×

Surah Al-Muddaththir in Burmese

Quran Burmese ⮕ Surah Muddathir

Translation of the Meanings of Surah Muddathir in Burmese - البورمية

The Quran in Burmese - Surah Muddathir translated into Burmese, Surah Al-Muddaththir in Burmese. We provide accurate translation of Surah Muddathir in Burmese - البورمية, Verses 56 - Surah Number 74 - Page 575.

بسم الله الرحمن الرحيم

يَا أَيُّهَا الْمُدَّثِّرُ (1)
အို၊ (လူသူဝေးရာတွင် တရားထိုင်ရန် နှစ်သက်လျက်) ဝတ်ရုံခြုံထားသူ။
قُمْ فَأَنذِرْ (2)
အသင်သည် ထ (၍ နိုးကြားလျက် ဆွလာသ်ဝတ်ပြုမှုအတွက် ရပ်တည်) လော့။ ထို့ပြင် (မယုံကြည်သူ၊ အမှန်တရားကို သွေဖည် ငြင်းပယ်သူတို့အား) သတိပေးနှိုးဆော်လော့။
وَرَبَّكَ فَكَبِّرْ (3)
ထို့ပြင် အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (က အနှိုင်းမဲ့၊ ပြိုင်ဘက်မဲ့ တစ်ဆူးတည်းသော အရှင်မြတ် ဖြစ်တော်မူကြောင်း) ကြီးကဲမြင့်မြတ်တော်မူ ကြောင်းကို ချီးကျူး၍ ဂုဏ်တင်လော့။
وَثِيَابَكَ فَطَهِّرْ (4)
တစ်ဖန် အသင်သည် သင့်အဝတ်အထည်များကို (သန့်ရှင်းစေခြင်းနှင့်အတူ အတွင်းအဇ္ဈိတ္တကိုလည်း) စင်ကြယ်သန့်ရှင်းစေလော့။
وَالرُّجْزَ فَاهْجُرْ (5)
ထို့ပြင် အသင်သည် (ရုပ်ပိုင်းနှင့်နာမ်ပိုင်းဆိုင်ရာ) ညစ်ညမ်းမှုဟူသမျှမှ ရှောင်ကြဉ်လော့။
وَلَا تَمْنُن تَسْتَكْثِرُ (6)
ထို့ပြင် အသင်သည် တစ်စုံတစ်ဦးအား (အကျိုးအမြတ်နှင့်ချီးကျူးဂုဏ်ပြုခံရရန်ဖြစ်စေ၊ အရှင်မြတ်နှင့်လူသားတို့အား အကျိုးပြုနေသည်ဟု စိတ်ကြီးဝင်၍ဖြစ်စေ) ပိုမို၍ ရလိုသောအားဖြင့် ပေးကမ်းစွန့်လှူခြင်း မပြုလေနှင့်။
وَلِرَبِّكَ فَاصْبِرْ (7)
တစ်ဖန် အသင်သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် (အရှင်မြတ်ပေးအပ်တော်မူသည့်တာဝန်များကို ကျေပွန်စွာဆောင်ရွက်ရာ ကြုံလာသမျှ အခက်အခဲ အဟန့်အတားများ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှု မြဲမြံစေလော။
فَإِذَا نُقِرَ فِي النَّاقُورِ (8)
အမှန်စင်စစ်၊ တံပိုးခရာ၌ မှုတ်ပေး၍ (လူသားတို့အား သတိပေးရန်) အသံပေးသောအခါ။
فَذَٰلِكَ يَوْمَئِذٍ يَوْمٌ عَسِيرٌ (9)
ထိုသို့ပင် ထို့နေ့သည် လွန်စွာခက်ခဲပြင်းထန်သောနေ့ပင် ဖြစ်လိမ့်မည်။
عَلَى الْكَافِرِينَ غَيْرُ يَسِيرٍ (10)
မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အပေါ်ဝယ် လွယ်ကူမှု ရှိမည် မဟုတ်ပေ။
ذَرْنِي وَمَنْ خَلَقْتُ وَحِيدًا (11)
