Quran with Burmese translation - Surah At-Taubah ayat 93 - التوبَة - Page - Juz 10
﴿۞ إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَسۡتَـٔۡذِنُونَكَ وَهُمۡ أَغۡنِيَآءُۚ رَضُواْ بِأَن يَكُونُواْ مَعَ ٱلۡخَوَالِفِ وَطَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَعۡلَمُونَ ﴾
[التوبَة: 93]
﴿إنما السبيل على الذين يستأذنونك وهم أغنياء رضوا بأن يكونوا مع الخوالف﴾ [التوبَة: 93]
Ba Sein ၉၃။ ဥစ္စာပစ္စည်းရှိလျက် အိမ်တွင်ကျန်ရစ်ခွင့်တောင်းသူများကိုသာ အပြစ်တင်စရာရှိ၏။သူတို့သည် အသုံးမဝင်သော သူတို့နှင့်အတူကျန်ရစ်ရခြင်းနှင့် တင်းတိမ်ရောင့်ရဲကြ၏။အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးကို တံဆိပ်ခတ်နှိပ်ထားတော်မူသည်။ထို့ကြောင့်သူတို့သည် အသိပညာကင်းမဲ့ကြ၏။ |
Ghazi Mohammad Hashim ပြစ်တင်ရန်လမ်းမှာကား အကြင်သူတို့အပေါ်၌သာရှိချေသည်။ ထိုသူတို့သည် ချမ်းသာကြွယ်ဝသူများဖြစ်ကြပါလျက် (စစ်တလင်းသို့ မလိုက်ဘဲနေကြရန်)အသင့်ထံ ခွင့်ပန်ကြလေသည်။ 4င်းတို့သည် နောက်၌ကျန်ရစ်ခဲ့ကြသော အမျိုးသမီးတို့နှင့်အတူ နေရစ်ခဲ့ကြရန် နှစ်မြှို့ခဲ့ကြလေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် 4င်းတု့ိ၏ စိတ်နှလုံးများအပေါ်၌ တံဆိပ်ခပ်နှိပ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ 4င်းတို့သည်(စစ်မ်ပြိုင်ဆိုင်တိုက်ခိုက်ခြင်း၏သဘောတရားကိုပင်) မသိနားမလည်ကြပေ။ |
Hashim Tin Myint (ပြစ်တင်ရန်)နည်းလမ်းမှာမူ အကြင်သူများအပေါ်တွင်သာရှိသည်။ ထိုသူများသည် ချမ်းသာသူများဖြစ်ကြပါလျက် (စစ်ပွဲမလိုက်ရန်)အသင့်ထံ၌ ခွင့်ပန်ခဲ့ကြသည်။ သူတို့သည် နောက်၌ကျန်ရစ်ခဲ့ကြသော အမျိုးသမီးများနှင့်အတူ နေရစ်ခဲ့ကြရန် လိုလားခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအပေါ်တွင်လည်း တံဆိပ်ခတ်နှိပ်တော်မူခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် (ဂျိဟာဒ်၏ သဘောတရားကိုပင်)မသိနားမလည်ကြတော့ပေ။ |