဝင်ကြလော့။ ငါအရှင်မြတ်သည် သင်တို့၏မှားယွင်းချွတ်ချော်မှုများကို ခွင့်လွှတ်တော်မူမည်။ (လုပ်ရပ်ဟူသမျှကို အရှင်မြတ် မြင်နေတော်မူကြောင့် သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံး ပြုမူကျင့်ကြံသူတို့၏အကျိုးဆုလဒ် ကို ဆထက်တပိုး တိုး၍ ပေးတော်မူမည်။” ဟု မိန့်တော်မူ၏။
فَبَدَّلَ الَّذِينَ ظَلَمُوا مِنْهُمْ قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَرْسَلْنَا عَلَيْهِمْ رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَظْلِمُونَ (162)
သို့ရာတွင် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန် မမှန်မကန် မတော်မတရားပြုလုပ်သူတို့သည် သူတို့အား မိန့်ဆိုခဲ့သည်ကို မိန့်ဆိုခြင်းမရှိသော အခြားစကားရပ်များဖြင့် ပြောင်းလဲပြောဆိုခဲ့ကြ၏။ သို့ဖြစ်ပေရာ၊ ငါအရှင်မြတ်သည် သူတို့၏မမှန်မကန် မဟုတ်မတရားပြုမူကျင့်ကြံမှုကို အကြောင်းပြု၍ သူတို့အပေါ်၌ မိုးကောင်းကင်မှ ကပ်ဘေးတစ်မျိုး (ဆိုးကျိုးဆက်အဖြစ်) သက်ရောက်စေတော်မူ၏။
وَاسْأَلْهُمْ عَنِ الْقَرْيَةِ الَّتِي كَانَتْ حَاضِرَةَ الْبَحْرِ إِذْ يَعْدُونَ فِي السَّبْتِ إِذْ تَأْتِيهِمْ حِيتَانُهُمْ يَوْمَ سَبْتِهِمْ شُرَّعًا وَيَوْمَ لَا يَسْبِتُونَ ۙ لَا تَأْتِيهِمْ ۚ كَذَٰلِكَ نَبْلُوهُم بِمَا كَانُوا يَفْسُقُونَ (163)
သူတို့အား ပင်လယ်ဆိပ်ကမ်းနားတွင်ရှိခဲ့သော မြို့ဒေသနှင့်ပတ်သက်၍ စောကြောမေးမြန်းလော့။ သီတင်းဥပုသ်နေ့ (စနေနေ့) ၌ သူတို့က စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်ကြစဉ် ငါးများသည်သူတို့၏ဥပုသ်နေ့၌သာ (သူတို့ဖမ်းဆီးနိုင်ရန် သူတို့ငါးမျှားသည့်နေရာသို့) မြင်သာစွာ ထွက်ပေါ်ရောက်ရှိလာခဲ့ကြပြီး သူတို့ဥပုသ်မဆောက်တည်သောနေ့တွင်မူ သူတို့ထံ ရောက်လာခြင်း မရှိချေ။ ထိုကဲ့သို့ပင်၊ ငါအရှင်မြတ်သည် (အရှင့်စည်းဘောင်များကို ဖောက်ဖျက်ကျူးလွန်သော) သူတို့၏ပြောင်ပြောင်တင်းတင်း အာခံဖီဆန်မှုကြောင့် သူတို့အား စမ်းသပ်တော်မူခဲ့၏။
وَإِذْ قَالَتْ أُمَّةٌ مِّنْهُمْ لِمَ تَعِظُونَ قَوْمًا ۙ اللَّهُ مُهْلِكُهُمْ أَوْ مُعَذِّبُهُمْ عَذَابًا شَدِيدًا ۖ قَالُوا مَعْذِرَةً إِلَىٰ رَبِّكُمْ وَلَعَلَّهُمْ يَتَّقُونَ (164)
တစ်ဖန် သူတို့အနက် လူ့အသိုင်းအဝိုင်းတစ်စုက (ဥပုသ်စည်းမျဉ်းကျူးလွန်သူတို့ကို ဆုံးမနေသော သူတို့အား) “အလ္လာဟ်အရှင်မြတ်က တိမ်ကောပျက်စီးစေမည့်၊ သို့မဟုတ် ပြင်းထန်သော ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်အရေးယူတော်မူမည့် လူမျိုးတစ်မျိုးအား (သင်တို့) အဘယ်ကြောင့် ဆုံးမသွန်သင်နေကြသနည်း။” ဟု ပြောဆိုမေးမြန်းစဉ် (ထိုဆုံးမသွန်သင် သူတို့က “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော် မူသော အရှင်မြတ်ထံတော်၌ (ပြစ်တင်ရှုတ်ချခြင်းမှ လွတ်ငြိမ်းစေသော) ဆင်ခြေတစ်ခုဖြစ်ရန်နှင့်သူတို့အရှင် မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြရန် အတွက်ဖြစ်၏။” ဟု ဖြေဆိုခဲ့ကြသည်။
فَلَمَّا نَسُوا مَا ذُكِّرُوا بِهِ أَنجَيْنَا الَّذِينَ يَنْهَوْنَ عَنِ السُّوءِ وَأَخَذْنَا الَّذِينَ ظَلَمُوا بِعَذَابٍ بَئِيسٍ بِمَا كَانُوا يَفْسُقُونَ (165)
တစ်ဖန် သူတို့သည် ယင်း (ကျမ်းတော်) ဖြင့် သူတို့အား သတိပေးနှိုးဆော်ခြင်းခံရသည်တို့ကို အလေးမထားဘဲ မေ့လျော့နေစဉ် ငါအရှင်မြတ်သည် မကောင်းမှု အကုသိုလ်များကို တားမြစ်ကြသောသူတို့အား ကယ်ဆယ်တော်မူပြီး အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျက် မမှန်မကန် မဟုတ်မတရား ပြုမူကျင့်ကြံသူတို့ကိုမူ သူတို့၏အာခံဖီဆန်မှုကြောင့် ပြင်းထန်သော ပြစ်ဒဏ်ဖြင့် အရေးယူတော်မူခဲ့၏။
فَلَمَّا عَتَوْا عَن مَّا نُهُوا عَنْهُ قُلْنَا لَهُمْ كُونُوا قِرَدَةً خَاسِئِينَ (166)
သူတို့အား စည်းဘောင်သတ်မှတ်၍ တားမြစ်သည့်အရာများနှင့်စပ်လျဉ်း၍ (မထီမဲ့မြင်ပြုသည့် သဘောဖြင့် ဇွတ်လုပ်လျက်) စည်းဘောင်များကို ချိုးဖောက်ကြသည့်အခါ ငါအရှင်မြတ်က သူတို့အား “သင်တို့သည် ယုတ်ညံ့သိမ်ဖျင်းသော မသတီဖွယ်မျောက် (စရိုက်) များဖြစ်ကြလော့။” ဟု မိန့်တော်မူခဲ့၏။
وَإِذْ تَأَذَّنَ رَبُّكَ لَيَبْعَثَنَّ عَلَيْهِمْ إِلَىٰ يَوْمِ الْقِيَامَةِ مَن يَسُومُهُمْ سُوءَ الْعَذَابِ ۗ إِنَّ رَبَّكَ لَسَرِيعُ الْعِقَابِ ۖ وَإِنَّهُ لَغَفُورٌ رَّحِيمٌ (167)
