×

Surah An-Naba in Burmese

Quran Burmese ⮕ Surah An Naba

Translation of the Meanings of Surah An Naba in Burmese - البورمية

The Quran in Burmese - Surah An Naba translated into Burmese, Surah An-Naba in Burmese. We provide accurate translation of Surah An Naba in Burmese - البورمية, Verses 40 - Surah Number 78 - Page 582.

بسم الله الرحمن الرحيم

عَمَّ يَتَسَاءَلُونَ (1)
(အရှင်မြတ်၊ တမန်တော်များနှင့်တမလွန်ဘဝကို မယုံကြည်သောသူတို့သည် အစဉ်အမြဲ) မည်သည့် အရာနှင့်စပ်လျဉ်း၍ အချင်းချင်း အပြန်အလှန် မေးမြန်းလျက်ရှိကြသနည်း။
عَنِ النَّبَإِ الْعَظِيمِ (2)
သူတို့သည် အလွန်အရေးပါသော ကြီးကျယ်သည့် (ရှင်ပြန်ထရမည့်) သတင်းအကြောင်းကို (မေးမြန်းလျက် ရှိကြ၏) ။
الَّذِي هُمْ فِيهِ مُخْتَلِفُونَ (3)
သူတို့သည် ယင်း (သတင်းကြောင်း) နှင့်စပ်လျဉ်း၍ (အမြင်မှန်ရရှိသောသူတို့နှင့်မည်သည့် အကြောင်းကြောင့်) သဘေားထားကွဲလွဲနေသူများ ဖြစ်ကြသနည်း။
كَلَّا سَيَعْلَمُونَ (4)
(သူတို့သည် ထိုသို့) သဘောထားကွဲလွဲနေစရာအကြောင်း အလျှင်းမရှိပေ။ သူတို့သည် မကြာမီပင် (ယင်းရှင်ပြန်ထမည့်နေ့ကို မျက်မြင်ဒိဋ္ဌတွေ့မြင်) သိလာကြလိမ့်မည်။
ثُمَّ كَلَّا سَيَعْلَمُونَ (5)
ထို့နောက်တစ်ဖန် (သတိပေးလိုသည်မှာ သူတို့သည် ထိုသို့) သဘောထား ကွဲလွဲနေစရာအကြောင်း အလျှင်း မရှိပေ။ သူတို့သည် မကြာမီပင် (ယင်းရှင်ပြန်ထမည့်နေ့ကို မျက်မြင်ဒိဋ္ဌတွေ့မြင်) သိလာကြလိမ့်မည်။
أَلَمْ نَجْعَلِ الْأَرْضَ مِهَادًا (6)
(စင်စစ် ရှင်ပြန်ထမည့်နေ့ကို ငြင်းပယ်ခြင်းသည် အရှင်မြတ်၏တန်ခိုးတော်နှင့်အရှင်မြတ်က ဖွဲ့စည်းဖြစ် တည်စေတော်မူသောအရာအားလုံးကို ငြင်းပယ်နေခြင်းပင် ဖြစ်၏) ငါအရှင်မြတ်သည်သာလျှင် မြေကမ္ဘာကို (လူသတ္တဝါအပေါင်းတို့၏အကျိုးအတွက် မှီတင်းနေထိုင်၍ ပုခက်သဖွယ် လှုပ်ရှား လည်ပတ်နေသော) အနားယူ စရာအခင်းအဖြစ် စီမံဖြစ်စေတော်မူသည် မဟုတ်လော။
وَالْجِبَالَ أَوْتَادًا (7)
ထို့ပြင် (ငါအရှင်မြတ်သည်ပင် မြေကမ္ဘာ၏တည်ငြိမ်မှုအတွက်) တောင်များကို သပ်ငုတ်များပမာ (စီမံစိုက် ထူထားတော်မူသည် မဟုတ်လော) ။
وَخَلَقْنَاكُمْ أَزْوَاجًا (8)
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် သင်တို့အား (အမျိုးသား၊အမျိုးသမီးများ၊ ဘဝဖော်များအဖြစ်) ဒွယံဒွယံ ဖွဲ့စည်းဖြစ်တည်စေတော်မူ၏။
وَجَعَلْنَا نَوْمَكُمْ سُبَاتًا (9)
တစ်ဖန် ငါအရှင်မြတ်သည်ပင် သင်တို့၏အိပ်စက်ခြင်းကို (သင်တို့အတွက် အပန်းဖြေ) အနားယူစရာအဖြစ် စီမံဖြစ်စေတော်မူ၏။
وَجَعَلْنَا اللَّيْلَ لِبَاسًا (10)