(အို၊ ရစူလ်တမန်တော်) အသင်သည် ငါအရှင်မြတ်တစ်ဆူတည်းကသာလျှင် ဖွဲ့စည်းဖြစ်တည်စေတော်မူသောသူအား (သူ၏အာခံဖီဆန်မှုနှင့်စပ်လျဉ်း၍ ကိုင်တွယ်စေတော်မူရန်) ငါအရှင်မြတ်ထံသာ လွှဲအပ်လွှတ် ထားလော့။
وَجَعَلْتُ لَهُ مَالًا مَّمْدُودًا (12)
ထို့ပြင် ငါအရှင်မြတ်သည် ထိုသူအတွက် ဥစ္စာဓနအရင်းအမြစ်ပိုင်ဆိုင်မှုများ အလျှံပယ် မြောက်မြားစွာ စီမံဖြစ်စေတော်မူနိုင်၏။
وَبَنِينَ شُهُودًا (13)
(သူ့အတွက် မေတ္တာတရား၏) မျက်မှောက်သက်သေအဖြစ် သားသမီးရတနာများ (အင်အားများ) ချီးမြှင့် ပေးအပ်တော်မူနိုင်၏။
وَمَهَّدتُّ لَهُ تَمْهِيدًا (14)
ထို့ပြင် ငါအရှင်မြတ်သည် သူ့ (သာယာသောဘဝ) အတွက် (လိုအပ်သမျှ) နည်းစနစ်နှင့်အ​ခြေအနေ အားလုံးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အဆင်ပြေချောမွေ့အောင် ဖြစ်စေတော်မူနိုင်၏။
ثُمَّ يَطْمَعُ أَنْ أَزِيدَ (15)
သို့ဖြစ်ပါလျက် ငါအရှင်မြတ်သည် သူ့အား (သူ့ဆန္ဒရှိသည့်အတိုင်း) ပိုမို၍ ချီးမြှင့်ပေးအပ်တော်မူရန် လိုလားတောင့်တနေ၏။
كَلَّا ۖ إِنَّهُ كَانَ لِآيَاتِنَا عَنِيدًا (16)
(ထိုသို့ ပိုမိုချီးမြှင့်တော်မူရန်မှာ) မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ဧကန်မလွဲ၊ သူသည် ငါအရှင် မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် ရန်မူဆန့်ကျင် (၍ သူ့အလိုရမ္မက်အတိုင်းဖြစ်စေ) လို၏။
سَأُرْهِقُهُ صَعُودًا (17)
မကြာမီပင် ငါအရှင်မြတ်သည် သူ့အား အင်တိုက်အားတိုက်အစွမ်းကုန်တက်ရသောအရာ (ငရဲမီးထဲ ရောက်စေမည့် နိုင်လိုမင်းထက်ပြုမူခြင်းဘက်) သို့ မဖြစ်မနေ ရောက်စေတော်မူမည်။
إِنَّهُ فَكَّرَ وَقَدَّرَ (18)
ဧကန်စင်စစ်၊ သူသည် တစိမ့်စိမ့် ချင့်ချိန်တွေးဆ၍ (လူတို့၏အမြင်၌ ကျမ်းတော်မြတ်ကုရ်အာန် မှားနေကြောင်းကို ထင်ရှားစေရန် အစွမ်းကုန် တွက်ချက် တမင်သက်သက်) ဆုံးဖြတ်သတ်မှတ်လို၏။
فَقُتِلَ كَيْفَ قَدَّرَ (19)
သို့ဖြစ်ပေရာ သူသည် မည်သို့ (တမင်သက်သက် တွေးဆ၍) ဆုံးဖြတ်သတ်မှတ်လျက် (အရှင်မြတ်၏ကရုဏာတော်မှ ဝေးကွာကာ သူ့ကိုယ်သူ) ပျက်စီးရာပျက်စီးကြောင်းသို့ ရောက်စေသနည်း။
ثُمَّ قُتِلَ كَيْفَ قَدَّرَ (20)
ထို့နောက် သူသည် (နောက်ထပ်တစ်ကြိမ်) မည်သို့ (တမင်သက်သက် တွေးဆ၍) ဆုံးဖြတ်သတ်မှတ် လျက် (အရှင်မြတ်၏ကရုဏာတော်မှ ဝေးကွာကာ သူ့ကိုယ်သူ) ပျက်စီးရာပျက်စီးကြောင်းသို့ ရောက်စေ သနည်း။
ثُمَّ نَظَرَ (21)
ထို့နောက် သူသည် (ကျမ်းတော်မြတ်ကုရ်အာန် မှားနေကြောင်းကို ထင်ရှားစေရန် တောင်းဆိုလျက် ဆုံးဖြတ်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ ထပ်ခါထပ်ခါ တွေးတောစဉ်းစားလျက်) လျှောက်ပတ်ကြည့်ရှုနေခဲ့၏။
ثُمَّ عَبَسَ وَبَسَرَ (22)
ထို့နောက် သူသည် မျက်မှောင်ကြုတ်၍ (မျက်နှာကို ထပ်မံ) ရှုံ့မဲ့ပုပ်ပြခဲ့၏။
ثُمَّ أَدْبَرَ وَاسْتَكْبَرَ (23)
ထို့နောက် သူသည် (စိတ်နှလုံးထဲ၌ ကျမ်းတော်မြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်ကြောင်းကို အသေအချာ သိနေသော်ငြားလည်း ယင်းကို) ကျောခိုင်းပြီး မာန်မာနထောင်လွှားခဲ့လေ၏။
فَقَالَ إِنْ هَٰذَا إِلَّا سِحْرٌ يُؤْثَرُ (24)
ထို့နောက် (ယင်းကုရ်အာန်ကျမ်းတော်မြတ်အား မှားယွင်းကြောင်းသက်သေပြရန် အကြံအစည်အားလုံး ကမ်းကုန်သွား၍ နောက်ဆုံးတွင်) သူက “ဤသည် ရှေးခေတ်၌ တီထွင်ဖန်တီးခဲ့သော မော်ပယောဂ အတတ် ပညာသာ ဖြစ်၏။” ဟု စွပ်စွဲပြောဆိုခဲ့လေ၏။
إِنْ هَٰذَا إِلَّا قَوْلُ الْبَشَرِ (25)
“ဤသည် လူသား၏ပြောဆိုချက်မှအပ အခြားမဟုတ်ပေ။”ဟုလည်း စွပ်စွဲပြောဆိုခဲ့လေ၏၊
سَأُصْلِيهِ سَقَرَ (26)
မကြာမီပင် ငါအရှင်မြတ်သည် သူ့အား စကရ် (မည်သော ငရဲမီး၏) တွင်းထဲသို့ ဝင်ရောက်စေတော်မူမည်။
وَمَا أَدْرَاكَ مَا سَقَرُ (27)
စင်စစ် (အို၊ ရစူလ်တမန်တော်) “စကရ် (မည်သော ငရဲမီး၏) တွင်းက အဘယ်နည်း” ဟူသည်ကို အသင် သိသလော။
لَا تُبْقِي وَلَا تَذَرُ (28)
ယင်း (စကရ်မည်သော ငရဲမီး၏တွင်း) သည် (ယင်းထဲသို့ရောက်သွားသူအား တစ်ကိုယ်လုံး လောင်းကျွမ်းစေ၍ မသေနိုင်၊ မလွတ်မြောက်နိုင်အောင်) မည်သည့်အစိတ်အပိုင်းကိုမျှ ချန်လှပ်မထားဘဲ (မူလအတိုင်း) မကျန်ရစ်စေဘဲ လောင်စေမည့်အရာပင် ဖြစ်၏။
لَوَّاحَةٌ لِّلْبَشَرِ (29)
(ယင်းစကရ်မည်သော ငရဲမီး၏တွင်းသည်) လူသား၏အရေပြားကို ချစ်ချစ်တောက်ပူလောင်စေလျက် ပြောင်းလဲစေမည့်အရာပင် ဖြစ်၏။
عَلَيْهَا تِسْعَةَ عَشَرَ (30)
ယင်းအပေါ်၌ (အင်အားအစောင့်အကြပ်) ဆယ့်ကိုး (ပါး) ရှိလေ၏။
وَمَا جَعَلْنَا أَصْحَابَ النَّارِ إِلَّا مَلَائِكَةً ۙ وَمَا جَعَلْنَا عِدَّتَهُمْ إِلَّا فِتْنَةً لِّلَّذِينَ كَفَرُوا لِيَسْتَيْقِنَ الَّذِينَ أُوتُوا الْكِتَابَ وَيَزْدَادَ الَّذِينَ آمَنُوا إِيمَانًا ۙ وَلَا يَرْتَابَ الَّذِينَ أُوتُوا الْكِتَابَ وَالْمُؤْمِنُونَ ۙ وَلِيَقُولَ الَّذِينَ فِي قُلُوبِهِم مَّرَضٌ وَالْكَافِرُونَ مَاذَا أَرَادَ اللَّهُ بِهَٰذَا مَثَلًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ ۚ وَمَا يَعْلَمُ جُنُودَ رَبِّكَ إِلَّا هُوَ ۚ وَمَا هِيَ إِلَّا ذِكْرَىٰ لِلْبَشَرِ (31)