ထို့ပြင် (သတိရကြလော့။) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ် သည် သူတို့အပေါ်၌ တမလွန်ဘဝ၏ရှင်ပြန်ထမြောက်မည့်နေ့အထိ အလွန်ဆိုးရွားပြင်းထန်သော ပြစ်ဒဏ်များ ဖြင့် သူတို့အား နှိပ်စက်မည့်သူများ မုချ ထွက်ပေါ်စေတော်မူမည်။” ဟု ထုတ်ဖော်ကြေညာခဲ့၏။ ဧကန်ပင်၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်ကျူးလွန်သူ တို့အား) အလွန်လျှင်မြန်စွာ (ချက်ချင်း) ဒဏ်ခတ်အရေးယူတုံ့ပြန်တော်မူသော အရှင်ဖြစ်တော်မူ၏။ သို့သော် ထိုအရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်သတ်မှတ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်မိသူတို့ကိုလည်း) မုချဧကန်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အရာခပ်သိမ်းတို့အပေါ် အလွန်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။
وَقَطَّعْنَاهُمْ فِي الْأَرْضِ أُمَمًا ۖ مِّنْهُمُ الصَّالِحُونَ وَمِنْهُمْ دُونَ ذَٰلِكَ ۖ وَبَلَوْنَاهُم بِالْحَسَنَاتِ وَالسَّيِّئَاتِ لَعَلَّهُمْ يَرْجِعُونَ (168)
တစ်ဖန် ငါအရှင်မြတ်သည် သူတို့အား လူ့အသိုင်းအဝိုင်း (အဖွဲ့အစည်း) များအဖြစ် ကွဲပြားစေတော်မူ၏။ သူတို့အနက်မှ အချို့သည် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများကို ပြုလုပ်လျက်ပြုပြင်သူများ ဖြစ်ကြပြီး အချို့မှာမူ ထိုသို့ မဟုတ်ကြပေ။ သူတို့က (မယုံကြည်မှု၊ သွေဖည်ငြင်းဆန်မှုဘဝမှသည် ဖြောင့်မတ်မှန်ကန်သည့် လူနေမှုဘဝဘက်သို့) ပြန်လှည့်နိုင်ရန်အလို့ငှာ ငါအရှင်မြတ်သည် သူတို့အား (သုခချမ်းသာကောင်းကျိုးမင်္ဂလာ စသော) ကောင်းမြတ်မှုများဖြင့်လည်းကောင်း၊ (ဘေး၊ ဒုက္ခ၊ ဝေဒနာနှင့်ဆိုးကျိုးစသော) ဆိုးဝါးညံ့ဖျင်းမှုများဖြင့်လည်းကောင်း၊ စမ်းသပ်တော်မူခဲ့၏။
فَخَلَفَ مِن بَعْدِهِمْ خَلْفٌ وَرِثُوا الْكِتَابَ يَأْخُذُونَ عَرَضَ هَٰذَا الْأَدْنَىٰ وَيَقُولُونَ سَيُغْفَرُ لَنَا وَإِن يَأْتِهِمْ عَرَضٌ مِّثْلُهُ يَأْخُذُوهُ ۚ أَلَمْ يُؤْخَذْ عَلَيْهِم مِّيثَاقُ الْكِتَابِ أَن لَّا يَقُولُوا عَلَى اللَّهِ إِلَّا الْحَقَّ وَدَرَسُوا مَا فِيهِ ۗ وَالدَّارُ الْآخِرَةُ خَيْرٌ لِّلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ (169)
တစ်ဖန် သူတို့၏နောက်တွင် သူတို့အား ဆက်ခံသော နောက်မျိုးဆက်သစ်သည် ကျမ်းတော်ကို အမွေအဖြစ်ရခဲ့ကြသော်လည်း ဤနိမ့်ကျပြီး မတည်မြဲသော လောကီဘဝ၏အကျိုးအမြတ်နှင့်ဂုဏ်ပကာသနကိုသာ မက်မောရယူကြပြီး မကြာမီ ကျွန်ုပ်တို့ ခွင့်လွှတ်ချမ်းသာပေးခြင်းခံရလိမ့်မည်။” ဟု ပြောဆိုခဲ့ကြသည်။ ထို့ပြင် (သူတို့၏အပြောအဆိုအရ ကျမ်းတော်ကို လောကီဥစ္စာဓနဖြင့် လဲလှယ်ခြင်း၌ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားသော်လည်း) အလားတူ နောက်ထပ် လောကီအကျိုးအမြတ်နှင့်ဂုဏ်ပကာသနများ သူတို့ထံ ရောက်လာခဲ့လျှင် ယင်းတို့ကို သူတို့က စွဲမက်စွာ ရယူလိမ့်မည်။ သူတို့ထံမှ ကျမ်းတော်နှင့်စပ်လျဉ်း၍ ကတိပဋိညာဉ်ယူခဲ့ရာတွင် အမှန်တရားသစ္စာမှအပ (အခြားမည်သည့်အရာကိုမျှ) အလ္လာဟ်အရှင်မြတ်ဘက်သို့ ရည်ညွှန်း မပြောဆိုကြရန်နှင့် ကျမ်းတော်၌ဖော်ပြပါရှိသမျှကိုသာ လေ့လာသင်ကြားမှတ်သားကြရန် (သူတို့အပေါ်၌ တာဝန်ရှိကြောင်း) ကတိယူခဲ့ပြီးမဟုတ်လော။ စင်စစ်သော်ကား နောင်တမလွန်ဘဝ၏ဗိမာန်ပန်းတိုင်သည် အရှင့်စည်းမျဉ်းတော်များကို အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့အတွက် အကောင်းမြတ်ဆုံးဖြစ်ကြောင်း သင်တို့ ဆင်ခြင်ဉာဏ်သုံး၍ မတွေးခေါကြသလော။
وَالَّذِينَ يُمَسِّكُونَ بِالْكِتَابِ وَأَقَامُوا الصَّلَاةَ إِنَّا لَا نُضِيعُ أَجْرَ الْمُصْلِحِينَ (170)
ကျမ်းတော်ဖြင့် (ကိုယ်စိတ်နှလုံးကို) တည်ကြည်မြဲမြံစွာ စောင့်ထိန်းကြပြီး ဆွလာသ်ဝတ်ပြုမှု (ကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ) ဆောက်တည်ကြသူတို့ (နှလုံးသွင်းသင့်သည်မှာ) ဧကန်ပင်၊ ငါအရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်ပြုမူကျင့်ကြံမှုဖြင့် (မိမိတို့ကိုယ်တိုင်နှင့်ပတ်ဝန်းကျင်အား) ပြုပြင်ကြသူ၏အကျိုး ဆုလဒ်များကို အချည်းနှီး ဖြုန်းတီးစေတော်မူမည် မဟုတ်ပေ။
۞ وَإِذْ نَتَقْنَا الْجَبَلَ فَوْقَهُمْ كَأَنَّهُ ظُلَّةٌ وَظَنُّوا أَنَّهُ وَاقِعٌ بِهِمْ خُذُوا مَا آتَيْنَاكُم بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ (171)
ထို့ပြင် (သတိရကြလော့။) ငါအရှင်မြတ်သည် သူတို့အပေါ်၌ အမိုးကဲ့သို့ အရိပ်ရစေတော်မူရန် (တူရ်) တောင်အား လှုပ်ယမ်းစေတော်မူခဲ့စဉ် ယင်းသည် သူတို့အပေါ်သို့ မုချ ပြိုကျလိမ့်မည်။” ဟု သူတို့က ထင်မြင်ယူဆခဲ့ကြ၏။ (ထိုစဉ် ငါအရှင်မြတ်က သူတို့အား) သင်တို့သည် ငါအရှင်မြတ်က ချီးမြှင့်ပေးအပ်တော်မူသည့် အရာ (ကျမ်းတော်) ကို အစွမ်းကုန် ခိုင်မာစွာ စွဲကိုင်ထားလော့။ (သင်တို့သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးနိုင်ရန်အလို့ငှာ) ယင်း (ကျမ်းတော်)၌ ပါရှိသောအရာများ (အမိန့် တော်များနှင့်သတိပေးချက်များ) ကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလော့။ (ဟု မိန့်တော်မူခဲ့၏။)
وَإِذْ أَخَذَ رَبُّكَ مِن بَنِي آدَمَ مِن ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰ أَنفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا بَلَىٰ ۛ شَهِدْنَا ۛ أَن تَقُولُوا يَوْمَ الْقِيَامَةِ إِنَّا كُنَّا عَنْ هَٰذَا غَافِلِينَ (172)
တစ်ဖန် (အို၊ ရစူလ်တမန်တော်၊ သတိရလော့။) သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် အာဒမ်၏သားသမီးများဖြစ်ကြသော လူသားတို့တွင် သူတို့၏ကျောကုန်း များမှ (သုက်ရည်ထွက်စေလျက်) သူတို့၏မျိုးဆက်များကို ပေါ်ထွက်စေတော်မူပြီး သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များနှင့်ပတ်သက်၍ (စူးစမ်းလေ့လာစေခြင်းဖြင့်) သူတို့အား (ဖွဲ့စည်းဖြစ်တည်မှုဆိုင်ရာ အရှင့်နိယာမတရားများကို) သက်သေထွက်ဆိုစေတော်မူ၏။ ငါအရှင်မြတ်သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင် မဟုတ်လော။” (ဟု မေးတော်မူရာ သူတို့က) “အမှန်ပင်၊ ဟုတ်မှန်ကြောင်း ကျွန်ုပ်တို့က သက်သေထွက်ဆိုကြပါ၏။” ဟု ဖြေဆိုခဲ့ကြ၏။ (ဤကတိခံဝန်ချက်သည်) ရှင်ပြန်ထမြောက် မည့်နေ့တွင် သင်တို့က “ကျွန်ုပ်တို့သည် ဤကိစ္စ (ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ဖြစ်တော်မူကြောင်း) နှင့်စပ်လျဉ်း၍ သတိမမူ မသိနားမလည်ခဲ့ကြပါ။” ဟု ဆင်ခြေမပေးနိုင်ရန်အတွက် ဖြစ်၏။
أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِن قَبْلُ وَكُنَّا ذُرِّيَّةً مِّن بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ (173)
သို့တည်းမဟုတ်၊ သင်တို့က “ကျွန်ုပ်တို့ မတိုင်မီ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ကသာလျှင် အရှင်မြတ် နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြပြီး ကျွန်ုပ်တို့မှာမူ သူတို့နောက်မှ လိုက်သောနောက်မျိုးဆက်များသာ ဖြစ်ပါ၏။” အရှင်မြတ်ကို ငြင်းဆန်၍ အခြားလမ်းစဉ်များကို ကြံစည်ဖန်တီးကြသူတို့၏ ပြုမူကျင့်ကြံမှုကြောင့် ကျွန်ုပ်တို့အား တိမ်ကောပျက်စီးစေပါမည်လော။” (ဟု ဆင်ခြေမပေးနိုင်ရန် ဖြစ်၏။)
وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلَعَلَّهُمْ يَرْجِعُونَ (174)
ဤနည်းအတိုင်းပင်၊ သူတို့ (လမ်းမှားကိုစွန့်၍ အရှင့်လမ်းစဉ်တော်ဘက်သို့) ဦးလှည့်စေရန်အလို့ငှာ ငါအရှင်မြတ်သည် အာယာသ်သက်သေလက္ခဏာတော်များကို အသေးစိတ်ရှင်းလင်းစွာ ထုတ်ဖော်မိန့်ကြား တော်မူ၏။
وَاتْلُ عَلَيْهِمْ نَبَأَ الَّذِي آتَيْنَاهُ آيَاتِنَا فَانسَلَخَ مِنْهَا فَأَتْبَعَهُ الشَّيْطَانُ فَكَانَ مِنَ الْغَاوِينَ (175)
(အို၊ ရစူလ်တမန်တော်၊ အသင်သည် သူတို့အား) “ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော် များကို ပေးအပ်ခြင်းခံရပါလျက် ယင်းမှနောက်ဆုတ်ခွဲခွာသည့်အတွက် စေတန်မကောင်းဆိုးဝါး ၏လွှမ်းမိုးမှုခံရပြီး ထိုမကောင်းဆိုးဝါးအား နာခံလိုက်နာသောကြောင့် (အရှင့်လမ်းစဉ်တော်မှ လွဲချော်၍) လမ်းမှားရောက်နေသူတို့အနက်မှ အပါအဝင်ဖြစ်ခဲ့သော သူ၏အကြောင်းကို (ဝဟီအရှင့်အမိန့်ထုတ်ပြန် ပို့ချချက်အပေါ်အခြေခံ၍) ဖတ်ပြလော့။”
وَلَوْ شِئْنَا لَرَفَعْنَاهُ بِهَا وَلَٰكِنَّهُ أَخْلَدَ إِلَى الْأَرْضِ وَاتَّبَعَ هَوَاهُ ۚ فَمَثَلُهُ كَمَثَلِ الْكَلْبِ إِن تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَث ۚ ذَّٰلِكَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ فَاقْصُصِ الْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ (176)
အကယ်၍ (လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အား ဟန့်တားရန်) ငါအရှင်မြတ်အလိုရှိတော်မူခဲ့လျှင် ယင်း (အာယာသ်သက်သေလက္ခဏာတော်များ) အားဖြင့် ထိုသူအား (အရှင့်အမိန့်ပညတ်ချက်များကို အပြည့်အဝ ယုံကြည်လိုက်နာသူတစ်ဦးဖြစ်စေလျက် သုခဘုံနန်းထဲဝင်ထိုက်သည်အထိ) ဂုဏ်သိက္ခာပေး၍) မြှင့်တင်ပေးနိုင်တော်မူ၏။ သို့ရာတွင် သူသည် ကမ္ဘာဂြိုဟ် (၌ ခေတ်စားနေသော လောကီဥစ္စာဓနနှင့် ပကာသနအားမက် မောခြင်း) ဘက်သို့ စွဲမြဲစွာ တွယ်ကပ်ပြီး သူ၏စိတ်အလိုဆန္ဒနောက်ကိုသာ တကောက်ကောက် လိုက်နေ၏။ သို့ဖြစ်ရာ သူ၏ပမာသည်ကား ယင်းအပေါ် တိုက်ခိုက်မောင်းထုတ်ခံရလျှင် မောဟိုက်လျက် လျှာထွက်နေသော သို့မဟုတ် ယင်းကို (မည်သည့်အနှောင့်အယှက်မျှမပေးဘဲ) လွှတ်ထားလိုက်လျှင်လည်း မောဟိုက်လျက် လျှာထွက်နေသော ခွေးပမာပင် ဖြစ်၏။ ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းဆန်လူမျိုး၏ပမာသည်လည်း ထိုသို့ပင် ဖြစ်၏။ သို့ဖြစ်ပေရာ သူတို့တွေးတောဆင်ခြင် ချင့်ချိန်သုံးသပ်နိုင်ရန်အလို့ငှာ ထို (စံနမူနာယူထိုက်သော) ဖြစ်စဉ် ဇာတ်ကြောင်းအား ဆင့်ပြန်တင်ပြလော့။