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် ညကို (သင်တို့နှင့်ကမ္ဘာတစ်ခုလုံးအကျိုးငှာ) ဝတ်ရုံ (အကာအကွယ်) အဖြစ် စီမံဖြစ်စေတော်မူ၏။
وَجَعَلْنَا النَّهَارَ مَعَاشًا (11)
တစ်ဖန် ငါအရှင်မြတ်သည်ပင် နေ့ကို (သင်တို့အတွက်) အသက်မွေးဝမ်းကျောင်းမှု ရှာဖွေရယူစရာအဖြစ် ပြုရန် စီမံဖြစ်စေတော်မူ၏။
وَبَنَيْنَا فَوْقَكُمْ سَبْعًا شِدَادًا (12)
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် သင်တို့ထက်ဝယ် အလွန်ခိုင်ခန့်လှစွာသော မိုးခုနှစ်ထပ် (ခုနှစ်ဆက်) ကို ဆောက်တည်ပေးထားတော်မူ၏။
وَجَعَلْنَا سِرَاجًا وَهَّاجًا (13)
ထို့ပြင် ငါအရှင်မြတ်သည်သာလျှင် (ယင်းမိုးကောင်းကင်၌) လင်းဝင်း၍ ခံ့ညားတောက်ပသော အလင်းပေးမီးအိမ်ကြီး (နေမင်းကြီး) တစ်ခုကို စီမံဖြစ်စေတော်မူ၏။
وَأَنزَلْنَا مِنَ الْمُعْصِرَاتِ مَاءً ثَجَّاجًا (14)
တစ်ဖန် ငါအရှင်မြတ်သည်ပင် (လေတိုက်၍ ရွေ့လျားစေသည့်) တိမ်ထုများမှ မိုးရေကို အလျှံပယ် သည်းထန်စွာ ရွာသွန်းစေတော်မူ၏။
لِّنُخْرِجَ بِهِ حَبًّا وَنَبَاتًا (15)
(ထိုသို့ ရွာသွန်းစေတော်မူခြင်းကြောင့်) ငါအရှင်မြတ်သည် ယင်း (မိုးရေ) ဖြင့် ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်များ၊ စိုက်ခင်းနှင့်သဘာဝပေါက်ပင် အစရှိသည့်) အပင်မျိုးစုံကို ဖြစ်ထွန်းပေါက် ရောက်စေ တော်မူရန်အတွက်ပင် ဖြစ်၏။
وَجَنَّاتٍ أَلْفَافًا (16)
ထို့ပြင် သိပ်သည်းထူထပ်၍ သန်စွမ်းစွာ အထူထူ အထပ်ထပ်သော ဥယျာဉ်များကိုလည်း (ဖြစ်ထွန်း ပေါက်ရောက်စေတော်မူ၏) ။
إِنَّ يَوْمَ الْفَصْلِ كَانَ مِيقَاتًا (17)
ဧကန်မလွဲ၊ (လောကီဘဝ၌ လူတိုက မည်သို့ယုံကြည်၍ မည်သည့်ပြုမူကျင့်ကြံမှုများဖြင့် ဘဝဆောက်တည်ခဲ့ကြသည်ကို ကွဲကွဲပြားပြား ရွေးထုတ်၍ အသေးစိတ် စစ်ဆေးစီစစ်လျက်) စီရင်ဆုံးဖြတ်မည့်နေ့သည် ကား သတ်မှတ်ပြဌာန်းထားပြီးဖြစ်သောအချိန်ကာလတစ်ခုပင် ဖြစ်၏။
يَوْمَ يُنفَخُ فِي الصُّورِ فَتَأْتُونَ أَفْوَاجًا (18)
ထို (တမလွန်တရားစီရင်မည့်) နေ့တွင် တံပိုးခရာမှုတ်ခြင်းခံရမည်ဖြစ်ပေရာ သင်တို့ (အားလုံး) သည် အစုလိုက်၊ အပြုံလိုက် ထွက်လာကြလိမ့်မည်။
وَفُتِحَتِ السَّمَاءُ فَكَانَتْ أَبْوَابًا (19)
ထို့ပြင် (ထိုနေ့တွင်) မိုးကောင်ကင်သည် (မလာအီကာ ကောင်းကင်စေတမန်များ ဆင်းသက်ရန်အတွက်) တံခါးပေါက်များသဖွယ် ဖွင့်စေတော်မူခြင်းခံရ (ပြီး ထိုမလာအီကာလောနှင့်လူသားလောကတို့ ပေါင်းဆုံကြ) လိမ့်မည်။
وَسُيِّرَتِ الْجِبَالُ فَكَانَتْ سَرَابًا (20)
ထို့ပြင် (ထိုနေ့တွင်) တောင်များသည် (မြေမှုန့်များပမာ) ရွေ့လျားစေခြင်းကိုခံကြရမည်ဖြစ်ရ ယင်း (တောင်များ) သည် တံလျှပ်ပမာ ပျောက်ကွယ်သွားကြပေမည်။
إِنَّ جَهَنَّمَ كَانَتْ مِرْصَادًا (21)