စင်စစ်သော်ကား ငါအရှင်မြတ်သည် မလာအီကာကောင်းကင်စေတမန်များကိုသာလျှင် ငရဲစောင့်များ အဖြစ် ခန့်အပ်ထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းအစောင့်အကြပ်တို့၏အရေအတွက်ကို မယုံ ကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့အတွက် စမ်းသပ်မှုတစ်ခုအဖြစ်လည်းကောင်း၊ ယခင်က ကျမ်းစာချမှတ်ပေးအပ်ခြင်းခံရသူတို့အတွက် (သူတို့၏ပြက်ရယ်ပြု လှောင်ပြောင်ခြင်းနှင့်ရန်လိုမုန်တီးခြင်းကို ရင်ဆိုင်ပါလျက် အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသမျှအား ဟောပြောရှင်းလင်းတင်ပြရန် ဝန်မလေးသော တမန်တော်မုဟမ္မဒ်သည် အရှင့်အမှုတော်ဆောင်ရစူလ်တမန်တော်ဖြစ်ကြောင်းကို အသေအချာ သိနားလည်စေတော်မူရန်လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့၌ (သူတို့၏) ယုံကြည်မှု သဒ္ဓါတရား ပိုမို၍ တိုးပွားမြင့်မားစေတော်မူရန်လည်းကောင်၊း စီမံဖြစ်စေတော်မူခြင်း ဖြစ်၏။ သို့ဖြစ်ပေရာ၊ ယခင်က ကျမ်းစာချမှတ်ပေးအပ်ခြင်းခံ ရသူတို့နှင့်သက်ဝင်ယုံကြည်သူတို့သည် (ယင်း၌) ဒွိဟသံသယဖြစ်စရာအကြောင်း မရှိနိုင်ပေ။ သို့ရာတွင် နှလုံးသား၌ (ယုံကြည်မှုသစ္စာတရားဆိုင်ရာ) ရောဂါဝေဒနာရှိနေသူများ၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များကမူ “အလ္လာဟ်အရှင်မြတ်သည် ဤဥပမာကို ထုတ်ဖော်တော်မူခြင်းဖြင့် မည်သည်ကို ရည်ရွယ် (ဆိုလို) တော်မူသနည်း၊” ဟု မေးမြန်းကြ၏။ ထိုနည်းအတိုင်းပင် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏ စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား လမ်းလွှဲစေတော်မူ၍ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့် အညီ အလိုရှိတော်မူသောသူအား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံသောဝါဒလမ်းစဉ်ကို ညွှန်ပြတော်မူ၏။ စင်စစ်သော်ကား အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ (အင်အား) စစ်သည်တော်များအကြောင်းကို ထိုအရှင် မြတ်မှအပ (အခြား) မည်သူမျှပင် သိနိုင်မည် မဟုတ်ပေ။ အမှန်သော်ကား ယင်း (ကျမ်းတော်) သည် (သေမျိုးဖြစ်သော) လူသားတို့အတွက် (ဆုံးမသြဝါဒ နှင့်သတိပေးချက်များပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာသာလျှင် ဖြစ်၏။
كَلَّا وَالْقَمَرِ (32)
(ကျမ်းတော်မြတ်ကုရ်အာန်သည် မယုံကြည်သူတို့စွပ်စွဲသကဲ့သို မှော်ပယောအတတ် အလျှင်း မဟုတ် သည်ကို ငါအရှင်မြတ်က) လအား သက်သေထူတော်မူ၍ မိန့်တော်မူကြောင်း (မှတ်သားထားလော့) ။
وَاللَّيْلِ إِذْ أَدْبَرَ (33)