سَاءَ مَثَلًا الْقَوْمُ الَّذِينَ كَذَّبُوا بِآيَاتِنَا وَأَنفُسَهُمْ كَانُوا يَظْلِمُونَ (177)
ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြ သော လူမျိုး၏ပမာသည်ကား အလွန်ပင် ဆိုးဝါးနိမ့်ကျလှပေ၏။ ထို့ပြင် (မကောင်းမှုအကုသိုလ်လုပ်ခြင်းဖြင့်) သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့် ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) ကို (စိတ်အလိုဆန္ဒနှင့်အညီသာ အသုံးချ၍ သူတို့ကိုယ်တိုင်) အရှင့်စည်းမျဉ်းတော်အား ချိုးဖောက်လျက် မမှန်မကန် မတော်မတရား ပြုလုပ်နေကြ၏။
مَن يَهْدِ اللَّهُ فَهُوَ الْمُهْتَدِي ۖ وَمَن يُضْلِلْ فَأُولَٰئِكَ هُمُ الْخَاسِرُونَ (178)
အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ညွှန်ပြတော်မူသောသူ (မည်သူမဆို) သည် တရားလမ်းမှန်ရသူ ဖြစ်၏။ လမ်းမှားရောက်လိုသူ (မည်သူမဆို) အား လမ်းမှားရောက်စေတော်မူလျှင် ထိုသူတို့သည် ဆုံးရှုံးနစ်နာရသူများ ဖြစ်ကြ၏။
وَلَقَدْ ذَرَأْنَا لِجَهَنَّمَ كَثِيرًا مِّنَ الْجِنِّ وَالْإِنسِ ۖ لَهُمْ قُلُوبٌ لَّا يَفْقَهُونَ بِهَا وَلَهُمْ أَعْيُنٌ لَّا يُبْصِرُونَ بِهَا وَلَهُمْ آذَانٌ لَّا يَسْمَعُونَ بِهَا ۚ أُولَٰئِكَ كَالْأَنْعَامِ بَلْ هُمْ أَضَلُّ ۚ أُولَٰئِكَ هُمُ الْغَافِلُونَ (179)
ထို့ပြင် ငါအရှင်မြတ်သည် ဂျင်န်နှင့်လူသားတို့အနက်မှ မြောက်မြားစွာကို (သူတို့၏အာခံဖီဆန်မှုထိုက်တန်သော) ငရဲဘုံအတွက် တိုးပွားစေတော်မူ၏။ သူတို့၌ စိတ်နှလုံးများရှိသော်လည်း ယင်းတို့ဖြင့် (ကိစ္စရပ်တိုင်း၏အနှစ်သာရဖြစ်သော အမှန်တရားသစ္စာကို) ရှာဖွေရယူနားလည်နိုင်စွမ်းမရှိကြချေ။ သူတို့၌ မျက်လုံးများရှိ သော်လည်း ယင်းတို့ဖြင့် (သူတို့၏ခန္ဓာကိုယ်နှင့်အရာခပ်သိမ်းတို့၌ရှိနေသော အရှင့်နိယာမ တရားများကို မြင်နိုင်စွမ်းမရှိကြချေ။ သူတို့၌ နားများရှိသော်လည်း ယင်းတို့ဖြင့် (အမှန်တရားဘက်ဖိတ်ခေါ်သံကို) မကြားနိုင်ကြချေ။ ထိုသူတို့သည် (အရှင့်နိယာမတရားများကိုသာ နာခံလိုက်နာနေကြသော) ကျွဲနွားတိရိစ္ဆာန်များကဲ့သို့ပင် ဖြစ်၏။ အမှန်မှာ တိရိစ္ဆာန်ထက်ပင် လွန်စွာမိုက်မဲလမ်းလွဲနေကြ၏။ ထိုသူတို့သည် (သူတို့၏ပင်ကိုယ်ဗီဇအရ ကျေပွန်သင့်သည့် တာဝန်ဝတ္တရားများကို) အလေးမထား သတိမမူဘဲ မေ့လျော့နေသူများ ဖြစ်ကြ၏။
وَلِلَّهِ الْأَسْمَاءُ الْحُسْنَىٰ فَادْعُوهُ بِهَا ۖ وَذَرُوا الَّذِينَ يُلْحِدُونَ فِي أَسْمَائِهِ ۚ سَيُجْزَوْنَ مَا كَانُوا يَعْمَلُونَ (180)
ပကတိပြည့်စုံကောင်းမြတ်သော နာမတော်၊ ဂုဏ်တော်ဟူသမျှသည် အလ္လာဟ်အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူပြီး အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသောကြောင့် ထို (နာမတော်၊ဂုဏ်တော်များ) အား ဖြင့် အရှင်မြတ်ကို တသဆုတောင်းကြလော့။ (အရှင်မြတ်၏နာမတော်ဂုဏ်တော်များကို အဖက်မလုပ်ဘဲ အလွဲသုံးစားလုပ်လျက် ကျိန်ဆိုခြင်း၊ လိုရာဆွဲ၍ မမှန်မကန်ပြောဆိုခြင်းစသော) အရှင့်ဂုဏ်တော်များအား ပကတိအနှစ် သာရကင်းမဲ့စေရန် တလွဲတချော် လိမ်လည်တင်ပြကြသူတို့ကို ကြဉ်ရှောင်ကြလော့။ သူတို့သည် မကြာမီ သူတို့ပြုမူကျင့်ကြံသမျှအတွက် (အကျိုးဆက်ကို) အစားပေးခြင်း ခံကြရလိမ့်မည်။
وَمِمَّنْ خَلَقْنَا أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ (181)
ထို့ပြင် ငါအရှင်မြတ် ဖွဲ့စည်းဖြစ်တည်တော်မူသော လူ့အသိုင်းအဝိုင်းတစ်စုသည် အမှန်တရားသစ္စာ (ကျမ်းတော်မြတ်ကုရ်အာန်) ဖြင့် လမ်းညွှန်ကြသည့်အပြင် ယင်းဖြင့်ပင် တရားမျှတမှုကို မြဲမြံစွာအကောင် အထည်ဖော်ကြ၏။
وَالَّذِينَ كَذَّبُوا بِآيَاتِنَا سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ (182)
ငါအရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍ ငြင်းဆန်ကြသူ တို့ကို သူတို့မသိသော နည်းလမ်းများမှတစ်ဆင့် တဖြည်းဖြည်း (အစဉ် ပြစ်ဒဏ်ခံရမည့် ငရဲမီးဘက်သို့) ဦးတည်စေတော်မူလိမ့်မည်။
وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ (183)