ဧကန်ပင်၊ ငရဲဘုံသည် (အရှင်မြတ်၊ တမန်တော်များနှင့်တမလွန်ဘဝကို မယုံကြည်ငြင်းပယ်သူတို့အား) စောင့်ကြည့်ရာဌာနပင် ဖြစ်လိမ့်မည်။
لِّلطَّاغِينَ مَآبًا (22)
(လေကီဘဝ၌ အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်လျက်) အာခံဖီဆန်သူတို့အတွက် (သူတို့ကိုယ်တိုင် သူတို့၏ပန်းတိုင်အဖြစ် ကြိုတင်ပြင်ဆင်ထားသော သူတို့၏) ပြန်လည်ရာဌာနစခန်းပင် ဖြစ်၏။
لَّابِثِينَ فِيهَا أَحْقَابًا (23)
(သူတို့သည်) သက်တမ်းကာလများစွာ ယင်းငရဲဘုံ၌ပင် (အစဉ်ထာဝရ) ကျန်ရစ်နေထိုင်ကြရပေမည်။
لَّا يَذُوقُونَ فِيهَا بَرْدًا وَلَا شَرَابًا (24)
သူတို့သည် ယင်းငရဲဘုံ၌ မည်သည့် အေးချမ်းသာယာမှုနှင့် (ရေငတ်ပြေစေမည့်) သောက်စရာကိုမျှ၊ မြည်းစမ်းကြရမည်မဟုတ်ပေ။
إِلَّا حَمِيمًا وَغَسَّاقًا (25)
ကျိုက်ကျိုက်ဆူပွက်လျက်ရှိသော ရေပူနှင့်ပြည်ပုပ်မှအပ (အခြားမည်သည်ကိုမျှ မြည်းစမ်းကြမည် မဟုတ်ပေ) ။
جَزَاءً وِفَاقًا (26)
(ယင်းသည် သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများ၏အကျိုးဆက်နှင့်အညီ) အသင့်လျှော် အထိုက်တန်ဆုံးသော ပေးဆပ်မှု (အစားပေးမှု) ပင် ဖြစ်၏။
إِنَّهُمْ كَانُوا لَا يَرْجُونَ حِسَابًا (27)
ဧကန်မလွဲ၊ သူတို့သည် (သူတို့၏လုပ်ရပ်များအတွက်) မည်သည့်စာရင်းရှင်းတမ်းကိုမျှ (ကြောက်ရွံ့စိုးရိမ်လျက်) မျှော်လင့်လေ့ရှိခဲ့ကြသည် မဟုတ်ပေ။
وَكَذَّبُوا بِآيَاتِنَا كِذَّابًا (28)
ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ (စကြဝဠာဆိုင်ရာ နိယာမတော်များအပါအဝင်) အမိန့်အာယာသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ခေါင်းမာမာဖြင့် ဇွတ်ငြင်းခြင်း အဖြစ် ငြင်းပယ်ခဲ့ကြ၏။
وَكُلَّ شَيْءٍ أَحْصَيْنَاهُ كِتَابًا (29)
စင်စစ် ငါအရှင်မြတ်သည် (သူတို့ပြုမူကျင့်ကြံသမျှတို့ကို အသေးစိတ်) အရာအားလုံး ကုန်စင်အောင် မှတ်တမ်းတစ်ခုအဖြစ် မှတ်တမ်းတင်ရေးမှတ်စေတော်မူ၏။
فَذُوقُوا فَلَن نَّزِيدَكُمْ إِلَّا عَذَابًا (30)
သို့ဖြစ်ပေရာ (ငါအရှင်မြတ်သည် ထိုနေ့တွင် သင်တို့အား သင်တို့၏မကောင်းသော ပြုမူကျင့်ကြံမှုများနှင့်အညီ အကျိုးဆက်အသီးအပွင့်များအဖြစ်) ပြစ်ဒဏ်မှအပ (အခြားမည်သည်ကိုမျှ) တိုးပွားစေတော်မူမည်မ ဟုတ်သောကြောင့် (ယင်းပြစ်ဒဏ်၏နာကျင်မှုဒဏ်ကို) မြည်းစမ်းကြလော့။
إِنَّ لِلْمُتَّقِينَ مَفَازًا (31)
ဧကန်မလွဲ၊ မွတ္တကီ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ် မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးသောသူ) တို့အတွက် ပေါက်မြောက်အောင်မြင်ခြင်းသာ ရှိစေတော်မူ၏။
حَدَائِقَ وَأَعْنَابًا (32)
