Quran with Burmese translation - Surah At-Taubah ayat 92 - التوبَة - Page - Juz 10
﴿وَلَا عَلَى ٱلَّذِينَ إِذَا مَآ أَتَوۡكَ لِتَحۡمِلَهُمۡ قُلۡتَ لَآ أَجِدُ مَآ أَحۡمِلُكُمۡ عَلَيۡهِ تَوَلَّواْ وَّأَعۡيُنُهُمۡ تَفِيضُ مِنَ ٱلدَّمۡعِ حَزَنًا أَلَّا يَجِدُواْ مَا يُنفِقُونَ ﴾
[التوبَة: 92]
﴿ولا على الذين إذا ما أتوك لتحملهم قلت لا أجد ما أحملكم﴾ [التوبَة: 92]
Ba Sein ၉၂။ အကြင်သူတို့သည် စစ်တိုက်လိုက်ချင်၍ သင့်ထံ စီးစရာလာတောင်းသောအခါ သင်သည် သူတို့အား အကျွနု်ပ် သည် သင်တို့အတွက် စီးစရာမရနိုင်ဟု ပြန်ပြော၏။ထိုအခါသူတို့သည် မျက်ရည်ယိုစီးကျလျက် ပြန်သွားကြ၏။သူတို့သည် စစ်အတွက် သုံးစရာပစ္စည်းမရှိ၍ ဝမ်းနည်းကြ၏။ထိုသူတို့အတွက် စစ်တိုက်မလိုက်သောကြောင့် အပြစ်သင့်ကြပေ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အကြင် သူတို့အပေါ်၌လည်း(အပြစ်တင်ရန် မည်သည့်နည်းလမ်းမျှ) မရှိချေ။ ထိုသူတို့သည်အသင့်ထံသို့ ၎င်းတို့အား အသင်သည် (တစ်စုံတစ်ရာ) အစီးအနင်းပေါ်သို့တင်ပေးရန် လာကြသောအခါ အသင်သည် ၎င်းတို့အား ငါ့ထံ၌ အသင်တို့အားတင်ပေးရန် အစီးအနင်း တစ်စုံတရာမရှိပါ ဟု ပြောခဲ့လေသည်။ (ထိုအခါ) ၎င်းတို့သည်(စစ်ရေးတွင်)သုံးစွဲရန် တစ်စုံတစ်ရာကိုမျှ မရရှိကြသောကြောင့်ဝမ်းနည်းပူဆွေး၍ မျက်စိများမှာ ၎င်းတို့မျက်ရည်များဖြင့်ပြည့်လျှံလျက် (ပြန်သွားခဲ့ကြရရှာလေသတည်း။) |
Hashim Tin Myint ထို့ပြင် အကြင်သူများအပေါ်တွင်လည်း (အပြစ်)မရှိပေ။ ထိုသူများသည် အသင်က သူတို့အား အစီးအနင်းပေါ်တင်ပေးရန် အသင့်ထံသို့ လာကြသောအခါတွင် အသင်က သူတို့အား ပြောခဲ့သည်- “အသင်တို့အား အစီးအနင်း တစ်စုံတစ်ခုပေါ်တင်ပေးရန် ငါ့တွင်လည်း (မြင်းများ၊ ကုလားအုတ်များ)မည်သည့်အရာမျှ မရှိပေ။“ သူတို့သည် (စစ်ပွဲတွင်)သုံးစွဲရန် မည်သည့်အရာမျှ မရှိကြသည့်အတွက် ဝမ်းနည်းပက်လက်ဖြစ်ပြီး သူတို့၏မျက်စိများတွင် မျက်ရည်များပြည့်လျက်နှင့်ပင် ပြန်လှည့်ခဲ့ကြရသည်။ |