အမှန်စင်စစ်၊ ငါအရှင်မြတ်သည် သူတို့အတွက် (ပြစ်ဒဏ်ကို ခေတ္တဆိုင်းငံ့၍) အချိန်ပေးထားတော်မူခြင်း ဖြစ်၏။ ဧကန်ပင်၊ ငါအရှင်မြတ်၏စီမံချက်၊ နည်းစနစ်သည် ထိရောက်ပြီး မည်သူမျှ မတားဆီးနိုင်အောင် ခိုင်မြဲနေ၏။
أَوَلَمْ يَتَفَكَّرُوا ۗ مَا بِصَاحِبِهِم مِّن جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ مُّبِينٌ (184)
သူတို့၏အဖော် (တမန်တော်မုဟမ္မဒ်) ၌ မည်သည့် စိတ်မနှံ့သော အပြုအမူမျှမရှိကြောင်းကို (တမန်တော် မြတ်၏ကိုယ်ကျင့်တရား၊ လူမှုဆက်ဆံရေးနှင့်သွန်သင်ပို့ချသည့် အရှင့်အမိန့်ပညတ် ချက်များအပေါ်အခြေခံ၍) သူတို့မတွေးတော မဆင်မခြင်မသုံးသပ်ကြလေသလော။ အမှန်မှာ၊ သူသည် (အရှင်မြတ်၏အမိန့်ပညတ်ချက်များ လူသားထံ ပို့ချပေးအပ်သော) ထင်ရှားပြတ်သားသည့် သတိပေးနှိုးဆော်သူတစ်ဦးသာ ဖြစ်၏။
أَوَلَمْ يَنظُرُوا فِي مَلَكُوتِ السَّمَاوَاتِ وَالْأَرْضِ وَمَا خَلَقَ اللَّهُ مِن شَيْءٍ وَأَنْ عَسَىٰ أَن يَكُونَ قَدِ اقْتَرَبَ أَجَلُهُمْ ۖ فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ (185)
သူတို့သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့၏စိုးမိုးအုပ်ချုပ်မှု အာဏာစက်၊ (ယင်းတို့၌ သဘာဝနိယာ မတရားဟု အမည်ပေးထားသော အရှင့်နိယာမတရာများ) ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ဖွဲ့စည်း ဖြစ်တည်သော အရာဟူသမျှ (၏မူလအစ၊ အနှစ်သာရနှင့်ဒီဇိုင်းအသွင်အပြင်များ) ၌လည်းကောင်း၊ အရှင်မြတ် သတ်မှတ်ပြဋ္ဌာန်းတော်မူသည့် သူတို့၏အချိန်ကာလ (ဘဝသက်တမ်း) မည်သို့လျှင်မြန်စွာ ကုန်ဆုံး၍ အရှင်မြတ်နှင့်တွေ့ဆုံရန်) နီးကပ်လာနေခြင်း၌လည်းကောင်း၊ စူးစမ်းလေ့လာ မတွေးမြင် မသုံးသပ်ကြလေသလော။ ထိုကျမ်းတော် (ကျမ်းတော်မြတ်ကုရ်အာန်ပေးအပ်ခြင်းခံ) ရပြီးနောက် အခြားမည်သည့်စကား (အပြောအဆို၊ အရေးအသားနှင့်မှတ်တမ်းမှတ်ရာ) ကို ယုံကြည်ကြဦးမည်နည်း။
مَن يُضْلِلِ اللَّهُ فَلَا هَادِيَ لَهُ ۚ وَيَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ (186)
အလ္လာဟ်အရှင်မြတ်သည် (လူ့စိတ်ဆန္ဒက လိုလားနေသည့်အတိုင်း) လမ်းမှားရောက်စေတော်မူသောသူအတွက် လမ်းညွှန်မည့်သူ အလျှင်း မရှိချေ။ သူတို့၏ အာခံဖီဆန်လိုသော ဖောက်ဖျက်ကျူးလွန်မှု၌ပင် သူတို့အား (အကန်းလမ်းပျောက်ပမာ) တဝေ့လည်လည်ဖြစ်စေလျက် လွှတ်ထားတော်မူလိမ့်မည်။
يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ رَبِّي ۖ لَا يُجَلِّيهَا لِوَقْتِهَا إِلَّا هُوَ ۚ ثَقُلَتْ فِي السَّمَاوَاتِ وَالْأَرْضِ ۚ لَا تَأْتِيكُمْ إِلَّا بَغْتَةً ۗ يَسْأَلُونَكَ كَأَنَّكَ حَفِيٌّ عَنْهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ اللَّهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ (187)
သူတို့သည် အသင် (တမန်တော်) အား (ရှင်ပြန်ထမြောက်မည့်နေ့ရက်) အချိန်နာရီနှင့်ပတ်သက်၍ “ယင်းကို ဖြစ်ပေါ်ထင်ရှားစေမည့်အချိန်မှာ မည်သည့်အချိန်ကာလနည်း။” ဟု မေးမြန်းနေကြ၏။ “ကျွန်ုပ်အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်၌သာလျှင် ယင်းနှင့်ပတ်သက်သည့် အသိပညာ ရှိနေ၏။ ထိုအရှင်မြတ်မှအပ မည်သူတစ်ဦးတစ်ယောက်မျှ ယင်း၏အချိန်သတ်မှတ်ချက် (အတိအကျ) ကို ထုတ်ဖော်ထင်ရှားစေနိုင်မည်မဟုတ်ပေ။ ထိုအချိန်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်ပေါ်၌ ဖိစီးမှုတာဝန်အလွန်လေးလံစေလိမ့်မည်။ (ထိုအချိန်သည် သင်တို့သတိမမူစဉ်) သင်တို့ထံ မမျှော်လင့်ဘဲ ရုတ်တရက် ဆိုက်ရောက်လာမည်သာဖြစ်၏။” ဟု ဖြေဆိုဟောကြားလော့။ အသင် (တမန်တော်) က ထိုနေ့အကြောင်း ကောင်းစွာ သိရှိထားပြီးဖြစ်သည့်အလား သူတို့မေးမြန်းနေကြ၏။ “အလ္လာဟ်အရှင်မြတ်၏ထံတော်၌သာ ယင်းနှင့်သက်ဆိုင်သည့် အသိပညာရှိ၏။ သို့ရာတွင် လူသားအများစုသည် (ထိုအကြောင်းကို) မသိနားမလည်ကြပေ။” ဟု ဖြေဆို ဟောကြားလော့။
قُل لَّا أَمْلِكُ لِنَفْسِي نَفْعًا وَلَا ضَرًّا إِلَّا مَا شَاءَ اللَّهُ ۚ وَلَوْ كُنتُ أَعْلَمُ الْغَيْبَ لَاسْتَكْثَرْتُ مِنَ الْخَيْرِ وَمَا مَسَّنِيَ السُّوءُ ۚ إِنْ أَنَا إِلَّا نَذِيرٌ وَبَشِيرٌ لِّقَوْمٍ يُؤْمِنُونَ (188)
အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည့်အရာမှအပ ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) အတွက် (ကျွန်ုပ်ကိုယ်တိုင်) မည်သည့်ကောင်းကျိုး၊ ဆိုးကျိုးကိုမျှ လုပ်နိုင်စွမ်းမရှိပေ။ အကယ်၍ ကျွန်ုပ်သည် မျက်ကွယ်ရာ(၌ ရှိသောအကြောင်းအရာ) များကို သိနိုင်ခဲ့လျှင် မည်သည့်မကောင်းမှုအကုသိုလ်နှင့်ဆိုးကျိုးကိုမျှ ကျွန်ုပ်အား မထိခိုက်စေဘဲ ကောင်းမှုကုသိုလ်နှင့်ကောင်းကျိုးချမ်းသာအဖြာဖြာကိုသာ ဧကန်မုချ ဆထက်ထမ်းပိုး တိုးပွားစေနိုင်လိမ့်မည်။ အမှန်မှာ ကျွန်ုပ်သည် သက်ဝင်ယုံကြည်ကြသော လူမျိုးတို့အတွက် (အရှင့်ညွှန်ကြားချက်နှင့်အညီ) သတိပေးနှိုးဆော်သူနှင့်သတင်းကောင်း ပါးသူသာလျှင် ဖြစ်၏။
