Quran with Burmese translation - Surah An-Naba’ ayat 40 - النَّبَإ - Page - Juz 30
﴿إِنَّآ أَنذَرۡنَٰكُمۡ عَذَابٗا قَرِيبٗا يَوۡمَ يَنظُرُ ٱلۡمَرۡءُ مَا قَدَّمَتۡ يَدَاهُ وَيَقُولُ ٱلۡكَافِرُ يَٰلَيۡتَنِي كُنتُ تُرَٰبَۢا ﴾
[النَّبَإ: 40]
﴿إنا أنذرناكم عذابا قريبا يوم ينظر المرء ما قدمت يداه ويقول الكافر﴾ [النَّبَإ: 40]
Ba Sein ၄၀။ စင်စစ်အားဖြင့် ငါသည် သင်တို့အား အလွန်နီးကပ်သောဘေးဒဏ်အကြောင်းကို သတိပေတောမ် ူ၏၊ ထိုနေ့တော်ကြီး၌ လူသားသည် မိမိ တင်ကြိုပို့ထားနှင့်သော မိမိ လက်စွမ်းလက်ရာများကို မျက်ဝါးထင်ထင်မြင် ရလတံ့၊ ထိုအခါမယုံကြည်သူ မိစ္ဆာဒိဋ္ဌိက ယခုအခါအကျွနု်ပ်သည် မြေမှုန့်အတိဖြစ်သွားပါလျှင် တော်လေစွဟု ညည်းညူလတံ့။ |
Ghazi Mohammad Hashim ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား မကြာမီ (ဆိုက်ရောက်မည်ဖြစ်သော) ပြစ်ဒဏ်နှင့် စပ်လျဉ်း၍သတိပေး နှိုးဆော်တော်မူခဲ့ချေပြီ။ ထိုနေ့တွင် လူတိုင်းသည် မိမိလက်နှစ်ဘက်ဖြင့် ကြိုတင်ပို့နှင့်ခဲ့သော အပြုအမူတို့ကို တွေ့မြင်ကြပေမည်။ ထိုမှတစ်ပါး (ထိုနေ့တွင်) ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူက "ဪ-ငါသည် မြေကြီး ဖြစ်ခဲ့ရလျှင်၊ ဖြစ်နိုင်လျှင်၊ ကောင်းလေစွတကား၊" ဟု ပြောဆို(ညည်းညူ)အံ့သတည်း။ |
Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား မကြာမီ(ရောက်လာမည့်)ပြစ်ဒဏ်နှင့်ပတ်သက်၍ သတိပေးနှိုးဆော်ခဲ့ပြီဖြစ်သည်။ ထိုနေ့တွင် လူတိုင်းသည် မိမိလက်နှစ်ဖက် နှင့်ကြိုတင်ပို့ထားခဲ့သော လုပ်ရပ်များကို တွေ့မြင်ကြရမည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများက “ဪ-ငါသည် မြေကြီးဖြစ်ခဲ့လျှင် ကောင်းလေစွ”ဟု ပြောဆိုလိမ့်မည်။ |