ထို့ပြင် (ငါအရှင်မြတ်သည်) ဆုတ်ခွာသွားသော ညကိုလည်း သက်သေထူတော်မူ၏။
وَالصُّبْحِ إِذَا أَسْفَرَ (34)
ထို့ပြင် (ငါအရှင်မြတ်သည်) ယင်း၏အလင်းရောင်ဖြာထွက်စဉ် (မြင်ရသော ကြည်နူးဖွယ်ရာ) အာရုဏ်ဦး ကိုလည်း သက်သေထူတော်မူ၏။
إِنَّهَا لَإِحْدَى الْكُبَرِ (35)
ဧကန်မလွဲ၊ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) သည် (အရှင့်သက်သေလက္ခဏာတော်များအနက်မှ) အကြီးအကျယ်ဆုံးသောအရာ တစ်ခုဖြစ်၏။
نَذِيرًا لِّلْبَشَرِ (36)
(ယင်းကျမ်းတော်သည်) လူသားတို့အတွက် သတိပေးနှိုးဆော်ချက်ပင် ဖြစ်၏။
لِمَن شَاءَ مِنكُمْ أَن يَتَقَدَّمَ أَوْ يَتَأَخَّرَ (37)
သင်တို့အနက် မည်သူမဆို (ယုံကြည်မှုသစ္စာတရားကို လက်ခံလျက် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့် ကြံမှုများဖြင့်ဘဝဆောက်တည်၍ ဖွံဖြိုးတိုးတက်မှုအတွက်) ရှေ့သို့တိုးလိုသည်ဖြစ်စေ၊ သို့တည်းမဟုတ် (အရှင့် လမ်းစဥ်တော်မှ နောက်ဆုတ်လျက် မယုံကြည်မှုကို ရွေးချယ်၍ မကောင်းမှုအကုသိုလ်များဖြင့်ဘဝ ဆောက် လျက်) နောက်ကျ ကျန်ရစ်လိုသည်ဖြစ်စေ၊ (သူ့အတွက် အခွင့်အရေး ရှိနေ၏) ။
كُلُّ نَفْسٍ بِمَا كَسَبَتْ رَهِينَةٌ (38)
နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ သို့မဟုတ် စိတ်အလိုဆန္ဒနှင့် အညီဖြစ်စေ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း (လူတိုင်း) သည် (သူ၏ပြုမူကျင့်ကြံသမျှဖြင့်) သူရှာဖွေ ဆည်းပူးခဲ့သမျှနှင့်အညီ ခံစားစံစားစေတော်မူရန် ကတိထားတော်မူ၏။
إِلَّا أَصْحَابَ الْيَمِينِ (39)
သို့ရာတွင် (သူတို့၏စာရင်းရှင်းမှတ်တမ်းကို လက်ယာဘက်၌ ရရှိထားလျက် ပေါက်မြောက်အောင် မြင်သော ပုဂ္ဂိုလ်များဖြစ်သည့်) လက်ယာဘက်၏အဖော်များသည်ကား ပြစ်ဒဏ်ခံစားရမည့်သူတို့တွင် မပါဝင်ကြပေ။
فِي جَنَّاتٍ يَتَسَاءَلُونَ (40)
(ယင်းလက်ယာဘက်၏အဖော်များသည်) သုခဥယျာဉ်များတွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် မေးမြန်းကြလိမ့်မည်။
عَنِ الْمُجْرِمِينَ (41)
(ယုံကြည်မှုကင်းသော) ရာဇဝတ်မှုကျူးလွန်သူတို့နှင့်ပတ်သက်၍။
مَا سَلَكَكُمْ فِي سَقَرَ (42)
“မည်သည့်အရာသည် သင်တို့အား စကရ်မည်သော ငရဲမီး၏တွင်းထဲသို့ ဦးတည်ယူဆောင်စေသနည်း။” သူတို့အား မေးမြန်းကြမည်။
قَالُوا لَمْ نَكُ مِنَ الْمُصَلِّينَ (43)
သူတို့က “ကျွန်ုပ်တို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်သူ တို့အနက်မှ မဟုတ်ကြပေ။” ဟု ဖြေဆိုကြလိမ့်မည်။
وَلَمْ نَكُ نُطْعِمُ الْمِسْكِينَ (44)
