Quran with Burmese translation - Surah Al-A‘raf ayat 67 - الأعرَاف - Page - Juz 8
﴿قَالَ يَٰقَوۡمِ لَيۡسَ بِي سَفَاهَةٞ وَلَٰكِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ﴾
[الأعرَاف: 67]
﴿قال ياقوم ليس بي سفاهة ولكني رسول من رب العالمين﴾ [الأعرَاف: 67]
Ba Sein ၆၇။ သူသည် ဟောကြား၏။ ဟယ်-အချင်းတို့ အကျွနု်ပ်မိုက်မှုမှုမရှိပေ။ သို့သော် အကျွနု်ပ်သည် စကြာဝဠယအားလုံး၏ အသျှင်သခင်၏ အထံတော်မှ တမန်တော်တစ်ပါးဖြစ်၏။ |
Ghazi Mohammad Hashim (ထိုအခါ) ယင်း(နဗီတမန်တော် ဟူဒ်)က ‘အိုငါ၏အမျိုးသားတို့၊ ငါ၏အသိဉာဏ်နည်းပါးမှုသည် လုံးဝမရှိ။အမှန်စင်စစ်သော်ကား ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူခြင်းခံရသော ရစူလ်တမန်တော်ပင် ဖြစ်ချေသည် ဟုဖြေကြားခဲ့လေသည်။ |
Hashim Tin Myint ၎င်း(တမန်တော်ဟူဒ်)က ပြောဆိုဖြေကြားသည်- “အို- ငါ၏အမျိုးသားအပေါင်းတို့၊ ငါ့တွင် အသိဉာဏ်နည်းပါးမှု လုံးဝ မရှိပေ။ အမှန်စင်စစ် ငါသည် စကြဝဠာအားလုံးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ စေလွှတ်တော်မူခြင်းခံရသော တမန်တော်ပင်ဖြစ်သည်။“ |