۞ هُوَ الَّذِي خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّاهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِ ۖ فَلَمَّا أَثْقَلَت دَّعَوَا اللَّهَ رَبَّهُمَا لَئِنْ آتَيْتَنَا صَالِحًا لَّنَكُونَنَّ مِنَ الشَّاكِرِينَ (189)
ထိုအရှင်မြတ်သည် သင်တို့ကို တစ်ခုတည်းသော နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ် ဝိဉာဉ်) ၌ (အသက် ဝိညာဉ်ရှိစေလျက် အဦးဆုံးလူသားဖြစ်သော အာဒမ်ကို) ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး ယင်းမျိုးရိုးဗီဇ) မှပင် (မမျိုးရိုးဗီဇပါဝင်သည့် အာဒမ်၏ကြင်ယာတော်ကို) သူမ၌ စိတ်တည်ငြိမ်အေးချမ်းမှုတွေ့နိုင်ရန် သူ၏အဖော် အဖြစ် ဖွဲ့စည်းဖြစ်တည်စေတော်မူခဲ့၏။ သူသည် သူမအား ဖုံးလွှမ်းသောအခါ သူမသည် ပေါ့ပါးသော ကိုယ်ဝန်ကိုဆောင်ပြီး ယင်းနှင့်အတူ ဆက်လက်၍ သွားလာလှုပ်ရှားရ၏။ ထိုကိုယ်ဝန်ရင့်မာလေးလံလာသည့်အခါ သူတို့နှစ်ဦးစလုံးက သူတို့အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ထံတော်၌ “ကျွန်ုပ်တို့သည် ကျေးဇူးသိတတ်သူများဖြစ်ကြရန်အလို့ငှာ ကျွန်ုပ်တို့အား အရှင့်စည်းမျဉ်းတော်နှင့်အညီ ဖြောင့် မတ်မှန်ကန်သော လုပ်ရပ်များပြုမူကျင့်ကြံ၍ ပြုပြင်သူတစ်ဦးအဖြစ် ချီးမြှင့်ပေးသနားတော်မူပါ။” ဟု ဆုပန်လျှောက်တင်ကြ၏။
فَلَمَّا آتَاهُمَا صَالِحًا جَعَلَا لَهُ شُرَكَاءَ فِيمَا آتَاهُمَا ۚ فَتَعَالَى اللَّهُ عَمَّا يُشْرِكُونَ (190)
သို့ရာတွင် ထိုအရှင်မြတ်က သူတို့နှစ်ဦးအား (သူတို့ ဆုတောင်းသည့်အတိုင်း ဖြောင့်မတ်မှန်ကန်သော လုပ်ရပ်များကို ပြုမူကျင့်ကြံနိုင်မည့် သားသမီးရတနာဖြစ်သော) ပြုပြင်သူကို ချီးမြှင့်ပေးတော်မူသည့်အခါ သူတို့ နှစ်ဦးစလုံးသည် သူတို့အား အရှင်မြတ်ပေးအပ်တော်မူသော အရာနှင့်စပ်လျဉ်း၍ (သူတို့၌ရှိသမျှကို သူတို့၏ အစွမ်းအစဖြင့် သူတို့ကိုယ်တိုင်ဖန်တီးရယူထားဘိသကဲ့သို့) အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို မြတ်နိုးတွယ်တာကိုးကွယ်လာကြ၏။ အမှန်စင်စစ်၊အလ္လာဟ်အရှင်မြတ်သည် သူတို့တုပြိုင်တွဲဖက်၍ မြတ်နိုးတွယ်တာကိုးကွယ်နေကြသော အခြားအရာအားလုံးထက် အနှိုင်းမဲ့ သာလွန်မြင့်မြတ်တော်မူ၏။
أَيُشْرِكُونَ مَا لَا يَخْلُقُ شَيْئًا وَهُمْ يُخْلَقُونَ (191)
မည်သည့်တစ်စုံတစ်ရာကိုမျှ ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းမရှိသည့်အပြင် ယင်းတို့သည်ပင် ဖွဲ့စည်းဖြစ်တည်စေခြင်းကို ခံရသည့်အရာများဖြစ်ပါလျက် ယင်းတို့အား (ကိုးကွယ်ထိုက်သည့်အရာများအဖြစ်) အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ကိုးကွယ်ကြသလော။
وَلَا يَسْتَطِيعُونَ لَهُمْ نَصْرًا وَلَا أَنفُسَهُمْ يَنصُرُونَ (192)
ထို့ပြင် ထို (အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ခံရသော) အရာများသည် (ယင်းတို့ကို ယုံကြည်ကိုးကွယ်နေကြသော) သူတို့အတွက် မည်သည့်အကူအညီတစ်စုံတစ်ခုကိုမျှ ပေးကမ်းနိုင်စွမ်းမရှိရုံမက သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ကိုပင် သူတို့ကိုယ်တိုင် ကူညီနိုင်ကြသည် မဟုတ်ချေ။
وَإِن تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَتَّبِعُوكُمْ ۚ سَوَاءٌ عَلَيْكُمْ أَدَعَوْتُمُوهُمْ أَمْ أَنتُمْ صَامِتُونَ (193)
အကယ်၍ သူတို့သည် သူတို့အား အရှင့်လမ်းညွှန်တော်ဘက်သို့ ဖိတ်ခေါ်သည့်အခါ သင်တို့အား နာခံလိုက် နာကြမည်မဟုတ်ပေ။ (သို့ဖြစ်ရာ) သင်တို့သည် သူတို့အား (အမှန်တရားသစ္စာဘက်သို့) ဖိတ်ခေါ်သည်ဖြစ်စေ၊ ငြိမ်သက်နှုတ်ဆိတ်နေသူများအဖြစ် ရပ်တည်သည်ဖြစ်စေ ထူးခြားမှုမရှိဘဲ အတူတူပင် ဖြစ်လိမ့်မည်။
إِنَّ الَّذِينَ تَدْعُونَ مِن دُونِ اللَّهِ عِبَادٌ أَمْثَالُكُمْ ۖ فَادْعُوهُمْ فَلْيَسْتَجِيبُوا لَكُمْ إِن كُنتُمْ صَادِقِينَ (194)
အလ္လာဟ်အရှင်မြတ်မှအပ အခြားသောအရာများကို ကိုးကွယ်ရာအဖြစ် မှတ်ယူပြီး ယင်းတို့ဘက်သို့ ဖိတ်ခေါ်နေကြသူတို့သည် သင်တို့ကဲ့သို့ပင် အရှင့်အစေခံလူသားများ ဖြစ်ကြ၏။ သို့ဖြစ်ပေရာ သူတို့အား (အရှင်မြတ်၏လမ်းစဉ်တော်ဘက်သို့) ဖိတ်ခေါ်ကြလော့။ အကယ်၍ သင်တို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုဆက်ဆံသူများဖြစ်ကြလျှင် (သူတို့အားဉာဏ်အမြော်အမြင်နှင့်ဆင်ခြင်တုံတရားပေါ် အခြေခံသော အမှန်တရားသစ္စာအားဖြင့် ဖိတ်ခေါ်၍) သင်တို့ကို လက်ခံဖြေကြားခွင့် ပေးသင့်၏။