ထို့ပြင် ကျွန်ုပ်တို့သည် ခိုကိုးရာမဲ့သောဆင်းရဲနွမ်းပါးတို့အား ကျွေးမွေးလေ့ရှိခဲ့ကြသည်လည်း မဟုတ်ပေ။
وَكُنَّا نَخُوضُ مَعَ الْخَائِضِينَ (45)
ထို့ပြင် ကျွန်ုပ်တို့သည် (လမ်းမှားရောက်လျက် အချည်းနှီးသောကိစ္စများနှင့်မကောင်းမှုအကုသိုလ်များ ဖြင့်) ထိုးဆင်းမွေ့လျော်သူတို့နှင့်အတူ ထိုးဆင်းမွေ့လျော်သူများ ဖြစ်ကြလေ၏။
وَكُنَّا نُكَذِّبُ بِيَوْمِ الدِّينِ (46)
ထို့ပြင် ကျွန်ုပ်တို့သည် (ကောင်းမှုနှင့်မကောင်းမှုတို့အတွက် ဆုလဒ်နှင့်ပြစ်ဒဏ်ကို အစားပေးတော်မူမည့်) တမလွန်တရားစီရင်မည့်နေ့ကိုလည်း မဟုတ်မတရား လိမ်လည်စွပ်စွဲ၍ ငြင်းပယ်နေခဲ့ကြ၏။
حَتَّىٰ أَتَانَا الْيَقِينُ (47)
နောက်ဆုံးတွင် အသေအချာ ရောက်လာစရာရှိသောအရာ (မရဏသေခြင်းတရား) သည် ကျွန်ုပ်တို့ထံ ရောက်ရှိလာခဲ့လေ၏။
فَمَا تَنفَعُهُمْ شَفَاعَةُ الشَّافِعِينَ (48)
သို့ဖြစ်ပေရာ ကြားဝင်အသနားခံပေးခွင့် ရကြသူတို့၏ကြားဝင်အသနားခံပေးမှုသည်ပင် သူတို့အား အကျိုးပြု အသုံးဝင်လိမ့်မည် မဟုတ်ပေ။
فَمَا لَهُمْ عَنِ التَّذْكِرَةِ مُعْرِضِينَ (49)
(ဆုံးမသြဝါဒ နှင့်သတိပေးချက်များပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ကျမ်းတော်) မှ မျက်နှာလွဲကျောခိုင်းရန် သူတို့အတွက် မည်သည့် အကြောင်းရင်း ရှိခဲ့သနည်း။
كَأَنَّهُمْ حُمُرٌ مُّسْتَنفِرَةٌ (50)
သူတို့သည် (ယင်းကျမ်းတော်မှ) အထိတ်တလန့်ဖြစ်လျက် ထွက်ပြေးသော မြည်းသတ္တဝါရိုင်းများကဲ့သို့ပင် ဖြစ်ကြ၏။
فَرَّتْ مِن قَسْوَرَةٍ (51)
ခြင်သေ့ (၏ဘေးရန်မှလွတ်မြောက်ရန်) ထွက်ပြေးသည့်အလားပင် ဖြစ်ကြ၏။
بَلْ يُرِيدُ كُلُّ امْرِئٍ مِّنْهُمْ أَن يُؤْتَىٰ صُحُفًا مُّنَشَّرَةً (52)
စင်စစ်မူကား သူတို့အနက် ပုဂ္ဂိုလ်တိုင်းသည် ဖွင့်ထားသောကျမ်းတော် (၏စာမျက်နှာ) များကို (သူ့အတွက် သီးသန့်) ချမှတ်ပေးအပ်တော်မူခြင်းခံကြရန် လိုလားတောင့်တခဲ့ကြ၏။
كَلَّا ۖ بَل لَّا يَخَافُونَ الْآخِرَةَ (53)
(ထိုသို့ ချမှတ်ပေးအပ်တော်မူခြင်းသည်) မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ အမှန်မှာ သူတို့သည် တမလွန်ဘဝကို ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည် မဟုတ်ပေ။
كَلَّا إِنَّهُ تَذْكِرَةٌ (54)
(ထိုသို့ သူတို့ လိုချင်သည့်ပုံစံအတိုင်း ချမှတ်ပေးအပ်တော်မူခြင်းသည်) မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ဧကန်မလွဲ၊ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် (ဆုံးမသြဝါဒနှင့်သတိပေးချက်များပါဝင်သည့်) သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာပင် ဖြစ်၏။
فَمَن شَاءَ ذَكَرَهُ (55)
သို့ဖြစ်ပေရာ၊ မည်သူမဆို အလိုရှိခဲ့မူ ယင်း (ဆုံးမသြဝါဒနှင့်သတိပေးချက်များပါဝင်သည့် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ) ကို လေ့လာမှတ်သား၍ တရားရယူနိုင်၏။
وَمَا يَذْكُرُونَ إِلَّا أَن يَشَاءَ اللَّهُ ۚ هُوَ أَهْلُ التَّقْوَىٰ وَأَهْلُ الْمَغْفِرَةِ (56)
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူခြင်းမှအပ သူတို့သည် ယင်း (ဆုံးမသြဝါဒနှင့်သတိပေးချက်များပါဝင်သည့် သတိရ တသ၍ ထုတ်ဖော် ဖွင့်ဟစရာ) ကို လေ့လာမှတ်သား၍ တရားရယူနိုင်ကြမည် မဟုတ်ပေ။ ထိုအရှင်မြတ်သာလျှင် သက္ကဝါ (အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်ဖြင့် မြဲမြံစွာ လိုက်နာကျင့် သုံးခြင်း) နှင့်ထိုက်တန်တော်မူသောအရှင်၊ လွတ်ငြိမ်းချမ်းသာမှုပေးခွင့်ရှိတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
❮ Previous Next ❯

Surahs from Quran :

1- Fatiha2- Baqarah
3- Al Imran4- Nisa
5- Maidah6- Anam
7- Araf8- Anfal
9- Tawbah10- Yunus
11- Hud12- Yusuf
13- Raad14- Ibrahim
15- Hijr16- Nahl
17- Al Isra18- Kahf
19- Maryam20- TaHa
21- Anbiya22- Hajj
23- Muminun24- An Nur
25- Furqan26- Shuara
27- Naml28- Qasas
29- Ankabut30- Rum
31- Luqman32- Sajdah
33- Ahzab34- Saba
35- Fatir36- Yasin
37- Assaaffat38- Sad
39- Zumar40- Ghafir
41- Fussilat42- shura
43- Zukhruf44- Ad Dukhaan
45- Jathiyah46- Ahqaf
47- Muhammad48- Al Fath
49- Hujurat50- Qaf
51- zariyat52- Tur
53- Najm54- Al Qamar
55- Rahman56- Waqiah
57- Hadid58- Mujadilah
59- Al Hashr60- Mumtahina
61- Saff62- Jumuah
63- Munafiqun64- Taghabun
65- Talaq66- Tahrim
67- Mulk68- Qalam
69- Al-Haqqah70- Maarij
71- Nuh72- Jinn
73- Muzammil74- Muddathir
75- Qiyamah76- Insan
77- Mursalat78- An Naba
79- Naziat80- Abasa
81- Takwir82- Infitar
83- Mutaffifin84- Inshiqaq
85- Buruj86- Tariq
87- Al Ala88- Ghashiya
89- Fajr90- Al Balad
91- Shams92- Lail
93- Duha94- Sharh
95- Tin96- Al Alaq
97- Qadr98- Bayyinah
99- Zalzalah100- Adiyat
101- Qariah102- Takathur
103- Al Asr104- Humazah
105- Al Fil106- Quraysh
107- Maun108- Kawthar
109- Kafirun110- Nasr
111- Masad112- Ikhlas
113- Falaq114- An Nas