(သူတို့ အေးချမ်းသာယာစွာ စားသောက်နေထိုင်နိုင်ရန်) ဥယျာဉ်ခြံများနှင့်စပျစ်ခြံများ ရှိစေတော်မူ၏။
وَكَوَاعِبَ أَتْرَابًا (33)
သားနားခံ့ညား၍ မျှတလိုက်ဖက်သော သက်တူရွယ်တူ ဘဝဖော်များလည်း (ရှိစေတော်မူမည်။)
وَكَأْسًا دِهَاقًا (34)
(အဖျော်ယမကာများဖြင့်) ပြည့်လျှံလျက်ရှိသော ခွက်များလည်း (ရှိစေတော်မူမည်။)
لَّا يَسْمَعُونَ فِيهَا لَغْوًا وَلَا كِذَّابًا (35)
သူတို့သည် ယင်း (သုခဥယျာဉ်များ) ၌ မည်သည့် အချည်းနှီး အနစ်သာရမဲ့သော အလေအလွင့် ပြောဆိုမှုများနှင့်မမှန်မကန် လိမ်ညာပြောဆိုသော မုသားမိစ္ဆာစကားများကိုမျှ ကြားကြရမည် မဟုတ်ချေ။
جَزَاءً مِّن رَّبِّكَ عَطَاءً حِسَابًا (36)
(ယင်းသည်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ စာရင်းရှင်းတမ်းနှင့်အညီ ထိုက်တန်သောလက်ဆောင်အဖြစ် ဆုလဒ်ချီးမြှင့်တော်မူခြင်းပင် ဖြစ်၏။
رَّبِّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا الرَّحْمَٰنِ ۖ لَا يَمْلِكُونَ مِنْهُ خِطَابًا (37)
(ထိုအရှင်မြတ်သည်) မိုးကောင်းကင်များနှင့်မြေကမ္ဘာကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသည့်အပြင် ယင်းနှစ်ခုကြား၌ ရှိသမျှတို့ကိုလည်း အစဥ်ကရုဏာသက်စေတော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူ၏။ (အရှင့်လမ်းညွှန်တော်က ခွင့်ပြုထားသည့်အရာမှအပ) မည်သူတစ်ဦးတစ်ယောက်မျှ (အမှန်တရားဆိုင်ရာ အမိန့်သွန်သင်ချက်များ) မိန့်ခွန်းများကို ထိုအရှင်မြတ်ထံတော်မှ ဖြစ်သည်။” ဟု ပြောဆိုနိုင်သည့် အခွင့်အာဏာ မရှိချေ။
يَوْمَ يَقُومُ الرُّوحُ وَالْمَلَائِكَةُ صَفًّا ۖ لَّا يَتَكَلَّمُونَ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَقَالَ صَوَابًا (38)
ထိုနေ့တွင် (သက်ရှိအပေါင်းတို့အားစာရှင်းရှင်းစဉ်ရူဟ်ဝိဉာဉ်တော်) အသက်ဇီဝိန်သည်လည်းကောင်း၊ မလာအီကာကောင်းကင်စေတမန်များသည်လည်းကောင်း၊ (ယင်းတို့၏တာဝန်နှင့်ရာထူးပေါ်အခြေခံကာ အရှင့် ရှေ့တော်မှောက်ဝယ်) အတန်းလိုက် တန်းစီ၍ မတ်တ်ရပ်လျက် ရပ်တည်ကြပေမည်။ (သူတို့အနက်) မဟာကရုဏာတော်ရှင်က ခွင့်ပြုထားတော်မူသောသူမှအပ မည်သူတစ်ဦးတစ်ယောက်မျှ စကားပြောခွင့်ရမည်မဟုတ်သည့်အပြင် (စကားပြောခွင့်ရသူကလည်း) မျှတမှန်ကန်သောစကားကိုသာ ပြောဆိုမည် ဖြစ်၏။
ذَٰلِكَ الْيَوْمُ الْحَقُّ ۖ فَمَن شَاءَ اتَّخَذَ إِلَىٰ رَبِّهِ مَآبًا (39)
ထို (တမလွန်တရားစီရင်မည့်) နေ့သည်ကား (မုချဧကန် ဆိုက်ရောက်လာမည်မှာ) ပကတိအမှန်တရားပင် ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို(အရှင်မြတ်ဘက်သို့ ဦးတည်လိုသော) အလိုဆန္ဒရှိလျှင် ထိုသူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် (၏လမ်းစဥ်တော်) ဘက်ကို (သူ၏ နောက်ဆုံးပန်းတိုင်) ပြန်လည်ရာဌာနအဖြစ် စွဲကိုင်မှတ်ယူထားသင့်၏။