أَلَهُمْ أَرْجُلٌ يَمْشُونَ بِهَا ۖ أَمْ لَهُمْ أَيْدٍ يَبْطِشُونَ بِهَا ۖ أَمْ لَهُمْ أَعْيُنٌ يُبْصِرُونَ بِهَا ۖ أَمْ لَهُمْ آذَانٌ يَسْمَعُونَ بِهَا ۗ قُلِ ادْعُوا شُرَكَاءَكُمْ ثُمَّ كِيدُونِ فَلَا تُنظِرُونِ (195)
သူတို့အတွက် (ယင်းဖြင့်) လမ်းလျှောက်နိုင်ရန် ခြေများ၊ သို့မဟုတ် သူတို့အတွက် (ယင်းဖြင့်) ကိုင်တွယ် နိုင်ရန်လက်များ၊ သို့မဟုတ် သူတို့အတွက် (ယင်းဖြင့်) သိမြင်စူးစမ်းနိုင်ရန် မျက်လုံးများ၊ သို့မဟုတ် သူတို့အတွက် (ယင်းဖြင့်) ကြားနားမှတ်သားနိုင်ရန် နားများ ပေးအပ်တော်မူခဲ့ပြီ မဟုတ်လော။ (သူတို့အား)၊ “သင်တို့က အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ယုံကြည်နေကြသော သင်တို့၏ကိုးကွယ်ရာများကို ဟစ် ခေါ်တသ (၍ သင်တို့၏အကူအညီအတွက် ဆုတောင်း) ကြလော့။ ထို့နောက် ကျွန်ုပ်အား ဆိုင်းငံ့ခွင့် (စောင့်ကြည့်ခွင့်) မပေးဘဲ (ကျွန်ုပ်ကို ဆန့်ကျင်ရန် စီစဉ်ထားသော စီမံချက်များဖြင့်သင်တို့၏) ကြံစည်မှုများကို အကောင်အထည်ဖော်လော့။” ဟု ဟောကြားလော့။
إِنَّ وَلِيِّيَ اللَّهُ الَّذِي نَزَّلَ الْكِتَابَ ۖ وَهُوَ يَتَوَلَّى الصَّالِحِينَ (196)
ကျမ်းတော် (မြတ်ကုရ်အာန်) ကို ချမှတ်ပေးအပ်တော်မူသည့် အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ဧကန်ပင်၊ ကျွန်ုပ်၏ကာကွယ်စောင့်ရှောက်သူဖြစ်တော်မူပြီး ထိုအရှင်မြတ်သည်ပင် ဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် ပြုပြင်ကြသူတို့ကိုလည်း ကာကွယ်စောင့်ရှောက်တော်မူ၏။
وَالَّذِينَ تَدْعُونَ مِن دُونِهِ لَا يَسْتَطِيعُونَ نَصْرَكُمْ وَلَا أَنفُسَهُمْ يَنصُرُونَ (197)
အရှင်မြတ်မှအပ အခြားသောအရာများ (ကို ကိုးကွယ်ရာအဖြစ် ယုံကြည်မှတ်ယူပြီး ယင်းတို့) ကိုဟစ်ခေါ် တသ၍ ဆုတောင်းနေကြသူတို့သည် သင်တို့အား ကူညီနိုင်စွမ်းမရှိသည့်အပြင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကိုလည်း သူတို့ကိုယ်တိုင်မကူညီနိုင်ကြသည်မဟုတ်ချေ။
وَإِن تَدْعُوهُمْ إِلَى الْهُدَىٰ لَا يَسْمَعُوا ۖ وَتَرَاهُمْ يَنظُرُونَ إِلَيْكَ وَهُمْ لَا يُبْصِرُونَ (198)
အကယ်၍ အသင်တို့က သူတို့အား အရှင့်လမ်းညွှန်တော်ဘက်သို့ ဖိတ်ခေါ်ကြလျှင် (သင်တို့၏ဖိတ်ခေါ်သံ ကို) ကြားနိုင်ကြမည်မဟုတ်ချေ။ ထို့ပြင် သူတို့က သင့်ဘက်သို့ (လှည့်၍ သင့်အား) ကြည့်နေသည်ဟု ထင်မြင်ရသော်လည်း သူတို့မြင်နိုင်ကြသည်မဟုတ်ချေ။
خُذِ الْعَفْوَ وَأْمُرْ بِالْعُرْفِ وَأَعْرِضْ عَنِ الْجَاهِلِينَ (199)
(အို၊ ရစူလ်တမန်တော်) သည်းခံကြံခိုင်မှုနှင့်သဘောထားကြီးမှုပေါ်အခြေခံ၍) ခွင့်လွှတ်ခြင်းကို အစဉ်စွဲမြဲစွာ လက်ကိုင်ပြီး (တရားတော်နှင့်အညီ) မှန်ကန်မျှတမှုနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားတိုက်တွန်းလော့။ ထို့ပြင် ပညာမဲ့တို့အား (သူတို့၏အပြောအဆိုနှင့်အပြုအမူများ ဂရုမစိုက်ဘဲ) ဥပေက္ခာပြုထားလော့။
وَإِمَّا يَنزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۚ إِنَّهُ سَمِيعٌ عَلِيمٌ (200)
ထို့ပြင် အကယ်၍ စေတန်မကောင်းဆိုးဝါးထံမှ လှုံ့ဆော်သည့် အကြံဆိုးတစ်စုံတစ်ခုသည် (အရှင်မြတ်ပေးအပ်တော်မူသည့် တာဝန်ကို ထမ်းဆောင်ခြင်း၊ ဝတ်ပြုခြင်းနှင့်နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများတွင်) သင့်အား ထိခိုက်ရန် ဝင်ရောက်လာလျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ (အရှင့်စည်းမျဉ်းနှင့်အညီ အကာအကွယ်ရရန်) ခိုလှုံမှုကို ကြိုးစားရှာဖွေလော့။
إِنَّ الَّذِينَ اتَّقَوْا إِذَا مَسَّهُمْ طَائِفٌ مِّنَ الشَّيْطَانِ تَذَكَّرُوا فَإِذَا هُم مُّبْصِرُونَ (201)
အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့သည် စေတန်မကောင်းဆိုးဝါးထံမှ မကောင်းသော အတွေ့အကြုံ (စိုးရိမ်မှု) ထိတွေ့သက်ရောက်သည့်အခါ (အရှင်မြတ်ကို) သတိရ တသ၍ ဖွင့်ဟကြ၏။ သို့ဖြစ်ရာ သူတို့သည် အမှားအမှန်ကို ခွဲမြင်၍ ချင့်ချိန်နိုင်စွမ်းရှိသူများ ဖြစ်လာကြ၏။
وَإِخْوَانُهُمْ يَمُدُّونَهُمْ فِي الْغَيِّ ثُمَّ لَا يُقْصِرُونَ (202)
သို့သော် သူတို့၏ညီနောင်များ (မှာမူကား စေတန်မကောင်းဆိုးဝါး၏လှည့်စားမှုကိုခံရပြီး စေတန်မကောင်းဆိုးဝါးကို ကိုယ်စားပြုသော လူသားများဖြစ်လာကြလျက်) သူတို့အား အမှားအမှောင်တွင်းနက်ထဲ ထိုးဆင်းစေရန် တွန်းအားပေးကြ၏။ ထို့နောက် (သူတို့၏လုံ့လစိုက်မှုကို အလျှော့မပေးဘဲ အမှောင်ထဲ ဆက်လက်ဆွဲခေါ်နေခြင်းအား) သူတို့ရပ်တန့်ကြသည်မဟုတ်ပေ။
وَإِذَا لَمْ تَأْتِهِم بِآيَةٍ قَالُوا لَوْلَا اجْتَبَيْتَهَا ۚ قُلْ إِنَّمَا أَتَّبِعُ مَا يُوحَىٰ إِلَيَّ مِن رَّبِّي ۚ هَٰذَا بَصَائِرُ مِن رَّبِّكُمْ وَهُدًى وَرَحْمَةٌ لِّقَوْمٍ يُؤْمِنُونَ (203)
အို၊ ရစူလ်တမန်တော်၊ အသင်သည် သူတို့ထံ (သူတို့၏အလိုဆန္ဒနှင့်အညီ) အာယာသ်သက်သေလက္ခဏာ တစ်ရပ်ယူဆောင်လာခြင်းမပြုသည့်အခါ “အသင်သည် ယင်းကို အဘယ်ကြောင့် မတီထွင် မဖန်တီးနိုင်သနည်း။” ဟု စောဒကတက်မေးမြန်းခဲ့ကြ၏။ (သူတို့အား) “ကျွန်ုပ်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ထံတော်မှ ကျွန်ုပ်ထံ ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချတော်မူသမျှကိုသာလျှင် ကျွန်ုပ်နာခံလိုက် နာပါ၏။ ဤ(ကျမ်းတော်မြတ်ကုရ်အာန်)သည် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ထံတော်မှ (လူသားအားလုံးအတွက်) အမှန်တရားကို ထိုးထွင်းသိမြင်စေသော) အလင်းပြကျမ်းဖြစ်ပြီး အရှင်မြတ်ကို သက်ဝင်ယုံကြည်သူတို့အတွက် လမ်းညွှန်တော်နှင့်ဂရုဏာတော်ပင်ဖြစ်၏။”
وَإِذَا قُرِئَ الْقُرْآنُ فَاسْتَمِعُوا لَهُ وَأَنصِتُوا لَعَلَّكُمْ تُرْحَمُونَ (204)
(သင်တို့၏ရှေ့ဝယ်၌) ကျမ်းတော်မြတ်ကုရ်အာန်အား ဖတ်ရွတ်သရဇ္ဈယ်ခြင်းခံရသောအခါ သင်တို့က အရှင့်ကရုဏာသက်ခံရရန်အလို့ငှာ ယင်းကို (ဆိတ်ငြိမ်စွာ) ကြားနာပြီး ဂရုတစိုက် အာရုံစိုက်ကြလော့။
وَاذْكُر رَّبَّكَ فِي نَفْسِكَ تَضَرُّعًا وَخِيفَةً وَدُونَ الْجَهْرِ مِنَ الْقَوْلِ بِالْغُدُوِّ وَالْآصَالِ وَلَا تَكُن مِّنَ الْغَافِلِينَ (205)
သင့်အားဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်ကို အသင်၏နဖ်စ် (ခေါ် မျိုး ရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) ၌ နိဝါတတရားထားရှိ၍ ရိုးကျိုးပြီး ကြောက်ရွံ့ရိုသေလျက် အသံကိုကျယ်လောင်စွာ မထုတ်ဘဲ တိတ်ဆိတ်စွာဖြင့် နံနက်မိုးသောက်ချိန်နှင့်ညနေဆည်းဆာချိန်များ၌ သတိရ တသ၍ ဖွင့်ဟကြလော့။ ထို့ပြင် (အရှင့်စည်းမျဉ်းတော်များကို) အလေးမထားဘဲ လျစ်လျူရှုမေ့လျော့နေသူများတွင် အပါအဝင် မဖြစ်လေနှင့်။
إِنَّ الَّذِينَ عِندَ رَبِّكَ لَا يَسْتَكْبِرُونَ عَنْ عِبَادَتِهِ وَيُسَبِّحُونَهُ وَلَهُ يَسْجُدُونَ ۩ (206)
မုချဧကန်၊ အစဉ်အရှင့်ကို သိစိတ်ဖြင့် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏အပါးတော်၌ ရှိနေ (ဘိသကဲ့သို့ ခံစား) သူတို့သည် ထိုအရှင်မြတ်အား ခဝပ်နာခံကိုးကွယ်ခြင်းမှရှောင်ပြေးလျက် မာန်မာနထောင်လွှားကြသည်မဟုတ်ချေ။ အမှန်မှာ သူတို့သည် (ထိုအရှင်မြတ်က သန့်ရှင်းစင်ကြယ်တော်မူကြောင်း မည်သည့်အရာကိုမျှ အကျိုးမဲ့ ဖြစ်တည်စေတော်မမူကြောင်း၊ ကိုးကွယ်ထိုက်သော ဂုဏ်တော်အားလုံးကို ပိုင်ဆိုင်ထားတော်မူကြောင်းကို သတိရလျက်) အရှင့်ဂုဏ်တော်များကို ချီးမွမ်း၍ ဂုဏ်တင်ကြပြီး ထိုအရှင်မြတ်ကျေနပ်နှစ်မြို့မှုအတွက်သာ အရှင့်အမိန့်ပညတ်ချက်များနှင့်အညီ ဦးချနာခံလျက် ရှိကြသည်။
❮ السورة السابقة السورة التـالية ❯

قراءة المزيد من سور القرآن الكريم :

1- الفاتحة2- البقرة3- آل عمران
4- النساء5- المائدة6- الأنعام
7- الأعراف8- الأنفال9- التوبة
10- يونس11- هود12- يوسف
13- الرعد14- إبراهيم15- الحجر
16- النحل17- الإسراء18- الكهف
19- مريم20- طه21- الأنبياء
22- الحج23- المؤمنون24- النور
25- الفرقان26- الشعراء27- النمل
28- القصص29- العنكبوت30- الروم
31- لقمان32- السجدة33- الأحزاب
34- سبأ35- فاطر36- يس
37- الصافات38- ص39- الزمر
40- غافر41- فصلت42- الشورى
43- الزخرف44- الدخان45- الجاثية
46- الأحقاف47- محمد48- الفتح
49- الحجرات50- ق51- الذاريات
52- الطور53- النجم54- القمر
55- الرحمن56- الواقعة57- الحديد
58- المجادلة59- الحشر60- الممتحنة
61- الصف62- الجمعة63- المنافقون
64- التغابن65- الطلاق66- التحريم
67- الملك68- القلم69- الحاقة
70- المعارج71- نوح72- الجن
73- المزمل74- المدثر75- القيامة
76- الإنسان77- المرسلات78- النبأ
79- النازعات80- عبس81- التكوير
82- الإنفطار83- المطففين84- الانشقاق
85- البروج86- الطارق87- الأعلى
88- الغاشية89- الفجر90- البلد
91- الشمس92- الليل93- الضحى
94- الشرح95- التين96- العلق
97- القدر98- البينة99- الزلزلة
100- العاديات101- القارعة102- التكاثر
103- العصر104- الهمزة105- الفيل
106- قريش107- الماعون108- الكوثر
109- الكافرون110- النصر111- المسد
112- الإخلاص113- الفلق114- الناس