Quran with Burmese translation - Surah Yunus ayat 24 - يُونس - Page - Juz 11
﴿إِنَّمَا مَثَلُ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَآءٍ أَنزَلۡنَٰهُ مِنَ ٱلسَّمَآءِ فَٱخۡتَلَطَ بِهِۦ نَبَاتُ ٱلۡأَرۡضِ مِمَّا يَأۡكُلُ ٱلنَّاسُ وَٱلۡأَنۡعَٰمُ حَتَّىٰٓ إِذَآ أَخَذَتِ ٱلۡأَرۡضُ زُخۡرُفَهَا وَٱزَّيَّنَتۡ وَظَنَّ أَهۡلُهَآ أَنَّهُمۡ قَٰدِرُونَ عَلَيۡهَآ أَتَىٰهَآ أَمۡرُنَا لَيۡلًا أَوۡ نَهَارٗا فَجَعَلۡنَٰهَا حَصِيدٗا كَأَن لَّمۡ تَغۡنَ بِٱلۡأَمۡسِۚ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَتَفَكَّرُونَ ﴾
[يُونس: 24]
﴿إنما مثل الحياة الدنيا كماء أنـزلناه من السماء فاختلط به نبات الأرض﴾ [يُونس: 24]
Ba Sein ၂၄။ ဤလောကီဘဝ၏ ဥပမာသည် ငါအရှင်မြတ်မိုးကောင်းကင်မှ ရွာသွန်းစေတော်မူသောမိုးရေနှင့်သာတူ၏။ ထိုအခါ မြေကြီးမှ လူနှင့်ကျွဲနွားတိရိစ္ဆာန်တို့စားသည့်အသီးအရွက်ကောက်ပဲသီးနှံတို့ပေါက်ကြ၏။ ကမ္ဘာမြေကြီးသည် အသီးအပင်များနှင့် စိမ်းစိုသိုက်မြိုက်တင့်တယ်၏။ လူသားတို့သည် ကမ္ဘာမြေကြီးကို အစိုးရသည်ဟု ထင်မှတ် ကြ၏။ ငါ၏ အမိန့်တော်သည် ညဉ့်၌ဖြစ်စေ၊ နေ့၌ဖြစ်စေ ကျရောက်လာ၏။ ငါသည် အပင်များကုန်ခဲ့သော နေ့က မရှိခဲ့သကဲ့သို့ ကမ္ဘာမြေကြီးကို ကောက်ရိတ်ပြီးသောလက်မြေအထိ ဖြစ်စေတော်မူ၏။ ဤကဲ့သို့ငါသည် တရားတော်ကို စဉ်းစားဆင်ခြင်တတ်သူတို့အဖို့ ရှင်းလင်းပြသတော်မူ၏။ |
Ghazi Mohammad Hashim (ဤမျက်မှောက်) လောကီဘဝ၏ ဥပမာသည်ကား ဤသို့ဖြစ်၏။ ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ချပေး(ရွာသွန်းစေ)တော်မူခဲ့လေသည်။ တစ်ဖန် ထိုရေကြောင့် ပထဝီမြေမှ လူတို့သည်လည်းကောင်း၊ ခြေလေးချောင်းသတ္တဝါတို့သည် လည်းကောင်း စားသုံးကြကုန်သော အပင်ငယ်များသည် ရောယှက်၍ ထွက်လာလေသည်။ နောက်ဆုံးတွင်ပထဝီမြေသည် မိမိဝတ်စားတန်ဆာကိုယူ၍(လှပတင့်တယ်စွာ)တန်ဆာဆင်ယင်ပြီး၊ ထိုမြေကိုပိုင်ဆိုင်သူတို့က ၎င်း တို့သည်ထို(ပေါက်ရောက်သမျှတို့)ကို (မိမိတို့စိတ်ထင်တိုင်း) သုံးစွဲနိုင်ကြပြီဟု ထင်မြင်ယူဆလာကြသည်။ ထိုအခါ (ရုတ်တရက်) ငါအရှင်မြတ်၏ အမိန့်တော်သည် ထိုလယ်ယာဥယျာဉ်များသို့ည၌ ဖြစ်စေ၊ နေ့၌ဖြစ်စေ၊ ရောက်ရှိလာလေတော့၏၊ ပြီးနောက်ငါအရှင်မြတ်သည် ယင်းလယ်ယာဥယျာဉ် များကိုရုပ်သိမ်းပြီးပမာ ဖြစ်စေတော်မူလေသော၊် ထိုလယ်ယာဥယျာဉ်များသည်ယမန်နေ့က လုံးဝမရှိသကဲ့သို့ပင် ဖြစ်သွားချေသည်။ ငါအရှင်မြတ်သည် ထိုကဲ့သို့ပင် သက်သေလက္ခဏာတော်များကို စဉ်းစားဆင်ခြင် ချင့်ချိန်သူတို့အကျိုးငှာ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသတည်း။ |
Hashim Tin Myint လောကီဘဝ၏ပမာသည် အကြင်ရေ၏ပမာနှင့်တူသည်။ ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ချပေးတော်မူခဲ့သည်။ ၎င်းနောက် ထိုရေကြောင့် လူများနှင့်တိရစာ္ဆန်များ စားကြသောအပင်ငယ်များသည် မြေပထဝီမှ ရောယှက်၍ ထွက်လာခဲ့သည်။ နောက်ဆုံးတွင် မြေပထဝီသည် မိမိ၏ဝတ်စားတန်ဆာတို့ဖြင့် အလှဆင်သောအခါ၊ ထိုမြေရှင်များက သူတို့သည် ထို(အပင်)များကို (မိမိတို့သဘောအတိုင်း)သုံးစွဲနိုင်ကြပြီဟု ထင်ကြသည်။ (ထိုအခါ ရုတ်တရက်)ငါအရှင်မြတ်၏ အမိန့်တော်သည် ထိုလယ်ယာဥယျာဉ်များကို ည၌ သို့မဟုတ် နေ့၌ ရောက်ရှိလာတော့သည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုလယ်ယာများကို ရိတ်သိမ်းပြီးသည့်အတိုင်း ဖြစ်သွားစေတော်မူသည်။ ထိုအခါ ထိုလယ်ယာများသည် မနေ့က လုံးဝမရှိခဲ့သကဲ့သို့ ဖြစ်သွားတော့သည်။ ငါအရှင်မြတ်သည် ထိုသို့ပင် သက်သေလက္ခဏာများကို စဉ်းစားဆင်ခြင်သူများအတွက် အသေးစိတ် ရှင်းလင်းပြသတော်မူသည်။ |