إِنَّا أَنذَرْنَاكُمْ عَذَابًا قَرِيبًا يَوْمَ يَنظُرُ الْمَرْءُ مَا قَدَّمَتْ يَدَاهُ وَيَقُولُ الْكَافِرُ يَا لَيْتَنِي كُنتُ تُرَابًا (40)
ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အား လက်တစ်ကမ်း အနီးကပ်ရှိ (နေ၍ မကြာမီ ဆိုက်ရောက်လာ) မည့် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်တော်မူ၏။ ထိုနေ့တွင် လူတိုင်းသည် (လောကီဘဝ၌) သူတို့ ၏လက်များဖြင့် (သူတို့ကိုယ်တိုင် ပြုမူကျင့်ကြံလျက် တမလွန်ဘဝ၌ အစစ်ဆေးခံစေရန်) ကြိုတင်ပို့နှင့်ထားသည်ကို (မျက်မြင်ကိုယ်တွေ့) တွေ့မြင်ကြပေမည်။ သို့ရာတွင် (ထိုနေ့၌) မယုံကြည်သူ (အမှန်တရားကို သွေဖည်ငြင်းပယ်သူ) တို့က ''အို၊ ကျွန်ုပ်တို့သည် (ယခု ဒုက္ခကြီးနှင့်ရင်ဆိုင်နေရပြီ။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့ခြင်းအတွက် တာဝန်ရှိခြင်းထက်) မြေမှုန့်အထိ ဖြစ်ခွင့်ရနိုင်ခဲ့လျှင်၊ ကောင်းလေစွ။” ဟု ညည်း ညူပြောဆိုကြလိမ့်မည်။
❮ Previous Next ❯

Surahs from Quran :

1- Fatiha2- Baqarah
3- Al Imran4- Nisa
5- Maidah6- Anam
7- Araf8- Anfal
9- Tawbah10- Yunus
11- Hud12- Yusuf
13- Raad14- Ibrahim
15- Hijr16- Nahl
17- Al Isra18- Kahf
19- Maryam20- TaHa
21- Anbiya22- Hajj
23- Muminun24- An Nur
25- Furqan26- Shuara
27- Naml28- Qasas
29- Ankabut30- Rum
31- Luqman32- Sajdah
33- Ahzab34- Saba
35- Fatir36- Yasin
37- Assaaffat38- Sad
39- Zumar40- Ghafir
41- Fussilat42- shura
43- Zukhruf44- Ad Dukhaan
45- Jathiyah46- Ahqaf
47- Muhammad48- Al Fath
49- Hujurat50- Qaf
51- zariyat52- Tur
53- Najm54- Al Qamar
55- Rahman56- Waqiah
57- Hadid58- Mujadilah
59- Al Hashr60- Mumtahina
61- Saff62- Jumuah
63- Munafiqun64- Taghabun
65- Talaq66- Tahrim
67- Mulk68- Qalam
69- Al-Haqqah70- Maarij
71- Nuh72- Jinn
73- Muzammil74- Muddathir
75- Qiyamah76- Insan
77- Mursalat78- An Naba
79- Naziat80- Abasa
81- Takwir82- Infitar
83- Mutaffifin84- Inshiqaq
85- Buruj86- Tariq
87- Al Ala88- Ghashiya
89- Fajr90- Al Balad
91- Shams92- Lail
93- Duha94- Sharh
95- Tin96- Al Alaq
97- Qadr98- Bayyinah
99- Zalzalah100- Adiyat
101- Qariah102- Takathur
103- Al Asr104- Humazah
105- Al Fil106- Quraysh
107- Maun108- Kawthar
109- Kafirun110- Nasr
111- Masad112- Ikhlas
113- Falaq114- An Nas