×

သူတို့အနက်မှ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) အပေါ်၌ ယုံကြည်သူများနှင့်ယုံကြည်မည့်သူများ ရှိကြသည့်အပြင် ယင်းအပေါ်၌ မယုံကြည်ကြသူများလည်း ရှိကြ၏။ ထို့ပြင် အသင် (တမန်တော်) 10:40 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:40) ayat 40 in Burmese

10:40 Surah Yunus ayat 40 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 40 - يُونس - Page - Juz 11

﴿وَمِنۡهُم مَّن يُؤۡمِنُ بِهِۦ وَمِنۡهُم مَّن لَّا يُؤۡمِنُ بِهِۦۚ وَرَبُّكَ أَعۡلَمُ بِٱلۡمُفۡسِدِينَ ﴾
[يُونس: 40]

သူတို့အနက်မှ ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) အပေါ်၌ ယုံကြည်သူများနှင့်ယုံကြည်မည့်သူများ ရှိကြသည့်အပြင် ယင်းအပေါ်၌ မယုံကြည်ကြသူများလည်း ရှိကြ၏။ ထို့ပြင် အသင် (တမန်တော်) အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များ ကျူးလွန်ဖောက်ဖျက်၍ အာခံဖီဆန်ကြသူတို့နှင့်ပတ်သက်၍ (သူတို့လှုပ်ရှားမှုအလုံးစုံကို) အသိတော်မူဆုံး ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ومنهم من يؤمن به ومنهم من لا يؤمن به وربك أعلم بالمفسدين, باللغة البورمية

﴿ومنهم من يؤمن به ومنهم من لا يؤمن به وربك أعلم بالمفسدين﴾ [يُونس: 40]

Ba Sein
၄၀။ သူတို့အနက် ကျမ်းတော်မြတ်ကို ယုံကြည်သူလည်းရှိ၏။ မယုံကြည်သူလည်းရှိ၏။ သင်၏ အရှင်သခင်သည် ဖောက်ပြန်သူတို့ကို အသိဆုံးဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ထို့ပြင် ၎င်း တို့တွင် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်မည့်သူများလည်းရှိကြမည်။ ထိုနည်းအတူ ၎င်း တို့တွင် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို မယုံကြည်မည့်သူများလည်း ရှိကြမည်။ စင်စစ်တမူကား အသင့်အားဖန်ဆင်းမွေးမြူတော်မူ သောအရှင်မြတ်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ် သော သူတို့အား အသိဆုံးသောအရှင်မြတ်ပင်ဖြစ်တော်မူပေသည်။
Hashim Tin Myint
ထို့ပြင် သူတို့ထဲ၌ ထို(ကုရ်အာန်)ကို ယုံကြည်မည့်သူများလည်း ရှိကြသည်။ ၎င်း‌နောက် သူတို့ထဲ၌ ထို(ကုရ်အာန်)ကို မယုံကြည်‌သောသူများလည်းရှိကြသည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် ဖျက်ဆီးသူများကို အသိဆုံးအရှင်ပင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek